• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label Joke.. Show all posts
Showing posts with label Joke.. Show all posts

Wednesday, May 14, 2014

မေ့နေလို့


မေ့နေလို့

မို့မို့သော် ဘာသာပြန်သည်။

စုံတွဲနှစ်တွဲဟာ ညစာအတူ စားပြီးတဲ့နောက် စားပွဲကနေ ထလိုက်ကြပါတယ်။
အမျိုးသမီးနှစ်ဦး မီးဖိုချောင်ထဲ ၀င်သွားကြပြီး ကျန်ခဲ့တဲ့ အမျိုးသားနှစ်ဦးကတော့ ဧည့်ခန်းဆီကို သွားကြပါတယ်။

အမျိုးသားတစ်ဦးက
"ခင်ဗျား အမျိုးသမီးကို ခေါ်ဝေါ်တဲ့ 'အချစ်ရေ'၊ 'အသက်ရေ' ဆိုတဲ့ အသုံးအနှုန်းတွေက အရမ်းကို ချိုမြတာပဲနော်"
လို့ နောက်တစ်ဦးကို ချီးကျူးစကား ဆိုလိုက်ပါတယ်။

အဲဒီအခါ ချီးကျူးစကား အဆိုခံရလိုက်တဲ့ အမျိုးသား ပြန်ပြောလိုက်တာ
"ဒါက ..ဒီလိုရှိတယ်ဗျ။ ခင်ဗျားကို အမှန်အတိုင်း ပြောပြရရင် လွန်ခဲ့တဲ့ လေးနှစ်က စပြီး ကျွန်တော့် မိန်းမ နာမည်ကို ကျွန်တော် မေ့နေလို့ပါဗျာ"   တဲ့။

Copy from
http://myanmar.mmtimes.com/index.php/timeout/tea-break/9728-2014-03-26-04-33-44.html


အဓိကနဲ့ သာမညသိသူ

မို့မို့သော် ဘာသာပြန်သည်။

Wednesday, 14 May 2014

အသက်ကြီးကြီး အမျိုးသမီးတစ်ဦးဟာ အပျော်စီးသင်္ဘောတစ်စင်းရဲ့ လက်ရန်းနား ရပ်နေချိန်မှာ လေတိုက်နေတာကြောင့် သူမခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ် လွင့်ကျမသွားအောင် လက်နှစ်ဖက်နဲ့ တင်းတင်း ဆုပ်ကိုင်ထားပါတယ်။
အဲဒီအချိန်မှာ လူကြီးလူကောင်းတစ်ဦး သူမနားရောက်လာပြီး

"ကျွန်တော့်ကို လူတတ်ကြီး လုပ်တယ်လို့တော့ မထင်စေချင်ပါဘူး။
ဒါပေမဲ့ ခင်ဗျားရဲ့ ဂါဝန်က လေပြင်းကြောင့် အပေါ်ကို လွင့်တက်နေတာ သတိထားမိရဲ့လားဗျာ"
လို့ မေးလိုက်ပါတယ်။

"ကျွန်မသိပါတယ်" လို့ အမျိုးသမီးကြီးက ပြန်ပြောလိုက်ပြီး
"ဒီဦးထုပ်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားမှ လွတ်ထွက်မသွားမှာလေ"
လို့လည်း ဆိုလိုက်ပါတယ်။

အမျိုးသားက
"ဒါပေမဲ့ဗျာ ခင်ဗျားရဲ့ အတွင်းသားတွေကို မြင်ချင်တိုင်း မြင်နေရတာ ခင်ဗျား သိရဲ့လား"
လို့ ဆိုလိုက်ပြန်တာကြောင့် အမျိုးသမီးကြီးဟာ အမျိုးသားကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး

"ဆရာကြီးရေ.. ရှင်မြင်နေရတဲ့ အတွင်းသားတွေက ၈၅ နှစ်တောင်ကြာနေပြီ။
ဒီဦးထုပ်လေးက မနေ့ကမှ ၀ယ်ထားတာ"
လို့ ပြန်ပြောလိုက်ပါတယ်။

Copy from
http://myanmar.mmtimes.com/index.php/home-page/144-the-pulse/10327-2014-05-14-10-56-29.html