• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label interview. Show all posts
Showing posts with label interview. Show all posts

Thursday, July 31, 2014

ပျော့ပျော့လေးနဲ့ အလွဲတွေအများကြီးပြောပြီး မနွေးထွေးတဲ့ ဗမာသမ္မတ


သမ္မတကြီးက မနွေးထွေးဘူးလို့ပြောတဲ့ နိုင်ဇော်

31 July 2014

By ရဲရင့်မင်းခန့်(မြစ်မခ)

 နိုင်ငံတော်သမ္မတက ရုပ်ရှင်အနုပညာသမားတွေနဲ့တွေဆုံခဲ့တဲ့အပေါ်မှာ သမ္မတကြီးက နွေးထွေးမှုမရှိဘူး
လို့ lay နာမည်ကျော် ဂီတအဖွဲ့ဖြစ်တဲ့ Lazy Club ကနိုင်ဇော်က ဆိုပါတယ်။
“သမ္မတကို ဘာပြောမလဲဆိုတဲ့အလုပ် အကိုဘယ်တော့မှမလုပ်ဘူး။
စိတ်လည်းမ၀င်စားဘူး။
လွတ်လွတ်လပ်လပ်နဲ့ ဥပမာ ဒေါ်စုနဲ့တွေကြတဲ့ အနုပညာသမားတွေဆိုရင် ဘယ်စကားလုံးမှ ညှိစရာမလို
ဘူး။
သူလည်း မိတ်ဆက်တယ်။ကိုယ်လည်း မိတ်ဆက်တယ်။ အဲဒီလို နွေးနွေးထွေးထွေး ဖြစ်သင့်တယ်”
လို့ နိုင်ဇော်က ဆိုပါတယ်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း အနုပညာရှင်များနှင့် ပထမဆုံးတွေ့ဆုံပွဲကို ရန်
ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)မှာဇူလိုင် ၂၁ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က တွေ့ဆုံပွဲမှာ ဂီတအစည်းအရုံးက ဦးဆောင်တွေ့ပြီး ဥက္ကဌက အနုပညာရှင်တွေကိုယ်စား သမ္မတ
ကို စကားပြောခဲ့တာဖြစ်ပြီး ဒါက ဒီလိုခေတ်ကြီးမှာ မဖြစ်သင့်တော့ဘူးလို့ သူကဆိုပါတယ်။

“အခုမြင်တာက ဘာမှမပြောင်းလဲဘူးဆိုတာ အကိုအခုလှမ်းတွေ့လိုက်ရတယ်။
ဘာဖြစ်လို့လည်းဆိုတော့ အစည်းရုံးတွေမှန်သမျှ သမ္မတနဲ့ တွေ့မယ်ဆိုရင်လူရွေးမယ်။
သူတို့ ပြောမယ့်စကားရွေးတယ်။
သူတို့နဲ့ အတိုက်အခံလူမဖြစ်အောင် သူတို့လူသူတို့ရွေးပြီး သူတို့ဖဲသူတို့ ကုလားဖန်ထိုးသွားတာ။
ဒီဘက်ခေတ်မှာ မရှိသင့်တော့ဘူး။
ဒါကဒီမိုကရေစီခေတ် အားလုံးပွင့်လင်းမြင်သာတဲ့ခေတ်မှာ သမ္မတနဲ့ တွေ့ပါမယ်လို့ ခေါ်တဲ့အထဲမှာ ဘယ်သူမှမပါဘူး။
အကိုလည်း မသွားချင်ဘူး”
လို့ နိုင်ဇော်က ပြောလိုက်ပါတယ်။

သမ္မတနဲ့တွေ့ဖို့ လူရွေးခေါ်တာနဲ့ပတ်သက်လို့ သမ္မတက ဂီတသမားအစစ်ကို တွေ့ချင်တာလား။
ဂီတ သမားအစစ်ကို တွေ့ချင်ရင်တော့ အကျီ င်္စုတ်၊ ပုဆိုးစုတ်နဲ့ ဖြစ်ချင်ဖြစ်မယ်။
သမ္မတနဲ့တွေ့ဖို့ နက်ခ်တိုင်တော့တပ်လာပါဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ သမ္မတနဲ့ အနုပညာရှင်တွေရဲ့တွေ့ဆုံပွဲဟာ သတင်းစာထဲပါတာကလွဲလို့ ဘာမှမထူးခြားဘူးလို့ ဆိုလိုက်တဲ့
နိုင်ဇော်က သမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတရဲ့ လူထုနဲ့ တပြေးညီနွေးထွေးတဲ့ ဆက်ဆံရေးမျိုးကို
မျှော်လင့်ထားပါတယ်။

“တကယ်ဖြစ်သင့်တာ အားလုံးက အမေရိကန်နိုင်ငံသမ္မတ အိုဘာမားတောင် ကော်ဖီဝင်သောက်တယ်။
ကြည်ဖူးသေးတာပဲ။
အမေရိကန် သမ္မတအိုဘာမားသတ်မယ့်ဖြတ်မယ့်သူတွေအကြားထဲမှာ ကော်ဖီဆိုင်ဝင်ပြီးတော့ကော်ဖီ မှာ
သောက်သွားတယ်။
ရှရှားသမ္မတနဲ့ အတူသောက်တဲ့အခါ ကော်ဖီဖိုးသူရှင်းတယ် ဆိုတော့ အဲဒီလိုအကိုတို့ သမ္မတကိုဖြစ်စေချင်
တာ။
အနုပညာသမားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နွေးနွေးထွေးထွေး တွေ့မယ်တင်တာ။
အခုတော့ အခမ်းအနားကြီးဖြစ်သွားတဲ့အခါ ဒီလိုအခွင့်အရေးကို သမ္မတ မရသွားဘူး။
အကို စိတ်မကောင်းဖြစ်နေတာက ဒီထက်နွေးထွေးစေချင်တာ”
 လို့ သူကဆိုပါတယ်။

အဲဒီပွဲမှာ ဦးဆောင်သူတွေနဲ့ တွေ့သွားတာကြောင့် ပြောချင်တာရှိတဲ့သူတွေဘာမှ မပြောလိုက်ရဘူးလို့ ဆိုပါ
တယ်။

Copy from
http://www.myitmakhamediagroup.com/news/entertainment/1967-2014-07-31-05-01-08

Tuesday, July 29, 2014

ဗမာပြည်မှာ ၄၆နှစ်လုံးလုံး လူဦးရေလုံးဝ,တိုးမလာတဲ့ လူမျိုး



ဗမာပြည်မှာ ၄၆နှစ်လုံးလုံး

လူဦးရေလုံးဝ,တိုးမလာတဲ့ လူမျိုး

By ပွင့်ဆန်း

၁၉၃၇ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေစာရင်းအရ ကရင်လူမျိုး (၃)သန်းကျော်ရှိပြီး ၁၉၈၃ခုနှစ် သန်းခေါင်စာရင်း
မှာလည်း ကရင်လူမျိုး (၃)သန်းကျော်သာရှိကာ ကရင်လူမျိုးများ လူဦးရေတိုးနှုန်း ရပ်တန့်နေသည့်အပေါ် က
ရင်ပြည်နယ် (USDP) ပါတီအတွင်းရေးမှူး ဦးစောထားလုံက မေးမြန်းရာ ကုလသမဂ္ဂ (UNFPA)လူဦးရေနှင့်
သန်းခေါင်စာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်က
“၁၉၃၇ ခုနှစ် နှင့် ၁၉၈၃ ခုနှစ်မှာ ကရင်လူမျိုးရဲ့အရေအတွက် (၃)သန်း၊ (၃)သန်းဖြစ်နေတဲ့အရာက ထူး
ဆန်းပါတယ်”ဟု ၂၀၁၄ ဇူလိုင် (၂၇) ရက်နေ့က ဘားအံမြို့၌ ပြောကြားလိုက်သည်။

“၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေစာရင်းကောက်တော့လည်း မြန်မာတစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ ကရင်
လူမျိုးတွေရဲ့ ဦးရေ (၃)သန်းကျော်ရှိပါတယ်။
၁၉၈၃ သန်းခေါင်စာရင်းကောက်ပြန်တော့လည်း ကျွန်တော်တို့ကရင်လူမျိုးတွေရဲ့ လူဦးရေက(၃)သန်းကျော်
ပဲရှိပါတယ်။
အဲဒီကြားထဲက ကရင်လူမျိုးတွေက ဘာကြောင့် မတိုးလာတာလည်းဆိုတာ သိလိုပါတယ်”
ဟု ကရင်ပြည်နယ်(USDP) ပါတီမှ ကိုယ်စားပြု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂမှ လူဦးရေနှင့် သန်းခေါင်စာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် (အာဂျင်တီးနားနှင့် ကနေဒါနိုင်
ငံသား)များ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိလာပြီး ဇူလိုင် (၂၇)ရက်နေ့တွင် လူငယ်များ၊ အမျိုးသမီး
များ၊ နိုင်ငံရေးပါတီများကို လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ယင်းကယ့်သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်လူမျိုးများ သာမန်လူဦးရေတိုးနှုန်း ရပ်တန့်နေရသည့်အပေါ် ကုလသမဂ်္ဂတာဝန်ရှိသူက
“၁၉၃၇ နဲ့ ၁၉၈၃ ခုနှစ်မှာ ကရင်လူမျိုးရဲ့အရေအတွက် (၃)သန်း။
(၃)သန်းဖြစ်နေတဲ့အရာက ထူးဆန်းပါတယ်။
အမှန်က ပုံမှန်လူဦးရေတိုးနှုန်းဆိုတာရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်မနုဿ ဗေဒပညာရှင်မဟုတ်တဲ့အတွက် သန်းခေါင်စာရင်းပညာရှင်ရှုထောင့်အနေနဲ့ (၃)
သန်းကိစ္စကိုပြောပြချင်ပါတယ်။
ဖြစ်နိုင်ချေရှိတာကို ပြောပြချင်တာပါ။

အဲဒီကာလအတောအတွင်းမှာ အဲဒီဒေသမှာရှိတဲ့လူတွေဟာ အဲဒီအရပ်ဒေသကို စွန့်ခွာပြီး တစ်ခြားနယ်မြေ
ထဲရောက်ရှိနေထိုင်သွားတာမျိုးဖြစ်ခဲ့ရင်သော်လည်းကောင်း။
လူတွေအများကြီးက တစ်ခြားဒေသကိုသွားပြီးအလုပ် လုပ်နေတာမျိုးသော်လည်းကောင်း။
သိတာတဲ့လူဦးရေတိုးနှုန်းမရှိတာ မျိုးဖြစ်တတ်ပါတယ်။

နောက်တစ်ခုက ကိုယ့်ကိုယ်ကို ကရင်လူမျိုးလို့ မယူဆ,တော့ဘူး။
အခြားတိုင်းရင်းသားလူမျိုးရဲ့ အောက်ထဲမှာထည့်လိုက်တဲ့ ဟာမျိုးဆိုရင်လည်း ဖြစ်တတ်ပါတယ်။
အဲဒီလိုထည့်တတ်တဲ့ အကြောင်းအရင်းက ယဉ်ကျေးမှု ဓလေ့စရိုက်ပြောင်းလဲသွားတာမျိုး၊ အခြားတိုင်းရင်း
သားနဲ့လက်ထပ်လိုက်လို့ မွေးလာတဲ့ကလေးတွေ ကပြားဖြစ်လာတဲ့အခါ ကရင်တိုင်းရင်းသားအောက်ကို မ
ခံယူတော့ဘဲ အခြားတိုင်းရင်းသား အောက်ခံယူသွားတာမျိုးသော်လည်းကောင်း။
ဖြစ်ခဲ့မယ်ဆိုရင် လူဦးရေတိုးနှုန်းမပြောင်းလဲဘဲ ရပ်တန့်နေတာမျိုးရှိတတ်ပါတယ်။

နောက်တစ်ခုဖြစ်နိုင်တာကတော့ ၁၉၃၇ခုနှစ်မှာ ကောက်တဲ့လူဦးရေ အရေအတွက် မှားယွင်းစွာကောက်ယူ
ခဲ့မိတာမျိုးသော်လည်းကောင်း။
၁၉၈၃ ခုနှစ်သန်းခေါင် စာရင်းမှာ ကောက်ယူတဲ့စာရင်းသည် ကောက်ယူမှုမှားယွင်းမှုရှိခဲ့ ရင်သော်လည်း
ကောင်း။
လူဦးရေတိုးနှုန်း မပြောင်းလဲဘဲရှိတတ်ပါတယ်။
ဒေသတစ်ခုရဲ့ အသေးစိတ်အခြေအနေကိုတော့ ကျွန်တော်မသိနိုင်ပါဘူး”
ဟု ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားသည်။

ယင်းတွေ့ဆုံပွဲ၌ ဂေခို၊ ဂေဘားလူမျိုးစုကိစ္စရပ်များနှင့်ပတ်သက်ပြီး ဦးစောထားလုံမှ ဆက်လက်မေးမြန်းရာ
ကုလသမဂ္ဂ တာဝန်ရှိသူများက ဖြေကြားခဲ့ပြီး ၂၀၁၄သန်းခေါင်စာရင်းထုတ်ပြန်ချက်ကို ယခုနှစ် သြဂုတ်လ
တွင် လည်းကောင်း၊ ၂၀၁၅ မေနှင့် ဇွန် လများတွင်လည်းကောင်း၊ ၂၀၁၆ နှစ်ဆန်းပိုင်းတွင်လည်းကောင်း၊
(၃)ကြိမ်ခွဲပြီး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။

ပွင့်ဆန်း

Copy from http://www.hotnewsweekly.com/node/2983
မှတ်ချက်။

နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်အတွင်း ကရင်လူဦးရေမတိုးပဲရပ်နေတာဟာ ကရင်ဖြစ်ပြီး ဗမာနာမည်ထည့်
သုံးတဲ့လူတွေနဲ့ နာမည်ရှေ့မှာ အင်္ဂလိပ်နာမည်သုံးတာလည်း ပါမယ်ထင်တယ်။
ဥပမာ ဦးမန်းစောဘု၊ ဦးဆစ်ဒနီလူနီ၊ ဒေါ်နော် ခရစ္စတီ ဘာညာဘာညာ ပေါ့။
အထင်ပြောတာနော်။

Tuesday, May 20, 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ ကလေးစိတ်ကောက်ပြီး ပြောတယ်လို့ပဲ အားနာနာနဲ့ ပြောပါရစေ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ

ကလေးစိတ်ကောက်ပြီး ပြောတယ်လို့ပဲ 

အားနာနာနဲ့ ပြောပါရစေ

NLD အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းအဖွဲ့ အစည်းတို့ ပူးပေါင်းပြီး ရန်ကုန်နဲ့မန္တလေး မြို့တို့မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ
ပြင်ဆင်ရေး လူထုအစည်းအဝေး မှာ ဒေါ်အောင်ဆန်းစုကြည်က
“သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်လိုခြင်းမရှိဘူး”
လို့ ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုမှုနှင့် ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က အခုလိုပြော ကြားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်က သူလိုချင်တာကိုမဖြစ်တဲ့အတွက်ကြောင့်မို့ စွပ်စွဲပြောဆိုတယ်လို့ပဲ ကျွန်တော်
မြင်တယ်။
ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတကြီးက ပြင်ချင်ရင် ပြင်နိုင်တယ်လို့ ပြောတယ်ဆိုပေမယ့် သမ္မတအမိန့်
နဲ့ ပြင်လို့ရတာမဟုတ်ဘူး။
လွှတ်တော်တွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တော်တွေက ပြင်ရမှာ။
ကျွန်တော်တို့ အာဏာစုရပ် ခွဲခြားထားတဲ့အထဲမှာ သမ္မတကြီးအနေနဲ့ အားလုံးသဘောတူရင် ပြင်ကြပါလို့ပဲ သူ ပြောလို့ရ
တယ်။
ဘယ်အပိုဒ်ကို ပြင်ပါလို့ သူအမိန့်ပေးလို့ မရဘူး။
အဲဒီတော့ သူ ပြောချင်တဲ့အတိုင်း သမ္မတကြီးက လိုက် မပြောလို့ သမ္မတကြီးဟာ ပြုပြင်ပြောင်းလဲရေးကို စိတ်မ၀င်စားဘူး။
အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်မ၀င်စားဘူးလို့ ပြောတာက ကလေးစိတ်ကောက်ပြီး ပြောတာနဲ့ပဲတူတယ်လို့ ကျွန်တော်
အားနာနာနဲ့ ပြောရမှာပါ”

"ဒေါ်အောင်ဆန်းစုကြည်ဘက်က သမ္မတကို အခုလိုမျိုး ဦးရဲထွဋ်တို့ မြင်သလို စွပ်စွဲပြောဆိုတယ်အထိ ဖြစ်လာတယ်ဆိုတော့
သမ္မတကြီးနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ နှစ်ဖက်ဆက်ဆံရေးမှာ တစ်စုံတစ်ရာ ထိခိုက်လာနိုင်ပါသလား။"

“ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်အတွက်တော့ မပြောနိုင်ဘူးပေါ့။
သမ္မတကြီးကတော့ ဘယ်ကိစ္စကိုမဆို အမြင်မတူတာတွေရှိသည့်တိုင်အောင် အမြင်တူတဲ့အပေါ်မှာမူတည်ပြီးတော့ ဘုံအ
ကျိုးစီးပွားကို အခြေခံပြီး လက်တွဲလုပ်ကိုင်မယ်ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး အားလုံးအပေါ် ဒီ
သဘောထားမျိုးရှိပါ တယ်။
သူ့အပေါ်မှာ ဘယ်လိုပဲဝေဖန်တိုက်ခိုက်သည်ဖြစ်စေ စိတ်ရင်းစေတနာမှန်ကတော့ ချွတ်ချော်တိမ်းပါးသွားမှာ မဟုတ်ပါ
ဘူး”
ဟု ပြောကြားသည်။

အခုလို လူထုအစည်းအဝေးလုပ်ခဲ့တာနဲ့ပတ်သက်လို့ အစိုးရဘက်က သဘောထား ဘယ်လိုရှိပါသလဲ
ဆိုတဲ့ အမေးကိုတော့ ဦးရဲထွဋ်က
“နံပါတ် (၁) ကတော့ အခြေခံဥပဒေနဲ့အညီ အခမ်းအနားမှာပြောကြဆိုကြ လုပ်ကိုင်ကြတာတွေဟာ နိုင်ငံရဲ့ ပြုပြင်ပြောင်း
လဲမှုအတွက် ရှေ့ဆက်သွားဖို့ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတိုးတက်ဖို့လိုတာပေါ့။
ဒါကြောင့် ကိုယ်ပြောလိုက်တဲ့၊ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်က ယုံကြည်မှုတွေ တိုးတက်လာမလား၊ ပူးပေါင်းဆောင် ရွက်
မှုတွေ ရနိုင်မလားဆိုတာကတော့ ပြောကြဆိုကြတဲ့လူတွေစဉ်းစားကြဖို့ပါပဲ။
ကျွန်တော်တို့ကတော့ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုပါဘူး” ဟု ပြောကြားသွားသည်။

 မောင်ကျော်

Copy from http://www.hotnewsweekly.com/node/2467

Wednesday, April 30, 2014

ဗိုလ်ချုပ်မှူးကြီးစောမောင် အနားပေးခံရချိန်အထိ အတူရှိနေခဲ့သော ရဲဘော်ဟောင်းတဦး၏ ပြန်လည်ပြောပြချက်


၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ရေဒီယိုမိန့်ခွန်း၌ ''နိုင်ငံခြားသားတစ်ယောက်နှင့် လက်ထပ်ထားသူတစ်ဦး
အား နိုင်ငံကိုဦးဆောင်ရန် ဘယ်တော့မှ ခွင့်မပြုနိုင်'' ဟု ပြောဆိုခဲ့သူဗိုလ်ချုပ်မှူးကြီး စောမောင်
Source photo from http://www.google.com/images

ဗိုလ်ချုပ်မှူးကြီးစောမောင် အနားပေးခံရချိန်အထိ အတူရှိနေခဲ့သော ရဲဘော်ဟောင်းတဦး၏ ပြန်လည်ပြောပြချက်

April 30, 2014

Q - ဗိုလ်ချုပ်မှူးကြီးစောမောင် အနားယူတဲ့အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့အကြီးအကဲတစ်ယောက်ကို အနီးကပ်
မြင်ခဲ့ရတဲ့အစ်ကို့အမြင်လေး ပြောပြပေးပါ။
A - ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။
ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။
စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။

Q - ဗိုလ်ချုပ်မှူးကြီးက စာသိပ်ဖတ်တယ်လို့သိရပါတယ်။ တစ်နေ့ကို သုံး လေးနာရီလောက်ပဲအိပ်တယ်လို့လည်း ကြားဖူး
တယ်။
A - ဟုတ်ပါတယ်။ မနက် ၈း၃၀ ဆိုရင် ရုံးရောက်ပြီ။ ရောက်တာနဲ့စာဖတ်တယ်။ တစ်ခုပြောစရာရှိတာက စာဖတ်ရင်း အ
ဘကဆေးလိပ်သောက်တတ်တယ်။ စီးကရက်မသောက်ဘူး။ မန္တလေးသားဆိုတော့ နဂါးဒေါ်ဥဆေးပေါ့လိပ်ပဲသောက်
တယ်။ စာထဲစိတ်ရောက်သွားရင် ဆေးလိပ်မီးပေါက်တာတောင်မသိဘူး။ တစ်ပတ်ကို အဘရဲ့အကျီဆေးလိပ် မီးပေါက်
ဖာရတာ ၄၊ ၅ ပေါက်ပဲ။ ယောက်လမ်းထဲကဆိုင်မှာ။ ထမင်းစားချိန်ဆို ဒုချုပ်(ဗိုလ်ချုပ်ကြီးသန်းရွှေပေါ့)ဆီသွားပြီး ထမင်းစား
တယ်။ ၁၂း၃၀ လောက်ပြန်လာပြီး ဝင်စာတွေဖတ်မယ်။ ရုံးခန်းထဲမှာ စာအုပ်ဗီရို ၁၁ လုံးရှိတယ်။ ဘယ်ဗီရိုမှာ ဘာစာအုပ်
ရှိတယ်ဆိုတာသူသိတယ်

Q - လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့အပေါ်လေးစားချစ်ခင်ကြတယ်လို့ ကြားမိပါတယ်။
A - ဘယ်တော့မှအာဏာနဲ့ ခိုင်းတာပြောတာမရှိဘူး။ အားလုံးက လေးစားကြည်ညိုကြပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ဆို
တစ်နေ့၂ ခါ ၃ ခါ လာတွေ့တယ်။ ဗိုလ်ချုပ်ကြီးချစ်ဆွေဆိုရင် ရုံးခန်းကနီးနီးလေးဗျ။ ရုံးခန်းထဲကထွက်လာရင် ကျွန်တော်တို့
ကိုလှမ်းမေးတယ်။ ဗိုလ်ချုပ်မှူးကြီးရှိတယ်ရင် ဘယ်တော့မှ ရုံးခန်းရှေ့ကဖြတ်မလျှောက်ဘူး။ ဒါ ကျွန်တော်တို့ကြုံခဲ့ရသ
လောက်ပေါ့။

Q - အနားပေးလိုက်တဲ့အချိန်မှာ ဘယ်မှာရှိနေတာလဲ။ အကျယ်ချုပ်လိုလို ထိန်းသိမ်းလိုက်တယ်လိုလိုပဲ ကြားရခဲ့ရတာ
ဆိုတော့။
A - အနားပေးလိုက်တဲ့အချိန်မှာ ဒဂုံရိပ်သာ ကာကွယ်ရေးဝန်ကြီးဌာနကတပ်မတော်ဂေဟာမှာပါပဲ။ စစ်ရုံးနဲ့လည်းနီးတယ်
လေ။ အဲဒီအချိန်တုန်းက ပိုင်ဆိုင်မှုကအရမ်းနည်းပါတယ်။ နိုင်ငံတော်ကပေးထားတဲ့ ငွေကြာရံကအိမ်တစ်လုံးရယ် ဆာကူ
ရာတာဝါ မှာအခန်းတစ်ခန်းရယ် ဒါပဲရှိတယ်။ သားသမီးတွေဆိုရင်လည်း သိမ်သိမ်မွေ့မွေ့နေကြတာပဲ။ အကြီးဆုံး ကိုသီ
ဟစောက MOFA မှာ။ သမီးလတ် မချို (မကေသီစော) က ဆရာဝန်ဗိုလ်ကြီး။ ကိုသူရစောက ကွန်ပျူတာလုပ်ငန်းလုပ်တယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ဇနီး ဒေါ်စောရီဆို ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုရင် ကျွန်တော်တို့ရဲဘော်သားသမီးတွေကို ကိုယ်
တိုင်ထမင်းချက်ကျွေးတာ။ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုလိုနေခဲ့ရတာ။ ရဲဘော်တွေနဲ့တောင် လက်ပွန်းတတီးနေကြတာလေ။

Q - ဗိုလ်ချုပ်မှူးကြီးဖတ်တဲ့စာတွေထဲမှာ ဘယ်လိုစာမျိုးတွေအများဆုံးပါလဲအစ်ကို။
A - ၉၀ ပတ်ဝန်းကျင်ဆိုတော့ဗျာ ရွေးကောက်ပွဲနဲ့ပတ်သက်တာ နိုင်ငံရေးနဲ့ပတ်သက်တာတွေအများဆုံးဖတ်တယ်။ အဲဒီ
တုန်းကစာပေစိစစ်က ဒုဝန်ကြီးဦးစိုးညွှန့်က ထွက်သမျှစာအုပ်တွေပို့ပေးတယ်။ အားလုံးဖတ်တယ်။

Q - တစ်ဘက်က နိုင်ငံတော်တာဝန်တွေရှိတယ်။ တစ်ဘက်မှာ မိသားစု၇ှိတယ်။ အဲဒီကြားမှာ ဘယ်လိုဖြတ်သန်းခဲ့တာ
မြင်လဲ။
A - ၈၈ ခုနှစ်နောက်ပိုင်းမှာ မိသားစုနဲ့အချိန်ပေးတာအရမ်းနည်းပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ ရုံးမှာပဲ အိပ်
ဖြစ်တာများတယ်။ ၉၀ ခုနှစ်နောက်ပိုင်းကျမှ အိမ်ပြန်အိပ်တာ။ ကျန်းမာရေးလည်း နည်းနည်းဖြစ်နေပြီ။ သွေးတိုး၊ နှလုံးနဲ့
ကျောက်ကပ်ပေါ့။ ဗိုလ်မှူးရဲသွေးတို့ အနီးကပ်ကြည့်နေရပြီပေါ့။

Source photo from http://www.google.com/images

Q - ဗိုလ်ချုပ်မှူးကြီးပြောခဲ့သမျှထဲမှာ သမိုင်းတွင်ခဲ့တဲ့စကားပေါ့။ စစ်တန်းလျားပြန်မယ်ဆိုတာ။ အဲဒါနဲ့ပတ်သက်ပြီးတော့
A - သူကအောက်ခြေစစ်သားဘဝကလာတာဆိုတော့ တကယ့်ကိုစစ်သားစစ်စစ်ကြီးပေါ့။ နိုင်ငံရေးသမားမဟုတ်ဘူး။ သူ အမြဲပြောလေ့ရှိတယ်။ ငါ့ကွာ ရန်သူ့နယ်မြေမှာ ဘယ်လိုသေမလဲဆိုပြီး နေခဲ့ တိုက်ခဲ့ရတာ။ ဒီလိုအခြေအနေဖြစ်လာ လိမ့်
မယ်လို့မတွေးမိပါဘူး။ သမ္မတလည်းမလုပ်ချင်ဘူး။ ဝန်ကြီးချုပ်လည်းမလုပ်ချင်ဘူး။ စစ်သားပဲလုပ်ချင်တယ်။ ရွေးကောက်ပွဲ ပြီးရင်တော့ လုပ်စရာရှိတာလုပ်ပြီး စစ်တန်းလျားပဲပြန်မယ်ကွာတဲ့။ မိန့်ခွန်းတွေထဲမှာလည်း ပါပါတယ်။ ရုံးမှာလည်းပြော
လေ့ရှိတယ်။

Q - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားမျိုးရှိခဲ့တယ်လို့ အစ်ကိုထင်လဲ။
A - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့သိရသလောက်ပေါ့။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုပြီး တပ်မတော်ရဲ့မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ ကျွန်တော်ထင်တယ်။
ခေါ်တာတောင်မှ ကလေးမလေး၊ သူငယ်မလေး ဆိုပြီးပဲခေါ်တာ။
အဲဒီအချိန်တုန်းကဆိုရင် အားလုံးအသိပဲ။ ရွေးကောက်ပွဲကာလ နိုင်ငံတကာဖိအားတွေ ရှိတယ်။
ပြည်တွင်းဖိအားတွေရှိတယ်။ ပါတီတွေနဲ့နိုင်ငံရေးအင်အားစုတွေရဲ့ စိန်ခေါ်မှုတွေရှိတယ်။ ပြည်တွင်းထိုးစစ်တွေ ရှိတယ်။
၉၁ - ၉၂ မှာဆိုရင် ရိုဟင်ဂျာပြသနာပေါ်ခဲ့သေးတယ်။ အခုမှပေါ်တာမဟုတ်ဘူး။
အဲဒီတုန်းက ဗိုလ်ချုပ်ဝင်းမြင့်က နမခတိုင်းမှူးပေါ့။
အဲဒီလိုအချိန်မှာဒေါ်စုတို့က တစ်ခုခုလုပ်ပြီဆိုရင် `ဒီသူငယ်မလေးကတော့လုပ်ပြန်ပြီ အလုပ်တော့ရှုတ်ဦးတော့မယ်´ဆိုပြီး
ပြောတတ်တယ်။
သူ့မိန့်ခွန်းတစ်ခုထဲမှာလည်းပါတယ်။ `အမိန့်အာဏာဟူသမျှဖီဆန်ကြတဲ့။
သိပ်မှားတယ်။ ကျွန်တော့်ကို ပြောခွင့်ပြုပါ။
ကျွန်တော်အာဃာတနဲ့ ပြောတာမဟုတ်ဘူးဆိုတာ အစောကြီးကတည်းကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကျွန်တော်ပြောတယ်။ မှန်ပါတယ်။
ဒေါ်ခင်ကြည်ဆုံးတုန်းက အန်ကယ်ရယ်မကြိုက်ရင် မကြိုက်ဘူးပြောပါ။
အဲဒါဆိုရင် ကျွန်တော်အခုပြောပါမယ်။
ဒေါ်အောင်ဆန်းစုကြည် အဲဒါမလုပ်ပါနဲ့။
၂/၈၈ ကိုလည်း မထိပါနဲ့ဦး။
၈/၈၈ ကိုလည်းမထိပါနဲ့ဦး။
ပုံနှိပ်ထုတ်ဝေရေးနဲ့ပတ်သက်လို့လည်း ခဏလိုက်နာပါဦး´တဲ့။
ဒါ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောခဲ့တာပါ။
သူ့မှာ ဖိအားတွေအရမ်းများခဲ့ပါတယ်။ အဲဒီဖိအားတွေကြောင့်ပဲ ကျန်းမာရေးထိခိုက်ခဲ့တာပါ။

Q - ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တာနဲ့ပတ်သက်ပြီး အဲဒီတုန်းက ကောလာဟလတွေအများကြီးထွက်ခဲ့တယ်။
အဲဒီအပေါ်မှာအစ်ကိုသိသလောက်ပြောပြပေးပါဦး။
A - ပြောရမယ်ဆိုရင်တော့ ကျွန်တော့်အမြင်ပေါ့ မှားချင်လည်းမှားနိုင်ပါတယ်။
အဲဒီတုန်းက တပ်ခေါင်းဆောင်တွေကြားမှာ စီးပွားရေးကိစ္စတွေဘာတွေမရှိသေးဘူး။
ငွေရေးကြေးရေးကိစ္စတွေမရှိဘူး။
အပြိုင်အဆိုင်ဆိုတာမရှိဘူး။
သူ့ကိုအားလုံးက လေးလေးစားစားဆက်ဆံကြတယ်။
အကွဲအပြဲဆိုတာ နေရာလုတာ အာဏာလုတာမရှိဘူးလို့ထင်တယ်။
အဓိကအချက်က ဖိအားတွေများပြီး ကျန်းမာရေးထိခိုက်လာခဲ့တယ်။
နောက်ပိုင်းပိုပြီးဆိုးလာတယ်။
Golf တောင်မရိုက်နိုင်တော့ဘူး။
PSO တွေတောင်အိမ်မလာခိုင်းတာ။
ပြီးတော့အမြဲစိတ်တိုနေတတ်တယ်။
ဒါကြောင့်ကျန်းမာရေးအရအနားပေးလိုက်တာပါ။ ဒါအမှန်ပါပဲ။
အနားပေးလိုက်တော့ ကျွန်တော်တို့မျက်ရည်တောင်ကျခဲ့ရတယ်။

Q - အနားပေးလိုက်တဲ့နေ့ကအခြေအနေနဲ့ပတ်သက်ပြီး မှတ်မိသလောက်ပြောလို့ရမလားအစ်ကို။
A - ၁၉၉၂ ခုနှစ်၊ ဧပြီလပေါ့။ သင်္ကြန်ရုံးပိတ်ရက်တွေမှာ ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ရုံးခန်းကိုပြင်ကြ ဆင်ကြပေါ့။
သင်္ကြန်အပြီးမှာ ဗိုလ်ချုပ်မှူးကြီးက ရုံးမတက်နိုင်တော့ဘူး။
အဲဒီအချိန်အိမ်မှာ ဆရာဝန်ကအနားယူဖို့ ပြောထားလို့။
အနားပေးလိုက်ပြီဆိုတဲ့အမိန့်စာကို ဗိုလ်ချုပ်ကြီးခင်ညွှန့်က အိမ်ကိုသွားပေးခဲ့တာလို့သိရတယ်။
ကျွန်တော်တို့ ရုံးအဖွဲ့တွေကိုတော့ စစ်ဆင်ရေးက G1 ကြီး၊ အခုသမ္မတကြီးဦးသိန်းစိန်ပေါ့။
လာပြီးတော့ပြောတယ်။
ရဲဘော်တို့ ကိုယ်လုပ်စရာရှိတာဆက်လုပ်ပေါ့။
စစ်သားစစ်သားအလုပ်လုပ်ရမယ်ပေါ့။
နောက်ကျွန်တော်တို့လည်း စစ်ဆင်ရေးဘက်ရောက်။
အဲဒီကနေ ထလရ နောက် ပင်စင်ယူပြီး အခုတော့ လူမူရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေပဲလုပ်တော့တယ်။
အနားပေးပြီးနောက်ပိုင်း ကိုသူရစောနဲ့တွေ့ဖြစ်တာကလွဲလို့ ဗိုလ်ချုပ်မှူးကြီးမိသားစုနဲ့ ထပ်မဆုံဖြစ်တော့ဘူး။

နဒီလှိုင်(IR)တွေ့ဆုံမေးမြန်းသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Copy from http://www.ygnnews.com/2014/04/blog-post_9426.html

ရဲဘော်ဟောင်းတဦးဆိုပြီး အမည်မပါတဲ့အတွက် ပေါ့တော့တော့ကြီး ဖြစ်နေသလိုပဲနော်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Friday, April 25, 2014

မြန်မာပြည်ကို မကောင်းဆိုးဝါးတွေလက်ထဲက လွတ်မြောက်အောင်လုပ်ကြပါစို့



မြန်မာပြည်ကို မကောင်းဆိုးဝါးတွေလက်ထဲက 

လွတ်မြောက်အောင်လုပ်ကြပါစို့

လတ်တလော မြန်မာ့ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနှင့် ငြိမ်းချမ်းရေးဖော်
ဆောင်ရေးအဖွဲ့တို့တွေ့ဆုံဆွေးနွေးမှုများပြုနေရာ The Hot news အယ်ဒီတာအဖွဲ့က ငြိမ်းချမ်းရေးကောင်စီ၏ ကရင်ထိပ်
တန်းခေါင်းဆောင် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါက်တာသီမိုသီ (နိုင်ငံခြားနှင့်ပြည်သူ့ဆက်ဆံရေးအကြီးအကဲ) KNU/ KNLA ငြိမ်းချမ်းရေးကောင်စီနှင့် တွေ့ဆုံမေးမြန်းမှုနောက်ဆုံးအပိုင်းအား စာဖတ်သူများသိရှိစေရန် ဆက်လက်ဖော်
ပြလိုက်ပါသည်။

မမ တွေ့ဆုံမေးမြန်းသည်။

မေး - ဟုတ်ကဲ့ပါ အန်ကယ်။ အခု လိုဖြေကြားပေး တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
ကျွန်မနောက် တစ်ခုအနေနဲ့က အန်ကယ်တို့ ကရင်ခေါင်းဆောင် မူတူးဆေးဖိုးနဲ့ ပတ်သက်တာလေးတစ်ခုမေးပါရစေ ရှင့်။မေးခွင့်ပြုပါ။
ဟိုတလောက ဂျာနယ်စာမျက်နှာ တွေပေါ်မှာ မူတူးစေးဖိုးက ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့သွားပြီးတော့ တွေ့ဆုံဆွေး
နွေးတာတွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မူတူးစေးဖိုးတို့ရဲ့ ရင်းရင်းနှီးနှီးဓာတ်ပုံတွေကိုတွေ့ရပါတယ်။
အဲဒီတော့ ကျွန်မအနေနဲ့အမြင်ကတော့ ဒီမူတူးစေးဖိုးတစ်ယောက်က တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အားလုံးကို
ကိုယ်စားပြုတယ်။ မပြုဘူးဆိုတဲ့ ဒီကျွန်မတို့ ဝေဖန် သုံးသပ်ချက်တွေပေါ့။
ဒါတွေလည်း ပြည်တွင်းမှာ ဂယက်ရိုက်နေပါတယ်။
အဲဒီအတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ အန်ကယ်ရဲ့ထင်မြင်ယူဆချက်လေးကို ကျွန်မကို ပြောပေးပါရှင့်။

ဖြေ-မူတူးဆေးဖိုးကတော့ သူ ဘာအကြံအစည်နဲ့လုပ်နေလဲတော့ ကျွန်တော်တို့မသိဘူး။
ဒါပေမဲ့ သူတို့တစ်ခုခုတော့ လုပ်နေကြတယ်။
ဒါကြောင့်မို့လည်း မင်းအောင်လှိုင်ကလည်း လာမယ့်လမှာ အပြီးထိုးမယ်ဆိုပြီး သမ္မတကြီးကိုယ်တိုင် ပြောတယ်ဆိုတာ သူဘာတွေသွားပြီး ကတိပေးထားလဲမသိဘူး။
အဲဒီလိုမျိုးပုံစံနဲ့ သွားရင်တော့ ဒါ ဗိုလ်ချုပ်မူတူးစေးဖိုးတို့အဖွဲ့တွေနဲ့ ဓာတ်ပုံရိုက်ထားတဲ့အဖွဲ့တွေနဲ့ ဒါမင်းအောင်လှိုင်တို့နဲ့ ငြိမ်းချမ်းရေး Cease Fire ထိုးတာပဲ။
ဒါပေမဲ့ ကျွန်တော်တို့ KNU ထဲမှာရော ဒီ မူတူးစေးဖိုးကို ဘယ်လောက်အထိ ကရင်လူမျိုးတွေအတွက်၊ ကရင်တိုင်းရင်း
သားတွေအတွက် ကရင်ရဲ့ရှေ့ရေးအတွက် ဘယ်လောက်ထိ ရပ်တည်တယ်ဆိုတာက မေးခွန်းထုတ်စရာလိုတယ်။

မေး-အဲဒါလေးကို မေးချင်တာပါရှင့်။
အန်ကယ်တို့ ဒီကရင်အုပ်စုကလေးတွေကွဲနေတယ်ဆိုတာ ခုန ကျွန်မလည်း မေးခဲ့ပြီးပါပြီ။
အဲဒီတော့ ကျွန်မတို့ ရှင်းရှင်းလင်းလင်းသိချင်တာက မူတူးစေးဖိုး တစ်ယောက်တည်းက ကရင်လက်နက်ကိုင်အုပ်စုတွေ
အကုန်လုံးကို ကိုယ်စားပြုပါသလား ဆိုတာကို အန်ကယ် ဖြေကြားပေးပါ။

ဖြေ-အမ်း... ကိုယ်စားမပြုဘူး။
ကျွန်တော်တို့ ငြိမ်းချမ်းရေး ကောင်စီကိုလည်း ကိုယ်စားပြုတာ မဟုတ်ဘူး၊ DKBA ကိုလည်း ကိုယ်စားပြုတာ မဟုတ်ဘူး။
ဟောင်သရောတို့ ဘာတို့ရော ဘာမှကိုယ်စားမပြုဘူး။
KNU ကိုတောင်မှ ကိုယ်စားပြု လား၊ ဒါ မေးခွန်းထုတ်စရာလိုတယ်။
KNU အထဲ မှာတောင်မှ သူ့ကိုမလိုလားတဲ့ တပ်ဗိုလ်တပ်မှူးတွေ အများကြီးရှိတယ်။
ဘာလို့ဆိုတော့ အဲ...ဒါ တိုင်းရင်းသားတွေကို ပြောစရာမလိုဘူး။
သူ လုပ်တာကို သူပြန်ဆင်ခြင်ပြီးတော့ သူ တကယ်ပဲ သူ့ကောင်းတဲ့သမိုင်းအမျိုးသားခေါင်းဆောင်ကြီး အနေနဲ့ သမိုင်း
ရေးမလား၊ ဒါမှမဟုတ်လည်း ဒီလူဒီအဖွဲ့တွေက သမိုင်းကိုချွတ်ချော်သွားအောင် လုပ်ပြီးတော့ ကရင်တွေအကုန်လုံးကို တစ်ခါတည်း ဒီလူတစ်စု အာဏာရှင်တွေရဲ့ တပ်မတော်ရဲ့လက်ခုပ်ထဲမှာရောက်ပြီးတော့ အကုန်လုံး ဘ၀ဆုံးရှုံးခံရမယ့်ပုံစံ မျိုးကိုတော့ ကျွန်တော်တို့တပ်တွေရော၊ အတွင်းမှာရှိတဲ့ တခြားတပ်တွေက ဒါတော့ လုံးဝ လက်မခံဘူး။
ဖြစ်လည်းမဖြစ်လာရဘူး။ အဲ... သမိုင်း... သူတို့ သမိုင်းပဲ။ သူတို့မကောင်းတဲ့သမိုင်းပဲ ကျန်ခဲ့မှာပဲ။

မေး-ဟုတ်ကဲ့ပါအန်ကယ်၊ ကျေးဇူးတင် ပါတယ်။
အန်ကယ့်အနေနဲ့ ကျွန်မတို့ မြန်မာပြည်သူလူထုအပေါ်ကို အန်ကယ့်အနေနဲ့ ဘာတွေများထုတ်ဖော်ပြောကြားချင်ပါသလဲ၊
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ အန်ကယ် အသိပေးချင်တာရှိရင်လည်း ပြောကြား နိုင်ပါတယ်။
ဒါကတော့ မေးခွန်းတောင်မရှိဘဲနဲ့ အန်ကယ်ထုတ်ဖော်ကြေညာချင်တာရှိရင်လည်း ပြောကြားပေးပါရှင့်။

ဖြေ-ကျွန်တော် ထုတ်ပြန်ကြေညာချင်တာက ဒီကနေ့ ကျွန်တော်တို့တွေက လူမျိုးမစွဲ၊ ဒေသမစွဲဘဲနဲ့ ဗမာပြည်ကြီး တိုင်းရင်း
သား ပြည်ထောင်စုနိုင်ငံတော်ကြီးကို ကျွန်တော်တို့က ကောင်းတဲ့ဘ၀ကို ပို့ချင်တယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်ဆိုလိုချင်တာက ဗမာပြည်သူပြည်သားတွေလည်း သနားစရာကောင်းတယ်။
တိုင်းရင်းသားတွေကတော့ မပြောနဲ့တော့။ ခံရတာနှစ်ပေါင်း ၆၀ကျော် ရှိပြီ။
ဗမာပြည်သူပြည်သားတွေနဲ့ တိုင်းရင်းသားတွေ ဒီနေ့ဟာ ထိုက်တန်တဲ့ဘ၀ကိုရှိဖို့လိုတဲ့လူတွေဖြစ်တယ်ဆိုတာ ကျွန်တော်
ယုံကြည်တယ်။
အဲဒီသူတို့ရဲ့ ထိုက်တန်တဲ့ဘ၀ကိုရောက်အောင်ဆို ကျွန်တော်တို့ တော်လှန်ရေးခေါင်းဆောင်တွေရော၊ တိုင်းရင်းသား
ခေါင်းဆောင်တွေရော ၀ိုင်းပြီးတော့ ကျွန်တော်တို့က ကြိုးစားရမယ်။
သူတို့ထဲမှာလည်း ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေရှိတယ်။ ဗိုလ်မှူးကြီးတွေ ရှိတယ်။ တချို့ တပ်ဗိုလ်တပ်မှူးတွေရှိတယ်။
သူတို့လည်း ဗမာပြည်ကို ကောင်းစေချင်တာပဲ။
အဲဒီတော့ ကျွန်တော်တို့က ဒီကောင်းတာကိုလုပ်ဖို့အတွက်၊ ဒီကောင်းတဲ့ဘ၀ကိုရောက်ဖို့အတွက်က ဒီလူတစ်စုရဲ့ အာဏာ
ရှင်လက်ထဲက ကျွန်တော်တို့ ရုန်းထွက်ဖို့ အချိန်ရောက်ပြီလို့ ကျွန်တော် ဆိုချင်တယ်။ ဒါ နံပါတ် တစ်။

နံပါတ်နှစ်က ကျွန်တော် ဗမာပြည်သွားလို့ရှိရင် ဘေးမှာထိုင်တဲ့ ဈေးသည်တွေရော၊ ဘာတွေရော၊ သူတောင်းစားတွေရော
တစ်ခါတည်း ဆင်းရဲတဲ့သူတွေကို ကျွန်တော်တွေ့တဲ့အခါမှာ ဒီလူတွေဟာ ဒီဘ၀ဆိုးနဲ့ သူတို့မထိုက်တန်ဘူးဆိုတာ ကျွန်
တော် ခံစားမိတယ်။ ကျွန်တော်တို့လုပ်ချင်တာက ဒီလူတွေ ကို ဒီမကောင်းဆိုးဝါး ဘ၀ထဲက လွတ်မြောက်ဖို့ ကျွန်တော်တို့ ကြိုးစားပေးရမယ်။
နောက် မိဘမရှိတဲ့ ကလေးတွေ၊ အဘွားကြီးတွေရှိတဲ့ အိမ်မြေတွေနဲ့ ထန်းတောကိုဘူဒိုဇာနဲ့ထိုးပြီး တစ်ခါတည်းကို မြေ
သိမ်းတယ်ဆိုတာ ဒါ တော်တော်ရုပ်ဆိုးတဲ့ဟာတွေ။ ဒီလို ဆိုးဆိုးဝါးဝါးတွေ။
ဘုန်းကြီးတွေကို ရိုက်တယ်။ အဲဒီလို ဆိုးဆိုးဝါးဝါးတွေဟာ တော်တော်လေးကို တိုင်းပြည်ရဲ့ လုံခြုံမှုဟာ လုံးဝမရှိတော့ဘူး
လို့ ကျွန်တော်မြင်တယ်။
ဒါ ကြောင့်မို့လို့ TV က သမ္မတကြီးတို့၊ မင်းအောင်လှိုင်တို့၊ ဘယ်သူက ဘယ်ဝန်ကြီးတွေကဘာစကားပြောပြော မယုံကြပါ နဲ့လို့ ကျွန်တော်ပြောချင်တယ်။ ဒါ နှစ်အချက်၊ ကျွန်တော်ပြောတာ။
မယုံနဲ့၊ ဒါတွေကPropaganda တွေ။ ဗမာပြည်ကို လိမ်ပြီးအုပ်ချုပ်တဲ့ ခေါင်းဆောင်တွေကို မလိုချင်ဘူး။
ဗမာပြည်ကို ကျွန်လိုလုပ်ကျွေးတဲ့၊ ပြည်သူတွေဘ၀ ပြန်ကောင်းအောင် ကျွန်လိုလုပ်ကျွေးတဲ့ခေါင်းဆောင်တွေကို ကျွန်
တော်တို့ လိုချင်တယ်။
အဲဒါကြောင့်မို့လို့၊ နောက်သုံးခုဆိုတာက ကျွန်တော်တို့ ၀ိုင်းပြီးလုပ်မှရမယ်။
ကျွန်တော်တို့တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေ၊ တပ်ဗိုလ် တပ်မှူးတွေ၊ တပ်
သားတွေကောပဲ။ ကျွန်တော်တို့လုပ်မယ်။ ကျွန်တော်တို့ စပြီးတော့၊ ငြိမ်းချမ်းရေးစကားပြောပြီးတော့ တစ်ခါတည်း ကမ္ဘာကို
လိမ်နေမယ့်အစား၊ ဒီလူတစ်စုနဲ့နော်၊ လုပ်မယ့်အစား ကျွန်တော်တို့ စစ်တပ်တွေကတော့ ဒါက လုပ်စရာရှိတာတော့ လုပ်
မယ်။ ကျွန်တော်တို့ဒေသကို လာလို့ရှိလို့ရှိရင် ကျွန်တော်တို့ ခုခံမယ်။
လူထုကိုထိခိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကာကွယ်ရမယ့်တာဝန်ရှိတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့တပ်တွေကတော့ လုပ်စရာရှိတာတော့ ကျွန်တော်တို့ စပြီးလုပ်တော့မယ်ဆိုပြီးတော့ လူထုကို အသိပေးချင်တယ်။
လူထုအနေနဲ့လည်း ရပ်တည်ပါ။
အောင်ဆန်းစုကြည်တို့ ရော၊ ကျောင်းသား အဖွဲ့တွေရော ရပ်တည်ပါ။
တခြားမီဒီယာတွေရော၊ တခြား အဖွဲ့အစည်းရော၊ လူမှုရေးအဖွဲ့အစည်းရော ဒါတွေအားလုံး ကျွန်တော်တို့ ရပ်တည်ပြီး
တော့ ဗမာပြည်ကို မကောင်းဆိုးရွားတွေလက်ထဲက လွတ်မြောက်အောင်လုပ်ကြပါစို့လို့ ကျွန်တော်တိုက်တွန်းရင်းနဲ့ နိဂုံး
ချုပ်ပါတယ်။

ဟုတ်ကဲ့ပါအန်ကယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

Copy from http://www.hotnewsweekly.com/node/2260

Tuesday, December 10, 2013

ကရင်လူ့အခွင့်အရေးအဖွဲ့ မှ ဆုကိုလက်ခံခြင်း မေးမြန်းဖြေကြားချက်

ကရင်လူ့အခွင့် အရေး အဖွဲ့ မှ ဆုကိုလက်ခံခြင်း


Tuesday, 10 December 2013
Written by ရွှေဟင်္သာ သတင်းဌာန

ထိုင်ဝမ် ဒီမိုကရေစီဖောင်ဒေးရှင်းမှချီးမြှင့်သည့် ၂၀၁၃ခုနှစ် အာရှဒီမိုကရေစီနှင့်လူ့အခွင့်အရေး (Asia Democracy
and Human Right Award 2013)ဆုအား ယနေ့ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG
မှ တိုင်ပေမြို့၌ ဆုလက်ခံရယူသွားမည်ဖြစ်ကြောင်း KHRG အဖွဲ့မှ စီမံကိန်းအုပ်ချုပ်ရေးမှူး နော်ခူးခူးဂျူးက ပြောပါ
သည်။
ဤသို့ကြောင့် ဆုသွားရောက်ရယူမှုနှင့်ပါတ်သက်၍ အသေးစိပ်သိရှိနိုင်ရန် နော်ခူးခူးဂျူးအား ဆက်သွယ်မေးမြန်းခဲ့
ပါသည်။

မေး ။ ။ KHRG က ထိုင်ဝမ်းက ပေးတဲ့ဆုကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့မှာ သွားယူမယ်မဟုတ်လား။
အဲဒါ ဘယ်သူသွားယူမှာလဲ။
ဖြေ ။ ။ သွားယူမယ့်သူက စောအယ်လ်ဘတ်ပါ (Saw Albert) သူက ကွင်းပိုင်းညွှန်ကြားရေးမှူးပါ။

မေး ။ ။ KHRG မှာ လူ များကြီးရှိတဲ့အထဲ ဘယ်လိုဖြစ်လို့ စောအယ်လ်ဘတ်ကိုရွေးချယ်ပြီး ဆုယူခိုင်းရတာလဲ။
ဖြေ ။ ။ ကျမတို့ KHRG မှာ အစီစဉ်ပိုင်းညွှန်ကြားရေးမှူးနဲ့ ကွင်းပိုင်းညွှန်ကြားရေးမှူးဆိုပြီး ဒါရိုက်တာ (၂)ယောက်
ရှိတယ်။
ဒါက ကွင်းပိုင်းနဲ့သက်ဆိုင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့အတွက် ဆုကိုသွားရောက်ပြီး လက်ခံရယူဖို့ ရွေးချယ်
လိုက်တာပါ။

မေး ။ ။ ဆုသွားယူမယ့်သူက ဘယ်နေ့ထွက်သွားတာလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ဆုသွားယူမယ်သူကတော့ မဲဆောက်ကနေ ဒီဇင်ဘာ (၈)ရက်နေ့က ထွက်သွားပါတယ်။

မေး ။ ။ ဒီဆုက ဘာဆုတွေဖြစ်သလဲဆိုတာကို ထပ်မံပြောပြပေးလို့ရနိင်မလား။
ဖြေ ။ ။ ဒီဆုရဲ့ခေါင်းစဉ်က အာရှဒီမိုကရေစီနဲ့လူ့အခွင့်ရေးဆုပါ။
သူက နှစ်စဉ်နှစ်တိုင်းပေးပေမယ့် ကျမတို့ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG အနေနဲ့ရတာက (၂၀၁၃)ခုနှစ်ပေါ့။ ဒီဆုကိုပေးတဲ့ ရွယ်ရွယ်ချက်ကလဲ အာရှမှာ ဒီမိုကရေစီအခြေနေနဲ့လူ့အခွင့်ရေးတိုးမြှင့်ဖို့အတွက် ငြိမ်းချမ်းစွာအား
ထုတ်လုပ်ဆောင်သူကို အဖွဲ့စည်းလိုက်ဖြစ်စေ၊ တစ်ဦးခြင်းအနေနဲ့ဖြစ်စေ နှစ်စဉ်ပေးပါတယ်။

မေး ။ ။ ရတဲ့ဆုကလည်း ငွေသားဆုဖြစ်တယ်ဆိုတော့ ဘယ်လိုနေရာမှာအသုံးပြုသွားမယ်လို့ ရည်ရွယ်ထားသလဲ။
ဖြေ ။ ။ ဒီဆုက ငွေသားဒေါ်လာ (၁)သိန်း ချက်လက်မှတ်အပြင် အသိမှတ်ပြုဂုဏ်ပြုလက်မှတ်ဆုတစ်ခုပါမယ်။ ကျမတို့အနေနဲ့ လာမယ့်နှစ်မှာ လက်ရှိလုပ်နေတဲ့အလုပ်နဲ့ပဲ KHRG လုပ်ဆောင်မှုအဓိကအနေနဲ့ သတင်းအချက်
လက် ဆုဆောင်းရယူတယ်။
ကျမတို့နဲ့အတူတကွလုပ်ဆောင်တဲ့ကွင်းပိုင်းမှာ ရွာသားတွေရှိတယ်။
သူတို့ကနေပြီးတော့ ရတဲ့သတင်းအချက်လက်ကို အစီရင်ခံစာရေးတယ်။
သတင်းတွေဖြန့်ဝေမှုနဲ့စည်းရုံးလှုံ့ဆော်မှုတွေ လုပ်တယ်။
လက်ရှိလုပ်တဲ့အလုပ်ကိုပဲ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မယ့်အပေါ်မှာ ဒီငွေသားကလည်း ကျမတို့အတွက် အ
ထောက်အကူပြုပါတယ်။

မေး ။ ။ ဒီဆုကိုရခြင်းအားဖြင့် (KHRG)ရဲ့ ရေရှည်အတွက် ဘာတွေအထောက်အကူပြုမလဲ။
ဘာတွေက အကျိုး ဖြစ်ထွန်းစေမလဲ။
ဖြေ ။ ။ ပြောရရင်တော့ ရှေ့ဆက်လုပ်ရမယ့်လုပ်ငန်းအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။
ဒီဆုက ကရင်လူ့အခွင့်ရေးအဖွဲ့က နှစ် (၂၀)ကျော်လုပ်ဆောင်မှုနဲ့အရေးပါမှုကို အတည်ပြုပေးတဲ့အမှတ်သား တစ်
ခုဖြစ်တယ်။
ဒီအမှတ်သားတွေက ရှေ့ဆက်လုပ်ရမယ့်အလုပ်အတွက် ပိုမိုလုပ်ဆောင်နိုင်မယ်။
ကျမတို့ကို အဖွဲ့ဝင်တွေနဲ့ကူညီလုပ်ပေးတဲ့ ရွာသားတွေအတွက် ပိုပြီးစိတ်အား ထက်သန်စေတယ်။
ရှေ့ဆက်လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှုအပေါ်မှာ ပိုပြီးတော့ အထောက်ကူဖြစ်စေပါတယ်။

မေး ။ ။ KHRG ရဲ့ လက်ရှိတာဝန်ယူ လုပ်ဆောင်တဲ့ အလုပ်ကို ထပ်မံပြောပြပေးလို့ရနိုင်မလား။
ဖြေ ။ ။ ကျမတို့ရဲ့ရည်ရွယ်ချက်က (၁) လွတ်လပ်ပြီးတော့ ဘယ်အဖွဲ့စည်းနဲ့မှ ဆက်နွယ်ချင်းမရှိပဲ ဒေသ အဖွဲ့
စည်း တစ်ခုဖြစ်တယ်။
လုပ်ဆောင်ရတဲ့အရာက အဓိက လွတ်လပ်စွာပြောဆိုခွင့်မရှိပဲ လျစ်လျူရှူ့ခြင်းခံရတဲ့ရွာသားတွေရဲ့ အသံထွက်
ပေါ်လာဖို့အတွက် လုပ်ဆောင်ပေးတယ်။
အဓိကလုပ်ငန်း (၄)ရပ်ကတော့
(၁) ဒေသခံတွေနဲ့ပူးပေါင်းပြီး သတင်းအချက်လက်ရယူတယ်။
(၂) ရရှိတဲ့သတင်းအပေါ်မှာ အစီရင်ခံစာရေးသားတယ်။
(၃) ပြည်တွင်း နိုင်ငံတကာတွေနဲ့ သတင်းတွေနဲ့ စည်းရုံးလှုံ့ဆော်တယ်။
(၄) ရွာသားတွေ တွေ့ကြုံခံစားရတဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရမှုနဲ့ အခက်ခဲတွေကို ဆွေးနွေးဖို့အတွက် အလုပ်ရုံ
ဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်ပေးတယ်။

မေး ။ ။ KHRG က ဒေသခံရွာသားအပြင် တခြားအဖွဲ့စည်းနဲ့ ပူပေါင်းလုပ်ဆောင်တာရှိလား။
ဖြေ ။ ။ ခုနကပြောသွားတဲ့ လုပ်ဆောင်ချက် (၄)ရက်က တစ်ခုဖြစ်တဲ့ ပြည်တွင်းနဲ့နိုင်င်ငံတကာလှုံ့ဆော်မှု အစည်း
ဝေးမှာ သတင်းဖြန့်ဝေတာတို့ ပေးပို့ခြင်းဖြင့် အတူလုပ်ဆောင်တယ်။

မေး ။ ။ (KHRG) က ဘယ်ဒေသကို ဦးတည်ပြုလုပ်ပါသလဲ။
ဖြေ ။ ။ ခြုံငုံပြောရရင် မြန်မာပြည်အရှေ့ပိုင်းဖြစ်ပါတယ်။
ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုတော့ ကရင်ပြည်နယ် သတ်မှတ်တဲ့အချိန်မှာ ခရိုင် (၇)ခုပါတယ်။
ကရင်ပြည်နယ် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း တချို့ဒေသတွေပါတယ်။
အဓိက ကရင်ပြည်နယ်ပေါ့၊ ကျမတို့က လူမျိုးအရမသတ်မှတ်ဘူး ဧရိယာအရပဲ သတ်မှတ်ပါတယ်။

မေး ။ ။ လုပ်ဆောင်နေတဲ့လုပ်ငန်းပေါ်မှာ ရှေ့ဆက် ဒေသတွေတိုးချဲ့ဖို့ရှိသေးလား။
ဖြေ ။ ။ အဓိကတော့ ကျမတို့ စည်းရုံးလှုပ်ဆော်မှုနဲ့ သတင်းဖြန့်ဝေမှုအပိုင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပါတယ်။
သတင်းကောက်ယူမယ့် ဒေသခံတွေကို ထပ်တိုးချဲ့လုပ်ဆောင်မှုရှိတယ်။
သတင်းအချက်လက်ဖြန့်ဝေမှုမှာ ရန်ကုန် တို့မှာလည်း ထပ်တိုးချဲ့လုပ်ဆောင်နေပါတယ်။

မေး ။ ။ (KHRG) အနေနဲ့ တွေ့ကြုံရတဲ့ အခက်ခဲဘာတွေရှိလဲ။
အခက်ခဲရှိရင် ဘယ်လိုဖြေရှင်းပါသလဲ။
ဖြေ ။ ။ တွေ့ကြုံရတဲ့အခက်ခဲက ကွင်းပိုင်းမှာ တချို့နယ်မြေဒေသမှာ သတင်းကောက်ယူတဲ့အခါ အကန့်သတ်တွေ
ရှိနေတော့ အခက်ခဲရှိပါတယ်။
အဓိက က လူ့အခွင့်ရေးနဲ့ပတ်သတ်တဲ့သတင်းကောက်ယူတာတွေနဲ့ အားလုံးသိအောင် ဖြန့်ဝေပြီး စည်းရုံးလှုံ့ဆော်
မှုတွေလုပ်တဲ့နေရာမှာ အကန့်သတ်ရှိတော့ အခက်ခဲအများကြီးရှိပါတယ်။
ကွင်းပိုင်းသတင်းရယူတဲ့အခါ ဒီအခက်ခဲတွေကို ဒေသခံတွေကပဲ ဖြေရှင်းသွားတာပါ။
ဒေသခံအာဏာပိုင် တွေကဘယ်သူလဲ ဘယ်ဧရိယာမှာ ဘယ်လိုဖြစ်တတ်သလဲ ဒေသခံတွေက ပိုသိတယ်လေ။
(KHRG) လုပ်ဆောင်မှုကို ယုံကြည်ပြီး ဒေသခံတွေက သင်တန်းပေးထားတဲ့သူတွေက ကူညီပေးတာပေါ့။

မေး ။ ။ KHRG ရဲ့ အားနည်းချက်က ဘာတွေရှိလဲပေါ့ အားသာချက်ကရော။
ဖြေ ။ ။ အစည်းဝေးပိုင်းမှာ အရင်တုန်းက နိုင်ငံတကာစည်းရုံးလှုပ်ဆော်မှုကို အားသန်တယ်။
 ပြည်တွင်းပိုင်းမှာ တော့အားနည်းမှုရှိတယ်။
ကျမတစ်ယောက်အမြင် အနေနဲ့ ကွင်းပိုင်းမှာ မြို့ပေါ်ပိုင်းမှာ သတင်းကောက်ယူမှု အားနည်းတယ်။
ပဋိပက္ခဖြစ်တဲ့ ကျေးရွာ တွေမှာက ပိုအာသားတယ် ကျေးရွာတွေက ပြသနာပေါင်းစုံကြားမှာ (၁၉၉၂) ခုနှစ်က
တည်းက သတင်းကောက်ယူထားတယ်။
ကြာပြီးဆိုတော့ ရွာသားအသိမှတ်ပြုမှုယုံကြည့်မှုကြောင့် ကျေးရွာအဆင့်မှာ ကောင်းကောင်းလုပ်နိုင်တာပေါ့။
ဒါပေမယ့် မြို့ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ကျမတို့ ကြိုးစားနေပါတယ်။

မေး ။ ။ (KHRG) က လွတ်လပ်တဲ့ အဖွဲ့စည်းတစ်ခုလား ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတစ်ခု ရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေသလား။
ဖြေ ။ ။ အဲဒါကအရေးကြီးဆုံးအချက်ပါပဲ။
(KHRG) က လွတ်လပ်တယ်။ဘယ်တိုင်းရင်းသားအဖွဲ့စည်းနဲ့မှ ဆက်နွယ် လွှမ်းမိုးမှုမရှိတဲ့ အဖွဲ့စည်းတစ်ခုဖြစ်
ပါတယ်။

မေး ။ ။ (KHRG) က လုပ်ဆောင်နေတာလည်းအတော်ကြာပြီး ပြည်တွင်း ပြည်ပ ယုံကြည်မှုတွေလည်း ရရှိလာပြီး အပေါ်မှာ လက်ရှိ အမာခံ လှုပ်ရှားအင်အားဘယ်လောက်ရှိလဲ။
 ဖြေ ။ ။ အားလုံးပေါင်း (၆၀) ၀န်းကျင်းရှိပါတယ်။

 မေး ။ ။ KHRG ရည်မှန်းချက်က ဘာတွေလဲ။ 
ဖြေ ။ ။ ကျမတို့ အဖွဲ့စည်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့လူတွေက လူ့အခွင့်ရေးကို တန်းတူရရှိ
နိုင်ဖို့နဲ့ လူ့အခွင့်ရေးချိုးဖောက်မှုနည်းပါးသွားအောင် ကျမတို့ရည်ရွယ်ပြီး သတင်းမှတ်တမ်းရယူတယ်။ ကျူးလွန်းပြီးသားလူတွေလည်း ဒါကိုတွေ့ပြီး ရှေ့ဆက်မလုပ်ဆောင်ဖို့ပါ။

ယခုအကြိမ် ဆုရရှိမှုသည် KHRG အဖွဲ့အနေဖြင့် တတိယအကြိမ်မြောက် ဆုရရှိခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် (၁၉၉၅)
ခုနှစ်တွင် ကနေဒါနိုင်ငံမှ ချီးမြှင့်သော The Peace Fund Canada Honor Award ဆု၊ ၂၀၀၁ ခုနှစ်တွင်The Canada-based Science for Peace Award ဆု နှင့် ယခု ထိုင်ဝမ်မှ (Asia Democracy and Human Right Award) ဆု အသီးသီး ရရှိခဲ့ပြီး ဖြစ်သည်။

Copy from
http://www.phophtawnews.org/burmese/index.php/interview/item/922-2013-12-10-02-14-46.html

အာရ်အက်ဖ်အေ နဲ့ ကေအင်န်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်းတို့ ဆက်သွယ်မေးမြန်းထားချက်
ကိုလည်း ဆက်လက်နားသောတ ဆင်ကြည့်နိုင်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Sunday, December 8, 2013

အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်

အစိုးရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် KNU ၏ 

သဘောထား ဆက်သွယ် မြေးမြန်းချက်

Sunday, 08 December 2013
Written by ရွှေဟင်္သာ သတင်းဌာန

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုတိယအကြိမ် ဗဟိုအမြဲတမ်းကော်မီတီ၏ ပုံမှန်အစည်းအဝေးသည် ဒီဇင်
ဘာ (၂)ရက်နေ့ စတင်ပြီး (၅)ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ် ၎င်းတို့၏ လေးဝါး ခေါ်လောခီးလာစခန်းတွင်ပြီး ဆုံးခဲ့ကြောင်း အတွင်းရေးမှူး(၂) ဖြစ်သူ ပဒိုမန်းမန်း ကဆိုပါသည်။

ယင်းအစည်းအဝေးသို့ ကိုယ်စားလှယ်(၄၅)ဦးခန့်တက်ရောက်ပြီး (၁၅)ကြိမ်မြောက်ညီလာခံ၏ လုပ်ငန်းစဉ်များ ကို
ပြန်လည် သုံးသပ်ခဲ့ပါသည်။
ထို့အပြင် နိုဝင်ဘာ (၄)ရက်နေ့၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ကျင်းပသော အစိုးရနှင့် တိုင်းရင်းသား လက်
နက်ကိုင်များ အစည်းအဝေးမှ အစိုးရဖက်တင်ပြထားသော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း ကို
လည်း ဆွေးနွေးခဲ့ပါသည်။

ယင်းမူကြမ်းအပေါ် KNU ခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်ချက်များနှင့်ပါတ်သက်ပြီး ရွှေဟင်္သာသတင်းဌာနသည်
အတွင်းရေးမှူး(၂)အား အောက်ပါအတိုင်း မေးမြန်းခဲ့ပါသည်။

မေး။ ။ (KNU) ရဲ့ဒုတိယအကြိမ် ဗဟိုအမြဲတမ်းကော်မီတီပုံမှန်အစည်းအဝေးမှာ အစိုးရကတင်ပြထားတဲ့ တနိုင်ငံ
လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိစ္စ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
အဲဒီအပေါ် ဘယ်လိုသဘောရပါသလဲ။

ဖြေ။ ။ ဝေဖန်သုံးသပ်ချက်တွေက အများကြီးပါ။
လက်ခံနိုင်စရာမရှိပါဘူး။
ပြီးတော့ ပြောချင်တာက KNUရဲ့သဘောထားထက် တိုင်းရင်းသားတွေရဲ့ သဘောထားဘဲဖြစ်ချင်တယ်။
ဒါပေမဲ့ အစိုးရစာချုပ်မူကြမ်းရဲ့ အဓိကပြဿနာကတော့ သုံးထားတဲ့ဝေါဟာရတွေက အချိန်အခါအခြေအနေနဲ့ မညီ
တာလဲ ပါပါတယ်။
အချက်အလက်အရ ထောက်ပြရမယ်ဆိုရင်တော့ အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်တဲ့။
ဒီတော့ ဒီအချိန်မှာ အဲဒီလိုအတိအလင်းပြောရင် ဘယ်သူကလက်ခံမှာလဲ။

တိုင်းရင်းသားတွေအတွက် နိုင်ငံရေးအရ ဘာအာမခံချက်မှမရှိသေးတဲ့အချိန်မှာ ဒီလိုပြောလာရင်ဘယ်သူမှ လက်
ခံမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြတယ်လေ။
လက်တွေ့မကျဘူးပေါ့ နော်။
ဒီအချိန်မှာ အဲဒီလိုပြောရင် လက်နက်ချခိုင်းရာ ရောက်တော့တာပေါ့။
ဒါပေမဲ့ လက်မခံစေချင်လို့ ထည့်ရေးရင်တော့ မပြောတတ်ဘူးပေါ့။
ပြီးတော့ စာချုပ်မှာ တည်ဆဲဥပဒေလို့ သုံးပါတယ်။
တိုင်းရင်းသားတွေနဲ့ ချုပ်တဲ့စာချုပ်စာတမ်းတွေမှာ တည်ဆဲဥပဒေအရလို့ သုံးရင် ဖြစ်နိုင်ပါ့မလားပေါ့။ ဥပမာအားဖြင့် ပြောတာပါ။
ဝေဖန်ထားတဲ့အချက်တွေက အများကြီးပါ။
တိုင်းရင်သားတွေဖက်ကတော့ ဒီစာချုပ်အရဆိုရင် ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။
ခြေချုပ်ထားသလိုမျိုး ခံစားကြတယ်။
လက်တွေ့မဖြစ်နိုင်တဲ့စာချုပ်မျိုးဘဲလို့ အတိုချုပ်အားဖြင့် ပြောနိုင်ပါတယ်။

မေး။ ။ ဒါဆိုရင် KNUဖက်က လက်မခံနိုင်ဘူးပေါ့။

ဖြေ။ ။ ကျနော်တို့ လက်မခံဘူးဆိုတာထက် တိုင်းရင်းသားတွေ လက်ခံနိုင်အောင်လည်း သဘောထားကြီးကြီးနဲ့
တင်ပြဖို့လိုတယ် မဟုတ်ဘူးလား။
အမြဲတမ်း အပေါ်စီးကနေဘဲ ပြောနေလို့ရှိရင် လက်တွေ့မကျဘူးပေါ့။
ကျနော်တို့ လက်ခံတဲ့အချက်တွေကတော့ တိုင်းရင်းသားတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း
ရေးအ ဖွဲ့ (NCCT)ကို တင်ပြထားပြီးပြီလေ။

မေး။ ။ ဆရာတို့ KNUဖက်က (NCCT) ကို ဘယ်လိုမျိုးတင်ပြထားလဲ။
ရှင်းပြခွင့်ရှိရင် ပြောပြပါလား။

ဖြေ။ ။ ကျနော်တို့ KNUကတော့ အစိုးရရဲ့စာချုပ်မူကြမ်းကို ဝေဖန်သုံးသပ်ထားတာဘဲရှိတယ်။
ကျနော်တို့ရဲ့ အကြံပြုချက်တခုလုံးကိုတော့ (NCCT) ရေးဆွဲထားတဲ့ စာချုပ် မူကြမ်းတွေမှာ ဖြည့်စွက်ထားတာဘဲ ရှိတယ်။
အကြမ်းအားဖြင့်ပြောရရင် ဒီလိုပါ။
NCCTရဲ့ ပထမမူကြမ်းကတည်းက၊ မူကြမ်းရဲ့အောက်လိုင်းကိုဆွဲကတည်းကပေါ့၊ ကျနော်တို့ ဗဟိုကော်မီတီ အလုပ်
အမှုဆောင်အဖွဲ့မှာ အကြံပြုထားပြီးသားဖြစ်ပါတယ်။
အဲဒီအကြံပြု တင်ပြထားတဲ့အချက်ကို NCCTက ပြန်ဆွေးနွေးတယ်။
ပြီးတော့ အဲဒါကိုတခါ NCCT မူကြမ်း ပြန်ဖြစ်လာတယ်။
ပြီးတော့ အဲဒီထွက်လာတဲ့မူကြမ်းကို ကျနော်တို့ ဗဟိုကော်မီတီက ပြန်ဆွေးနွေးတယ်။
ဆိုတော့ အထွေအထူးတော့ ပြောစရာ ဖြည့်စွက်စရာ ပြင်ဆင်စရာ မရှိတော့ဘူးပေါ့။

မေး။ ။ အသေးစိပ်လေး ပြောပြနိုင်မလားဆရာ။

ဖြေ။ ။ အသေးစိပ်တော့ ပြောလို့မဖြစ်သေးဘူး။
NCCTက တခြားအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးရင် လေးဝါးမှာကျင်းပတဲ့ ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံမှာ ပြန်တင်
ပြပြီးတော့ အတည်ပြုကြမယ်။
ပြီးမှ အစိုးရဆီမှာ တင်ပြမှာပေါ့။

မေး။ ။ အဲဒီ အစိုးရနဲ့တွေ့တဲ့ကိစ္စကို မေးချင်ပါတယ်။
အစိုးရက နိုဝင်ဘာ (၂)ရက်နေ့မှာပြီးဆုံးသွားတဲ့ လိုင်ဇာက ပထမအကြိမ်ညီလာခံမှာ သဘောထားတမျိုးတင်ပြ
ထားတယ်။
အဲဒီအပေါ်မှာမှီပြီး တိုင်းရင်းသားတွေက ဆွေးနေီးကြတယ်။
ပြီးတော့ နိုဝင်ဘာ (၄)ရက်နေ့ မြစ်ကြီးနား ဆွေးနွေးပွဲရောက်တော့ နောက်ထပ်တမျိုးထပ်မံ တင်ပြတယ်လို့ကြား
တယ် ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။
အဲဒီအကျိုးဆက်ကြောင့် ဒုတိယအကြိမ်ညီလာခံ ပေါ်လာတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ အစိုးရနဲ့ဆွေးနွေးပြီးရင် နောက်ထပ်ပြန်ညှိရဦးမယ်ဆိုတာလည်း ရှိသေးတယ်လေ။
အဲဒီအခါမှာ ကျနော်တို့မှာ လာညှိကြမယ်လို့ ပြောထားတာလည်းရှိပါတယ်။
ဒါပေမဲ့ ညီလာခံအဆင့် ဖြစ်လာတယ်ဆိုတာက အစိုးရရဲ့ မတူညီတဲ့သဘောထားတွေလည်း ပါတယ်ပေါ့နော်။
အခုလည်း အဲဒီလိုမဖြစ်အောင် ထင်ပါတယ်။
အစိုးရ MPCက ဒုတိယအကြိမ်ညီလာခံမတိုင်ခင် တွေ့ဖို့ရှိတယ်လို့ NCCTက အကြောင်းကြားထားတာ ရှိပါတယ်။

မေး။ ။ နောက်တခု မေးချင်ပါသေးတယ်။
အစိုးရရဲ့ သန်းကောင်စာရင်းကိစ္စနဲ့ပါတ်သက်လို့ KNUကဆွေးနွေးတယ်လို့ ကြားတယ်။
ဘယ်လိုမျိုး ဖြစ်စေချင်လို့လဲ။

ဖြေ။ ။ အဲဒါတော့ နည်းနည်းပြောချင်တယ်။
ကရင်လူမျိုးစုဆိုတာက မျိုးနွယ်တွေပေါင်းထားတဲ့အပေါ် သတ်မှတ်ရမယ်လေ။
ကရင်လူမျိုးတွေမှာ မျိုးနွယ်စု (၁၁)စုရှိတယ် ဆိုပါတော့။
အဲဒါ ကရင်(၁၁)မျိုး ရှိတယ်လို့ သတ်မှတ်မလား။
အဲဒါ မဖြစ်သင့်ဘူးပေါ့နော်။ အဲဒီလို ခွဲပစ်မယ်။
ပြီးရင် နိုင်ငံရေးအရ အသုံးချမယ်။
အဲဒါကို စိုးရိမ်နေကြပါတယ်။
အခု အစိုးရတွေပြောနေတာက မြန်မာနိုင်ငံမှာ တိုင်းရင်းသား(၁၃၅)မျိုး ရှိတယ်တဲ့။
အဲဒါကို တည်ပြောနေပြီးတော့ နိုင်ငံရေးအရ အသုံးချနေတာမျိုး မဖြစ်သင့်လို့ပါ။
လူတမျိုး တမျိုးကနေနွယ်တဲ့မျိုးနွယ်စုတွေကို အဲဒီလူမျိုးစာရင်းမှာထည့်ပေးမှ သဘာဝကျမယ်လေ။
အဲဒါကို ဖြစ်စေချင်လို့ပါ။

“ဒီလိုမှမဟုတ်ရင် ကရင်လူမျိုးတမျိုးထဲမှာဘဲ တိုင်းရင်းသား (၁၁)မျိုးလောက် ပြန်ပြီးတော့မှ ကွဲသွားဖို့ ဖြစ်လာတဲ့
အခါကျတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကွဲတာများလို့ဆိုပြီး နိုင်ငံရေးအရ အကြောင်းပြလာနိုင်
တယ်။
ဒီလိုအကြံစည်မျိုးမဖြစ်ဖို့ ဆွေးနွေးခဲ့ကြတယ်။"

KNUသည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ဒုတိယအကြိမ်ညီလာခံကို လာမည့်ဒီဇင်ဘာ ၁၈-၁၉-
၂၀ ရက်နေ့များတွင် လေးဝါးခေါ် လောခီးလာစခန်း၌ကျင်းပရန် ဆုံးဖြတ်ထားပါသည်။
ဤညီလာခံပြီးမှ အစိုးရနှင့်ဆွေးနွေးနိုင်မည့်ရက်ကို သတ်မှတ်နိုင်မည်ဟု ဆိုပါသည်။

Copy from http://www.phophtawnews.org/burmese/index.php/interview/item/916-knu.html


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Saturday, December 7, 2013

လက်နက်ချအလင်းဝင်တဲ့ အလုပ်ဟာ အင်မတန်ကျက်သရေတုံးတယ်

December 07, 2013
Saturday

ဂဠုန်နီဆရာတော် (မန္တလေးမြို့)

By မောင်ကိုကို (အမရပူရ)

၂၀၁၃၊ နိုဝင်ဘာလထဲတွင် မန္တလေး မဟာမုနိဘုရားကြီးအနီး၊ ဓမိ္မကာရာမတိုက်၊ ငွေငါးကျောင်းတိုက်မှ ဓမ္မ
ကထိက ဘဒ္ဒန္တကာဝိယ (ဂဠုန်နီဆရာတော်)ကို တွေ့ဆုံခဲ့ပါသည်။
ဂဠုန်နီဆရာတော်သည် ၁၉၈၈အရေးတော်ပုံတွင် မန္တလး၌ ဂဠုန်နီစစ်ကြောင်းကို ရဲရဲတောက်ဦးဆောင်လှုပ်ရှားခဲ့
၏။ ၁၉၈၈ အရေးတော်ပုံအပြီးမှာ ဂဠုန်နီဆရာတော်သည် ထောင်ကျသွားခဲ့ရာ ၂၀၀၇ မှပြန်လည်လွတ်မြောက်
လာခဲ့၏။ ဂဠုန်နီဆရာတော်သည် ၁၉၈၈မှာ နိုင်ငံရေးစင်မြင့်၌ တရားဟောကောင်းလှ၏။
ဆရာတော်၏အသံကို မကြားရတာအတော်ကြာပြီ။

၁၉၈၈ အရေးတော်ပုံကို ကျုပ်က မန္တလေးတင်မဟုတ်ဘူး။ အထက်မြန်မာ ပြည်ကို ကျုပ်ဦးဆောင်တာ။
ကျုပ် အုပ်ချုပ် တာ။ မဆလ ပါတီလို့ခေါ်တဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီပြုတ်ကျရေး အတွက် ကျုပ်တို့တရား
ဟောတာ။
၁၉၈၈ အရေးတော်ပုံမှာ တစ်ပါတီစနစ်၊ အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် လှည်းနေ လှေအောင်းမြင်းဇောင်းမ
ကျန် ပါဝင်လာအောင် ကျုပ်ကနိုင်ငံရေးတရားတွေဟောတာ။
နိုင်ငံရေးတရားတွေဟောရာမှာ ဘယ်လောက်အဟောကောင်းတဲ့လူဖြစ်ပါစေ။ ကျုပ်ရဲ့နောက်မှာဟောလို့ကတော့
နားထောင်မယ့်လူမရှိတော့ဘူးမှတ်ပေတော့။
ကိုလေး (အင်းဝဂုဏ်ရည်)လည်း ကျုပ်နောက်မှာ ဟောလို့ကတော့သူရှေ့မှာ လူမရှိတော့ဘူးမှတ်ပါ။
အဲဒီတော့ ၁၉၈၈ အရေးတော်ပုံကာလမှာ ကျုပ်ကိုနောက်ဆုံးထားရတယ်။
ပရိဿတ်ကကျုပ်မဟောမချင်း ထိုင်စောင့်နေတာပဲ။

ကျုပ်တို့က ဂဠုန်နီစစ်ကြောင်း၊ ဂဠုန်နီစာစောင်လည်း ထုတ်ဝေတယ်။ ရောင်းမလောက်ဘူး။
ဂဠုန်နီစာစောင်ကိုတော့ ကျုပ်က စစ်ငြိမ်းအေးကိုလုပ်ခိုင်းတာ။ ကျုပ် ၀င်မပါဘူး။ ၀င်မရေးဘူး။
ဟုတ်တယ်။
စစ်ငြိမ်းအေးက ၁၉၈၈ အရေးတော် ပုံအပြီးမှာ စစ်တပ်အာဏာသိမ်းတော့ အိနိ္ဒယဘက်ထွက်ပြေးတိမ်းရှောင်ရ
တယ်။
ကျုပ်က ၁၉၈၈ မှာအုပ်ချုပ်ရေးပိုင်းလည်း ကိုင်ရတယ်။ ခရီးသွားလာရေးတွေမှာ ကျုပ်ကကိုင်တွယ်ရတယ်
 မီးရထား၊ မော်တော်ကားလိုင်းတွေကိုလည်း စီမံအုပ်ချုပ်တယ်။
၁၉၈၈မှာ မင်းမဲ့စရိုက်တွေမထွန်းကားအောင် အထက်မြန်မာပြည်ကို ကျုပ်စီမံအုပ်ချုပ်တယ်။
ဂဠုန်နီဆရာတော်ဟေ့ဆိုရင် တုတ်တုတ်မှ မလှုပ်ရဲကြဘူး။

သူခိုး၊ သူဝှက်မရှိအောင်၊ လုတာယက်တာမရှိအောင်၊ ဆန်ဂိုဒေါင်ဖောက်တာမရှိအောင် ကျုပ်က အုပ်ချုပ်တယ်။ မင်းမဲ့စရိုက်အပြုအမူမျိုးကို ကျုပ်ကလက်မခံဘူး။ အစိုးရကို ပုန်ကန်တယ်။ အစိုးရကို ပြုတ်ကျအောင်တော်လှန်တယ်ဆိုတာက ၂၆ နှစ်လုံးလုံး မကောင်းတဲ့အစိုးရမို့လို့ ကျုပ်တို့ကတော်လှန်
ပုန်ကန်တာ။ ကျုပ်က လယ်သမားမျိုးရိုးကဆင်းသက်တာ။

မဆလ အစိုးရလက်ထက်မှာ လယ်သမားတွေကအစိုးရဆီမှာ စပါးသွင်းရတယ်။
လယ်ကနေစပါးမထွက်လည်း အစိုးရတောင်းတဲ့ စံနှုန်းပြည့်အောင်သွင်းရတယ်။
မသွင်းနိုင်တဲ့လယ်သမားကို ရွာထိပ်မှာ ကြိုးတုပ်ထားတယ်။ ရိုက်တယ်။ နှက်တယ်။
ပြီးတော့ လယ်သမားကို အချုပ်ထဲသွင်းတယ်။ နောက် ထောင်ချပစ်တယ်။
ဒါတွေဟာ ကျုပ်မိဘ၊ ကျုပ်ဆွေမျိုးရှိတဲ့ နယ်ပယ်မှာတင် ဖြစ်နေတာမဟုတ်ဘူး။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ဆင်း
ရဲသားလယ်သမားတွေအားလုံးဟာ အနှိပ်စက်ခံရတယ်။ ထောင်ထဲရောက်ကုန်ကြတယ်။
မြို့ပေါ်မှာလည်း အခြေခံလူတန်းစားဟာ စုတ်ပြတ်နေအောင်ခံရတာပဲ။ ၁၉၈၈ မှာ ကျုပ်တရားဟောတော့ အဲဒါ
တွေထည့်ဟောတာပေါ့။
၁၉၈၈ အရေးတော်ပုံကာလမှာ ကျုပ်ကဆွမ်းတောင် နပ်မှန်အောင်မစားဖြစ်ဘူး။ နယ်လှည့်တရားဟောတာ။
ညတစ်နာရီခွဲအထိ နေ့တိုင်းတရားဟောတာ။

၁၉၈၈၊ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အာဏာ သိမ်းတယ်။ ပစ်တယ်။ ခတ်တယ်။ သေတယ်။
ဦးပွား ဘုရားအနီး ရေစင်ကွေ့မှာပစ်တယ်။ ကျုပ်တို့ရဲ့ဂဠုန်နီက စက်တင်ဘာ ၂၃ အထိအောင်ဆန္ဒပြတာ။
ကျုပ်လည်း ကျုပ်ကျောင်းမှာနေရင် အဖမ်းခံရတော့မှာ။ နောက်တော့ ရွှေလီဘက် သွားတိမ်းရှောင်နေတယ်။
ကျုပ် ဒကာ၊ ဒကာမနဲ့ပတ်သက်တဲ့အိမ်မှာနေတာ။ အဲဒီမှာရောက်ပြီးမှ အတူလာတဲ့ကောင်က ပြန်သွားတယ်။
ဒီကောင်က နိုင်ငံရေးသမားထဲကမဟုတ်ပါဘူး။ ကျုပ် ဒကာ၊ ဒကာမအိမ်မှာ ကားမောင်းတဲ့ကောင်ပါ။
ဒီကောင်ကပဲစစ်ထောက်လှမ်း ရေး (၁)ကိုသတင်းပေးလိုက်တာ။ ဂဠုန် နီဆရာတော် ရွှေလီမှာရှိတယ်ဆိုပြီး။ အဲဒီသတင်းပေးတဲ့ကောင်ကငွေနှစ်ဆယ့် ငါးသိန်းရသွားတယ်လေ။ စစ်ထောက်လှမ်းရေးတွေ လိုက်လာတယ်။
ကျုပ်ဆက်ပြီးတိမ်းရှောင်ရင် ကျုပ်ရဲ့ဒကာ၊ ဒကာမအဖမ်းခံရမယ်ဆိုတာ ကျုပ်သိတယ်။
စစ်ထောက်လှမ်းရေးက ဖမ်းဖို့မဟုတ်ပါဘူးတဲ့။ မန္တလေးပြန်လိုက်ခဲ့ပါ။ ကျောင်းမှာသတင်းသုံးသုံး၊ အိမ်မှာသတင်း
သုံးသုံးအဆင်ပြေပါတယ်။ အနှောင့် အယှက်မပြုပါဘူး။ မန္တလေးကိုပြန်လိုက်ခဲ့ပါဆိုပြီး ထောက်လှမ်းရေးက ညာ
ခေါ်တာ။ ကျုပ်လည်း မန္တလေးကိုထောက်လှမ်းရေးနဲ့ ပါသွားတာပေါ့။

မန္တလေးရောက်တော့ နန်းတွင်းထဲတန်းပို့တော့တာပဲ။ စစ်ကြောရေးနဲ့ ရင်ဆိုင်ရတော့တာပဲ။ မရိုက်မနှက်ပါဘူး။
သုံးညတော့ မိုးအလင်းနေရတယ်။ မအိပ်ရဘူး။ စစ်ထောက်လှမ်းရေးတွေက ညဆိုရင်မူးမူးရူးရူးနဲ့ လာစစ်တယ်။
ကျုပ်ရှုံးနိမ့်ပြီလား။ တရားကတော့ နိုင်လိမ့်မယ်။ ကျုပ်က ဂဠုန်နီဆရာတော်ပဲ။ ကျုပ်အညံ့မခံနိုင်ဘူး။

ကျုပ်ကရန်သူ စစ်အစိုးရရဲ့လက်အောက်မှာ ဒူးမထောက်ဘူး။ ကျုပ်ကိုဖမ်းမိတာ။ စိတ်ဓာတ်ကို နှိပ်စက်တာနဲ့ပဲ
ကျုပ်ရှုံးနိမ့်ပြီလား။ ကျုပ် မရှုံးနိမ့်ပါဘူး။ ကျုပ်ယုံကြည်မှုအတွက် စစ်အစိုးရကို ဒူးမထောက်သမျှ ကျုပ် မရှုံးနိမ့်ပါ
ဘူး။ ကျုပ်ကိုရုံးတင်တယ်။ ကျုပ်ကိုထောင်ချဖို့ အစိုးရရှေ့နေတို့၊ တရားသူကြီးတို့က သက်သေတွေရှာရတယ်။
ကျုပ်က တရားသူကြီးကိုပြောတယ်။ ကျုပ်ကိုထောင်ချမှာမဟုတ်လား။ ထောင်ချလိုက်ပါ။
ကျုပ်က နောက်ကြောင်းမပြန်ပါဘူး။ ခင်ဗျားတို့ကို တစ်ချိန်မှာလည်း ပြန်မလုပ်ပါဘူးလို့ တရားသူကြီးကို ပြော
တယ်။ ထောင်ကျတယ်။

၁၉၈၉၊ မတ်လ ကနေ ဖမ်းမိခဲ့တာ။ ၂၀၀၇ အထိထောင်ထဲမှာနေခဲ့ရတယ်။ ထောင်ထဲမှာ အစာ ငတ်ခံတိုက်ပွဲ
နှစ်ကြိမ်ဝင်ဖူးတယ်။ စာ ဖတ်ခွင့်၊ စာအုပ်သွင်းခွင့်၊ အပြင်ထွက် လမ်းလျှောက်ခွင့်၊ အားကစားလှုပ်ရှားမှု လုပ်ခွင့်
အတွက်တောင်းဆိုတာ။
အိုင်စီ အာရ်စီလာတော့ စာဖတ်ခွင့်မှာ စာအုပ် အစုံရလာတယ်။ ကျုပ်တို့နိုင်ငံရေးသမား ဆိုရင် နိုင်ငံရေးနဲ့ပတ်
သက်တာဖတ်ခွင့်ရဖို့ အိုင်စီအာရ်စီကစာအုပ်တွေပါသွင်းပေးတယ်။
ကျုပ်ကို ထောင်ဝင်စာတွေ့သူမရှိဘူး။ ကျုပ်က အရေးတော်ပုံကာလမှာ လှည့်တရားဟောနေတာကိုး။

အပြင်မှာရင်းနှီးသူသိပ်မရှိခဲ့တော့ ထောင်ဝင်စာလာတွေ့သူမရှိဘူး။
ထောင်ဝင်စာလာမတွေ့လည်း ကောင်းတာပေါ့။ ထောင်ဝင်စာလာတွေ့ရင် တွေ့သူကို ကျေးဇူးတင်နေရဦးမှာ။ ကျုပ်ရဲ့ ထောင်ထဲမှာနေထိုင်မှုက တရားနဲ့နေတာ။ ရဟန်းဆိုတာ ဘယ်လိုနေရနေရ ဘာမှမဖြစ်ပါဘူး။ ကျုပ်တရားနဲ့ ကျုပ်နေတာ။ ထောင်ထဲမှာပဲနေနေ၊ အပြင် မှာပဲနေနေ သေသွားနိုင်တာပဲမဟုတ်လား။
ထောင်ထဲမှာမှ သေနိုင်တာမဟုတ်ပါဘူး။
အပြင်မှာလည်း နှလုံးသွေးရပ်ပြီး သေနိုင်တယ်။ ကားတိုက်သေနိုင်တယ်။
ထောင်ထဲမှာနေရတော့ ဘယ်သူနဲ့မှမတွေ့ရဘူး။ စိတ်တောင်ချမ်းသာသေးတယ်။ အကုသိုလ်လည်းမပွားရဘူး။
တရားလုပ်ရမယ့် နေရာမှာတရားလုပ်မယ်။ နိုင်ငံရေးလုပ်ရမယ့်နေရာမှာ နိုင်ငံရေးလုပ်မယ်။ ကျုပ်က ထောင်ထဲမှာတရားဟောတယ်။ ညဆိုတိုက်ထဲကနေမတ်တတ်ရပ် ဟောတာ။ ကျုပ်အသံကအကျယ်ကြီး။ ဟိန်းထွက်နေတာ။
ကျုပ်ကထောင်ထဲမှာ နိုင်ငံရေးတရားမဟောဘူး။ ဘုရားဟော ပါဠိတရားတော်ကိုဟောတယ်။ ပရိတ် ရွတ်တယ်။ ပဋ္ဌာန်းရွတ်တယ်။ ထောင်ထဲမှာ နိုင်ငံရေးသမားထဲကဘုန်းကြီးရော၊ လူရောကြောင်သွားသူတွေရှိတယ်။
ကျုပ်ရဲ့ စိတ်ဓာတ်ကတော့ မပျက်ယွင်းခဲ့ဘူး။ ရူးသွားတဲ့လူတွေအများကြီးရှိတယ်။

လွှတ်ပေးမယ်။ နိုင်ငံရေးမလုပ်ပါဘူး။ လက်မှတ်ထိုးရမယ်တဲ့။ မကြာမကြာ လာစည်းရုံးတယ်။
နိုင်ငံရေးသမားထဲက လက်မှတ်ထိုးပေးလိုက်ပြီး လွတ်သွားတဲ့ လူတွေရှိတယ်။ ကျုပ်လက်မှတ်မထိုးဘူး။ မလွတ်ချင်နေ။ ကျုပ်ကရဲရဲတောက် ဂဠုန်နီဆရာတော်။ ကျုပ်က ဒိတ်ဒိတ်ကြဲ ဂဠုန်နီဆရာတော်။
ထောင်ထဲမှာ ထောင်ပဲကျတာ။ အပြင်ရောက်ရင် သိက္ခာကျမယ့်အလုပ် ကျုပ်မလုပ်ဘူး။
ကျုပ်က အားအားယားယားဆန္ဒပြ တာမဟုတ်ဘူး။ လယ်သမားစပါးတာဝန် မကျေလို့ လက်ပြန်ကြိုးတုပ်ခံရတယ်။
မဆလ ခေတ်မှာဖာဖြစ်သွားတဲ့မိန်းကလေး တွေအများကြီးပဲ။ ဒါတွေကို ကျုပ်မကျေ နပ်လို့ ဆန္ဒပြတယ်။
စစ်တပ်ကပုဒ်မ ၁၄၄ထုတ်ရင် ကျုပ်ကပုဒ်မ ၁၅၅ထုတ်ပစ်ခဲ့တာ။ ကျုပ်ရဲ့ဂဠုန်နီအဖွဲ့က စစ်ကြောင်းပေါင်း ၄၂
ကြောင်းရှိတယ်။ ၄၂ ကြောင်းကို ကျုပ်ကအုပ်ချုပ်ခဲ့တာ။ မဟုတ်တာလုပ်ရင် ခိုက်ရန်ဖြစ်သတ်ဖြတ်ရင် ကျုပ်က မီးလောင်တိုက်သွင်းပစ်မှာ။ လုံခြုံရေးကို ကျုပ်ထိန်းထားတာ။
ဂဠုန်နီကမြစ်ကြီးနားအထိ မူဆယ်နမ့်ခမ်းအထိရှိတာ။ ကျုပ် အုပ်ချုပ်တာ။

အဲဒီဂဠုန်နီဟာထောင်ထဲ ကလွတ်ချင်တာနဲ့တော့နာမည်အပျက် မခံနိုင်ဘူး။
ကျုပ်ကတော့ တိုင်းပြည်ဒုက္ခရောက်ရင်၊ လူထုဒုက္ခရောက်ရင်၊ ဘာသာဒုက္ခရောက်ရင် ၀င်ပါမှာပါ။
ကျုပ် မကြောက်ပါဘူး။ ရွှေဝါရောင်မှာ ကျုပ်မပါဝင်ပါဘူး။ ၂၀၀၇ ရွှေဝါရောင်နီးမှ ကျုပ်လွတ်တာ။
ကျုပ်ပင်ပန်းနေတယ်။ မောနေတယ်။ ထောက်လှမ်းရေးတွေလည်းချထားတယ်။

ရွှေဝါရောင်မှာနာမည်ကြီးအောင် မီဒီယာနဲ့ဆက်သွယ်ပြောဆိုပြီး လူထွက်မိန်းမယူသွားတဲ့ သံဃာမျိုး၊ နိုင်ငံခြားအ
ထောက်အပံ့ခံယူပြီး ပိုက်ဆံချမ်းသာအောင်လုပ တဲ့လူမျိုး၊ ဘုန်းကြီးမျိုး။ ကျုပ် မထောက်ခံဘူး။ ကျုပ် အထင်မကြီး
ဘူး။ လုပ်စားသွားတဲ့ကောင်ဆို မုန်းတယ်။
ပြောရဦးမယ်။ ကျုပ်ရဲ့အမှုကိုစစ်ဆေးခဲ့တဲ့အထဲမှာ သောကြာသား သုံးယောက်ပါတယ်။
စစ်ဘက်ကလူတွေ ကျုပ်ကိုစစ်ဆေးမေးမြန်းတုန်းက သူတို့သုံးယောက် အရက်သောက်ရင်း စစ်ဆေးမေးမြန်းတာ။ ဒုဗိုလ်မှူးကြီးသန်းထွန်း ဆိုတာပါတယ်။

ကျုပ်ကိုနောက်ဆုံးတော့ ဦးကာဝိယသေဒဏ်ဆိုပြီး ဒုဗိုလ်မှူးကြီးက အမိန့်ချလိုက်တယ်။
စာအိတ်ဖွင့်ပြီး ““သေဒဏ်”” ဆိုဖတ်ပြပြီး ထပြန်သွားတာ။
ကျုပ်ကိုကြိုးတိုက်ထဲပို့လိုက်တယ်။ ကျုပ်ကအယူခံမ၀င်ဘူး။
ကြိုးတိုက်ထဲမှာ ရှစ်ပေ၊ ဆယ့်သုံးပေအခန်းထဲမှာနေရတာ။ မ၀ရေစာစားရတာ။ ရေ ဆယ့်နှစ်ခွက်ပဲချိုးရတယ်။
နောက်အယူခံဝင်ရမယ် လုပ်ရော။ ကျုပ်က အယူခံမ၀င်ဘူး။ ကြိုးစင်တက်မယ်လို့ပြောတယ်။ တရားခံဘာပြောပြော တို့လုပ်ချင်ရာလုပ်မယ်ဆိုပြီး ဒုဗိုလ်မှူးသန်းထွန်းက ပြောသေးတာ။

ပြောရဦးမယ်။ ကျုပ်ကို သေဒဏ်ချလိုက်တဲ့ ဒုဗိုလ်မှူးကြီးသန်းထွန်းလည်း ကျုပ်ကိုချပြီး မကြာခင်မှာပဲ မုဒိမ်းမှု
နဲ့ ထောင်ကျသွားတယ်။
ချက်ချင်းဝဋ်လည်တာပဲ။ ကျုပ်တိုက်ထဲမှာအစာငတ်ခံဆန္ဒပြ တာ။ ဆယ့်နှစ်ရက်ကြာတယ်။
ကျုပ် ရေလည်း နည်းနည်းပဲသောက်တယ်။
ဆယ့်နှစ်ရက်တစ်ခါ၊ ငါးရက်တစ်ခါ။ နှစ်ခါတောင် အစာငတ်ခံဆန္ဒပြခဲ့တာ။
သေခြင်းတရားနဲ့ ဘယ်သူမှမကင်းဘူး။
ဘယ်နေရာရောက်ရောက် သေမှာပဲ။
လက်နက်ချ အလင်းဝင်တဲ့ အလုပ်ဟာ အင်မတန်ကျက်သရေတုံးတယ်။
ကျုပ်ရင်ကော့ပြောနိုင်တာက။ ကျုပ်မကြောက်ခဲ့လို့ပဲ။

မောင်ကိုကို (အမရပူရ)

Copy from http://www.hotnewsweekly.com/node/1080

Saturday, November 30, 2013

ငြိမ်းချမ်းရေးအကြောင်း တထောင့်တနေရာ

ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းနှင့် ရဲဘော်သစ်များ အမှတ်တရ
ဓါတ်ပုံ - ( PSLF/TNLA)

ငြိမ်းချမ်းရေးအကြောင်း တထောင့်တနေရာ

November 30, 2013
Saturday

By မင်းစိုးစံ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)ရဲ့ ဥက္ကဌတာအိုက်ဖုန်း တအာင်းအမျိုးသားလွတ်မြောက်
ရေးတပ်မတော် (TNLA) ၏ အကြီးအကဲ ဗိုလ်မှူးကြီးနဲ့ ရွှေဟင်္သာသတင်းဌာန ဆက်သွယ်မေးမြန်းခန်းထဲ
ကကောက်နုတ်ချက်လေး တင်ပြပါရစေ။

ရွှေဟင်္သာသတင်းဌာနက
ဒီအခြေအနေအတိုင်းဆိုရင်တော့ ငြိမ်းချမ်းရေးရနိုင်ပါ့မလား။
ဆိုတဲ့မေးခွန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးရဲ့ ဗိုလ်မှူးကြီး ပြောသွားတဲ့အထဲမှာ
အစိုးရဖက်က လိုချင်နေတာက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတာနဲ့ ငြိမ်းချမ်းရေးရပြီလို့ဘဲ မြင်နေတာကိုး။
လို့ ပြောသွားပါတယ်။ အင်မတန်ကို သိမ်မွေ့တဲ့ စကားလုံးတွေပါ။
တနည်းပြောရလျင် လူကြီးလူကောင်းအင်မတန်ဆန်တဲ့ အသုံးအနှုံးပါ။
တကယ်တမ်းမှာတော့ ဗမာစစ်အစိုးရ သဘောထားတာက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတာနဲ့ လက်နက်
ချပြီးသား လို့တထစ်ချသတ်မှတ်ထားပြီးသားလို့ ပြောပစ်လိုက်ရမှာပါ။
အဲဒါကို ဘာနဲ့သက်သေပြမလဲလို့ မေးလျင် အစိုးရတင်သွင်းထားသည့် တပြည်လုံးအပစ်ရပ်ရေးစာချုပ် (မူကြမ်း) ဆိုတာကို လေ့လာကြည့်လျင် သိနိုင်ပါတယ်။
အပြည့်အစုံကိုတော့ ရွှေဟင်္သာသတင်းဌာနမှာ သွားပြီးလေ့လာကြည့်နိုင်ပါတယ်။ 

အောက်က ဗမာ့အမျိုးသား သီချင်းကိုနားသောတ ဆင်ကြည့်ကြပါ။
ပြိးတော့သီချင်းစာသားလေး အသေအခြာအရသာခံစားကြည့်ပါ။
ဗမာစစ်အစိုးရ လိုချင်တဲ့ငြိမ်းချမ်းရေးအစ်အမှန်ဆိုတာကို ပိုပြီးသဘောပေါက်သွားပါလိမ့်မယ်။



တွေ့ဆုံမေးမြန်းခန်း ကောက်နုတ်ချက် 
 
မေး ။ ။ ဒီအခြေအနေအတိုင်းဆိုရင်တော့ ငြိမ်းချမ်းရေးရနိုင်ပါ့မလား။
ပလောင်ဒေသမှာ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးစကားလုံးဟာ လူတိုင်းပြောနေတာဘဲလေ။
အစိုးရဖက်ကလည်း ပြောနေတာဘဲ။
နားထောင်ကောင်းရုံဘဲလားတော့ မပြောတတ်ဘူးပေါ့။
ကျနော်တို့ဖြစ်စေချင်တာကတော့ ရေရှည်တံ့တဲ့ငြိမ်းချမ်းရေးမျိုးကို ဖြစ်စေချင်ပါတယ်။
ဒီတော့ ဒီလိုငြိမ်းချမ်းရေးမျိုးကိုရဖို့ဆိုတာက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြသနာတွေကို နိုင်ငံရေးအရဖြေရှင်းလို့
ပြေလည်မှ ရမယ်လေ။
အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေးရပြီလို့ ပြောတာဟာ မဖြစ်နိုင်ဘူးလေ။
ဖြစ်လည်း မဖြစ်ခဲ့ပါဘူး။
အဲဒီတော့ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ
မရှိဘဲနဲ့တော့ တကယ့်ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတွေရပြီလို့ ပြောလို့မရဘူးလေ။

မေး ။ ။ ဟုတ်ကဲ့။ အစိုးရနဲ့လည်း ဆွေးနွေးခဲ့တယ်။
ပြီးတော့ ပြန်တွေ့ဖို့လည်းချိန်းခဲ့တာရှိတယ်။
ဆိုတော့ အစိုးရနဲ့ ဘယ်တော့လောက်ပြန်တွေ့နိုင်မလဲ။

ဖြေ ။ ။ ဒါကတော့ အစိုးရဖက် မှာဘဲ မူတည်ပါတယ်။
ကျနော်တို့ အမြဲတမ်းတောင်းဆိုနေတာကတော့ တွေ့ဆုံဆွေးနွေးရေး ကနေတဆင့် နိုင်ငံရေးပြသနာတွေ
ကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့အတွက် အမြဲတမ်းတံခါးဖွင့်ထားတယ်။
ဒါပေမဲ့ အစိုးရဖက်ကလိုချင်နေတာက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတာနဲ့ ငြိမ်းချမ်းရေးရပြီလို့ဘဲ မြင်နေ
တာကိုး။

ကျနော်တို့ကတော့ အပစ်အခတ်ရပ်စဲရေးလုပ်လို့ ငြိမ်းချမ်းရေး ရတာမဟုတ်ဘူး။
ဖြစ်နေတဲ့ နိုင်ငံရေးပြသနာတွေကိုဖြေရှင်းမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရမှာလေ။
ဒီတော့ တခြားစီဖြစ်နေတယ်။
သဘောကတော့ အပစ်အခတ်ရပ်စဲရေးမလုပ်ဘဲနဲ့ နိုင်ငံရေးဆက်ဆွေးနွေးသွားရင်လည်း တိုက်ခိုက်မှုတွေ
က တဖြည်းဖြည်းလျှော့သွားမှာဘဲလေ။
အဲဒီလိုမျိုး ကျနော်တို့မျှော်လင့်တယ်။

ဒါကလည်း အစိုးရဖက်ကထားရှိတဲ့ စေတနာအပေါ်မှာ အများကြီးမူတည်ပါတယ်။
ဖြစ်သင့်တာက တွေ့ဆုံဆွေးနွေးမှုကနေတဆင့် ယုံကြည်မှုတည်ဆောက်ကြဘို့ရယ်။
ရရှိလာတဲ့ ယုံကြည်မှုတွေကနေတဆင့် နိုင်ငံရေးပြသနာတွေကို ဖြေရှင်းသွားမယ်။
စိတ်ရင်းစေတနာနဲ့ တကယ်ဖြေရှင်းလို့ ပြေလည်သွားရင်တော့ ကျနော်တို့ပြောနေတဲ့ တကယ့်ရေရှည်တည်
တံ့တဲ့ ငြိမ်းချမ်းရေးကို အမှန်ရရှိလိမ့်မယ်လို့ ခံယူထားပါတယ်။

မေး ။ ။ ဒါဆိုရင် လက်ရှိ အခြေအနေကနေ ရှေ့ဆက်အလားလာတွေ ဘယ်လို ဖြစ်လာမလဲဆိုတာသုံးသပ်
ပေးပါလား။

ဖြေ ။ ။ အလားအလာကတော့ ကျနော်တို့က လိုင်ဇာမှာကျင်းပခဲ့တဲ့ လက်နက်ကိုင်တိုင်းရင်းသား ညီလာခံ
ရဲ့ သဘောတူညီချက်မူအတိုင်း သွားမှာပါ။
အဲဒီသဘောတူညီချက်ကို အကောင်အထည်ဖေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး
အဖွဲ့ (NCCT)မှာလည်း ကျနော်ပါတယ်။
လက်ရှိမှာလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်
ကိစ္စတွေ ရေးဆွဲနေတယ်။
ပြီးရင် တိုင်းရင်းသားညီလာခံ ဆက်လုပ်မယ်။
အဲဒီညီလာခံပြီးရင် အစိုးရနဲ့ထပ်တွေ့မယ်။
ဆွေးနွေးမယ် ဖြေရှင်းမယ် ဆိုတဲ့ (process)ပရောစက် ထဲမှာဘဲ (PSLF)က ဆက်သွားနေမှာဖြစ်ပါတယ်။


အပြည့်အစုံကိုတော့ ရွှေဟင်္သာသတင်းဌာနမှာ သွားပြီးလေ့လာနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုကသည်တဦး)


Monday, November 25, 2013

အချိန်ကိုက်လုပ်မယ့် ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန်အရေးယူဖြေရှင်းနိုင်ဘို့က အရေးကြီး


အချိန်ကိုက်လုပ်မယ့် ဆန္ဒပြပွဲတွေကို

ပြင်းပြင်းထန်ထန်အရေးယူဖြေရှင်းနိုင်ဘို့က

အရေးကြီး

November 25, 2013
Monday

အပေါ်က သတင်းခေါင်းစဉ်က မူလပိုင်ရှင် ပေးထားတဲ့ ခေါင်းစဉ်မဟုတ်ပါဘူး။ ကျုပ်ဘာသာ အတွေးပေါက်ပြီး ပေး
လိုက်တဲ့ ခေါင်းစဉ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မေးမြန်းခန်းမလုပ်ခင်မှာ ပြောထားခဲ့တဲ့စကားနဲ့ လုပ်လိုက်တဲ့အချိန်
မှာ ပြောတဲ့စကားက တသဘောတည်းဖြစ်နေလို့ပါ။

ဦးဌေးဦး ပြောတဲ့အထဲမှာ ရည်ရွယ်ချက်က အရေးကြီးဆုံးပဲ ဆိုတာ သွေးထွက်အောင်မှန်ပါတယ်။ အလုပ်တခုခု လုပ်ပြီဟေ့ ဆိုလျင် ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ရည်ရွယ်ချက်က အရေးအကြီးဆုံးဆိုတာ လူပြိန်းဖြစ်တဲ့
ကျုပ်တောင် သိပါတယ်။

SEA GAME ကိုလာတဲ့အဖွဲ့တွေက ဒီကိစ္စကိုကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပြီးလုပ်တာလား။  
ဆိုတဲ့ အတွေးကတော့ လူပြိန်းလောက်တောင်အသိမရှိတဲ့ လူမျိုးပဲ တွေးမိမှာပါ။
အားကစားပွဲကိုလာတာလေဗျာ။
ကျုပ်တို့နိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို လာရှင်းပေးဘို့ အစီအစဉ်မပါဘူး။

 “၁၉၉၅ ခုနှစ်က ရွှေရတုတပ်မတော်နေ့ကို ဂုဏ်ပြုပြီး ကျပ် သိန်း ၁၆၀တန်မြေကွက် လှူဒါန်းခဲ့သူပါဗျာ။
အခု ကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့စကားကို အားကိုးချင်ပါတယ်။
ဦးဌေးဦးက ကူညီမယ်ဆိုတာ နှစ် ကြိမ်ပြောခဲ့ဖူးပါတယ်ဗျာ”
အပြည့်အစုံ လေ့လာချင်လျင် ( http://www.hotnewsweekly.com/node/940)
ကူညီပါ့မယ်လို့ ၂ကြိမ်ပြောခဲ့ပြီးတဲ့လူတောင်မှ ဘာမျှမတတ်နိုင်တာဗျာ။
အားကစားပွဲလာတဲ့လူက ဘာလုပ်နိုင်မှာမို့လဲ။
ခင်ဗျား လူရွှင်တော်လုပ်စားဘို့ကောင်းတယ်။
ရယ်(ရီ)ရတယ်ဗျာ။

တကယ်တော့ ဒီအကြောင်းအရာတွေအားလုံးကို မသိပါဘူး။
ဆိုတော့ အဲဒါတော့ ကျုပ်နည်းနည်းတော့ မေးချင်စိတ်ဖြစ်မိပါတယ်။
ဘယ်သူမသိတာလဲ။
လွှတ်တော်က လူတွေလား။
နိုင်ငံတော်အစိုးရ လား။
တိုင်းဒေသကြီးအစိုးရကို ဆိုလိုတာလား။
မေးခွန်းထုတ်တဲ့လူ ကိုယ်တိုင်က မသိတာလား။
မြေအသိမ်းခံရတဲ့ လူတွေကိုပြောနေတာလား။
ဘယ်သူ့ကိုပြောနေတာလဲ။

သိမ်းဆည်းတယ်ဆိုတဲ့ကိစ္စရပ်တွေကို လွှတ်တော်ပိုင်းကလည်း လုပ်တယ်။
နိုင်ငံတော်အစိုးရပိုင်းကလည်း လုပ်တယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း နည်းမှန်လမ်းမှန်ဖြေရှင်းတယ်။
ဖြေရှင်းတဲ့အချိန်မှာ ဒါကိုပဲလက်ခံရမယ်။
ဆိုတော့ ဒီနေရာမှာမိုက်မိုက်ရိုင်းရိုင်း စကားလုံးမသုံးချင်ပါဘူး။
အဲဒီစကားမျိုးပြောထွက်တဲ့လူတစ်ယောက်က နိုင်ငံသားများမူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး
ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဆိုတဲ့နေရာမျိုး မောင်ပိုင်စီးထားတဲ့နောက်တော့ သူခိုးက တရားသူကြီးလုပ်နေတာနဲ့ တူမ
နေဘူးလား။
အဲဒါ အတတ်နိုင်ဆုံး အယဉ်ကျေးဆုံး စကားလုံးကို အသေအခြာစီစစ်ပြီး သုံးလိုက်တာ။

ဗမာစစ်အစိုးရအပေါ် နာကျည်းနေတဲ့စိတ်ကို ဘယ်လိုဖြေရပါ့မလဲ။ ကောင်းကွက်ကလေး ရှိလိုရှိညားရှာပြီး နား
လည်ပေးနိုင်လေမလားလို့ ကြိုးစားနေချိန်မှာ၊ အခုလို စိတ်အနာကြီးနာပြီး အခံရခက်တဲ့ အပြုအမူမျိုး အပြောအဆို
မျိုးကို ခဏလေးလောက်ဟန်ဆောင်ပန်ဆောင် ရှောင်တဲ့ပညာ ခင်ဗျားတို့မှာမရှိတော့ဘူးလားဗျာ။ 

မူရင်း ခေါင်းစဉ်နဲ့ စာသားများကို ကူးယူတင်ပြပေးလိုက်ပါတယ်။
  


SEA GAME လှေလှော်ပြိုင်ပွဲနှင့်

အချိန်ကိုက်လုပ်မည့်ဆန္ဒထုတ်ဖော်မှုများအား 

နည်းလမ်းမှန်စွာ ဖြေရှင်းနိုင်ရေးသာအရေးကြီးဟုဆို


November 25, 2013
Monday

၂၇ ကြိမ်မြောက် SEA GAME ပွဲတွင် ပုသိမ်၊ ချောင်းသာကမ်းခြေ၌ ရွက်လှေပြိုင်ပွဲလည်းကျင်းပမည်ဖြစ်၍ ယင်းဒေ
သရှိ အသိမ်းဆည်းခံလယ်ပိုင်ရှင်များက ပြိုင်ပွဲကျင်းပစဉ်တွင်အချိန်ကိုက် ဆန္ဒထုတ်ဖော်မည်ဟုသတင်းများ ထွက်
ပေါ်နေခဲ့သည်

 ၎င်းအပေါ် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါဆန္ဒထုတ်ဖော်မှုသည် နိုင်ငံဂုဏ်သိက္ခာထိခိုက်နိုင်မည်
ဖြစ်၍ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဟုထုတ်ဖော်ပြောကြား ထားပြီးဖြစ်သဖြင့် ယင်းအတွက် နိုင်
ငံသားများမူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဦးဌေးဦးအနေဖြင့် မည်သို့
ရှုမြင်သုံးသပ်ပါသနည်းဆိုသည်ကို သတင်းထောက်တစ်ဦးကမေးမြန်းခဲ့ပါသည်။

"SEA GAME နဲ့ တိုက်ပြီး လုပ်တဲ့ရည်ရွယ်ချက်ပေါ့။
SEA GAME ကိုလာတဲ့အဖွဲ့တွေက ဒီကိစ္စကိုကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပြီးလုပ်တာလား။ ဒါမှမဟုတ်ရင် ဘာရည်ရွယ်ချက်လဲ။
ဒီရည်ရွယ်ချက်က အရေးကြီးဆုံးပဲ။
တကယ်တော့ ဒီအကြောင်းအရာတွေအားလုံးကို မသိပါဘူး။
သို့သော်လည်း ကျွန်တော်က ဧရာဝတီနဲ့ နီးစပ်ပါတယ်။
သိမ်းဆည်းတယ်ဆိုတဲ့ ကိစ္စရပ်တွေကို လွှတ်တော်ပိုင်းကလဲ လုပ်တယ်။
နိုင်ငံတော်အစိုးရပိုင်းကလည်း လုပ်တယ်။
တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကလည်း နည်းမှန်လမ်းမှန်ဖြေရှင်းတယ်။
ဖြေရှင်းတဲ့အချိန်မှာ ဒါကိုပဲလက်ခံရမယ်လို့ ကျွန်တော်မြင်တယ်။
SEA GAME ပြိုင်ပွဲလာတဲ့သူတွေက ဒါကိုရှင်းပေးမှာမဟုတ်ဘူး။
နားလည်းလည်မှာ မဟုတ်ဘူး။
ဘာပဲလုပ်လုပ် နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းနိုင်ရေးပဲအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်”
ဟု ဦးဌေးဦး ကပြန်လည်ဖြေကြားခဲ့သည်။

HN-003

Copy from http://www.hotnewsweekly.com/node/1002

Wednesday, November 20, 2013

ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံခြင်း


ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေး ဦးအေးနေဝင်းနှင့်

တွေ့ဆုံခြင်း

Sunday, November 17, 2013

တပ်မတော်အစိုးရလက်ထက် ၂၀၀၂ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံခဲ့ရပြီး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ၂၇နှစ် အုပ်
ချုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်း၏မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်းဖြစ်သည်များကို ထုတ်နုတ် ဖော်ပြ
လိုက်ရပါသည်။

 Sunday, November 17, 2013

Voice : ထောင်ထဲမှာ ဘယ်လောက်နေခဲ့ရလဲဗျ။
UANW : အထဲမှာက ၁၁ နှစ်နဲ့ ရှစ်လ နေခဲ့ရပါတယ်။

Voice : လွတ်မယ်ဆိုတာ ကြိုသိပါသလား၊ ဘယ်လောက် ကြိုသိခဲ့ပါသလဲ။
UANW : မသိခဲ့ပါဘူး၊ လွတ်ခါနီး ၁၅ မိနစ်လောက်မှ သိတာပါ။
ညီအစ်ကို နှစ်ယောက် လွတ်လာပါတယ်။

Voice : အခု လွတ်လာပြီးတော့ အရင်လို စီးပွားရေးပြန်လုပ်မှာလား။
UANW : မလုပ်သေးပါဘူး။
အခုမှ လွတ်လာခါစ ဆိုတော့ စဉ်းစားဦးမှာပါ။

Voice : နိုင်ငံရေးလုပ်ဘို့ ရှိပါသလား။ ပါတီတစ်ခုထောင်ဘို့ ရှိပါသလား။ လွှတ်တော်ထဲကိုဝင်ဘို့ ရှိပါသလား။
UANW : အင်း နိုင်ငံရေး လုပ်မလားလို့ မေးရင် လုပ်မှာပါ။
ဒါပေမဲ့ ပါတီတစ်ခုထောင်မှ၊ လွှတ်တော်ထဲကိုဝင်မှ နိုင်ငံရေး မဟုတ်ပါဘူး။
အဲလိုလုပ်ဖို့ကို စိတ်မဝင်စားပါဘူး။

Voice : ဒါဆို ဘယ်လို နိုင်ငံရေးကို လုပ်ပါမလဲ။
UANW : အမျိုးသားနိုင်ငံရေးပါ။
တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ အစဉ်အလာကို သေးသိမ်အောင် လုပ်တာမျိုးတွေ တိုင်းပြည်ရဲ့ လုံခြုံရေး၊ လူမျိုးရေး
နဲ့ပတ်သက်လာခဲ့လို့ ရှိရင် တတ်နိုင်တဲ့ဘက်က ပြည်သူအပေါ်မှာ ကူညီပေးနိုင်တဲ့ နိုင်ငံရေးကို ပြောတာပါ။

Voice : တစ်သီးပုဂ္ဂလအနေနဲ့ နိုင်ငံရေးလုပ်လို့ရတယ်လို့ ဆိုလိုတာလား။
UANW : မဟုတ်ပါဘူး။
အဲလို နိုင်ငံရေးမျိုးကို လက်ရှိ လုပ်နေတဲ့ စေတနာ ကောင်းကောင်းနဲ့ လုပ်နေတဲ့လူတွေ အများကြီးရှိပါတယ်။
အဲဒါကြောင့်မို့လို့ ကျွန်တော် ဝင်ပါပြီးတော့ လုပ်လိုက်လို့ ထပ်ပြီး အကျိုးကျေးဇူး ရလာရင်တော့ လုပ်မှာပါ။
ဒါပေမဲ့ သူတို့ လုပ်နေတာတွေက အားရကျေနပ်ဖွယ်ရှိတော့ ဝင်ပါစရာ မလိုသေးပါဘူး။

Voice : နိုင်ငံတော် ပုန်ကန်မှုလုပ်တယ် ဆိုပြီး အစိုးရက ဖမ်းခဲ့တယ်။
အဲဒါ တကယ် လုပ်ခဲ့တာလား၊ အဖမ်းခံရတာကိုရော ဘယ်လိုမြင်လဲ။
UANW : နိုင်ငံတော် ပုန်ကန်မှုနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်။
အဲဒီကြောင်းတွေ ပြန်မပြောချင်တော့ဘူး။

Voice : နောက်ပြီး အရင်အစိုးရကိုရော ဘယ်လို မြင်ပါသလဲ။
UANW : ဘာမှ မမြင်ပါဘူး၊ နာကြည်းတဲ့ ခံစားချက်လည်း ဘာမှမရှိဘူး။
ဒါပေမဲ့ မမြင်ဘူးဆိုတာ အစိုးရကြောင့် ကျွန်တော်တို့ အကျဉ်းကျခံရတာ မဟုတ်ဘူး။
အစိုးရကို ချုပ်ကိုင်ထားတဲ့ လူပုဂ္ဂိုလ်အချို့ သို့မဟုတ် တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်ကြောင့်သာလျင် အထဲကို ဝင်ခဲ့ရတာ ဆိုတော့ အစိုးရကို ဘယ်လိုမှ မမြင်ပါဘူး။
နောက်ပြီး အစိုးရသာ မကောင်းခဲ့ရင် ကျွန်တော့် အဘိုးတောင် အပြင်မှာ နေရမှာ မဟုတ်ဘူး။
အစိုးရ သဘောထား ကောင်းခဲ့တာကြောင့် အဘိုးဟာ သာမန်လူတစ်ယောက်လိုပဲ အပြင်မှာ နောက်ဆုံး ထွက်
သက်အထိ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ခေါင်းချခွင့် ရခဲ့တာပဲ။

Voice : ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့အချိန်မှာ ပိုင်ဆိုင်မှုတွေဘယ်လောက် ချိပ်ပိတ်ခံခဲ့ရပါသလဲ။
UANW : ကျွန်တော်တို့ မိသားစုမှာ အရှိန်အဝါကြောင့် လုပ်ကိုင်ခဲ့တာ၊ စီးပွားရှာခဲ့တာ မရှိပါဘူး။
ကိုယ်ကိုယ်တိုင် မှန်မှ သူများကို မှန်မှန်ပြောလို့ ရမှာပါ။
နိုင်ငံတော် ခရီးစဉ်အရ သွားခဲ့တဲ့နိုင်ငံတွေက ပေးလိုက်တဲ့ လက်ဆောင်တွေကိုတောင်မှ ပြန်ရောက်တဲ့ အချိန်မှာ
စာရင်းအင်းနဲ့ နိုင်ငံတော်နဲ့ ပါတီကို ပြန်အပ်ခဲ့ရတာလေ။
နာရီ ဘယ်နှလုံး၊ ကော်ဇော ဘယ်နှချပ်ကအစ နိုင်ငံတော်ပိုင်အဖြစ် ပြန်အပ်ခဲ့ရတယ်။
ကျွန်တော် ပြောနေတာကိုမယုံရင် အခုသက်ရှိထင်ရှားရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့၊ လွှတ်တော်ဥက္ကဋ္ဌ
ဦးရွှေမန်းတို့ကို သွားပြီးတော့ မေးလို့ ရတယ်။
တပ်မှူး၊ တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေလေ။
သူတို့တွေတာဝန်ကျရာမှာ ကျွန်တော်တို့ကမိသားစု အရှိန်အဝါနဲ့ မြေကွက် တစ်ကွက်ပေးပါ။
အိမ်တစ်လုံးပေးပါ ဆိုပြီး တောင်းခဲ့တာ မရှိဘူး။
သူတို့ကိုယ်တိုင် သက်သေခံနိုင်ပါတယ်။
သူတို့တွေထက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့၊ ဗိုလ်ချုပ်ကြီး ထွန်းကြည် တို့ကို သွားမေးနိုင်ပါတယ်။
ကားတို့၊ နိုင်ငံခြားပစ္စည်းတွေ တင်သွင်းခွင့် ပါမစ်တွေကို မိသားစု အရှိန်အဝါနဲ့ ယူခဲ့တာ ဘာတစ်ခုမှ မရှိပါဘူး၊ သူ
တို့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

Voice : ပြည်သူတွေကြားမှာ မိသားစုပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြောကြတာကို ဘယ်လို ထင်ပါသလဲ။
UANW : ပြည်သူတွေကိုတော့ ပြောစရာမလိုပါဘူး။
ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်တဲ့သူတွေရှိတယ်။
သူတို့က မိသားစုကို မလိုမုန်းထား ရှိခဲ့ကြတာလေ။
ရေးကြီးခွင်ကျယ် ပြောနေစရာမလိုဘူး။
ဘယ်နိုင်ငံမှာမဆို ဒီလိုအဆင့်အတန်းနဲ့ နေခဲ့ရတဲ့မိသားစုကို ကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေလည်း ရှိ
မှာပဲ။

From left to right: Zwae Ne Win, Kyaw Ne Win and Aye Ne Win, grandsons of the late dictator Ne Win, at their Rangoon home. The latter two were released from prison on Friday.
(Photo: Khin Maung Win / Shwe Inn Thar)
Source Photo from http://www.information.myanmaronlinecentre.com

Voice : ရေးကြီးခွင်ကျယ် ပြောစရာမလိုဘူးဆိုတာ ဘာကြောင့်ပါလဲ။
UANW : အရေးတယူလုပ်ပြီး ရှင်းစရာ မလိုဘူးဆိုတာက နိုင်ငံသားတွေအပေါ်မှာ အပြည့်အဝ ယုံကြည်လို့ပါ။
သူတို့တွေ စဉ်းစား ဆင်ခြင်နိုင်ပါတယ်။
ဒါကြောင့် ဒီကိစ္စကို အလေးမထားပါဘူး။

Voice : လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဘယ်လို ယူဆပါလဲ။
UANW : အခု အစိုးရလက်ထက်မှာ အပေါင်းလက္ခဏာတွေကိုတွေ့ရလို့ ဝမ်းသာပါတယ်။
သို့သော် စနစ်ပြောင်း ခေတ်ပြောင်းလို့ တိုးတက်လာတာလား။
လူ ပြောင်းသွားတာကြောင့် တိုးတက်လာတာလား ဆိုတာ စဉ်းစားကြည့်ဘို့ လိုမယ်။
 နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်မှာ ဒီစနစ်ကိုကြိုက်လို့ ဝမ်းသာအားရ ပူးပေါင်းလာတဲ့သူ မရှိပါဘူး။
အရင်ခေတ်ဟောင်းကို ရုန်းထွက်ချင်တဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကို ရွေးချယ်ခဲ့ကြတာပါ။
ဒါပေမဲ့ စစ်အစိုးရမို့လို့ မကောင်းဘူး၊ တပ်မတော် အုပ်ချုပ်တဲ့ နိုင်ငံရေးက မကောင်းဘူးဆိုတဲ့ အယူအဆကို လက်
မခံဘူး။

Voice : ဘာလို့ လက်မခံတာလဲ။
UANW : အခု တာဝန်ထမ်းဆောင်နေတဲ့ သမ္မတဦးသိန်းစိန်သာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့ရင် တိုင်းပြည်ပိုပြီး
တော့ တိုးတက်မယ်လို့ ယူဆလို့ပါ။
ဝန်ကြီးချုပ်ဆိုတော့ အဲဒီအချိန်က အခြေခံဥပဒေ မရှိဘူး။
အခြေခံဥပဒေရဲ့ထိန်းချုပ်ခြင်းကို မခံရဘူးလေ။
သူ အခုအချိန်ထက် ကောင်းအောင် လုပ်လို့ရတယ်။
အခုက ဘာပဲလုပ်ချင်လုပ်ချင် အခြေခံဥပဒေက ထိန်းချုပ်ထားတာဆိုတော့ ဘာမှလုပ်လို့မရဘူး။
ခေတ်စနစ်ထက်စာရင် တိုင်းပြည်အုပ်ချုပ်တဲ့သူ ပြောင်းသွားလို့ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်သွား
တာပါ။

Voice : ဒီတော့ စနစ်ထက် လူက အရေးကြီးတယ်လို့ ယူဆပါသလား။
UANW : အဲလိုပြောလို့ မရပါဘူး။
လူနဲ့ စနစ်က ၅၀ ရာခိုင်နှုန်းစီ အရေးကြီးတာပါ။
တိုင်းပြည် စပြီးထူထောင်ကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်သူ သမ္မတ ကောင်းကောင်း လိုအပ်တာပါ။

 Copy from http://www.MyanmarExpress.net

Monday, November 4, 2013

State holder အားလုံး စိတ်ကောင်းစေတနာကောင်းထားဘို့ လို


State holder အားလုံး 

စိတ်ကောင်းစေတနာကောင်းထားဘို့ လို

By မျိုးကျော်

November 04, 2013
Monday

မြန်မာနိုင်ငံဒီမိုကရေစီအပြောင်းအလဲ ကာလတွင်၊ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင် ရန်အတွက်နိုင်ငံတော်အစိုးရ၊ အ
ရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ၀ိုင်းဝန်းကြိုးပမ်းနေချိန်တွင် ငြိမ်းချမ်းရေးကိုအကောင်အထည်
ဖော်မှုနှင့်အတူ ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတို့အတွက် ဆွေးနွေးကြိုးပမ်းနေမှုအ
ပေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန်လွင်ကို မေးမြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေ လိုင်ဇာမှာတွေ့ဆုံဆွေးနွေးနေကြတယ်။
ဒီဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်လာမယ်လို့ မြင်ပါသလဲခင်ဗျာ။

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တစ်ကယ်တော့အချိန်ကောင်းဖြစ်တယ်။
လက်နက်ကိုင်အဖွဲ့စည်းတွေအားလုံး ဆွေးနွေးခွင့်ရတာ ကောင်းတဲ့အခြေနေဖြစ်ပါတယ်။
သို့သော်လည်း အာင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ ပြောရခက်တယ်။
တစ်ဖွဲ့ခြင်းသဘောထားတွေဟာ ခန့်မှန်းလို့မရဘူး အများကြီးဖြစ်နေတယ်။
ဒေသခြင်းမတူကြဘူး။ ဖြတ်သန်းမှုတွေမတူကြဘူး။
လက်နက်ကိုင်အဖွဲ့စည်းတွေ ဘယ်လိုဆုံး ဖြတ်ကြမလဲဆိုတာ ပြောလို့မရသေးဘူး။
ဒီနေ့ဒီအချိန်မှာ ညီညွှတ်ရေးကိုတော့ ဦးစားပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဒီဆွေးနွေးပွဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲလုပ်နိုင်မယ်လို့ ထင်ပါတယ်။
နိုင်ငံရေးဆွးနွေးပွဲတွေစနိုင်ပြီဆိုရင် အခက်ခဲတွေတော့အများကြီးရှိလာနိုင်ပါတယ်။
ကျွန်တော်တို့ စ်ဆယ့်ငါးနှစ်လုံးလုံး ဘက်ပေါင်းစုံနိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မှမဖြစ်လာတာ၊
အခုလိုဆွေးနွေးပွဲတွေရှိလာတော့ မျှော်လင့်ချက်တော့ရှိပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေပေါ်ထွန်းဖို့အတွက် ဘယ်လိုအခြေခံအချက်လက်တွေ လိုအပ်ပါသလဲ။ 

ဒီမှာပါဝင်ပတ်သက်နေတဲ့ State holder အားလုံးက စိတ်ကောင်း စေတနာကောင်းထားဘို့ လိုအပ်ပါတယ်။
ကိုယ့်တိုင်းပြည်အတွက်ကို ပထမဦးဆုံး စဉ်းစားပေးဖို့လိုပါတယ်။
ကိုယ့်တစ်ဖွဲ့ ကိုယ့်ကိစ္စတစ်ခုပဲတောင်းဆိုပြီး အဖြစ်လုပ်နေမယ်ဆိုရင် အောင်မြင်မှုမရနိုင်ဘူးလို့ မြင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာပြည်နယ်နှင့် တိုင်းတွေအပေါ် အာဏာခွဲဝေမှုနည်းပါးတယ်လို့ ထောက်ပြနေကြတဲ့အပေါ် ဘယ်
လိုသုံးသပ်ပါသလဲခင်ဗျာ။

ပြည်နယ်တွေမှာ အာဏာခွဲဝေမှုတစ်ခုထဲမဟုတ်ပါဘူး။
အခြားချို့ယွင်းချက် တွေအများကြီးရှိပါတယ်။ဥပမာ-ပြည် နယ်နှင့်တိုင်းတွေမှာအစိုးရရှိတယ်။
အစိုးရအဖွဲ့မှာ ပညာရေးလုပ်ပိုင်ခွင့်ဘာမှမရှိဘူး။ ပညာရေးဝန်ကြီးမရှိဘူး။ ကျန်းမာရေးဝန်ကြီးလည်း မရှိဘူး။
လူထုတွေအတွက် အခြေခံအကျဆုံးကပညာရေးကျန်းမာရေး မဟုတ်ဘူးလား။
ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာပညာရေး၊ကျန်းမာရေးဝန်ကြီး တွေမရှိဘူးဆိုတာကိုက အများကြီးချို့ယွင်းနေပြီ
ဖြစ်ပါတယ်။

အခုဆိုရင် ဖွဲ့စည်းပုံကိုပြင်မလား၊ အသစ်ရေးဆွဲမလားဆိုပြီး ပြောနေကြတယ်။
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွက်လာဘို့အတွက် ဘယ်လိုဖွဲ့စည်းပုံကို လိုအပ်ပါသလဲ။

ကျွန်တော်တို့အနေနဲ့ ပြင်တာကိုရော၊ အသစ်ရေးဆွဲတာကိုရော သိပ်ပြီးတော့ဦးစားမပေးပါဘူး။
ကျွန်တော်တို့က စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို သွားနေတဲ့အတွက် ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့် တန်းတူအခွင့်အရေးရည်မှန်းချက်အတွက် ဦးတည်ပြီးသွားနေတယ်။
ဒီရည်မှန်းချက်တွေ ရောက်မယ်ဆိုရင် ပြင်ချင်လည်းပြင် အသစ်ရေးဆွဲချင်လည်း ရေးဆွဲကြပါ။
ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်တော်တို့တိုင်းရင်းသားပါတီတွေဘဲ တောင်းဆိုနေတာမဟုတ်ပါဘူး။
မြန်မာပြည်မှာရှိနေတဲ့ ပါတီအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။
ပြင်ဖို့ဆိုရင်လည်း အာဏာခွဲဝေမှု၊ လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပါပဲ။
သိပ်အများကြီးတော့မရှိပါဘူး။

သယံဇာတခွဲဝေမှုနဲ့ပတ်သက်ပြီးတော့ ထောက်ပြပြောဆိုနေတဲ့အပေါ် သဘောထားအမြင်ကိုပြောပြပေးပါ။

သယံဇာတခွဲဝေမှုတွေကတော့ ပညာရှင်တွေနဲ့လုပ်ရမှာဖြစ်တယ်။
နိုင်ငံရေး သမားတွေနားမလည်ပါဘူး။
နိုင်ငံရေးသမားတွေ ၀င်လုပ်နေတာရှိတယ်၊ ၀င်စွက်ဖက်တာတွေရှိတယ်၊ အဲဒါတွေက အမှားတွေကြီးပဲ။
မဖြစ်နိုင်ဘူး။ ဒီကိစ္စတွေက ပညာရှင်တွေလုပ်ရမှာဖြစ်တယ်။
သယံဇာတခွဲဝေမှုဟာ နိုင်ငံရေးသမားတွေရဲ့ အလုပ်မဟုတ်ဘူး။ ပညာရှင်တွေရဲ့ အလုပ်ဖြစ်တယ်။
ပညာရှင်တွေရဲ့ အထောက်ပံ့မပါဘဲ နိုင်ငံရေးသမားတွေ လုပ်လို့မရဘူး။
ပညာ ရှင်တွေရဲ့တွေ့ရှိချက်တွေကို နိုင်ငံရေးသမားတွေက ဆုံးဖြတ်ပေးရမှာဖြစ်တယ်။
ဒါပေမဲ့ ပညာရှင်တွေရဲ့အထောက်ပံ့တွေ လိုပါတယ်။ နည်းပညာတွေ အများကြီးလိုအပ်ပါတယ်။

မျိုးကျော်

Copy from http://www.hotnewsweekly.com/node/853

Tuesday, October 22, 2013

ဗိုလ်မှူးချုပ်တီမိုသီ ရဲ့ ငြိမ်းချမ်းရေးစကား


 ဗိုလ်မှူးချုပ်တီမိုသီ ရဲ့ ငြိမ်းချမ်းရေးစကား

October 22, 2013
Tuesday

By စိုးဝင်းနိုင်

ဗိုလ်ချုပ်တို့အခု ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ ခဏခဏလုပ်တယ်။
ဒီဆွေး နွေးပွဲမှာ ဗိုလ်ချုပ်တို့နဲ့ တခြားတိုင်းရင်း သားတွေနဲ့ မတူတဲ့အချက်ကဘာလဲ။

ကိုယ့်တိုင်းရင်းသားတွေဟာဘယ် နေရာမှာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား ဖြစ်စေချင်တယ်။
ပြတ်သားတယ်ဆိုတာ က သူပုန်ထခိုင်းတာမဟုတ်ဘူး။
ကိုယ်လိုချင်တာဘာလဲ။
ကိုယ်ဖြစ်ချင်တာဘာလဲ။
ဖြစ်အောင်လုပ်ရမယ်။
အဲဒီလိုမပြတ်သားခဲ့လို့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခဏခဏလုပ်၊ ခဏခဏပျက် ဒါတွေဟာသက်သေ
ပဲ။

အခုနောက်ပိုင်းမှာ ဗိုလ်ချုပ်တို့ကို မဖိတ်တော့တာက ငြိမ်းချမ်းရေးအပေါ်မှာလား။ 
အပစ်အခတ်ရပ်စဲရေးအပေါ်မှာလား။

အခုသူတို့လုပ်နေတာက ငြိမ်းချမ်းရေးမဟုတ်ဘဲ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုတော့ ကျွန်
တော်တို့က ပြောတယ်။ မှားနေတယ်။ ကျွန်တော်တို့လုပ်ခဲ့တာက ငြိမ်းချမ်းရေး။ လူထုလိုချင်တာ ငြိမ်းချမ်း
ရေး၊ ငြိမ်းချမ်းရေး အဆင့်မီအောင်လုပ်ပြီးမှ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးလုပ်ပေါ့လို့ ပြောလိုက်တော့
ဦးအောင်မင်းတို့အဖွဲ့တွေက ဒီလူကိုဖယ်မှဖြစ်မယ်ဆိုပြီး အခု ကြိတ်ပြီးလုပ်နေတာ။

ဗိုလ်ချုပ်တို့ အပစ်အခတ်ရပ်စဲရေးမလုပ်ဘဲ ငြိမ်းချမ်းရေးဘာကြောင့် လုပ်ခဲ့တာလဲ။
ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ကြာဆွေးနွေးခဲ့ရသလဲ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ငြိမ်းချမ်းရေးအတွက် စဉ်းစားပြီးလုပ်ခဲ့တာ (၄) နှစ်လောက်ကြာ
တယ်။ လူထုလိုချင်တာလည်း ငြိမ်းချမ်းရေးပဲလေ။ ထားပါတော့။
သူတို့ပြောတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီဆိုပါတော့။ လုပ်ပြီးရင်လည်း လူထုကငြိမ်းငြိမ်းချမ်း ချမ်းနေရလို့လား။ ဒါမေးရမှာပဲလေ။ ဒါကြောင့် လူထုလိုချင်တဲ့ငြိမ်းချမ်းရေးဆိုရင် ငြိမ်းချမ်းပြီဆိုမှတော့ ဘာ
လက်မှတ်ထိုး၊ ညာလက်မှတ်ထိုး လိုသေးလို့လား။

အခုဗိုလ်ချုပ်တို့နဲ့ သဘောထားကွဲလွဲတာက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ကိစ္စလား။

ကျွန်တော်တို့ငြိမ်းချမ်းရေးကိုသတ်္တိ ရှိရှိနဲ့ ပြတ်ပြတ်သားသားယူခဲ့တယ်။ ပြီးတော့ သူတို့ကပဲ ငြိမ်းချမ်းရေး
ကောင်စီ လို့ အမည်ပေးခဲ့တယ်။ အဲဒီထဲမှာ အပစ်အခတ်ရပ်စဲရေးတို့ ဘာတို့မပါဘူး။ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးက ကျွန်တော်တို့အခြေအနေအရရပ်ဆိုင်းပြီး ကျွန်တော်တို့ဗိုလ်ချုပ် ဆ
ရာလွယ်မှူးတို့က ငြိမ်းချမ်းရေးကိုပဲ အပြီးအပိုင်လုပ်ဖြစ်လိုက်တာ။ အဲဒီမှာပဲ အဆင့်ဆင့်ကိုမသွားဘဲ လုပ်
လိုက်တာလေ။ အခုအစိုးရက အပစ်အခတ်ရပ်စဲရေးလာလုပ်နေတယ်။ Sign ထိုးတာတို့ ဘာညာပေါ့ဗျာ။
ကျွန်တော်ပြောချင်တာက ငြိမ်းချမ်းရေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ အပစ်အခတ်ရပ်စဲရေးပဲ မဟုတ်လား။

ကရင်လူထုတွေလိုတာက ငြိမ်းချမ်းရေး။ အေးအေးချမ်းချမ်းနေထိုင် စားသောက်ချင်တယ်။ ဒေသဖွံ့ဖြိုးရေး
ကို ကိုယ်ထူကိုယ်ထပြုလုပ်ချင်တယ်။ ဒါ ကရင်လူမျိုးတွေရဲ့ စိတ်ခံစားချက်။ ကရင်လူမျိုးတွေ ထွက်မပြေး
ချင်တော့ဘူး။ ဒုက္ခသည်လည်း မဖြစ်ချင်တော့ဘူး။ သူများနိုင်ငံမှာသွားပြီး ကျွန်ခံတာလည်း မလုပ်ချင်တော့
ဘူး။ ကိုယ့်ဒေသကိုယ် အေးအေး ဆေးဆေးနေချင်တယ်။
လူထုတွေရဲ့တောင်းတမှုအပေါ်ကျွန်တော်တို့အဖိုးတို့၊ ကျွန်တော်တို့လူကြီးတွေက ငြိမ်းချမ်းရေးကို ပြတ်
ပြတ်သားသားတစ်ခါတည်း လုပ်ပစ်လိုက်တာ။ အခုဟာက အဲဒီငြိမ်းချမ်းရေးကို တစ်ခါတည်းဆွဲချပြီး တစ်
ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုပြီး လုပ်လိုက်တော့ သဘောထားက အဲဒီကစတာပဲ။

ကျွန်တော်ကပြောတယ်။ ငြိမ်းချမ်းရေးကို ယူထားပြီပဲ။ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကိစ္စ ကျွန်တော်
တို့ကို ဘာလို့ပြောနေရတာလဲ။ ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးအဆင့် ကျော်ပြီး ငြိမ်းချမ်းရေး လုပ်
ခဲ့လို့လည်း ငြိမ်းချမ်းရေးကောင်စီလို့ သူတို့ကသတ် မှတ်လိုက်ပြီပဲ။ မဟုတ်ဘူး။ ကျွန်တော် တို့က Sign
ထိုးစရာမလိုဘူး။

 ငြိမ်းချမ်းရေးကို ဆုပ်ကိုင်ထားတဲ့လူတွေအောက်မှာရှိတဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးအဆင့်တွေ
ကျွန်တော်တို့မလုပ်ဘူး။ လုပ်စရာလည်း မလိုဘူး။ ဒါပေမဲ့ တခြားတိုင်းရင်းသားတွေက တစ်ပြည်လုံး အပစ်
အခတ်ရပ်စဲရေးလား ဘာလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့ လက်ရှိ ကျွန်တော်တို့ အဖွဲ့တွေမှာ ပူးပေါင်း
သလို DKBA တို့လို၊ BGF တို့လိုကတော့ အစိုးရနဲ့ ပူးပေါင်းလုပ်မှာ မဟုတ်ဘူး။
ဗိုလ်ခင်ညွန့်အခု မသေသေးဘူးရှိတယ်။ မေးကြည့်။ ငြိမ်းချမ်းရေးလာကမ်းလှမ်းတုန်းက ငြိမ်းချမ်းရေးနဲ့ အ
ပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ တိုင်းရင်းသားတစ်ဖွဲ့နဲ့တစ်ဖွဲ့ အခြေအနေတူချင်မှတူမှာလို့ ပြောပြီးသား။

လက်ရှိလွှတ်တော်တွေမှာ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပါ ပါနေပြီဆို
တော့ ဒီအခြေအနေက ဘာဖြစ်မယ်လို့ ယူဆသလဲ။

တည့်တည့်ပြောရရင် လွှတ်တော်ထဲ မှာ ၂၅ရာခိုင်နှုန်းကစစ်တပ်၊ နောက် ၂၅ရာခိုင်နှုန်းကလူချွတ်၊ နောက်
 ၂၅ရာခိုင်နှုန်းက ပါတနာခရိုနီတွေအားလုံး တပ်က ၈၀ရာခိုင်နှုန်းလွှတ်တော်ထဲမှာ။ စစ်တပ်က လူကြီးတွေ
ပဲစီစဉ်ထားတယ်။
ဒီလိုနဲ့နိုင်ငံရေးကစားတော့ကျွန်တော်တို့ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုလုပ် အယုံအကြည်ရှိမလဲ။
သူတို့မူကလည်း ၂၀၀၈မူ စစ်အာဏာကို အားပေးတဲ့မူ။ စစ်တပ်က ရေးဆွဲထားတဲ့မူ။ တိုင်းရင်းသားတွေ
အနေနဲ့ ယုံကြည်မှုလည်းမရှိဘူး။ အဖြေတစ်ခါတည်းပေးရရင်ကတော့ သူတို့ဆွဲခေါ်နေတဲ့ ငြိမ်းချမ်းရေး
လည်း တိတိကျကျဖြစ်မှာမဟုတ်။

လွှတ်တော်ထဲမှာ Actionမရှိတာကို ကြားက ဒေါ်အောင်ဆန်းစုကြည်က ရှိနေတော့ ကမ္ဘာကရှေ့ကိုသွားနေ
တယ်လို့ ထင်နေတယ်။ ဒေါ်စု က ထွက်ပြီးပြတ်ပြတ်သားသားလူထု ဘက်ကရပ်တည်သင့်တယ်။ သူရှိနေ
တဲ့စင်မြင့်က လူထုသွေးနဲ့တင်ထားတဲ့ စင်မြင့်။ လူထုအတွက်ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိဘဲ နိုင်ငံတကာ
တွေသွား လက်ချာတွေ ပေးနေသေးတယ်။ လူထုအတွက် ဘာတွေရှေ့ဆက်လုပ်မလဲ။

ဒီအနေအထားအတိုင်းသာသွားရင် နိုင်ငံရေးမှာ (P) သုံးလုံးကို ပြည်သူသိတဲ့တစ်နေ့ သူပါဝါ ကျပြီ။ လူထု
ကပြောင်းလဲမှုတစ်စုံတစ်ရာမရှိဘဲနဲ့ ဘယ်ပြည်သူကမှ လက်ခံမှာမဟုတ်ဘူး။ ယနေ့တိုင်းရင်းသားတွေ
ပြောနေတဲ့ စစ်မှန်တဲ့ဖက်ဒရယ်မူနဲ့ ပြုလုပ်ကြမယ်လို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောကြည့်ပါလား။
လုပ်တာ မလုပ်တာ အပထား။ တိုင်းရင်းသားတွေ ဒိုင်ဗင်ထိုးပြီးတောင် လက်မှတ်လာထိုးကြဦးမယ်။
ဒါကြောင့်လွှတ်တော်ထဲ မ၀င်ဘူး။ ဘာအပစ်အခတ်ရပ်စဲရေး ဘာညာအရေးဆိုတဲ့ အလုပ်ကိုမလုပ်တာ။

ခုနက ဗိုလ်ချုပ်ပြောသွားတဲ့ နိုင်ငံရေးမှာ (P) သုံးလုံးသိတဲ့တစ်နေ့ဆိုတာ ရော ရှင်းပြလို့ရမလား။

Political မှာ (P)သုံးလုံးကအရေး ကြီးတယ်လို့ သင်ဖူးတယ်။
People Issue, People Problem, People Future လူထုပြဿနာ လူထုအတွက် လူထုရှေ့ရေး အခုဒီမှာ
က ဒီက (P)တွေက ဘယ်ပါတီကိုပဲကြည့်ကြည့် ပါတီ Issue ပါတီ ပြဿနာ၊ ပါတီအနာဂတ်လောက်ပဲ။ 
နောက် (P)တစ်ခု လည်းရှိသေးတယ်။ ကိုယ့်ပါစင်နယ် အရဖြစ်ချင်တာတွေဖြစ်ဖို့ ကိုယ့်ပါစင် နယ်နေနိုင်၊
ထိုင်နိုင်၊ စားနိုင်၊ သောက်နိုင်ရေး နာမည်ကြီးအောင်၊ ပေါ်ပြူလာဖြစ်အောင်၊ ကမ္ဘာကသိအောင် အဲဒါနဲ့ အ
ချိန်တွေကုန်တယ်။ ဒီ (P) သုံးလုံးက ပြည်သူအတွက်ဆိုတာ သိပေါ့ဗျာ။


ဗိုလ်ချုပ်အနေနဲ့ နောက်ဆုံးဘာပြောချင်ပါသလဲ။

ကျွန်တော်အချုပ်ပြောရရင် ကျွန်တော်တို့အနေနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို သဘောမတူဘူး။ ကျွန်တော်တို့ယူထားတာက ငြိမ်းချမ်းရေးကောင်စီဆိုပြီး ငြိမ်းချမ်းရေးယူထားတယ်။ အဲဒါတွေနဲ့ပတ်သက်
ပြီး စကားအပိုတွေ အော်မနေစရာမလိုဘူး။ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း
ငြိမ်းချမ်းရေး ဒါတွေအော်စရာမလိုဘူး။
စစ်မှန်တဲ့ ဖက်ဒရယ်မူအောက်မှာ ဒီမိုကရေစီအောက်မှာ ကျွန်တော်တို့တိုင်းရင်းသား တွေလည်းဝင်၊ ဒေါ်စု
လည်းဝင်၊ ပါတီတွေလည်းဝင် စစ်အစိုးရလည်းဝင်။ ဒါဆိုရင် ဒီဆင်းရဲနွမ်းပါးမှုတွေ၊ ဥပဒေ စိုးမိုးရေးတွေ၊ လူ
မှုရေး၊ ပညာရေး၊ ကျန်းမာရေးအော်စရာမလိုတော့ဘူး။ အားလုံးဥပဒေအောက်မှာ ဖြေရှင်းပြီးသား။
ဒါတွေပြောတာ လူမျိုးရေးမုန်းတီးမှုမဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အမျိုးသားအရေးကို စုပေါင်းလုပ်ရ
မယ်လို့ ပြောတာ။ ဒါတွေဆုပ်ကိုင်ထားရင် ခင်ဗျားတို့သွားနေတဲ့လမ်းစဉ်၊ ကျွန်တော် တို့လိုချင်တဲ့ ငြိမ်းချမ်း
ရေး အမျိုးသားရေးက လည်နေဦးမယ်လို့ပြောချင်ပါတယ်။

စိုးဝင်းနိုင်

Copy from http://www.hotnewsweekly.com/node/724