• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label news-analysis. Show all posts
Showing posts with label news-analysis. Show all posts

Tuesday, October 28, 2014

ဘာတွေ ဘယ်လို ဆက်ဖြစ်လာမှာလဲ


ဘာတွေ ဘယ်လို ဆက်ဖြစ်လာမှာလဲ

October 28, 2014
Tuesday

By  မင်းစိုးစံ

သူငယ်ချင်းရေ
မင်းခွက်ငှဲ့နေတုန်းပဲလား။ လက်မောင်းကို ကွေးလိုက် ဆန့်လိုက် လုပ်နေတုန်းလား။
ဘာကြောင့်မေးရသလဲဆိုတော့ ရာသီဥတုက ခါတိုင်းထက်ပိုအေးလာပြီမို့ပါ။
အသက်ကြီးလျင် ဆင်စီးရတယ်ဆိုတာ မင်းသိမှာပေါ့။ အမေရိကန်မှာက ဆင်စီးဘို့မလွယ်ဘူးဆိုတာ ငါသိ
ပါတယ်။
ညောင်သီးလည်းစား လေးသံလည်းနားထောင် ဆိုသလို ခွက်ကြီးပဲငှဲ့မနေနဲ့နော်၊ မီးဖိုဆောင်က အမြည်းကို
ပဲမျှော်လင့်မထားသင့်ဘူး။
ပန်းကန်ပြားပျံတွေ၊ ငရုပ်ကျည်ပွေ့ပျံတွေ စားပွဲခုံပေါ်အရှိန်အဟုန်နဲ့ ၀င်လာမှာကိုလည်း သတိထားဦး။
နောက်နေတာပါကွာ။ မင်းအမျိုးသမီး သဘောကောင်းတယ်ဆိုတာ မင်းပြောပြထားလို့ ငါသိပြီးသားပါ။

ပြောရဦးမယ်သူငယ်ချင်း။ RFA ဗမာပိုင်းအစီအစဉ်ထဲမှာ KNU က စောမိုးဇက်နဲ့ ဆက်သွယ်မေးမြန်းခန်းတ
ခုမှာ UNFC ကနေ KNU နှုတ်ထွက်လိုက်ပြီဆိုတာ ကြားလိုက်ရတယ်။ မကြာဘူး ကရင်အမျိုးသား(မီဒီယာ) ဆိုတဲ့သတင်းထဲမှာ UNFC အဖွဲ့ဝင်အဖြစ်ကနေ မထွက်သေးဘူးဆိုပြီး ရေးထားတာဘတ်ရပြန်တယ်။
အဲဒီတော့ကွာ ဒီသတင်းနဲ့ပတ်သက်ပြီး မင်းဘယ်လိုမြင်မလဲတော့ ငါမသိဘူး။ ငါကတော့ ကရင်တွေအချိတ်
အဆက်ကောင်းကောင်းမမိဘူးလို့မြင်တာပဲ။ သတင်းသာမှန်မယ်ဆိုလျင်ပေါ့လေ။

ငါနောက်တခု ကောက်ချက်ချမိတာက သတင်းနဲ့ပတ်သက်လာလျင် ဘယ်သတင်းကို အတည်ပြုရမလဲဆိုတဲ့
မေးခွန်းထက် ဘယ်သူ့ကိုပြောရေးဆိုခွင့်ပေးထားသလဲ။
ဘယ်အတိုင်းအတာအထိ ပေးထားသလဲ။
ပြောဆိုဘို့ခွင့်မပြုထားဘူးဆိုလျင် အင်မတန်အရေးကြီးတဲ့သတင်းကို ဘာကြောင့်ပြောရသလဲ။
ပြောဆိုဘို့ခွင့်ပြုထားလျင်လည်း အခု ဆီထမင်း အခု စာကလေးကြော် ဖြစ်နေရသလဲ။

အောက်မှာ ဆက်သွယ်မေးမြန်းခန်းနဲ့ ကရင်အမျိုးသား(မီဒီယာ) က သတင်းတွေကို ပူးတွဲဖေါ်ပြပေးလိုက်ပါ
တယ်။ မင်းဘယ်လိုမြင်လဲ။ ဘာတွေဆက်ဖြစ်လာပြီး ဘယ်လိုဆက်ဖြစ်လာမလဲလို့ မင်းထင်ထားလဲ။


(UNFC) အဖွဲ့ဝင်အဖြစ်မှ မနုတ်ထွက်သေးဘဲ ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု KNU ဆုံးဖြတ်

အောက်တိုဘာ - ၂၈ - ၂၀၁၄ 

ဘားအံခရိုင်လေးဝါးစခန်းတွင်ပြုလုပ်နေသည့် KNU အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

ယနေ့ဆက်လက်ပြုလုပ်သည့် KNU အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်း
သားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ အဖွဲ့ဝင်အဖြစ်အပြီးသတ် နုတ်ထွက်ခြင်းမရှိသေးဘဲ အမြင်မ
တူညီမှုများနှင့်သဘောထားကွဲလွဲမှုများကို (UNFC)တာဝန်ရှိသူများနှင့် KNUတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း
မှုများ ပြုလုပ်သွားရန် အစည်းအဝေးက ယနေ့တွင်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဘားအံခရိုင်လေးဝါးစခန်းတွင် ယခုလ ၂၃ ရက်နေ့က
စတင်ပြု လုပ်ခဲ့သည့် အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးကို မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည်ဟု
လည်း သတင်းရရှိသည်။
အစည်းအဝေးသို့ KNU ဗဟိုကော်မတီဝင် ၅၀ ဦးရှိသည့်အနက် ရာနှုန်းပြည့်နီးပါး တက်ရောက်ခဲ့ကြသည်။


Aung Kyaw   RFA  သတင်းမှာနှုတ်ထွက်ဖို့မဲခွဲဆုံးဖြတ်ပြီးပြီးလို့ သတင်းထွက်လာတယ်။
Kyi Kyi Khin  နက်ဖြန်ဆက်ဆွေးနွေးဦးမယ်ဆိုတဲ့ ဒီသတင်းက မှန်ပါတယ်။

Copy from https://www.facebook.com/profile.php?id=100004061645399&fref=nf

ဘယ်လိုပဲဖြစ်ဖြစ် October 29, 2014 မှာ ထုတ်ပြန်ချက်ထွက်လာမယ်လို့ စောမိုးဇက်က ပြောထားတာမို့
စောင့်ကြည့်နားထောင်ရသေးတာပေါ့။
ငါရေးလိုက်တဲ့စာကြောင့် မင်းသောက်နေတာလေး အရှိန်ပျက်သွားလားမသိဘူး။
ဆက်သာငှဲ့ ဆက်သာသောက်၊ ပုံမှန်သာငှဲ့ ပုံမှန်သာသောက်။
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တည်းပေတော့ဟေ့။

ကျန်းမာချမ်းသာပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Saturday, October 18, 2014

ဘာတွေ ဘယ်လို ဆက်ဖြစ်လာမှာလဲ

KNU ရဲ့ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း

October 16, 2014
Thursday

ဘာတွေ ဘယ်လို ဆက်ဖြစ်လာမှာလဲ

By မင်းစိုးစံ

KAF (Kawthoolei Armed Forces) ဆိုလို့ အားတက်မလို့ရှိသေး ဟိုအရေးသည်အရေးတွေကြောင့် ရင်
လေးမိ တာအမှန်ပါ။ ရင်မလေးလို့ကလည်း မဖြစ်။ သတင်းတွေကို ကြည့်လိုက်လျင် ကရင်တွေကွဲပြဲဘို့
ဘက် ဦးတည်နေတာမျိုး ပိုများနေသလိုမျိုးခံစားနေရလို့ပါ။ (ကျုပ်မြင်တာကိုပြောတာ)

(KAF) အဖွဲ့ထဲမှာပါတဲ့ DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်ကတော့ ကော်သူးလေတပ်မတော်ကို တပ်
မှူးအားလုံးရဲ့သဘောတူညီချက်နဲ့ ကရင်လူထုတောင်းဆိုချက်အရ ပြင်ဆင်လုပ်ဆောင်ပြီး ဖွဲ့စည်းထားတာ
ဖြစ်ကြောင်း VOA မှာ အခုလိုပြောသွားတာ ကြားလိုက်ရပါတယ်။
“တကယ်တမ်းတာဝန်ရှိတဲ့ လိုအပ်နေတဲ့အချိန်ပေါ် မူတည်ပြီး အချိန်ယူပြီးတော့ ပြုစုပျိုးထောင်ပြင်ဆင်ပြီး
တော့ လုပ်ဆောင်ချက်တွေဖြစ်တယ်ဗျ။” 

KNU ရဲ့တပ်ဖြစ်တဲ့ KNLA တပ်ကိုယ်စား ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘော်ကျော်ဟဲ၊ DKBAကိုယ်စား ဗိုလ်
ချုပ် စောလားပွယ်၊ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် နယ်ဒါးမြ၊ KNU KNLA ငြိမ်းချမ်းရေးကောင်စီတပ် ကိုယ်စား
ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး စတဲ့တပ်မှူးတွေက KAF (Kawthoolei Armed Forces)ဆိုတာကို ဖွဲ့စည်းခဲ့ကြ
တာဖြစ်ပေမယ့် KNLA-PC (Peace Council) က ဗိုလ်မှူးကြီး တိုက်ဂါးကို ထုတ်ပစ်လိုက်သလိုမျိုး KNU က
KNLA ရဲ့ ဒုစစ်ဦးစီးချုပ်ကိုများ ထုတ်ပစ်လေမလားပေါ့နော်။

ဗိုလ်မှူးကြီးတိုက်ဂါးရဲ့ လုပ်ပုံကိုင်ပုံတွေဟာ KNLA-PC (Peace Council) နဲ့မဆိုင်ဘူးလို့ပြောအပြီး အခုတခါ
KNU ရဲ့ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက
အခုလက်မှတ်ထိုးတာကတော့ ကျွန်တော်တို့ဒုစစ်ဦးစီးချုပ် ကိုယ်တိုင်ကတော့ လက်မှတ်ထိုးတယ်။
ဒါ သူ့သဘောထားဖြစ်တယ်။
ဒီကိစ္စကို သူ့ကိုလည်းပြောထားတယ်။
ဆိုတာကို The Daily Eleven မှာဘတ်လိုက်ရလို့ပါ။
KNU ရဲ့ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း ပြောသွားတဲ့အထဲမှာ 
တကယ်ပြောရရင် ကရင်လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့တည်းဖြစ်ရေး လူထုကလည်းဆန္ဒရှိတယ်။
ကျွန်တော်တို့လည်းဆန္ဒရှိတယ်။
KNLA ဆိုတာက KNU ရဲ့ ဦးဆောင်မှုအောက်မှာ။
ကော်သူးလေတပ်မတော်ကိုဖွဲ့လိုက်မယ်ဆိုရင် ဘယ်သူ့လက်အောက်မှာရှိမှာလဲ။

ဦးဆောင်မှုအောက်နဲ့ လက်အောက်ဆိုတာ အများကြီးကွာပါတယ်ဗျာ။
ကျုပ်မြင်တာကတော့ ဦးဆောင်မှုအောက်ဆိုတာ စုစည်းဘို့ရည်ရွယ်တာဖြစ်ပြီး လက်အောက်ဆိုတာက
ထိန်းချုပ်ချင်တဲ့ဘက် ပိုရောက်နေသလိုပဲ။
စစ်ဘက်ရေးရာဆိုင်ရာနဲ့ အုပ်ချုပ်ရေးဘက်ဆိုင်ရာ အားပြိုင်နေတယ်လို့ မြင်မိပါတယ်။
ဒီကနေ့ဒီအချိန်ဟာ ကျုပ်တို့တတွေ အားပြိုင်နေမယ့်အချိန်မဟုတ်သလို အားပြနေရမယ့်အချိန် လည်းမဟုတ်
ပါဘူး။
စုပေါင်းပြီး အားကိုထုတ်သုံးဘို့ လိုအပ်နေတဲ့အချိန်လို့ ပြောပါရစေ။
အခုဟာက ကရင်အချင်းချင်းကြား ပွင့်လင်းရိုးရှင်းတဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ဒီထက်မက ပိုမိုလုပ်ဆောင်ကြ
ဘို့ လိုနေပြီလို့ မြင်မိပါတယ်။
ဘာကြောင့်လိုသလဲဆိုတာကို စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို လိုလားနေသူတွေအားလုံး
သိကြမှာပါ။

Hot news weekly မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်နိုင်
ဟံသာ က
ရရှိပြီးသားပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးတွေမှာ ခိုင်မာမှုမရှိလို့ ခုလိုထိတွေ့
မှုတွေ ဖြစ်လာရတာပါ။ ပြီးခဲ့တဲ့သဘောတူညီချက်တွေမှာ တပ်နေရာချထားရေးနဲ့ လိုက်နာရမယ့်စည်းမျဉ်း
စည်းကမ်းတွေ တိတိကျကျ မပါရှိခဲ့ဘူး လို့ပြောသွားသလို နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲပြီးနောက်ပိုင်းမှာ နှစ်
ဖက်သဘောတူညီချက်တွေအတိုင်း တိတိကျကျလိုက်နာရမယ့်စည်းကမ်းချက်တွေ ပါမှ ရှေ့လာမယ့် နိုင်ငံ
ရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်နိုင်မယ် ဆိုပြီးတော့ DKBA က ဗိုလ်မှူးကြီး
စောဆန်းအောင် ပြောသွားတာကို ဘတ်ရပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးပထမတန်းက ဗိုလ်ချုပ် မဲ့အေစိန်ကလည်း
ကရင်လူထုတွေရဲ့ တောင်းဆိုချက်အရ KNU ကရင်အမျိုးသားအစည်းအရုံး(၁၅) ကြိမ်မြောက် ကွန်ဂရက်မှာ
ကရင်လက်နက်ကိုင်တွေအားလုံးပြန်လည်စုစည်းဖို့ ချထားခဲ့တဲ့မူအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်
ရင်းနဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကာကွယ်သွားမှာ ဖြစ်တယ် လို့ VOA မှာပြောသွားပြန်ပါသေးတယ်။
ဆိုတော့ ၁၅ကြိမ်မြောက်၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ကွန်ဂရက်ကချမှတ်ခဲ့တဲ့အပေါ် KNU အနေနဲ့ ဆန္ဒရှိပေမယ့် သဘောထားမရှိဘူးဆိုပြီး အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း ပြောထားလေတော့ စစ်ဘက်ရေးရာနဲ့ အုပ်ချုပ်ရေးရာကြား အချိတ်အဆက်သိပ်မမိသလိုလို ဖြစ်နေတဲ့ ထင်ရှားတဲ့ပြယုဒ်လို့ နားလည်မိပါတယ်။

VOAသတင်းဌာနနဲ့ဆက်သွယ်မေးမြန်းခန်းတခုမှာ ဆရာဦးကျော်ဇံသာက ကရင်အမျိုးသားလွတ်မြောက်ရေး
တပ်မတော် စစ်ဦးစီးပထမတန်းက ဗိုလ်ချုပ် မဲ့အေစိန်ကို
KAF ဖွဲ့စည်းတဲ့ ဗိုလ်ချုပ်တို့ကို ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထားတင်းမာသူလို့ သတ်မှတ်
မယ်ဆိုရင် ဗိုလ်ချုပ်တို့ လက်ခံပါသလား
 လို့မေးတော့ ဗိုလ်ချုပ်မဲ့အေစိန်က
ကျနော်တို့ မူပေါ်မှာရပ်တည်ပြီး ကျနော်တို့ကရင်တမျိုးသားလုံး လိုချင်တဲ့ဆန္ဒ၊ ရည်မှန်းချက်ပန်းတိုင်ကို တန်း
တူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကိုသွားဖို့ ကျနော်တို့ ဒီလမ်းအတိုင်းဦးတည်ပြီးတော့
သဘောထားသွားတာ။
အမှန်တရားကို ရပ်တည်တဲ့လူကိုတော့ ပထမပိုင်းမှာတော့ ဒီလူတွေမမှန်ဘူး၊ မကောင်းဘူးလို့ ပြောစမြဲပဲ။
ဒါလဲ ကျနော်တို့ ဖြတ်သန်းမှု ဘဝက ဒီလိုဖြစ်တယ်။
ဟို့အရင် နေဝင်း အာဏာသိမ်းတဲ့ ၆၂ ခုနှစ်မှာ မူးဆိုးကော်ကစာ၊ စောဟန်တာသာမွှေး နဲ့ မန်းဘဇံ ကွဲတဲ့
အခါမှာ ရပ်တည်တဲ့လူဖက်က မှားတယ်ဘာညာဆိုပြီး နောက်ဆုံးတော့ … ။
ကျနော်တို့ကတော့ အမှန်တရားကို ရပ်တည်ပြီး သွားကြတဲ့လူတွေလို့ အဲဒီလို သိစေချင်တယ်။
လို့ပြောသွားပါတယ်။

အခုလိုဖြစ်လာတဲ့ အကြောင်းအရာတွေအားလုံးဟာ ဗမာစစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်
တည်တံ့ခိုင်မြဲဘို့အတွက် ဦးတည်နေတာကို သိသာထင်ရှားစေတာနဲ့အတူ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးလှိုင်
လှိုင်သုံးပြီး တိုင်းသူပြည်သားတွေအပေါ် ပိုမိုဖိနှိပ်ရက်စက်ဘို့လုပ်နေတယ်ဆိုတာကိုပါ အသိပေးလိုက်တာ
လည်း ဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်တ၀ှမ်းလုံးအပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးအတွက် ငွေပုံအောမိတဲ့ သက်
ဆိုင်သူတွေ နောင်တရနေမိမှာတော့အမှန်ပါ နောင်တမရဘူးဆိုလျင်တောင်မှ အတော်ကလေးသံသယ,၀င်
နေမှာတော့ လျှော့လျှော့ပေါ့ပေါ့ပြောမယ်ရဆိုလျင် စိုးရိမ်စိတ်ဖြစ်နေမှာတော့ အသေအချာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို KAF (Kawthoolei Armed Forces) ဖြစ်လာတာဟာ အခြေခံလူထုထဲက ပြည်
သူတစ်ယောက်ဖြစ်တဲ့ ကျုပ်သဘောထားကတော့ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးအတွက် လိုအပ်သလို
ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်လာတာလို့ မြင်မိကြောင်းနဲ့ လက်နက်ကိုင်ကရင့်တော်လှန်ရေးအဖွဲ့တွေထဲ က
ဘယ်အဖွဲ့ရဲ့ ဦးစည်းဦးဆောင်မှုအောက်မှာ ဘယ်လိုလှုပ်ရှားဆောင်ရွက်မလဲ ဆိုတာကိုတော့ KAF ရဲ့ တပ်
မှူးတပ်ဗိုလ်များ လေးလေးနက်နက် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြော ဆိုဆုံးဖြတ်ပြီး တိတိကျကျလိုက်နာဘို့ လို
အပ်ကြောင်းကို ကရင်ပြည်သူတဦးအနေနဲ့ မိမိရဲ့သုံးသပ်ချက်ကိုတင်ပြလိုက်ရကြောင်းပါခင်ဗျား။

စစ်အာဏာရှင်များ အမြန်ဆုံးကျဆုံးပါစေ။
ပြည်ထောင်စုဗမာနိုင်ငံတော်(ပြည်ထောင်စုမြန်မာနိုင်ငံတော်) နှင့် တိုင်းရင်းသားလုပ်သားပြည်သူတရပ်လုံး
၏ ကောင်းကျိုးချမ်းသာကိုလိုလားသည့် စေတနာမှန်သောအစိုးရတရပ် အမြန်ဆုံးပေါ်ထွန်းလာပါစေ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Saturday, September 13, 2014

ကေအဲန်ယူ၊ သူဖြူရင် ကိုယ်မဲနေကြတာ ကောင်းသလား

Source photo from http://www.facebook.com

12.09.2014
 ကေအဲန်ယူ၊
သူဖြူရင် ကိုယ်မဲနေကြတာ ကောင်းသလား

by ဦးစည်သူအောင်မြင့်

UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ လို့ခေါ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်
ပေါင်းစု ညီလာခံ ကနေ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ထွက်ခွာခဲ့တဲ့ ပြဿနာက စ, နောက်ပိုင်း
ပေါ်ပေါက်လာတဲ့ ပြဿနာတိုင်းမှာ ကေအဲန်ယူ အဖွဲ့အစည်းအတွင်း သဘောထား ကွဲပြားမှုတွေ တစ်ခုပြီး တစ်ခု တွေ့မြင်လာကြရပါတယ်။
ဘယ်လို ပြဿနာမျိုးတွေလဲ။
သဘောထား ကွဲပြားမှုတွေကို ဘယ်လို ထင်ဟပ်နေသလဲ။
ကအဲန်ယူ အဖွဲ့အစည်းကြီး ဒီလိုပဲ ဆက်သွားသင့်သလား။
ဘာတွေ ဆက်လုပ်သင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း UNFC တပ်ပေါင်းစုထဲမှာ အင်အားကြီး နှစ်ဖွဲ့ဖြစ်တဲ့ ကေအိုင်အို ကချင်ပြည်
လွတ်မြောက်ရေး အဖွဲ့နဲ့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းရုံးတို့ရဲ့ မူဝါဒ သဘောထားနှစ်ခု ထိပ်တိုက်
တိုးကြပါတယ်။
တပ်ပေါင်းစု ဥက္ကဌရာထူးရယူထားတဲ့ ကေအိုင်အို က UNFC ကို ကျစ်ကျစ်လစ်လစ် ဗဟိုချုပ်ကိုင်မှုရှိတဲ့ အဖွဲ့အစည်းအဖြစ် ပုံဖော်လိုပြီး ကေအဲန်ယူ အဖွဲ့ဘက်ကတော့ တပ်ပေါင်းစုထက် လက်ရှိနိုင်ငံရေးအခြေအ
နေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ဖို့ စဉ်းစားသင့်တယ်ဆိုပြီး ပြုပြင်
မှုလုပ်ဖို့ အကြံပြုတင်ပြပါတယ်။
ဒါပေမယ့် ကေအိုင်အိုနဲ့ အဖွဲ့ဝင်အများစုက လက်ခံခြင်း မရှိပါဘူး။

တပ်ပေါင်းစုထဲမှာ ကေအဲန်ယူ နဲ့ ကေအိုင်အို ခုလို ဖွဲ့စည်းပုံကိစ္စတစ်ခုတည်း သဘောထားကွဲတာတော့ မ
ဟုတ်ပါဘူး။
UNFC ရဲ့ တပ်ပေါင်းစု တိုးချဲ့ရေး၊ တစ်ြပည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်
ရာတွေမှာလည်း သဘောထား ကွဲခဲ့ကြပါသေးတယ်။ ဒီလို သဘောထားမတူညီမှုတွေကို ဖြေရှင်းနိုင်ဖို့အ
တွက် ကေအဲန်ယူ အဖွဲ့ဟာ ချင်းမိုင်ညီလာခံကို အဓိက,ခေါင်းဆောင်တွေ ဖြစ်တဲ့ ဥက္ကဌ စောမူတူးစေးဖိုး၊
ဒုဥက္ကဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း တို့ကိုယ်တိုင် သွားတက်ရောက် ဆွေးနွေးခဲ့တာ
ဖြစ်ပါတယ်။
နောက်ဆုံး တင်ပြချက်တွေ အကောင်အထည် ပေါ်လာမတဲ့အောက်မှာ ကေအဲန်ယူကိုယ်စားလှယ်တွေ ညီ
လာခံထဲက ထွက်ခွာခဲ့သည် အထိ ဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေထိတော့ ပြဿနာ မရှိသေးပါဘူး။ ပြဿနာ  က
နောက်ပိုင်းမှာ စ,ပါတယ်။

ညီလာခံက ထွက်ခွာခဲ့ပြီးတဲ့နောက် ဥက္ကဌ စောမူတူးစေးဖိုးက ကေအဲန်ယူအနေနဲ့ UNFC အဖွဲ့နဲ့ ပူးပေါင်း
ဆောင်ရွက်မှုတွေကို ယာယီရပ်ဆိုင်းထားမယ် ဆိုပြီး အကြောင်းကြားစာရေးသားပေးပို့ပါတယ်။ ဥက္ကဌ ရဲ့
စာနဲ့ မရှေးမနှောင်းပဲ ဒုဥက္ကဌ နော်စီဖိုးရာစိန်ကလည်း စာတစ်စောင် ရေးပို့ပြန်ပါတယ်။
သူ့စာထဲမှာတော့ UNFC ညီလာခံကို တင်သွင်းခဲ့တဲ့ KNU ကိုယ်စားလှယ်တွေရဲ့ သဘောထားမတူညီခြင်းနဲ့ ဖက်ဒရယ်ကောင်စီဝင် ကိုယ်စားလှယ် ရွေးချယ်ပေးပို့နိုင်ခြင်းမရှိခဲ့တဲ့အပေါ် KNUအတွင်း ပြန်လည် ညှိနှိုင်း
ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ညီလာခံ နှောင့်နှေးကြန့်ကြာမှု ဖြစ်သွားရတဲ့အပေါ် KNUကိုယ်စား
တောင်းပန်တယ်လို့ ဖော်ပြထားပါတယ်။

တကယ်တော့ နော်စီဖိုးရာစိန်ရဲ့အဲဒီစာဟာ ကေအဲန်ယူခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲပြားမှုတွေ
ရှိနေတယ်ဆိုတာကို လူသိထင်ရှား ထုတ်ဖော်ပြောလိုက်တဲ့ သဘောပါပဲ။
ဒါကြောင့်လည်း တိုင်းရင်းသားခေါင်းဆောင်တစ်ချို့က ကေအဲန်ယူအနေနဲ့ UNFC အဖွဲ့ထဲက ထွက်သွားတာ
ဟာ တကယ့် ကေအဲန်ယူတစ်ဖွဲ့လုံးရဲ့ သဘောထား ဟုတ်ချင်မှဟုတ်မယ်၊ သူတို့ ဗဟိုကော်မတီ ပြန်ဆွေး
ပြီးရင် အဖြေမှန်သိရလိမ့်မယ် ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။
ဒါဟာ ကေအဲန်ယူ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားသမှု မရှိတော့တဲ့ သ
ဘောလည်း သက်ရောက်ပါတယ်။

နောက်ပြဿနာ တစ်ခုကတော့ အရင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF
မှာ ပါဝင်ခဲ့ဖူးတဲ့ ရဲဘော်ခင်ကျော် နဲ့ အဖွဲ့ဝင်တစ်ချို့ ပြည်ထောင်စုကာကွယ်ရေးတပ် ABSDF(UNRA) ဆိုပြီး
ခွဲထွက် တည်ထောင်လိုက်တဲ့ ကိစ္စပါ။
ဒီအဖွဲ့ကို လက်ခံထားတာဟာ ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေထဲမှာပါ။
ပြောရရင် ကေအဲန်ယူ တပ်မဟာ(၅) တပ်မဟာမှူးရဲ့သဘာတူညီချက် နဲ့ အားပေးအားမြှောက်ပြုမှု မရှိရင် ဒီ
အဖွဲ့ တည်ထောင်လို့ရမှာ မဟုတ်ပါဘူး။
တကယ်ဆို ABSDF ဗဟိုအဖွဲ့ကို ကေအဲန်ယူအဖွဲ့ကြီးရဲ့နယ်မြေထဲမှာ လက်ခံထားတာပါ။
ဒီလို လက်ခံထားတဲ့ကြားက မဟာမိတ်တပ်ဖွဲ့ထဲက အုပ်စုတစ်ခုခွဲထွက်တာကို အားပေးလိုက်တယ် ဆိုက
တည်းက ကေအဲန်ယူဗဟိုနဲ့ တပ်မဟာ (၅) သဘောထား တိုက်ဆိုင်မှု မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်
သလို အကွဲအပြဲကို ဖော်ပြတဲ့ ရပ်တည်ချက် တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ထပ် မြင်ရတဲ့ ပြသနာတစ်ခုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထွက်ပေါ်လာတဲ့ ကရင်ငြိမ်းချမ်းရေး အ
ထောက်အကူပြုကွန်ယက် KPSN ရဲ့ ကြေငြာချက်ပါ။ ဒီကြေငြာချက်ကတော့ နည်းနည်းထူးဆန်းနေပါတယ်။
ကြေငြာချက်ထဲမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က အဆိုပြုထားတဲ့
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က စီမံကိန်းတွေဟာ အားနည်းချက်တွေရှိနေတယ်၊ စီမံကိန်းကိုလုပ်တာ စော
နေသေးတယ်၊ ဒီအတွက် စီမံကိန်းတွေဟာ ငြိမ်းချမ်းရေးကို အထောက်အကူပြုမယ့်အစား ပဋိပက္ခကို အား
ပေးရာရောက်မယ် လို့ ဆိုပြီး ကန့်ကွက်တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ ရန်ကုန်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကွန်ယက်တာဝန်ရှိသူတွေဖြစ်
တဲ့ ဒေါ်စူစန်နာလှလှစိုးနဲ့ စောကျော်စွာတို့က ဒီစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ဒေသခံတွေနဲ့
တိုင်ပင်တာမရှိဘူး၊ ကေအဲန်ယူအဖွဲ့ကြီးနဲ့ ညှိနှိုင်းတာမရှိဘူး၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေ
ကပဲ ဂျိုက်ကာနဲ့ ပူးပေါင်းအကောင်အထည်ဖော်နေတာ ဖြစ်တယ်၊ ဒီ စီမံကိန်းတွေကိစ္စ ကေအဲန်ယူအဖွဲ့ကြီး
နဲ့ပေါင်းပြီး ကန့်ကွက်သွားဖို့ ဒုဥက္ကဌ နော်စီဖိုးရာစိန်နဲ့လည်း ဆွေးနွေးခဲ့ပြီးပြီလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း သိပ်မကြာသေးခင် သြဂုတ်လ,ထဲမှာပဲ ကေအဲန်ယူတပ်မဟာ(၄)ခုနဲ့ ခရိုင် (၄)ခုက ခေါင်း
ဆောင်တွေ ရန်ကုန်လာပြီး ဂျိုက်ကာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားခဲ့တဲ့ဖြစ်စဉ်ကလည်း ရှိနေပြန်ပါတယ်။

ပြောရရင် လက်ရှိ ကေအဲန်ယူအဖွဲ့ထဲမှာ ဂျိုက်ကာရဲ့စီမံကိန်းကို လက်ခံတဲ့တပ်မဟာတွေ ခရိုင်တွေ ရှိသလို
လက်မခံတဲ့တပ်မဟာတွေ ခရိုင်တွေလည်း ရှိနေတယ် ဆိုတဲ့သဘော သွားသက်ရောက်ပါတယ်။
ပြောရရင် ပေါ်လာတဲ့ပြသနာတိုင်းဟာ ကေအဲန်ယူထဲမှာ သဘောထားကွဲပြားနေတာတွေကို ထင်ဟပ်စေ
ပါတယ်။
ဒီလို သဘောထားတွေကွဲပြားနေခြင်းအားဖြင့် ကေအဲန်ယူကို အင်အားချိနဲ့တဲ့အဖွဲ့အစည်း တစ်ခုအဖြစ် ပုံ
ရိပ်ကျဆင်းစေပါတယ်။ အစိုးရအပါအ၀င် အခြားတိုင်းရင်းသားအင်အားစုအသီးသီးရဲ့ လေးစားမှုကို မခံရ
ရုံမက အထင်အမြင်သေးခြင်းကိုတောင် ခံနေရပြီဖြစ်ပါတယ်။

ဒီအတွက် ကေအဲန်ယူခေါင်းဆောင်ပိုင်းအနေနဲ့ တကယ်အနှစ်သာရရှိတဲ့ ညီညွတ်ရေးကို ပြန်တည်ဆောက်
ဖို့ အဲဒီကမှတဆင့် ကရင်တစ်မျိုးသားလုံးကောင်းစာရေး အကောင်အထည်ဖော်ကြဖို့ အချိန်ရောက်ပြီဖြစ်ပါ
ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Copy from 
http://burmese.voanews.com/content/news-analysis-sithu-aungmyint-knu/2447767.html

Monday, June 23, 2014

ဟီးရိုး ကနေ ဇီးရိုးဖြစ်သွားတဲ့ဆရာကြီး ဘတ်ဘို့

Source photo from http://www.google.com/images

ဟီးရိုး ကနေ ဇီးရိုးဖြစ်သွားတဲ့ဆရာကြီး ဘတ်ဘို့

June 23, 2014
Monday

By မင်းစိုးစံ

သမ္မတဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း ထမ်းဆောင်ပါဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က
ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ကရင်အမျိုးသားထု တရပ်လုံးရဲ့ အာဘော်မဟုတ်တဲ့အကြောင်းနဲ့ အဲဒီလိုပြော
မယ်ဆိုလျင်လည်း ကရင်လူထုရဲ့ ဆန္ဒကို ယူပြီးမှပြောဘို့လိုတယ် ဆိုတဲ့အကြောင်း ဖလုံစဝှော်ပါတီရဲ့ ဥက္ကဌ
မန်းအောင်ပြည်စိုးက မြန်မာသံတော်ဆင့်ကို ပြောတယ်ဆိုပါလား။

မန်းအောင်ပြည်စိုး ဆက်ပြီးပြောတာက
ထည့်ထားလိုက်ပြီ။ ထည့်ထားလိုက်ပြီဆိုတာက ကျနော်လည်းမသိဘူး။
သိတာက ၀ နဲ့ ပလောင် လက်မှတ်ထိုးရအောင် KNU က စည်းရုံးတယ်။
အခု မန်းငြိမ်းမောင်ရောက်သွားတဲ့အခါမှာ နောက်သမ္မတသက်တမ်း အဲလိုပေးပါဆိုပြီးတော့ အကြံပြုသလို
ပြောတာပေါ့လေ။
အဲဒါ ဘယ်သူပြောတာလဲ မေးကြတာပေါ့။
စာစောင်တစောင်မှာ ဘာရေးထားသလဲဆိုရင် KNU ရွှေ့လိုက်သော နိုင်ငံရေးကစားကွက် တကွက် ဆိုပြီး။
အပြည့်အစုံ ဘတ်ချင်လျင်တော့ http://www.ygnnews.com/2014/06/knu_20.html

အေးဗျာ။
ဘယ်လိုတွေဖြစ်ကုန်မှန်း မသိတော့ပါဘူး။
ဒီလောက်ဗရုတ်သုက္ခနိုင်တဲ့ ဗမာစစ်အစိုးရကို ဘာကြောင့်များ ပစ်ပြီးယုံလိုက်တာပါလိမ့်နော်။
လုပ်ပိုင်ခွင့်၊ ပြောရေးဆိုခွင့်၊ စတာတွေ( ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လျင် ပေးမယ်) ထင်ထားတာထက် ပိုရ
နေလို့များလား။
ဒါမှမဟုတ် အိတ်ဖေါင်းလို့ စိတ်ပြောင်းသွားတာလား။
ကျုပ် ထိုင်းနိုင်ငံ ဗမာကျောင်းသားစခန်းမှာနေခဲ့တုန်းက ဗမာကျောင်းသားတယောက်ပြောဘူးတဲ့ စကားတ
ခွန်းကိုအမှတ်ရမိသေးတယ်။
ကြားကာစတုန်းကတော့ အဲဒီကျောင်းသားကို အမှုန့်ကြိတ်ပစ်ချင်တာ။
အခုမှပဲ အင်မတန်မှန်တဲ့ စကားပါလား ဆိုပြီး ရှက်ရမှန်းသိတော့တယ်။
အဲဒီ အမောင်ကျောင်းသားပြောတဲ့ စကားက
မင်းတို့ မောင်ကျော်တွေဟာ လူတယောက်ကို မယုံလျင် တစက်ကလေးမှ မယုံဘူး။
ယုံပြီဆိုရင်တော့ သမီးပါ ပုံပေးတာ တဲ့။

ကဲဗျာ အောက်က စာကြောင်းလေး ဘတ်ကြည့်ကြပါဦး။

ဒီအစိုးရရေလဲသုံးနေတဲ့ စေတနာဆိုတဲ့စကားကို ယုံစရာအကြောင်းလုံးဝမတွေ့သေးဘူး

By  ဇော်မြင့်

မိတ္ထီလာမြို့ပြည်သူ့အကျိုး ဆောင်ကွန်ရက်ခေါင်းဆောင်ဒေါ် မြင့်မြင့်အေးကသမ္မတမိန့်ခွန်းများတွင် မကြာခ
ဏပါဝင်လေ့ရှိသည့် စိတ်ရင်းစေတနာအမှန်ဆိုသော စကားနှင့်ပတ်သက်၍ ယုံကြည်စရာအကြောင်းအရာ
များ လုံးဝမတွေ့သေးကြောင်းမီဒီယာသို့ ပြောကြားလိုက်သည်။

 ဒေါ်မြင့်မြင့်အေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တွင် ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၀
ရွေးကောက်ပွဲအလွန်တွင် ပါတီမှထုတ်ပယ်ခံခဲ့ရကြောင်း၊ ယခုအခါ တောင်သူလယ်သမားများ၏ မတရား
သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ပြည်သူ့အကျိုးဆောင်ကွန်ရက်အနေဖြင့် အပတ်တ
ကုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရသိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မလုပ်နိုင်ပေမယ့် ကျွန်မတို့ကွန် ရက်လက်လှမ်းမှီသလောက် နယ်မြေတွေ
မှာ လယ်သမားအခွင့်အရေး ထွန်တုံးတိုက်ပွဲတွေဆင်နွှဲနေတာ အောင်မြင်မှုတွေရှိပါတယ်။
ဒီနေ့ အစိုးရဖွဲ့စည်းထားတဲ့လယ်မြေနှင့် အခြားမြေများစိစစ်ရေးကော်မတီတွေမှာ ဥက္ကဋ္ဌတွေဟာ ထွေထွေ
အုပ် အဆင့်ဆင့်ကအုပ်ချုပ်ရေးမှူးတွေပဲဖြစ်နေတာ တွေ့ရပါတယ်။
ဒါကြောင့် သူတို့ပြောပြောနေတဲ့ စေတနာဆိုတာဘာလဲ။
ဖြစ်ပေါ်ခဲ့ပြီးတဲ့ ပဋိပက္ခတွေကိုကြည့်ရင်လည်း နောက်ကွယ်ကကြိုးကိုင်သူတွေ ရှိနိုင်တယ် လို့သူတို့ပဲပြော
ခဲ့တယ်။
ဖမ်းဆီးအရေးယူခြင်းတော့ မရှိဘူး။
ညာဘက်လက်က ဘယ်ဘက်လက်ကို ဖမ်းရမှာမို့လို့လားတော့မသိဘူး။
အရှင်းဆုံးပြောရရင်တော့ ဒီ အစိုးရရေလဲသုံးနေတဲ့ စေတနာဆိုတဲ့စကးကို ယုံစရာအကြောင်း လုံးဝမတွေ့
သေးပါဘူး”
ဟုဒေါ် မြင့်မြင့်အေးကဆိုသည်။

လွန်ခဲ့သည့်နှစ်က လယ်သမားအရေး ဆောင်ရွက်မှုဖြင့် ဒေါ်မြင့်မြင့်အေးကိုအရေးယူခဲ့ပြီး လက်ရှိတွင်အာမ
ခံဖြင့် အမှုရင်ဆိုင်လျက်ရှိကြောင်းသိရသည်။


ဇော်မြင့်

Copy from http://www.hotnewsweekly.com/node/2724

ကိုယ့်ကိုယ်ပိုင် ခံစားချက်အရ ယုံတာ မယုံတာကိုတော့ တားပိုင်ခွင့်မရှိပါဘူး။
ကိုယ်ပိုင်ခံစားချက်နဲ့ အမျိုးသားရေးကို မရောမိစေနဲ့ပေါ့ဗျာ။
ကိုယ်ယုံလို့ ကိုယ့်သမီးကို ပေးလိုက်တာက အကြောင်းမဟုတ်ပါဘူး။
ကရင်တမျိုးသားထုတရပ်လုံးရဲ့ဘ၀ကို ပုံပေးလိုက်တာမျိုးတော့ မလုပ်ကြပါနဲ့။
ကရင်အဖွဲ့အစည်းအားလုံးကို မေတ္တာရပ်ခံနေတာပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
 



Wednesday, November 13, 2013

နားမလည်နိုင်တော့လို့ပါ

Source Photo from http://www.hotnewsweekly.com


 နားမလည်နိုင်တော့လို့ပါ

November 14, 2013
Thursday

By မင်းစိုးစံ

သတင်းနဲ့ပတ်သက်လို့ သိနားလည်ထားတာမရှိဘူးလို့ ပြောရမလားမသိပါဘူးဗျာ။
နားလည်ရခက်တယ်ဆိုတာထက် ဘယ်လိုနားလည်ရမလဲဆိုတာကိုတောင် မတွေးတတ်အောင် သတင်းလောက
က ကျုပ်ကိုအူကြောင်ကြောင်ဖြစ်သွားစေလို့ပါ။

သတင်းတင်ပြပေးတဲ့ သတင်းဌာနတိုင်းမှာ သူ့စည်းမျဉ်းစည်းကမ်းနဲ့ သူ့ဂုဏ်သိက္ခာဆိုတာ ရှိကြမှာပါ။
အခုလောလောလတ်လတ် သတင်းတိုလေးတပုဒ်ကို ဘတ်မိလိုက်တော့ စောစောပိုင်းကပြောထားတဲ့ သတင်းစာ
ရဲ့လောကကို နားမလည်နိုင်အောင်ဖြစ်သွားရတဲ့အဖြစ်က ဒီလိုပါ။

မကြာသေးခင်က သတင်းတခုမှာ KNU နဲ့ ဗမာစစ်အစိုးရတို့ ငြိမ်းချမ်းရေးလုပ်တဲ့ နေရာမှာ ၉၉.၉ရာခိုင်နှုန်း အောင်
မြင်မှုရှိတယ်ဆိုတဲ့စကားကို သူပြောတာမဟုတ်ဘူးဆိုပြီး KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအလုပ်အမှု
ဆောင် ဖဒိုမန်းငြိမ်းမောင်က အတည်ပြုပြောသွားတယ်ဆိုတဲ့သတင်းကို ဘတ်လိုက်ရပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင် အနေနဲ့ ၉၉ဒဿမ၉ ရာခိုင်နှုန်း
အောင်မြင်တယ်ဆိုတဲ့စကားကို ဘယ်နေ့ကပြောသွားတာလဲ။ ဘယ်နေရာမှာပြောတာလဲ။ ဘာကြောင့်ပြောတာ
လဲ။ ဘယ်သတင်းဌာနမှာပြောခဲ့တာလဲ။ ဆိုတာကို ရှာလို့ကိုမတွေ့ဘူး။
ဗမာစစ်အစိုးရကို ယုံတယ်ဆိုတာကိုတော့ ကြားကြားနေရပါတယ်။
 
မြ၀တီမြို့မှာ ကရင်တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တာနဲ့ ပတ်သက်လို့ RFA ရုပ်မြင်သံကြားအစီအ စဉ်မှာ ပဒို မန်းငြိမ်းမောင်ပြောသွားတာက

ကျွန်တော်တို့ ကရင်အမျိုးသားတွေ လျှောက်လှမ်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ဒီသမိုင်းဟာ ကျွန်တော်တို့ရွေးခြယ်ခဲ့
တဲ့လမ်း မဟုတ်ဘူး။
အုပ်စိုးသူလူတန်းစားကနေပြီးတော့ တွန်းပို့လိုက်လို့ ဒီခရီးကြမ်းကို ကျွန်တော်တို့ လျှောက်ခဲ့ကြတာ။
အလားတူပဲ ကျွန်တော်တို့ ကရင်အမျိုးသားတွေနဲ့အတူ တခြားဘ၀တူတိုင်းရင်းသားလူမျိုးများဟာလည်း ဒီနေ့ကျွန်
တော်တို့ လျှောက်လှမ်းခဲ့ရတဲ့ ဒီခရီးလမ်းဟာ ကျွန်တော်တို့တိုင်းရင်းသားတွေရွေးခြယ်တဲ့ ရွေးခြယ်ခွင့် ကျွန်တော်
တို့ ရွေးခြယ်ခဲ့တာမဟုတ်ပါဘူး၊ ဒါကို ကျွန်တော်တို့ ကရင်အမျိုးသားများရော ဘ၀တူတိုင်းရင်းသားများရော ကျွန်
တော်တို့ ပထမဦးဆုံး ပြောကြားချင်တယ်။
ဒါကြောင့်မို့လို့ ဒီဟာကို ကျွန်တော်တို့ကရင့်အမျိုးသားတွေရဲ့အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှာ ငြိမ်းငြိမ်းချမ်း
နဲ့ဖြေရှင်းနိုင်ဘို့အတွက် ဗမာပြည်လွတ်လပ်ရေးရပြီးကတည်းက ဒီနှစ်ပေါင်းခြောက်ဆယ်ကျော်ခရီးမှာ အုပ်စိုးသူအ
ဆက်ဆက်နဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ဘို့အတွက် ကျွန်တော်တို့ကြိုးပမ်းခဲ့တယ်။
အဲဒီလိုပြော သွားတာကိုပဲကြားလိုက်ရပါတယ်။

Hot News အပတ်စဉ်က သတင်းမှာ အခုလို ရေးသားဖေါ်ပြထားပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံး ဗ
ဟိုအလုပ်အမှုဆောင် ဖဒိုမန်း ငြိမ်းမောင်က
“ဒီစကားက ကျွန်တော့်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လိုက်တာပဲဗျ။
ကျွန်တော်က ကာကွယ်ရေးဦးစီးချုပ်နဲ့ မကြာခဏ သွားသွားပြီးတွေ့တာလည်းမရှိဘူး။
သို့သော် ကျွန်တော်တို့ကရင်တွေမှာ နှစ်ပေါင်း ၆၀လုံးလုံး တိုက်ပွဲဆင်နွှဲလာတယ်။
ယနေ့ငြိမ်းချမ်းရေးအဆင့်နဲ့ ကျွန်တော်တို့သွားနေတယ်။
နောက်ထပ်တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးတွေလုပ်ဖို့ ကြိုးစားနေရတယ်။
ကျွန်တော်တို့ ဒီလိုကြိုးစားနေတဲ့အခါမှာ ကာကွယ်ရေးဦးစီးချုပ်က ကျွန်တော်တို့ကို ၃ကြိမ်တွေ့တယ်။
ပြီးတော့ ကျွန်တော်တို့ကိုသူကပြောတာ က ခင်ဗျားတို့ KNU နဲ့ ငြိမ်းချမ်းရေးက ၉၉.၉ ရာခိုင်နှုန်းအောင်မြင်ပါတယ်
ဆိုတာ ပြောတယ်လို့ ကျွန်တော်က ပြန်ပြောပြတော့ ဒီစကားက မန်းငြိမ်းမောင်က ပြောတယ်ဆိုတာဖြစ်ရောဗျာ။ ဒါက ကျွန်တော့်ကို တမင်သက်သက် ပြည်သူတွေ အထင်မှား၊ အမြင်မှားဖြစ်အောင် လုပ်တာပဲ”
ဟု ၎င်းက ပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားရေးကိစ္စမို့ ၎င်းအနေဖြင့် မှားယွင်းစွာပြောဆိုခဲ့ခြင်း မရှိပါကြောင်း၊ လိုအပ်ပါ
က ပြန်လည်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စိုးဝင်းနိုင်

Copy from http://www.hotnewsweekly.com/node/943

အဲဒီတော့ဗျာ။ ကရင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ အတော်များများလုပ်ထားတဲ့ အဲဒီ Hot News ထဲ
မှာပဲ ရေးသားသူ တဦးတည်းကပဲ အဖေယူစေချင်တဲ့ ငြိမ်းချမ်းရေးကို နှစ်ခါပြန် မယူချင်သူ (KNU ဗိုလ်ချုပ်မြ ရဲ့
သား KNU-KNLA-PC ဗျူဟာမှူး စောနေစိုးမြနှင့် တွေ့ဆုံခြင်း) ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလိုမေးမြန်းထားတာကို တွေ့
ရပါတယ်။
Source Photo from http://www.hotnewsweekly.com

မြ၀တီမြို့မှာ ကရင်တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်လို့ သိရတယ်။
ဖဒိုမန်းငြိမ်းမောင်ကပြောတယ်။
ဒီနေ့ငြိမ်းချမ်းရေးဟာ ၉၀.၈ ရာခိုင်နှုန်းအောင်မြင်ပြီဆိုတော့ ဒီအပေါ်ရော ဗျူဟာမှူးတို့အနေနဲ့ ဘယ်လိုသဘော ရ
သလဲ။

အဲဒါလား။
အဲဒါက ကျွန်တော်တို့ ဘက်ကလေ။
ကျွန်တော်တို့ဘက်က ၉၀.၈ တောင်မကဘူး။
၉၉ တောင်ရှိတယ်။
ဒါပေမဲ့ ၁ ရာခိုင်နှုန်းက နိုင်ငံတော်အစိုးရသဘောထားအပေါ်မူတည်တယ်။
သူတို့ဘက်ကမှ သဘောထားမရှိရင် တိုက်ပွဲတွေက ဆက်ဖြစ်နေကြဦးမှာပဲ။

စိုးဝင်းနိုင်
အပြည့်အစုံ လေ့လာလိုချင်တယ်ဆိုလျင်ဖြင့် http://www.hotnewsweekly.com/node/802

ကလောင်ရှင်ကိုယ်တိုင်  KNU ကရင်ခေါင်းဆောင် ဗဒို မန်းငြိမ်းမောင်ပြောသွားတာနဲ့ ပတ်သက်ပြီး KNU- KNLA- PC ကဗျူဟာမှူး နေစိုးမြရဲ့ သဘောထားကို မေးခဲ့တယ်လို့နားလည်မိပါတယ်။

ကျုပ်သာ သူ့နေရာမှာဆိုလျင် ဗဒိုပဲ အဲဒီနေ့ အဲဒီအချိန်မှာတုန်းက သတင်းသမားတွေကို ဒီလိုပြောသွားတာ ကြား
လိုက်ရတာပါ။ ဆိုပြီး ကိုယ်ကြားတဲ့အတိုင်း ကိုးဆယ့်ကိုး ဒဿမကိုးကိုး တော့မဟုတ်ဘူး။ ကိုးဆယ် ဒဿမ ရှစ် လို့ပြောတာပါ။ လို့ပြန်ပြောပြရင်းနဲ့ သိချင်တာတွေ ဆက်မေးမိမှာပဲ။
အခုလို ဖြစ်သွားတာနဲ့ပတ်သက်လို့ အပြစ်မြင်တဲ့ အနေနဲ့ ပြောဆိုရေးသားနေတာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျုပ်က သတင်းထောက်တယောက်မဟုတ်ဘူးလေ။ သတင်းဘတ်တဲ့လူ ဆိုတော့ သ တင်း ရေးသားတင်ပြနည်းတွေ နားမလည်ဘူးဗျ။

ကိုယ်မြင်တာလေး ရေးပြမိတာဆိုတော့၊ မှားလျင်လည်း ခွင့်လွှတ်ပေးပါဗျာ။
အားလုံးကို ကျေးဇူးတင် လေးစားပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး) 

Wednesday, August 21, 2013

ကောင်းကြသေးရဲ့လား ဗျာတို့


ကောင်းကြသေးရဲ့လား ဗျာတို့

Tuesday 2013 August 20
မင်းစိုးစံ

BGF မှ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က
“ပစ်ခတ်မှုက (၁၀)မိနစ်ကြာတယ် ကျနော်တို့ကို လာတိုက်တော့ ပြန်ခုခံရတာပေါ့။
ကျနော်တို့ဘက်က တပ်သား ၁ယောက်တော့ ကျသွားတယ်။
ဒဏ်ရာရတဲ့ ဒုတပ်ကြပ် ၁ယောက်နဲ့ တပ်သား ၁ယောက်ကို မော်လမြိုင်ဆေးရုံ ကြီးမှာပို့ထားရပါတယ်။
သူတို့ဘက်က အကျအဆုံးမတွေ့ရဘူး။
ဒီဖြစ်စဉ်က ငြိမ်းချမ်းရေးကို မထိခိုက်နိုင်ပေမယ့် မဖြစ်သင့်တဲ့ကိစ္စပါ။
ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး အထက်က အကြီးအကဲတွေ ညှိနှိုင်းပြောဆိုတာတို့ ပြုလုပ်နေပါပြီ။
KNU စစ်ဦးစီးချုပ်ကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျူးလွန်တဲ့သူကိုစုံစမ်းပေးပြီး ထိထိရောက်ရောက်အရေး
ယူပေးမယ်လို့ ဒီနေ့မှာပဲ ဂတိပေးလိုက်တယ်” လို့ပြောပါတယ်။

တိုက်ပွဲအပေါ် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက
“ကျနော်တို့ တပ်မဟာ (၅)ရဲ့ တရားဝင်သတင်းအရ ဘီဂျီအက်ဖ် ၀ဲကြီးစခန်းကိုသွားပစ်တာ မပါဘူး။
ဒါပေမယ့် ဇူလိုင်လက ဗိုလ်မှူးမောင်ချစ်က သူတို့ရဲ့လူတွေကို ညွှန်ကြားမှုတွေလုပ်ပြီးတဲ့နောက် ဒီလို တိုက်
ပွဲဖြစ်လာတာ ဆက်စပ်နေပါတယ်”
လို့ပြောပါတယ်။

KNU မြ၀တီ ဆက်ဆံရေးရုံးက ပဒိုပန်းသီးကတော့
အစိုးရတပ်တွေဟာ  BGFနာမည်နဲ့ KNUတပ်မဟာ (၅)နယ်မြေမှာ နေရာအနှံ့တပ်စွဲပြီး KNU တပ်တွေကို
အကြပ်ကိုင်ရာကနေ တိုက်ခိုက်မှုဖြစ်ပွားရတာပါ။
လို့ ဆိုပါတယ်။

ကျနော်တို့ဘက်က တဲ့။
သူတို့ဘက်က တဲ့။
သူတို့ရဲ့လူတွေ တဲ့။

မသိလို့တော့ မဟုတ်ဘူး၊ သိသိကြီးနဲ့ မေးပါရစေ။
အဲဒီလိုပြောနေတဲ့လူတွေက ဘာလူမျိုးလဲ။
သေကြေ ဒါဏ်ရာရတဲ့ လူတွေကရော ဘာလူမျိုးလဲ။
KNU မြ၀တီ ဆက်ဆံရေးရုံးက ပဒိုပန်းသီးရဲ့ အပြောအရ နှစ်ဘက်ကြားမှာ ခလောက်ဆံ ကဘယ်သူလဲ။
ဒီ ခလောက်ဆံကြောင့် ကျုပ်တို့အားလုံး ဒီလိုပဲ အရည်မရ အဘတ်မရ အချိန်တွေအကုန်ခံကြမလား။
အချင်းချင်း ဝှေ့နေကြတော့မှာလား။
ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ ဆိုတာ ဒီလိုအဖြစ်မျိုးကိုလိုက်ရှင်းဘို့ သီးသန့်ဖွဲ့ထား
တာဖြစ်ပြီး တခြားဘာမျှလုပ်ဘို့မလိုတဲ့ အဖွဲ့လား။
ဆင်တွေတောင်မှ သူတို့လည်ပင်းမှာ ဆွဲထားတဲ့ ခလောက်ကို အသံမမြည်အောင် လုပ်နိုင်သေးတာပဲလေ။

ဘီဘီစီက ပြောသွားတဲ့ သတင်းကို သီချင်းလေးနဲ့ နားဆင်နိုင်အောင် စီစဉ်ထားပါတယ်။
နားဆင်ကြည့်ကြပါစို့လား။

ကျေးဇူးတင်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Wednesday, February 29, 2012

နွားကျောင်းသားရဲ့ အတွေးနဲ့အမြင်

UNFC ဆွေးနွေးပွဲမြင်ကွင်း
Source Photo from http://thawthikho.blogspot.com/2012/02/unfc_29.html

နွားကျောင်းသားရဲ့ အတွေးနဲ့အမြင်

(မင်းစိုးစံ)
February 29, 2012


မွန်ပြည်သစ်ပါတီနဲ့အစိုးရ သဘောတူညီချက်မှာ ဒီဇင်္ဘာလအထိ အပစ်ရပ်နိုင်မယ့် တိုင်းရင်းသားအဖွဲ့အစည်း
တွေနဲ့ နိုင်ငံရေးဆက်လက်ဆွေးနွေးနိုင်ဘို့ပါရှိပေမယ့် တကယ်တော့ မွန်ပြည်သစ်ပါတီက နိုင်ငံရေးဆွေးနွေးမှုကို
အမြန်ဆုံး စတင်လိုပြီးတော့ ဒီလက်ရှိလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအားလုံး ပါဝင်တဲ့နိုင်ငံရေးဆွေး နွေးပွဲ
ကျင်းပဘို့ အစိုးရကိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီက ဒီကနေ့မှာထုတ်ပြန်ပြောဆိုပါ တယ် ။

DKBA ဗိုလ်မှူးဆန်းအောင်ကတော့ အပစ်ခတ်ရပ်စဲထားပေမယ့် ခိုင်ခိုင်မြဲမြဲမရှိသေးဘူးဆိုတာ မှတ်ချက်ချ ပြောဆိုထားပါတယ်။

ကျုပ်အမြင်ပြောရလျင်ဖြင့် အပစ်အခတ်ရပ်စဲထားတာ ခိုင်ဘို့မြဲဘို့ဆိုတာကတော့ လုံးဝကိုမလွယ်ပါဘူး၊ နှစ်ဦးနှစ်
ဘက်မှာ တာဝန်ရှိတာမှန်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက အဲဒီအပစ်ခတ်ရပ်ထားတာကို မပျက်မျက်တဲ့ နည်းနဲ့ဖျက်
ဘို့ စနစ်တကျလုပ်ထားပြီးသားဆိုတာကို ပြီးခဲ့တဲ့ BCF(DKBA နယ်ခြားစောင့်တပ်) နဲ့ DKBA တို့ရဲ့ ပြဿနာက သက်သေပါပဲ။

ကရင်အချင်းချင်းကတော့ ပြေလည်တယ်၊ ဗမာ့တပ်မတော်က မောင်မောင်အုန်းဆိုတဲ့ အရာရှိကခလောက် ဆန်လိုက်
တယ်၊ ပြီးတော့ မင်းကဟိုဘက်မှာနေ မင်းကတော့ ဒီနေရာမှာနေဆိုပြီးတော့ ကလို့ထူးဘောကို ပြန် ပြီးရိက္ခာထောက်ပံ့ မယ်ဆိုတာနဲ့ အချိုပြန်သပ်လိုက်ပါတယ်။

လောလောဆည် အင်အားကြီးနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဆိုတာတွေ မရုပ်သိမ်းသေးလို့ အမြင်ေ ကာင်း
အောင်အတော်ကလေး အင်မတိအင်မတန်အောင့်အည်းပြီးတော့ စိတ်ရှည်ပြနေတာဖြစ်ပါတယ်၊ ပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်ပြီဟေ့ဆိုတာနဲ့ ဗမာစစ်အစိုးရဆိုတာ ဒါပဲကွလို့ပြောပြီး အပြတ်ကိုခြေမှုန်းပစ်ပါလိမ့်မယ်။

ကျုပ်ကို ဗမာစစ်အစိုးရကို တော်တော်အထင်ကြီးနေတဲ့လူပဲလို့ ပြောကြမလို့လား၊ အလျင်တုန်းက လက်နက်နဲ့ ငြိမ်းချမ်းရေးလဲဘို့ပြောတယ်၊ ဥပဒေဘောင်ထဲဝင်ဘို့ပြောတယ်၊ အခုကျတော့အဲဒီလိုမပြောဘူး၊ တသက်လုံး လက်နက်ကိုင်လာတဲ့လူကို လက်နက်မကိုင်နဲ့လို့ ပြောလို့မရဘူးလေ၊ သူတို့အတွက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေဖန် တည်းပေးပြီး နောက်ဆုံးဥပဒေဘောင်ထဲ ရောက်လာအောင် တဖြည်းဖြည်းခြင်းလုပ်သွားရမှာပေါ့ ဆိုတဲ့သ
ဘောမျိုး ရထားဝန်ကြီး ဦးအောင်မင်းက ပြောသွားတာ။

ရှိသေးတယ် ကရင်တွေက အဖွဲ့များတယ် ဆိုတာလေ၊ အဲဒါသူတို့အတွက် အကွက်ကောင်းပဲ၊ တဖွဲ့ထဲရှိဘို့မဆိုလိုပါ
ဘူး အတင်းအဓမ္မမတိုက်တွန်းပါဘူး။ တိုက်တွန်းလို့မရနိုင်လို့ပါ (ကရင်တွေကိုယ့်ကိုယ်ကို ကရင်လို့သိတဲ့နေ့ မ
ရောက်မခြင်း)
အဖွဲ့ဘယ်လောက်များများ ဘယ်လောက်ရှိရှိ တစိတ်တည်းတ၀မ်းတည်းရှိနေဘို့ အရေးကြီးပါတယ်၊ တစ်ဖွဲ့ထဲ
ရှိပြီး စိတ်ဝမ်းကွဲနေမယ်ဆိုလျင်လည်း ဘာမျှမထူးပါဘူး။

ဗမာစစ်အစိုးရကတော့ သူ့အလုပ်သူလုပ်နေမှာပါပဲ၊ ကျုပ်တို့လည်း ကျုပ်တို့အလုပ်လုပ်နေဘို့လိုပါတယ်၊ ဘာတွေလုပ်
ရမလဲ ဆိုတာကိုတော့ ဗမာစစ်အစိုးရနဲ့ စစ်ရေးအရ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေကြရတဲ့ ကရင့်အမျိုး သားလွတ်မြောက်
ရေးတပ်မတော်က တပ်မှူးတပ်ဗိုလ်တွေနဲ့ နိုင်ငံရေးအရ မျက်နှာခြင်းဆိုင် ဆွေးနွေးနေကြရ တဲ့ ကရင့်အမျိုးသားနိုင်ငံ
ရေးသ မားတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။

နောက်တခုကတော့ အခြေခံပြည်သူလူထုတွေရဲ့ သဘောထားအမြင်တွေကိုရယူပြီး အတူတကွ တက်ညီ လက်ညီ ပါဝင်ပူးပေါင်း လုပ်ဆောင်သွားနိုင်မယ်ဆိုလျင် စစ်မှန်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးဆိုတာ ဗမာစစ်အစိုး
ရက ဘယ်လောက်ပဲ ကလိန်ကကျစ်ကျကျ ထာဝရခိုင်မြဲနေမှာဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

သတင်းအပြည့်အစုံ နားဆင်ရန်




Copyright © 1998-2011 Radio Free Asia. All rights reserved.

Saturday, January 28, 2012

ထန်းလျက်ခဲ ခွေးလျက်တဲ့ငြိမ်းချမ်းရေး

Source Photo from http://www.google.com/images

ထန်းလျက်ခဲ ခွေးလျက်တဲ့ငြိမ်းချမ်းရေး

(မင်းစိုးစံ)

နည်းနည်းလေးတော့ ရိုင်းမှာပေါ့နော်။
တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ ငြိမ်းချမ်းရေးရဘို့ ယုံကြည်မှုတည်ဆောက်နေတဲ့ အခါသမယ မျိုးမှာ ခွေးနဲ့နှိုင်း
လိုက် မိလို့လေ။

ကျုပ်က မိကောင်းဘခင်သားသမီးပါ၊ ဘာဖြစ်လို့ရိုင်းစိုင်းတဲ့ စကားလုံးတွေသုံးနေရသလဲလို့ မေးစရာရှိပါတယ်၊
ဟုတ်ကဲ့ဗိုလ်ချုပ်အောင်ဆန်းပြောဘူးပါတယ် ကျုပ်တို့ဗမာတွေ ဟာ ခပ်ရိုင်းရိုင်းပြောမှ မှတ်မိလွယ်ကြတယ် ဆိုတဲ့စကားတခွန်းကို ကျုပ်မှတ်သားထားခဲ့လို့ မှတ်မှတ်ရရလေးဖြစ်အောင် ဗမာစစ်အုပ်စုလုပ်နေပုံတွေကို ခွေးနဲ့
ခိုင်းနှိုင်း လိုက်မိတာပါ။

နောက်ဆုံးသူတို့ရဲ့ ရည်ရွယ်ချက်က တိုင်းရင်းသားတွေအားလုံး သူတို့သြဇာခံဖြစ်ရေးအတွက် တဖြည်းဖြည်းခြင်း
ဆောင်ရွက်နေတာပါဆိုတာကို အတိအလင်းပြောနေတာဗျ၊ ကရင်တကျပ်ဗမာတကျပ် ဆိုတာအသာထား၊ ကရင့်ကံကြမ္မာကရင်ဖန်တည်းဘို့ဝေးလို့ နည်းနည်းလေးမျှ မလှုပ်သာအောင် တဆင့်ပြီးတဆင့် ညစ်နေတယ်ဆိုတာ ဦးအောင်သောင်း ပြောတဲ့ စကား၊ ဦးအောင်မင်းပြောတဲ့ စကားတွေမှာ ပါနေတာ ကို သတိထားမိကြမယ်လို့ ထင်ပါ
တယ်။

တိုင်းရင်းသားတွေကို ကျုပ်တို့အရိုးဆုံးနဲ့အရှင်းဆုံးပြောရလျင် သစ်ပင်ကို သင်းသတ်သလိုလုပ်နေတာပါ၊ သစ်စိမ်းကို
ခုတ်လိုက်လျင် အခက်အခဲရှိနေလေတော့ ပင်စည်ရင်းက အခေါက်ကိုပင်စည်ပတ်ပတ်လည်သင်လိုက်လျင် သူ့ဘာသာ
အပင်ခြောက်ပြီဆိုမှ ချိုင်ချလိုက်တော့ အမြစ်တွေပါ လှန်ပစ်လိုက်လို့ရတယ်မဟုတ်လား။

အဲဒါကို သိနေတဲ့ ကျုပ်တို့ညီအစ်ကို ကချင်က နိုင်ငံရေးအရ ဆွေးနွေးမယ် ပြီးမျှ ငြိမ်းချမ်းရေးဟာ သူ့ဘာသာသူ ဖြစ်
လာမယ်၊ ခိုင်မယ်ပေါ့ဗျာ။

၁၇ နှစ်လုံးလုံး အပစ်အခတ်ရပ်ဆဲရေးလုပ်လာတာ နောက်ပိုင်းပြန်ပြီးပစ်ကြ ခတ်ကြ သတ်ရဖြတ်ရနဲ့ ဆိုတော့တွက်
ချေ မကိုက်ဘူးလေ၊ အခုပဲကြည့် KNU/KNLA PC ဆိုတဲ့ ဒေါက်တာတီးမိုသီနဲ့ တပ်မဟာ၇ တပ်ရင်းမှူး ဗိုလ်မှူး
ထင်မောင်တို့တောင် ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း သူတို့တပ်ဖွဲ့က စစ်သည်၈ဦးအချောင်သက်သက် အသတ်ခံ လိုက်ရပြီးသားကနေ အခုတခါထပ် လက်မှတ်ထိုးဘို့ လုပ်ကြရ ဦးမယ်ဆိုတော့ဗျာ။

ထန်းလျက်ခဲ ခွေးလျက်တဲ့ ငြိမ်းချမ်းရေးမျိုးမဖြစ်ရအောင် သတိမလျစ်စတမ်း ဆွေးနွေးကြဘို့လိုသလို မအောင်မြင်ခဲ့လျင်
အသင့်အနေအထားမျိုး ပြင်ဆင်ထားကြဘို့ လိုအပ်ကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ စောဒေးဗစ်သာကပေါ်နှင့် BBC မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းချက်


Source Audio from http://www.bbcburmese.com
January 28, 2012 Evening

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ ဗိုလ်ချုပ်ဂွမ်မော်နှင့် BBC မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းချက်



Source Audio from http://www.bbcburmese.com
January 29, 2012 Morning

ဗိုလ်မှူးစိုင်းလတ်နှင့် RFAမြန်မာပိုင်းဌာန ဆက်သွယ်မေးမြန်းချက်


Source Audio from http://www.rfanews.org/burmese
ဲJanuary 28,2012 Evening

ဗိုလ်မှူးစိုင်းလတ်နှင့် VOAမြန်မာပိုင်းဌာန ဆက်သွယ်မေးမြန်းချက်


Source Audio from http://www.voanews.com/burmese
January 29, 2012 Morning

ဦးအောင်သောင်းနှင့် VOAမြန်မာပိုင်းဌာန ဆက်သွယ်မေးမြန်းချက်


Source Audio from http://www.voanews.com/burmese
January 29, 2012 Morning

အပျော့နှစ်ဆယ် အမာနှစ်ဆယ် ခွကြားခြောက်ဆယ်

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
Source Photo from http://ottara2008.blogspot.com

အပျော့နှစ်ဆယ် အမာနှစ်ဆယ် ခွကြားခြောက်ဆယ်

(မင်းစိုးစံ)

ဗမာစစ်အစိုးရအုပ်စုနဲ့ပတ်သက်ပြီးသုံးသပ်တာက သဘောထားပျော့ပြောင်းတဲ့လူက နှစ်ဆယ် သဘောထား တင်းမာတဲ့သူက နှစ်ဆယ် ရှိနေပြီး ဆိတ်ကပ်ပယ်အိတ်က ခြောက်ဆယ်လို့ဆိုပါတယ်၊ ဗိုလ် မှူးချုပ်ဟောင်း ဦးကျော်ဇောပြောတာကတော့ အားလုံးဟာ တပ်ချုပ်ကြီးရဲ့ လက်ထဲမှာရှိနေတယ်တဲ့။

ဖြစ်နိုင်ခြေရှိတယ်မရှိဘူးဆိုတာကိုကျုပ်စဉ်းစားကြည့်လိုက်တော့၊ ကျုပ်အမြင်ကတော့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကျော်ဇောပြာတာပို သဘာဝကျတယ်လို့ထင်တယ်ဗျ။

သူဟာ ဗမာ့တပ်မတော်သားဟောင်းတဦးဖြစ်တဲ့အတွက် ဗမာ့တပ်မတော်ရဲ့အတွင်းရေးကို အပြင်ကလူတွေနဲ့စာ လျင် ပိုသိနိုင်တယ်လေ။ အခြားအကြောင်းတွေလည်း ရှိနေမှာပါ။ ကျုပ်လိုက်မမှီလို့ မရေးတော့ပါဘူး။

အသံဖိုင်ကိုသာ နားသောတ ဆင်တော်မူကြပါ။

ဗိုလ်မှူးချုပ်ဟောင်းဦးအောင်ကျော်ဇောရဲ့ သုံးသပ်ချက်


ှSource Audio from http://www.rfanews.org/burmese
January 28 Evening

အပျော့ နှစ်ဆယ် အမာနှစ်ဆယ် ခွကြားခြောက်ဆယ် အပြည့်အစုံ


ှSource Audio from http://www.rfanews.org/burmese
January 28 Evening

Saturday, January 14, 2012

အဓိပ္ပါယ်မသိသော ရင်ခုံသံ

Source Photo from http://www.bbcburmese.com/images

အဓိပ္ပါယ်မသိသော ရင်ခုံသံ

(မင်းစိုးစံ)

January 14 2012

အင်တာနက်ထဲ ၀င်လိုက်တာနဲ့ ကရင်အကျီနီနီရဲရဲတွေ အပြာရောင်တွေများ အဆင်စုံသလို အရောင်ကိုစုံနေတာပဲ။ ခွက်တွေကလည်း အရောင်လေးတွေနဲ့ မျက်နှာတွေကို ကြည့်လိုက်တော့ အံမယ် ပြုံးနေတာလား။
မှိန်းနေတာလား၊ အိပ်ငိုက်နေလို့ မျက်လုံးတွေမဖွင့်နိုင်တာလားတော့ မသိဘူး။

ချွေးပျံနေတာလား အဆီပျံနေတာလား ချွေးနဲ့အဆီတွေရောပြီး အရောင်လက်နေသလား၊ ဆွေးနွေးပွဲဆိုတော့ ထုံးစံ
ပဲလား မသိတတ်ပါဘူးလေ၊ ကျုပ်ကိုယ်တိုင်က ဆွေးနွေးပွဲတွေဘာတွေ တခါမျှမကြုံဘူးဘူးဆိုတော့။
သေခြာတာတခုကတော့ သူတို့တတွေ စားပွဲရှည်ကြီးရှေ့မှာ စားသောက်နေကြတာတော့ အသေအ ခြာပါ။

ဒါက ငြိမ်းချမ်းရေးအတွက် ကိုးဒီသွေးတွေက ဗမာတွေကို သွားတွေ့တာပေါ့၊ ဟိုးအရင်တုန်းက အသုံး အနှုံးနဲ့ ပြောကြည့် ချင်လိုက်တာဗျာ။
မပြောတော့ပါဘူးလေ စိန်ကောင်းကျောက်ကောင်း အရောင်းအ ၀ယ်လုပ်နေချိန်မှာ အချောင်သက်သက် ဆေးရိုးသည်လို့ အထင်ခံနေရဦးမယ်။ ရှိစေတော့။

တခုတော့ပြောမယ်ဗျာ။
အဲဒါကလည်း သူများစကားငှားပြောမှာပါ၊ ဘာတဲ့ မိုးမခမှာ မှတ်ချက်ရေးသွား တဲ့ ဖိုးဆိဆိုတဲ့လူတယောက်ရေးသွားတာ
ခေါင်းဆောင်တွေ သိပ်ပြီး သောက်စားမနေကြနဲ့။
ကိုယ့်ရဲ့သွားတဲ့ ဦးတည်ချက်ရည်ရွယ်ချက်တွေကိုလည်း သတိရအုန်း။

အဲဒီလိုဖိုးဆိကရေးသွားတော့ မချိသွားဖြဲလေးဖြစ်သွားအောင် ဇတ်ဆရာ ဆိုတဲ့လူက မှတ်ချက်လေး ပေးလိုက်ပါတယ်။ အရပ်စကားနဲ့ပြောမယ်ဆိုလျင် ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချေး(ချီး) ပေါ့နော် ကျုပ်ကတော့ အတော်ကို အခံရခက်
လှပါတယ်။ မပြေးသော်လည်း ကန်ရာက ရှိနေခဲ့ပြီမဟုတ်လား။

မဟုတ်ပါဘူးဗျာ…..တစ်ယောက်နဲ့ တစ်ယောက်အထင်အမြင်တွေလွဲလို့ စစ်တိုက်နေကြရပေမဲ့ အခုလို
ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ တကယ့်ကို သမီးယောက်ဖအရင်းတွေလို ရင်းရင်းနှီးနှီး ဆိုတော့ နည်းနည်း ပါးပါး ပေါ့ဗျာ…..ကရင်လူမျိုးတွေ ဟာတကယ့်ကိုရိုးသားပါတယ်…..ကျွန်တော် လည်းကံမပါလို့ပေါ့ဗျာ…..နောက်မို့ဆို ထော့ညှာနဲ့ အော့မေးဝီလီးယားပြီး ကရင်မျိုးဟေ့ တို့ဗမာ ဖြစ်နေပြီ…..ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ပါစေ……ကချင်ပြည်နယ်လည်း အမြန်ငြိမ်းချမ်းပါစေ…..ပြည်ထောင်စု တိုင်းရင်းသား သွေးချင်း ညီအကိုများ အမြန်ဆုံး သာတူညီမျှ အေးချမ်းသာယာပါစေ……….။

အဲဒါမှ ရွှေဗမာ၊ ပညာပါတယ်နော်။
အဆင်းကိုဘီး(ဗိန်း)တတ်ပေးလိုက်တာပေါ့ဗျာ သာသာလေးနဲ့ နာနာနှက်တာ။ စိန်ကရင်တွေက အဲဒီလိုမရေးတတ်ကြ
ဘူး။ ထစ်ကနဲဆို ဆဲရေးတိုင်းထွာဘို့ပဲ တတ်တာ။
(ကျုပ်လည်းပါတယ်)။

စိန်တတ်ခေါ်လိုက်လို့ တမျိုးတော့မထင်နဲ့။ တော်ကြာစိန်ဆိုတာက ရွှေထက်တန်ဘိုးကြီးတယ် ဒီတော့ ကရင်တွေရဲ့တန်ဘိုးဟာ စိန်လိုပဲဆိုပြီး ဘ၀င်လေမခ,လိုက်နဲ့ဦး။
ဗမာပြည်မှာ ရွှေက တသန်းတန်ပြီး စိန်က တသိန်းပဲ တန်တယ်ဆိုတာ မိတ်ဆွေလည်း သိမှာပါလေ။
မသိလျင်လည်း မှတ်ထား။

ဟာ ဒီလူတော်တော်အထ,အန,ကောက်တာပဲ၊ဆိုပြီး ငြိမ်းချမ်းရေးသမားတွေက အပြစ်ပြောလေမလား မသိပါဘူး။
ကျုပ်တို့ရဲ့ ကရင်အမျိုးသားခေါင်းဆောင်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးက ဒုဥက္ကဌ တွေ့ဆုံမေးမြန်းခန်းတခု
မှာပြော သွားတာလေးတခုကို ကျုပ်စဉ်းစားနေတယ်၊ အမှန်အတိုင်းပြောကြစ တမ်းဆိုလျင် ကျုပ်ရင်ခုန်တယ်ဗျာ။

ကောင်လေးနဲ့ကောင်မလေး ချိန်းတွေ့တဲ့အခါ ခုန်နေတဲ့ရင်ခုန်ပုံ မျိုးမဟုတ်ဘူး။ ကျုပ်အသက်က အဲ ဒီလိုရင်ခုန် ရမယ့်အရွယ်ကိုကျော်လာခဲ့တာ အတော်ကြာခဲ့ပြီ၊ ကျုပ်ရဲ့ရင်ခုန်သံကို ခဏခဏနားထောင် ရင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြည့်တယ်။

ကိုယ်မရောက်ဘူးတဲ့ နေရာတနေရာရာကိုရောက်တဲ့အခါ ဥပမာလေးတခုပြောကြည့်မယ် ထိုင်းနိုင်ငံ ထဲကို အသိ မိတ်ဆွေမရှိတဲ့အပြင် တရားဝင်မဟုတ်ပဲ နေနေတဲ့လူတယောက်လို ရင်ခုန်တာမျိုးလား။
ဒါမှမဟုတ် တောနက်ကြီးထဲမှာ ကိုယ်မှာလူသတ်လက်နက်ကိုင်ထားနေလျက်က ကိုယ့်လိုပဲ လက် နက်ကိုယ်စီကိုင်
ထားတဲ့ ဒုစရိုက်သမားတွေ အများကြီးကြား ဖြတ်လျှောက်သွားမိတဲ့ လူတယောက်ရဲ့ ရင်ခုန်ပုံမျိုးလား။
ကျုပ် ပုံမဖေါ်တတ်ဘူးဗျာ။

မိတ်ဆွေအနေနဲ့ ကျုပ်ရင်ခုန်တဲ့အကြောင်းရင်းကို ပုံဖေါ်မကြည့်ချင်ဘူးလား။
ကျုပ်ရင်ခုန်ရသလို မိတ် ဆွေရော ရင်ခုန်မယ်ထင်သလား။
ကြာပါတယ် အောက်က အသံဖိုင်ကို ကလစ်လိုက်ဗျာ။




Source Audio from http://www.rfanews.org/burmese

Source Photo from http://www.bbcburmese.com/images

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Monday, January 2, 2012

အစိုးရသစ်ရဲ့ ရုပ်လုံးပေါ်လာပါပြီ



နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်သော ပြစ်ဒဏ်ကျခံနေရသူများနှင့် ပါတ်သတ်သည့် ကြေညာချက်အပေါ် ထင်မြင်ယူဆချက်များ

Monday, 02 January 2012

နှစ်ပေါင်း ၅၀လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ တကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။ အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေး ကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရအဖွဲ့သစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံချင်သလိုဖြစ်နေတဲ့ စိတ်တွေတောင် ပျောက်ဆုံးသွားပါတယ်။


ဒါကိုမှ မယုံရရင် ဒေါ်စုကို ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။ အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။


လုပ်ရိုးလုပ်စဉ် လျော့ရက်ပေးတာမျိုးပါ။ ဒီလိုမျိုးဆိုတာ ထောင်ထဲမှာ ရှိပြီးသားပါ။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးပဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး။

လူထုဦးစိန်ဝင်း (ဝါရင့်သတင်းစာဆရာ)

အခုလို နားလှည့်ပါးရိုက်တဲ့ ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင် ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့ အရှက်ကွဲနေသလိုဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့သိက္ခာမရှိသလိုဖြစ်နေတယ်။ ဒီလူတွေဟာ ဘယ်လောက်အထိ အငြိုးအာဃာတ ကြီးနေသလဲ၊ အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေ များနေသလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။

ဒါဟာ သိပ်မကောင်းဘူးလို့ထင်တယ်။
ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံး ပြဿနာလိုလဲ ဖြစ်တယ်။ လူတိုင်းရဲ့ခေါင်းထဲမှာ ရင်ထဲမှာ ရောက်နေတဲ့ ပြဿနာလည်းဖြစ်တယ်။ ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ် တစ်ခါထဲကို ခဝါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။

လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးအဲဒါတွေ ဆုံးရှုံးသွားအောင် လုပ်နေတာပဲဗျ။

အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို အခုလို နှစ်ပေါင်း၆၀ကနေ၃၀ရောက်၊ ၆၀နဲ့ ၆၀ခံနေရတာကနေ ၃၀ပဲခံရခံရ ခွန်ထွန်းဦးလိုလူမျိုး နှစ်ပေါင်း ၉၀ ကနေပြီးတော့ ၃၀ပဲခံရခံရ တူတူပဲဗျ၊ နှစ်ပေါင်း ၃၀ ဆိုတာကလည်း နည်းနည်းနောနောနှစ်မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကိစ္စကို စဉ်းစားဖို့လိုတယ်။
နောက်တစ်ခါ အခြေအနေကြုံခဲ့သော်၊ ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ ပေါ်ခဲ့သော် တစ်ခါတည်း လွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်ကထင်ပါတယ်။

ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်, NLD)

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာNLD ပါတီရွေးကောက်ပွဲဝင်ရုံလောက်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်တယ် ဆိုတာကလည်း လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ရုံနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်တာမဟုတ်ဘူး။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစိုးရအနေနဲ့ စစ်စစ်မှန်မှန် လုပ်ဆောင်ဖို့ လိုနေပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကိုသီးသန့်လွှတ်ပေးမှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်မယ်လို့ ပြည်သူတွေက ယူဆနေကြတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ထိန်းသိမ်းတာတွေ ရပ်စဲခြင်းမရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ လုံးဝယူဆလို့မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်။

ဒေါက်တာ သန်းထွဋ်အောင် (CEO, Eleven Media Group)

ဒီကြေညာချက် ထွက်လာပြီးနောက်မှာ ကျွန်တော်နားလည်မိတာကတော့ အနှစ် ၂၀အောက် ထောင်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ် လေးပုံတစ်ပုံ လျော့မယ်ဆိုတာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅နှစ်နဲ့ လေးမှုအထက် ကျသူတွေ ဖြစ်နေပါတယ်။

ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂၀အောက် လေးပုံတစ်ပုံထဲပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈နှစ်နဲ့ ၄ လကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သူတို့တွေ လွတ်လာဖို့ မလွယ်ပါဘူး။

ဒီလို လေးပုံတစ်ပုံ လျော့ချပုံအရကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်လာဖို့ မမျှော်လင့်ရပါဘူး တစ်ချို့လွတ်ရက်နီးလို့ ရက်စေ့တဲ့သူတွေတော့ပါကောင်းပါလာ
နိုင်ပေမဲ့ ခေါင်းဆောင်တွေကတော့ ကျန်နေခဲ့ရမဲ့ သဘောရှိပါတယ်။

အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းတာတွေလည်း လုပ်သင့်သလောက် လုပ်နေတဲ့အချိန်မှာ ဒီလူတွေကို လွှတ်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေပါတယ်။

နောက်တစ်ချက်ကတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဝိသေသတွေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေမှာ ဒီလူတွေ ပါဝင်ခွင့်မရသေးတာကြောင့် အနှောက်အယှက် ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။

ကိုမြတ်သူ (ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား အဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်)

အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမှုတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေ
သူတွေကို နိုင်ငံတော်အတွက် စွန့်လွတ်အနစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင် လုံးဝမတရားပါဘူး။

ဒီလိုရာဇ၀တ်မှု ကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေနဲ့ တစ်တန်းတည်း ထားလိုက် တာဟာ နိုင်ငံတော်သစ်အတွက် အန္တရာယ်အရမ်းကြီးပါတယ်။
ဖြစ်စေချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင် လွှတ်ပေးသင့်တာပါပဲ။

ဒီလိုမှ မဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိဘဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမှာလဲ။
ဒါရိုက်တာ ၀ိုင်းဒီလိုလျော့ချမှုတွေကို ဘယ်သူတွေကမှ ထောက်ခံမှာ မဟုတ်သလို ဘယ်သူတွေကမှ သဘောကျမှာလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။

ဖြစ်သင့်တာကတော့ case တစ်ခုချင်းစီကို case by case ပြန်ပြီး စဉ်းစားသင့်တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီအမှုတွေကို စီရင်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီး စိစစ်သင့်တယ်။
အမှုတွေဟာ တရားဝင်၊ မဝင်၊ တကယ်ရှိ၊ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့၊ အစိုးရကို မကောင်းပြောခဲ့တာလေး တစ်ခုနဲ့ ဒီလူတွေကို ၆၅နှစ်လောက် ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ မုဒိမ်းမှုကျူးလွန်တဲ့သူတွေတောင် ဆယ်နှစ်လောက်ပဲ ထောင်ကျတာ။

ဟိုအရင်ခေတ်က အစိုးရကို မကောင်းပြောခဲ့တာပဲ။ ဒီဘက်ခေတ် အစိုးရလက်ထက်မှာ ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီ အခင်းအကျင်းမှာ ပါခိုင်းလိုက်ပေါ့။ ဒီဘက်ခေတ်မှာ ဒီလူတွေက ဥပဒေနဲ့ မညီတာတွေလုပ်ရင် ဒီဘက်ခေတ်ဥပဒေနဲ့ ပြန်ပြီး အရေးယူပေါ့။

နိုင်ငံရဲ့ အပြောင်းအလဲမှာ ဒီလူတွေကို ပါဝင်ခွင့်မပေးတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်မှုမရှိပါဘူး။
လွှတ်ပေးစေချင်ပါတယ်။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်
 

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေရော အများပြည်သူတစ်ရပ်
လုံးကပါ လွတ်စေချင်နေကြပါပြီ။
သူတို့တွေက ရာဇ၀တ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ နိုင်ငံအတွက် အနစ်နာခံပြီး ရောက်နေကြရတာလေ။
အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ရောနှောပြီး သုံးနှုန်းပြောဆိုတာ ခွဲခွဲခြားခြား မသိရတာတွေကို တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။
ဒါကို ကြည့်ချင်အားဖြင့် ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ အစိုးရသစ်တစ်ရပ်ဆိုတာကို ယုံကြည်နိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး

ဒီကြေညာချက် ထွက်လာတဲ့အခါမှာ Something is better than nothing လို့ ထင်ပေမဲ့ ပြည်သူတွေက
ရော၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကရော လွတ်လွတ်ကျွတ်ကျွတ် လွတ်လာမှာကို မျှော်လင့်နေကြတာ တွေ့
ရပါတယ်။
ဒါကြောင့်မို့ အခုလို ဈေးဆစ်ပြီး လုပ်နေတာတွေကို လျော့ပြီး ဒီလူတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပါလာပြီဆိုရင် ပိုပြီး အကျိုးရှိတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နောက်ပြီး အခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။
NLD နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အခင်းအကျင်းတွေ လုပ်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတကာ ပြည်သူတွေရော၊ ပြည်တွင်း ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။
သူတို့တွေ ဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေကို ပြည့်စေချင်တယ်။
NLD မှတ်ပုံတင်ဖို့နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်စေဖို့ အကြာကြီးစောင့်ပေးခဲ့တာပဲဗျာ။ အဲသလောက်တောင် စောင့်ပေးခဲ့ပြီးခါမှာ ဒီလူတွေကိုလည်း နိုင်ငံရေးအခင်းအကျင်းထဲ ပြန်ပြီးတော့
ပါဝင်နိုင်အောင် လုပ်ပေးရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
 
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါတ်သတ်ပြီး အဆိုတင်သွင်းကြ
သလို တပ်မတော်သားကိုယ်စားလှယ်တွေရော အာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေ ပါ ထောက်ခံ
ဆွေးနွေးခဲ့ကြတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒီကိစ္စကို ပြောခဲ့တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ ယခင်ကထက် နီးကပ်လာပြီလို့ ဒီဇင်ဘာလဆန်းတုန်းက ပြောထားပါတယ်။
ဟီလာရီကလင်တန်လာတုန်းကလည်း ဒီကိစ္စကို အဓိက ကိစ္စတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြတယ်။
ဘာပဲဖြစ်ဖြစ် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။
ဥပဒေပြုရေး မဏ္ဍိုင်ထဲမှာပါဝင်တဲ့ လွှတ်တော်တွေ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည် သူတွေရဲ့ ဆန္ဒကို အုပ်ချုပ်ရေးမဏ္ဍိုင်က အသိအမှတ်ပြု လေးစားသင့်ပါတယ်။
အခုထုတ်ပြန်ချက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။


ဝေဖြိုး (အယ်ဒီတာချုပ်၊ Weekly Eleven News Journal) 


NLD ပါတီမှ တာဝန်ရှိသူများအပါအဝင် အခြားပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်များအား ရရှိနိုင်ရန် ဆက်သွယ်လျက်ရှိပါသည်။ ထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားပါမည်။


Credit http://www.news-eleven.com

Friday, December 30, 2011

မေးဖြေရာမှာ သတိထားစရာ

မေးဖြေရာမှာ သတိထားစရာ

(မင်းစိုးစံ)

ကျုပ်က ကရင်လူမျိုးစစ်စစ်တယောက်ပါ။
ဗမာစကားကို လိမ့်ပတ်လည်အောင်ပြောတတ်သူတယောက်မဟုတ်သလို ဗမာစာကိုလည်း ဟုတ္တိပတ္တိ သင်ကြားခဲ့ရသူတယောက်လည်း မဟုတ်ပါဘူး။

အဲဒါတွေအပြင် ဘယ်သူတဦးတယောက်ကိုမျှ မေးခွန်းတွေမမေးခဲ့ဘူးသလို ဘယ်သူတဦးတယောက်မျှရဲ့ အ မေးကိုလည်း မဖြေခဲ့ဘူးပါဘူး။
ဆိုလိုချင်တာကတော့ လေလှိုင်းပေါ်ကနေ အမေးအဖြေ မလုပ်ခဲ့ဘူးပါဘူး။

ဒါကြောင့် ၀ါရင့်သမ္ဗာရင့် သတင်းသမားတွေရဲ့ မေးဖြေခန်းတွေနဲ့ပတ်သက်လို့ ကောင်းကောင်းနားမလည်တာနဲ့ ဒီအကြောင်းအရာကို တင်ဆက်ဖြစ်တာပါ။
အဲဒီအတွက် အမှားတစုံတရာပါသွားခဲ့လျင် နားလည်ခွင့်လွှတ်ပေး ဘို့တောင်းပန်ပါတယ်။

တဆက်တည်းပြောလိုတာက အကြောင်းအချင်းရာကို အဓိကထားတာမဟုတ်ပဲ မေးပုံဖြေပုံလေးတွေကိုသာ အ ဓိကထားတာဖြစ်တဲ့အပြင် မေးမြန်းသူတွေနဲ့ဖြေဆိုသူတွေရဲ့ အကျိုးစီးပွါးကို ထိခိုက်စေလိုတဲ့ဆန္ဒ စိုးစဉ်းမျှမပါ
သလို ကျုပ်ရဲ့သေးမွှားလွန်းတဲ့ ဥာဏ်လေးနဲ့ လိုက်မမှီနိုင်တဲ့ အကြောင်းအရာကို သိလိုတဲ့စိတ်တခုပဲရှိပါတယ်
ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။

မေးတဲ့သူက အခုလိုမေးလာပါတယ်။
ဦးတင်အေးတို့ဘက်က ရွေးကောက်ပွဲရက်ကို ဘယ်တော့လောက်လုပ်မယ်ဆိုတာကိုပြောပါသလား။
ဖြေပြီးသွားတာနဲ့ အောက်ကအမေးကို ဆက်ပါတယ်။

ဘယ်တော့လောက်များသိနိုင်မယ်လို့ပြောပါသလဲ။

မိတ်ဆွေသာ ဖြေသူရဲ့နေရာမှာဆိုလျင် ဘယ်လိုပြန်ဖြေမှာပါလဲ။
တကယ်လို့များ မိတ်ဆွေသာ မေးမြန်းစုံစမ်းသူတယောက်ဆိုလျင် ဖြေဆိုသူရဲ့အဖြေကို ကြေနပ်အားရ ပါရဲ့လား။မိတ်ဆွေသာ အဲဒီအမေးအဖြေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးရမယ့် သူတယောက်ရဲ့နေရာမှာဆိုလျင် ဘယ်လို ထင်မြင်ယူဆမှာပါလဲ။



မေးတဲ့သူက အခုလိုမေးလာပါတယ်။
အန်ကယ်တို့အခု အင်းစိန်ထောင်ကိုသွားတဲ့အခါမှာ အစာငတ်ခံဆန္ဒပြတဲ့လူတွေရဲ့အခြေအနေကိုရော ဘယ်လိုတွေ့ခဲ့ရသလဲရှင့်။
ဖြေပြီးပြီးခြင်းအောက်ကအမေးကို ဆက်ပါတယ်။

သူတို့တောင်းဆိုခဲ့တဲ့အချက်တွေကျတော့ အာဏာပိုင်တွေနဲ့ဘယ်လိုညှိနှိုင်းခဲ့ကြသလဲရှင့်။

မိတ်ဆွေသာ ဖြေဆိုသူရဲ့နေရာမှာဆိုလျင် ဘယ်လိုပြန်ဖြေမှာပါလဲ။
တကယ်လို့များ မိတ်ဆွေသာ မေးမြန်းစုံစမ်းသူတယောက်ဆိုလျင် ဖြေဆိုသူရဲ့အဖြေကို ကြေနပ်အားရ ပါရဲ့လား။မိတ်ဆွေသာ အဲဒီအမေးအဖြေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးရမယ့် သူတယောက်ရဲ့နေရာမှာဆိုလျင် ဘယ်လို ထင်မြင်ယူဆမှာပါလဲ။



ကျုပ်အဓိကထားပြောချင်တာကတော့ ကရင့်အမျိုးသားရေးကို အားကြိုးမာန်တက်ဆောင်ရွက်လုပ်ကိုင်နေကြ
တဲ့ ကရင်ခေါင်းဆောင်တွေအချို့အနေနဲ့ သတိထားတတ်ဘို့ဖြစ်ပါတယ်။

မတော်တဆ တွေ့ဆုံမေးမြန်းခန်းတွေ ဖြစ်ဖြစ် ဆက်သွယ်မေးမြန်းခန်းတွေဖြစ်ဖြစ် မလွှဲသာမရှောင်သာလို့ လုပ်ရတော့မယ်ဆိုလျင် ပေါ့ပေါ့တန်တန်သ ဘောမထားပဲ အလေးအနက်ထားပြီးဖြေဆိုစေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ဟာ ကရင်ပြည် သူလူထုအရေးကို ကိုယ်စားပြုဆောင်ရွက်နေကြရလို့ဖြစ်ပါတယ်။

ကရင်လူမျိုးတယောက်ဖြစ်တဲ့အတွက် လူမျိုးခြားစကားကိုမပီတာ၊ နားမလည်နိုင်တာတွေဟာ ရှက်စရာမဟုတ်ပါဘူး။ သိမ်ငယ်စရာလည်းမလိုပါဘူး။ (အသေအခြာနားလည်လျင် ကောင်းသည်)

အထူးသဖြင့် တဘက်နဲ့တဘက် အခြေအတင်ဆွေးနွေးကြရတဲ့အခါမျိုး၊ အကြိတ်အနယ်ပြောဆိုရမယ့် အခြေအနေ မျိုးရောက်လာလျင် ကြုံလာလျင် ကိုယ်နားမလည်တဲ့ ဘာသာစကားမျိုးဖြစ်ခဲ့လျင် ယုံကြည်စိတ်ချရတဲ့ ဘာ သာပြန် ကိုသုံးဘို့အရေး ၀န်မလေးကြပါနဲ့။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Tuesday, November 8, 2011

ငါတို့၏ကျဆုံးရာကား

Source Photo from http://thawthikho.blogspot.com/2011/11/2011.html
ငါတို့၏ကျဆုံးရာကား 

11/08/2011

E-Mail မှတဆင့် ရရှိလိုက်တဲ့စာတစ်စောင်ကို လက်ဆင့်ကမ်းလိုက်ပါတယ်.......

မိမိဘာသာကိုသော်၎င်း၊ တခြားဘာသာတရားကိုသော်၎င်းလေ့လာခြင်းအားနည်းမှု၊ တရားဟောဆရာ ပြောတိုင်းဟုတ်၊ ဘုန်းကြီးဟောတိုင်းမှန် ပင်ကိုယ်ဆင်ခြင်တုံတရားအားနည်းမှု၊ အသုံးမပြုမှုသည် ကရင်အမျိုးသားများကြားဖြစ်ပွားနေသော ဘာသာရေးအစွန်းရောက်မှု၊ တခြားသောဘာသာအားမသိ၊ မလေးစားမှု ၏အခြေခံအရင်းအမြစ်ဖြစ်သည်။

ကရင်လူမျိုးများအကြား၌ ဘာသာရေး အမြင်ကျဉ်းမြောင်းမှု၊ ငါ့ဘာသာ၊သူ့ဘာသာခွဲခြားမှု သည် အရှိတရားတခုဖြစ်၍ အငြင်းမပွားနိုင်ပါ။ ယင်းကြောင့်ပင် အချင်းချင်းစစ်ပြိုင်သတ်ဖြတ်ကြသည်မှာ မပြေးသော်လည်းကန်ရာရှိ ၍ ကရင့်သမိုင်းတွင်ဝမ်းနည်းဖွယ် အမည်းစက်တင်ကျန်ခဲ့ပါသည်။နို

ဝင်္ဘာလ ၁၇ ရက်တွင် အဲခေါင်သောင့် ဘလော့၌ တင်ထားသည့် မီးလောင်သွားသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗီဒီယိုခလစ်ပ်သည် အင်မတန်မှ ၀မ်းနည်းစရာကောင်းပြီး သင်္ခန်းစာ ယူသင့်သော ဖြစ်ရပ်များစွာထဲမှ တခုဖြစ်ပါသည်။ အမျိုးသားရေးနှင့် ဘာသာရေးမကွဲပြားခြင်း၊ မခွဲခြားနိုင်ခြင်း၊ ဘာသာရေးအစွန်းရောက်ခြင်းများက ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး ပျော့ကွက်တခုဖြစ်သည်မှာ ငြင်းကွယ်၍ မရနိုင်သောအမှန်တရားတခုဖြစ်ပါသည်။

ကရင်အမျိုးသားတို့၏ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဘလော့ပိုင်ရှင် အဲခေါင်သောင့်၏ အမြင်၊ သဘောထားကို စာရေးသူအနေဖြင့် များစွာနှစ်သက်၍ သဘောတူလှပါသည်။

သို့သော် ဤဗီဒီယိုကလစ်ပ် နှင့်ပတ်သက်၍ ရင်မှာဖြစ်လာသောမေးခွန်းများစွာကိုလည်းဆွေးနွေးလိုပါသည်။ ဤဖြစ်ရပ်သည် ၂၀၀၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ သို့သော် ဘယ်နေရာ၊ ဘယ်သို့ဖြစ်သည်။ ဘာကြောင့်ဖြစ်သည်၊ ဘယ်သူ၊ဘယ်တပ်ကပြုလုပ်သွားသနည်း၊ တမင်ပစ်မှတ်ထား မီးရှို့သွားသည်လား၊ လုပ်ကြံဇာတ်လမ်းအခုလား ဟူသည်ကားယနေ့ထိ တိကျသေချာမသိရပါ။ မည်သည်ကြောင့်ဖြစ်သည် ဖြစ်စေ၊ ၀မ်းနည်းဖွယ် ဆိုသည် ကိုကား ငြင်းဖွယ်ရာမရှိပါ။

၂၀၀၅ ခုနှစ်ဝန်းကျင်တ၀ိုက်သည် ဒီကေဘီအေ အင်အားတန်ခိုးအာဏာကြီးထွားနေဆဲ အချိန်ကာလဖြစ်ပါသည်။ ကေအဲန်ယူနှင့် စစ်အစိုးရငြိမ်းချမ်းရေးဆွေးနွေးနေသော အချိန်လည်းဖြစ်ပါသည်။ ဗိုလ်ကျော်သန်း၏အဆိုအရ “ယင်းကဲ့သို့သောဖြစ်ရပ်များရှိပါလျက် မိမိတို့မှာ ကေအဲန်ယူကို မကောင်းဝါဒဖြန့်ခြင်းမလုပ်ခဲ့ဟုဆိုပါသည်။

ယင်းသို့ပြုလုပ်ပါက မိဘအားမကောင်းပြောရာ ရောက်မည်စိုးသောကြောင့်ဟုဆိုပါသည်။” သို့သော် ဗီဒီယိုခလစ်ပ် တခုလုံးတွင် ကေအဲန်ယူအားစက်ဆုပ်စွာ အပြစ်တင်ခြင်းကိုသာ ကမ္ဘာချီ အစအဆုံး ပြောနေခဲ့သည်။ ၄င်းပြောသကဲ့သို့ ကရင်လူမျိုးစည်းလုံး ညီညွတ်ရေးကို ရင်ထဲမှလိုလားခဲ့သည်မှန်ကန်ခဲ့ပါက ၂၀၀၅ ခုနှစ်မှ ရိုက်ကူးခဲ့သောယခုဗီဒီယို သည် ဘာကြောင့် ၂၀၁၁ ခုနှစ် ယခုလိုအချိန်မျိုးမှာမှ မီဒီယာပေါ် (တကျော့ပြန်)ရောက်လာရ သနည်း။

စဉ်းစားစရာဖြစ်လာပါသည်။
တချိန်ကပြိုကွဲ၊ လမ်းခွဲခဲ့သော ဒီကေဘီအေနှင့် ကေအဲန်ယူကရင် လက်နက်ကိုင်တပ်များ ပြန်လည်ပူးပေါင်းလာချိန်၊ နားလည်ကျေအေးလာချိန်၊ လက်တွဲညီညွတ်လာချိန်မှာမှ ဘာကြောင့်အချိန်ကိုက်ပေါ်လာရသနည်း။ တွေးဆဆင်ခြင်စရာဖြစ်ပါသည်။

ကေအဲန်ယူ ၏ဦးဆောင်မှုအောက်တွင် ကရင်အမျိုးသားများ ညီညွတ်ခဲ့စဉ် မြန်မာပြည်၌အင်အားကောင်းသော တော်လှန်ရေးအင်စားစုတခုအဖြစ်ဂုဏ်ယူဖွယ်ရပ်တည်ခဲ့သည်မှာသမိုင်းဖြစ်ရပ်မှန်ဖြစ်ပါသည်။ သို့သော် ချိနဲ့ အားနည်းသောအုပ်ချုပ်မှု၊ ဘာသာရေးမညီညွတ် မမျှတမှု၊ မြုံနေသောဘာသာရေး အစာမကျေမှုများအား လစ်လျူရှုထားမှု၊ အမျိုးသားရေးအသိရှိသော်ငြား နိုင်ငံရေးအသိ အားနည်းမှု စသော စသော အားနည်းမှု များကြောင့် ရန်သူစစ်အစိုးရမှ ငါးကြင်းဆီနှင့်ငါးကြင်းကြော်၍ ကရင့်တော်လှန်ရေး ကိုဖြိုခွဲနိုင်ခဲ့ပါသည်။
 ကရင်တော်လှန်ရေးနှင့် ကရင်တမျိုးသားလုံးအတွက် ဆိုးရွားအထိနာခဲ့သော သမိုင်းသင်္ခါန်းစာဖြစ်ပါသည်။

ဘာသာရေးအစွန်းရောက်သောကေအဲန်ယူခေါင်းဆောင်အချို့ကြောင့် ကရင်ဗုဒ္ဓဘာသာဝင်များ နစ်နာခံစားခဲ့ရသလို ဒီကေဘီအေတခေတ်တွင် ဘာသာရေးအစွန်းရောက်သောဒီကေဘီအေအချို့ကြောင့် ခရစ်ယာန်ဘုရားကျောင်းများစွာဖျက်ဆီးခံခဲ့ရပါသည်။

ခရစ်ယာန်ဘုန်းတော်ကြီးအချို့ ညှဉ်းပမ်း သတ်ဖြတ် ခံခဲ့ရပါသည်။ ဗုဒ္ဓဘာသာထဲသို့ကူးပြောင်းရန်ငြင်းဆိုသဖြင့် လူနည်းစုခရစ်ယာန်နှင့် မိရိုးဖလာကိုးကွယ်သူအချို့ ဆရာတော်အမိန့်ဟုဆိုကာ မိမိအိမ်နှင့်ရွာမှ အဓ္ဓမစွန့်ခွါ ရွှေ့ပြောင်းစေခဲ့မှုများ ရှိခဲ့ပါသည်။ ဆိုလိုသည်မှာ ဘာသာရေးအစွန်းရောက် အချို့သော ပုဂ္ဂိုလ်များ၊ အမည်ခံအမျိုးသားခေါင်းဆောင်များ၊ အရေခြုံ ဘာသာရေး ခေါင်းဆောင်များကြောင့် ကရင်လူမျိုးများစွာ ဒုက္ခပင်လယ်ဝေခဲ့၊ ငိုကြွေးပူဆွေးခဲ့ရပါသည်။ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါသည်။

ထို့ကြောင့်ဒီကေဘီအေ၊ ကေအဲန်ယူဆိုပြီး လုပ်ရပ်တခု၊ အဖြစ်အပျက်တခုကို ဥပမာပေး၍ ဘာသာရေးနှိပ်ကွပ်မှုရှိကြောင်း၊ နားလည်မှု၊ ညီညွတ်မှုရှိရန်လိုအပ်ကြောင်း တင်ပြလာခြင်းသည် စေတနာ မှန်ခဲ့သော်ငြား ကောင်းကျိုးထက်ဆိုးကျိုးသာသက်ရောက်ဖြစ်ပေါ်စေပါမည်။

ဆင်ခြင်ခြင်းတရားထက် နာကျင်ခံစားအညှိုးထားစိတ်သာဖြစ်စေပါမည်။ တခြားသောဘာသာဝင် တဦးဦးက မိမိတို့ ခံစားနစ်နာခဲ့ရမှုကို ဓာတ်ပုံ၊ ဗီဒီယိုဖြင့် ယခုကဲ့သို့ပြန်လည်တင်ပြလာပါက ဤဇာတ်လမ်းဘယ်မှာဆုံးတော့မည်နည်း။ အပြန်အလှန်စွပ်စွဲခြင်း၊ လက်ညှိုးထိုးခြင်း၊ မဆုံးနိုင်သောသံသရာထဲတွင် ကရင်လူမျိုးများမည်သည့်တိုင်အောင် ဘ၀မေ့ပျော်မွေ့နေဦးမည်နည်း။

ကျွန်ုပ်တို့ ခံခဲ့ရသမျှ၊ နာကျင်ဆုံးရှုံးခဲ့ရသမျှ တဦးအပေါ်တဦးလက်ညှိုးထိုးနေ၍ မည်သို့သောအဖြေမှရနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ အားနည်းမှု၊ မသိနားမလည်မှုသည်သာ ကျွန်ုပ်တို့၏ ဆုံးရှုံးရာ၊ ကျဆုံးရာဖြစ်သည်။ ကရင်အားလုံး ငါ၊ ငါ့ဘာသာ၊ ငါ့အဖွဲ့အစည်း ဆိုသောအတ္တစိတ်ကိုဖယ်ရှားနိုင်၍ ခိုင်မာမှန်ကန်သောအမျိုးသားရေးအသိ၊ အမျိုးသား ရေးသတိဖြင့် ရှေ့ဆက်လက်တွဲ၍ အမျိုးသားရေးကို ဆောင်ရွက်နိုင်ပါစေ။

ရဲရဲတွေး

Reference: အတွေးအမြင်

Copy from http://kanyawpo.blogspot.com/2011/11/blog-post_8715.html

Friday, June 24, 2011

လက်တွေ့သင်တန်း စ ပြီ

Source Photo from http://www.bbcburmese.com/images
ဗမာစစ်အစိုးရတပ်ထံမှ ကချင်လွတ်မြောက်ရေးတပ်က သိမ်းဆည်းရမိသည့် စစ်အသုံးအဆောင်များ စစ်ဆေးစဉ်

မြို့ပြတိုက်ပွဲ ချေမှုန်းရေးအတွက်

မြန်မာအစိုးရတပ် စစ်သင်တန်းပေးမည်

ဇွန်လ ၂၀ရက်။
စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ပြည်ချာစစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မြို့ပြတိုက်ပွဲ
အနီးကပ်ချေ မှုန်းရေးအတွက် မြန်မာစစ်တပ်က အရာခံနှင့် ဒု-အရာခံဗိုလ် ၈၅ဦးကို ယခုဇွန်လ ၂၅ရက်နေ့မှ သြဂုတ်လ ၃၀ရက်နေ့အထိ စစ် သင်တန်းတစ်ခု ပို့ချပေးသွားရန်ရှိသည်ဟု နီးစပ်သူများထံမှ သတင်းရရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈)၊ (၁၃)၊ (၂၀)တို့၏ လက်အောက်ခံ တပ်ရင်းများနှင့်
စစ်ဗျူဟာ-စဗဟ(၁)၊ (၂)၊ (၃)တို့၏ လက်အောက်ခံတပ်ရင်းများမှာ စစ်သင်တန်းတက်ရန်အတွက် ၎င်းတို့၏ တပ်ရင်းတစ်ရင်းလျှင် ၂ဦး နှုန်းဖြင့် ပို့ဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက ကေအိုင်စီကို ပြောသည်။

“စစ်တပ်ကတော့ အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်းပေးတာပဲ။ တပ်ရင်းတစ်ရင်းကို ၂ယောက်ပဲ။ သင် တန်းကတော့ ၂လကျော်ပေါ့နော်။ သင်တန်းပြီးရင်တော့ မြို့ပြတိုက်ပွဲချေမှုန်းရေးကို ဘယ်လို အကောင်အထည်ဖော်မလဲဆို တာတော့ စောင့်ကြည့်ရအုံးမှာပေါ့။”ဟု ပြောသည်။

ပြည်ချာစစ်လေ့ကျင့်ရေးကျောင်းသည် ကဒဲနှင့် ပုလောရွာ(ပုလောမြို့နယ်ခွဲ)အနီးမှ အိမ်ခြေ ၃၀၀ခန့်ရှိ ပြည်ချာရွာတွင် တည်ရှိ ပြီး မြန်မာစစ်တပ်၏ သင်တန်းမှူး ဒုဗိုလ်မှူးကြီးတင်မြင့်က ဦးစီးကွပ်ကဲလျှက်ရှိသည်ဟု သိရသည်။
သတင်းကို နည်းနည်းလေး ပြင်ဆင်ဖြတ်တောက်လိုက်ပါတယ်။ ဒီအတွက် ကေအိုင်စီက စောခါးဆူးညား ကို အထူးတောင်းပန်အပ်ပါတယ်။

ဗမာစစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံလေးတွေက ကလေးတောင်သိပါတယ်။
တနင်္သာရီ တိုင်းဘက်မှာ သင်တန်းပို့ချတယ်။ မန္တလေးတိုင်းဘက်မှာ လက်တွေ့စမ်းသပ်တယ်။
ပြီးတော့ သူခိုးက လူကိုဟစ်တယ်။

သင်တန်းက ဇွန်လ ၂၅ရက်နေ့မှာ စ တယ်ဆိုတော့ ဇူလိုင် ၂၃ မှာ တလပြည့်တယ်။
အဲဒီတော့ သင်တန်းသားတွေရဲ့ လေ့လာမှတ်သားမှုနဲ့ စွမ်းဆောင်နိုင်မှု စမ်းသပ်ဘို့အတွက် ဗမာပြည်ရဲ့ တောင်ပိုင်းမှာ
မလုပ်ပဲ တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းကို ရွေးလိုက်ခြင်းအားဖြင့် သူခိုးလူဟစ်တာ ဘယ်သူမျှ မထင်နိုင်ဘူး။

အဲဒီတော့ တနေ့ထဲ ဗုံးတွေ အဆက်မပြတ်ကွဲကုန်တော့ တာပေါ့။

စစ်တပ်က သူတို့အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်းပေးတာပဲ ဆိုတဲ့ အပြောအရ ပြည်ခြာဆိုတဲ့ရွာမှာ
သင်တန်းစခန်းဖွင့် နေပြည်တော်မှာ လက်တွေ့စမ်းသပ် အဲဒါ ဗမာစစ်အစိုးရရဲ့ မြို့ပြတိုက်ပွဲ ချေမှုန်းရေး ပါတဲ့ ဗျာတို့။

တခုတော့ရှိတယ် သူတို့ကို (ဗမာစစ်အစိုးရကို) အာခံတဲ့လူ ဆန့်ကျင်တဲ့ လူ ဆန့်ကျင်တဲ့အဖွဲ့နဲ့
ပေါင်းတဲ့လူဆိုလျင်တော့ ဘာမဆိုင် ညာမဆိုင် ဆွဲကုပ်ခံရမှာအသေအခြာပဲ။

ခရီးထွက်မယ် ဆိုတဲ့ ဒေါ်စုရဲ့ခရီးစဉ်ကိုလည်း တစုံတရာ အကျိုးသက်ရောက်နိုင်သယောင်ယောင်
ဖန်တည်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒါတွေကတော့ ကျုပ်ရဲ့ လူပြိန်းအတွေးပါ။
ကျန်းမာချမ်းသာကြပါစေ။

Saturday, June 4, 2011

အာဏာတည်မြဲရေးကိုအဓိကထားတဲ့ ဗမာ တိုင်းပြည်ကြီးပွားတိုးတက်ရေးကို အဓိကထားတဲ့ တရုတ်

Source Photo from http://www.bbcburmese.com/images

တရုတ်-မြန်မာ ကျိတ်ဝိုင်း

By ဦးအောင်ခင် & မညိုညိုလွင်
စနေ, 04 ဇွန် 2011

သမ္မတဦးသိန်းစိန် ကို နိုင်ငံတော်အကြီးအကဲအနေနဲ့ ဘေဂျင်းမြို့ တော်မှာ တခမ်းတနား ကြိုဆိုဧည်ခံတာဟာ ဗမာစစ်အုပ်စုရဲ့ လုပ်ဇာတ်ကို တရုတ်အစိုးရက တရားဝင်အသိအမှတ်ပြုပြီး ချီးကျူးဂုဏ်ပြု လိုက်တာ ဖြစ်ပါတယ်။ နောက်တော့ သဘောတူညီချက် (၉) ခု လက်မှတ်ရေးထိုးပါတယ်။ ဒီအထဲမှာ မြန်မာလိုချင်တာရော၊ တရုတ်လိုချင်တာရော ပါဝင်နေပါတယ်။ အသေးစိတ် ထုတ်ပြန်ကြေညာတာမျိုး မလုပ်ပေမဲ့ မြန်မာလိုချင်တဲ့ ဒေါ်လာသန်း (၇၀၀) ကျော်ကို တရုတ်က ချေးလိုက်ကြောင်း သိရပါတယ်။ မြန်မာပြည်မှာ အများဆုံးရင်းနှီးမြုပ်နှံတဲ့နိုင်ငံဟာ တရုတ်နိုင်ငံပါ။ နိုင်ငံခြားကုန်သွယ်ရေးမှာတော့ ထိုင်းက ပထမဖြစ်ပြီး တရုတ်က ဒုတိယနေရာက လိုက်နေပါတယ်။

ဗမာအစိုးရရဲ့  ထိုးစစ်ကြောင့် ၂၀၀၉ သြဂုတ်လက ကိုးကန့်က တရုတ်သုံးသောင်းကျော် ယူနန်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံရတဲ့ အဖြစ်မျိုး မရောက်စေဖို့အတွက် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့လည်း နှစ်ဘက်အစိုးရခေါင်းဆောင်တွေ သဘောတူလိုက်ကြပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ရေရှည်စီမံကိန်းဟာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှ အကောင်အထည်ပေါ်လာမယ်ဆိုတာကို တရုတ်က သဘောပေါက်ပါတယ်။

ဗမာအစိုးရဟာ မိမိအာဏာတည်မြဲရေးအတွက် တရုတ်ကို အားကိုးနေတာဖြစ်ပြီး တရုတ်ကတော့ ရေရှည်အကျိုးအတွက် ဗမာ့အလိုကျ လုပ်ပေးနေတာဖြစ်ပါတယ်။ တောင်အာရှ၊ အရှေ့ တောင်အာရှ နဲ့ တရုတ်ပြည်အကြား တည်ရှိနေတဲ့ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ် တရုတ်က အသုံးပြုလိုပါတယ်။ မြန်မာ့ဓါတ်ငွေနဲ့ အရှေ့ အလယ်ပိုင်းက ရေနံကို မြန်မာပြည်ကတဆင့် ယူနန်အထိ သွယ်ယူနိုင်ရင် မလက္ကား ရေလက်ကြားကို မှီခိုနေရတဲ့အတိုင်းအတာ နည်းပါးသွားနိုင်တယ်လို့ တရုတ်က တွက်ထားပါတယ်။ မြန်မာ့သဘာဝဓါတ်ငွေ့နဲ့ ရေအားလျှပ်စစ်ကို ရေရှည်အသုံးပြုနိုင်ဖို့ တရုတ်က ရည်ရွယ်ပါတယ်။ တရုတ်ကုန်ပစ္စည်းများကို မြန်မာ့ဆိပ်ကမ်းကတဆင့် နိုင်ငံခြားကို တင်ပို့နိုင်ဖို့နဲ့ မြန်မာ့ဆိပ်ကမ်းမှာ တရုတ်သင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့လည်း တရုတ်က လိုလားပါတယ်။

ဗမာစစ်အုပ်စုဟာ ကမ္ဘာ့အပယ်ခံဖြစ်လာပြီး စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာကို ခံရတာကြောင့် တရုတ်ကို မှီခိုအားထားလာရတာ ဖြစ်ပါတယ်။ ငွေကြေးလက်နက်ပစ္စည်းနဲ့ အတတ်ပညာကို ဗမာအစိုးရက လိုချင်တယ်။ ဗမာအစိုးရလိုချင်တာကို တရုတ်က ပေးနိုင်တဲ့အပြင် သံတမန်ရေးရာမှာလည်း ကူညီနေပါတယ်။ ဥပမာ ဒဧ်ခတ်အရေးယူခံနေရတဲ့ ဗမာအစိုးရကို ကုလသမဂ္ဂမှာ အကာအကွယ်ပေးနိုင်သူဟာ တရုတ်ပါပဲ။ အာဆီယံအသင်းမှာ ဗမာအစိုးရ ဥက္ကဋ္ဌဖြစ်ရေးကိစ္စကိုလည်း တရုတ်က တတ်နိုင်သလောက် အကူအညီပေးမျာ သေချာပါတယ်။ မြန်မာပြည်ကရတဲ့ သယံဇာတဟာ တရုတ်အတွက် အနည်းငယ်သာဖြစ်ပေမယ့် နိုင်ငံရေးပထဝီအနေအထားက တရုတ်အတွက်ပိုပြီး အရေးကြီးတယ်လို့ ယူဆကြပါတယ်။ နိုင်ငံကြီးတခုအနေနဲ့ ဆက်လက်တိုးတက်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ တရုတ်အစိုးရက လိုလားပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ မြန်မာ အပေးအယူဆက်ဆံရေး အဆင်ပြေဖို့ကိစ္စမှာ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေပါတယ်။ နယ်စပ်စစ်ပွဲကြောင့် တရုတ်ရဲ့  အစီအစဉ်တွေ ပျက်စီးသွားနိုင်ပါတယ်။ နယ်စပ်က လူမျိုးစုတွေဟာ မြန်မာပြည်သားဖြစ်သလို တရုတ်ပြည်သားလည်း ဖြစ်ကြပါတယ်။ ယူနန်ပြည်နယ်မှာ လူမျိုးစု (၂၅) စုလောက် နေထိုင်ကြတာမို့ လူမျိုးစုပြဿနာကြောင့် နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်နိုင်တာကို တရုတ်က သဘောပေါက်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ဒီဒေသကို မြန်မာ့နယ်နိမိတ်ထဲ ထည့်သွင်းလိုက်ပေမဲ့ ဒေသခံလူမျိုးစုတွေဟာ ဗမာမင်းရဲ့  တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ နေခဲ့ဖူးတာ မဟုတ်ပါဘူး။ ဒါကြောင့် လူမျိုးစုပြဿနာကို မဆွေးနွေးဘဲ အာဏာပြပြီး တဖတ်သတ်လုပ်လာရင် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်နိုင်ပါတယ်။

ဦးသိန်းစိန်ရဲ့  ခရီးစဉ်အတွင်း ဘေဂျင်းမြို့ တော်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက် (၉) ခုထဲမှာ မြန်မာဆိပ်ကမ်းတွေမှာ တရုတ်စစ်သင်္ဘောတွေ ဆိုက်ကပ်ခွင့်ပြုတဲ့ သဘောတူညီချက်လည်း ပါဝင်တယ်လို့ ခန့်မှန်းကြပါတယ်။ တဖြည်းဖြည်း ကြီးထွားလာတဲ့ တရုတ်ရေတပ်အတွက် ရပ်နားစရာ ဆိပ်ကမ်းရှိရေးဟာ တရုတ်ရဲ့  ရည်ရွယ်ချက်တခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က တရုတ်စစ်သင်္ဘော နှစ်စီး သီလဝါဆိပ်ကမ်းမှာ (၅) ရက်ကြာ ဆိုက်ကပ်သွားတာကို ဗမာက တခမ်းတနားနဲ့ ကြိုဆိုခဲ့ပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေမှာ မိမိတို့ ရေတပ်ရပ်နားနိုင်ဖို့ တရုတ်အစိုးရက လိုလားပါတယ်။

ဒီလို တိုင်းပြည်တွေမှာ ခြေကုတ်ခိုင်မာလေလေ အိန္ဒိယနဲ့ ပြိုင်ဆိုင်ရာမှာ တပန်းသာလေလေလို့ တရုတ်ဖတ်က ယူဆထားပုံရပါတယ်။ ဗမာအစိုးရဟာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို အဓိကထားသူ ဖြစ်တာကြောင့် အိန္ဒိယ၊ ရုရှား နဲ့ တခြားနိုင်ငံတွေဆီကလည်း စစ်လက်နက်ဝယ်ယူပါတယ်။ ဒါပေမဲ့ ကွဲပြားခြားနားတာကတော့ ဗမာအစိုးရဟာ မိမိရဲ့  အာဏာ တည်မြဲရေးကိုသာ အဓိကထားပြီး တရုတ်အစိုးရက တိုင်းပြည်ကြီးပွားတိုးတက်ရေးကို အဓိကထားတာပဲ ဖြစ်ပါတယ်။




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/news-analysis/news_analysis_06-04-2011-123139083.html

Sunday, May 22, 2011

တရုတ်-မြန်မာ နယ်စပ်ဒေသအရေး

ဓါတ်ပုံ http://www.facebook.com/note.php?note_id=145171378882855&comments
တရုတ်-မြန်မာ နယ်စပ်ဒေသအရေး

By ဦးအောင်ခင် & မညိုညိုလွင်
စနေ, 21 မေ 2011

မတ်လကုန်ပိုင်းက ဖွဲ့စည်းလိုက်တဲ့ ဗမာအစိုးရသစ်ကို တရုတ်အစိုးရက ချီးကျူးဂုဏ်ပြုလိုက်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ မလုပ်ဖို့ တခြားအစိုးရတွေကို သတိပေးလိုက်ပါတယ်။ ဧပြီလဆန်းပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုရဲ့  အမြဲတမ်းအဖွဲ့ဝင်နဲ့ အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ကျာချင့်လင် (Jai Qinglin) ခေါင်းဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားတဲ့အတွက် ဗမာအစိုးရသစ်ကို ပထမဆုံးတွေ့ဆုံတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်သွားတဲ့အတွက် ဗမာအစိုးရသစ်ကို ပထမဆုံးတွေ့ဆုံတဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်သွားပါတယ်။

နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျာချင့်လင် က ပြောသွားခဲ့ပါတယ်။ နောက် တလကျော်ကြာတော့ မေလ (၁၂) ရက်နေ့မှာ တရုတ် ဗဟိုစစ်မင်ရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီဟိုင်ဟို့ (Xu Caihou) ခေါင်းဆောင်တဲ့ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ လာရောက်ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ချစ်ကြည်ရေးကို မြှင့်တင်ရာမှာ နှစ်နိုင်ငံ စစ်တပ်တွေ ပူးတွဲဆောင်ရွက်ပြီး ဒေသဆိုင်ရာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းရမယ်လို့ ဗိုလ်ချုပ်ကြီး ရှီဟိုင်ဟို့ က ပြောသွားပါတယ်။ နှစ်နိုင်ငံ စစ်တပ်တွေ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှီဟိုင်ဟို့ က အချက် သုံးချက် တင်ပြသွားကြောင်း မေလ (၁၂) ရက်နေ့ တရုတ်အစိုးရ ရှင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။ ပထမအချက်က ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာအောင် အပြန်အလှန် ယုံကြည်မှုမြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်က ဆက်သွယ်ညှိနှိုင်းမှုအားဖြည့်ပြီး နှစ်နိုင်ငံရဲ့  ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ တတိယအချက်က နှစ်နိုင်ငံစစ်တပ်တွေ ချစ်ကြည်ရင်းနှီးလာရအောင် လက်တွေ့ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ဗမာအစိုးရသတင်းစာတွေမှာ ထိမ်ချန်ထားပါတယ်။

ကိုးကန့် တရုတ်ကို ဗမာအစိုးရက တဖတ်သတ် ထိုးစစ်ဆင်တာမျိုးမဖြစ်ဖို့ တရုတ်က လိုလားနေတာ ထင်ရှားနေပါတယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေဟာ မြန်မာပြည်မှာရော တရုတ်ပြည်မှာရော နေထိုင်လာတာ နှစ်ပေါင်းရာထောင်ချီနေပါပြီ။ ဝ၊ လားဟူ၊ လီစူး၊ ဂျိမ်းဖော၊ ဒိုင်း စတဲ့ လူမျိုးစုတွေဟာ မြန်မာ-ယူနန်နယ်စပ်ဒေသမှာ နေထိုင်ကြပါတယ်။ ယူနန်အနောက်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ဝလူမျိုး ငါးသိန်းလောက် နေထိုင်ပါတယ်။ ရှမ်းအနွယ်ဝင် ဒိုင်းလူမျိုးအများစုဟာ ယူနန်-မြန်မာ-လာအို နယ်စပ်ဒေသ ရှိရှောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ နေထိုင်ပါတယ်။ ဒီဒေသဟာ လားဟူနဲ့ အခါလူမျိုးစုတွေ နေထိုင်ရာ အရပ်လည်းဖြစ်ပါတယ်။ ဒိုင်းလူမျိုးများဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး နွေဦးရာသီမှာ ရေပက်ဖျန်းပွဲ ကျင်းပကြပါတယ်။ နက္ခတ်ပညာနဲ့ စာပေအနုပညာမှာ ဒိုင်းလူမျိုးစုဟာ အစဉ်အလာကြီးမားပါတယ်။ ကချင်-ယူနန်နယ်စပ် နုကျန်လီစူး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ကချင်မျိုးနွယ်ဝင် လီစူး (၆) သိန်းကျော် နေထိုင်ပါတယ်။ ယူနန်မှာ ဂျိမ်းဖောလူဦးရေ (၂) သိန်းနီးပါး ရှိပါတယ်။ ဥပမာ ရွှေလီမြို့ မှာ ဂျိမ်းဖော နဲ့ ဒိုင်းလူမျိုးစုဦးရေဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ http://www.facebook.com/note.php?note_id=145171378882855&comments

ဒီလူမျိုးစုတွေဟာ တရုတ်-မြန်မာနယ်စပ် နှစ်ဘက်စလုံးမှာ နှစ်ပေါင်းများစွာ နေထိုင်လာကြသူများ ဖြစ်ကြပါတယ်။ မိမိနေထိုင်ရာဒေသကို ချစ်ခင်မြတ်နိုးကြသူသတွေ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်မှာ အနည်းဆုံး လူဦးရေ ငါးထောင်ကျော်ရှိတဲ့ တိုင်းရင်းသားလူမျိုးစု (၂၅) စု ရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (၈) ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် (၂၇) ခုကို ၁၉၅၄ ကစပြီး တည်ထောင်ထားပါတယ်။ နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရတဲ့ လူမျိုးစုမြို့ နယ်တွေပါ ပေါ်ပေါက်လာပါတယ်။ ဒီမြို့ နယ်တွေမှာ လူမျိုးစုကသာ ခေါင်းဆောင်ပိုင်ခွင့်ရှိပါတယ်။ လူမျိုးစုကျောင်းတွေလည်း တည်ဆောက်ခွင့်ရှိပါတယ်။ တနည်းဆိုရင်တော့ ယူနန်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဂျိမ်းဖော်၊ လီစူး၊ ရှမ်း၊ အခါ၊ လားဟူ၊ ဝ စတဲ့ လူမျိုးစုတွေဟာ မြန်မာဘက်မှာ နေထိုင်သူတွေထက်ပိုပြီး လုပ်ပိုင်ခွင့်ရကြသလို ဖြစ်နေပါတယ်။

ဒီနေရာမှာ အလေးအနက် စဉ်းစားစရာရှိတာက လူမျိုးစုချင်း အတူတူဖြစ်ပေမယ့် တရုတ်ဘက်မှာ နေထိုင်ကြသူတွေဟာ အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ကြပြီး မြန်မာဘက်မှာ နေထိုင်သူတွေကတော့ မိမိကိုယ်မိမိ ကာကွယ်ဖို့အတွက် လက်နက်ကိုင်ဆောင် ထားရတာပဲ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ တရုတ်အစိုးရနဲ့ ဆက်ဆံရေး အဆင်ပြေနေတဲ့ နယ်စပ်ဒေသလူမျိုးစုတွေဟာ ဗမာအစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေရတာပါ။ တဖတ်သတ် အမိန့်ပေးတဲ့ နည်းစနစ်ဟာ နိုင်ငံရေးမှာ မအောင်မြင်ကြောင်း နယ်စပ်ဒေသလူမျိုးပြဿနာက သက်သေပြနေပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လေလေ တရုတ်ကို မှီခိုတာများလေလေ ဖြစ်နေပုံ ရပါတယ်။ လူမျိုးတွေဟာ တနေရာတည်းသာ မဟုတ်ဘဲ ယူနန်-မြန်မာနယ်စပ် နေရာအနှံအပြားမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့  လူမှုရေး၊ စီးပွားရေး နဲ့ ယဉ်ကျေးမှု ဓလေ့တွေဟာ ဆက်စပ်နေတာကြောင့် နှစ်ဖက်စလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ရှိနေပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လူကုန်ကူးမှု၊ လောင်ကစား နဲ့ လိင်လုပ်ငန်းကြောင့် HIV နဲ့ အခြား ကူးစက်ရောဂါပြန့်ပွားမှုတွေ၊ သံယံဇာတ ခိုးထုတ်မှုတွေ စတဲ့ ပြဿနာတွေကို ယူနန် နဲ့ မြန်မာနိုင်ငံတို့ ရင်ဆိုင်နေရပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/news-analysis/news_analysis_05-21-2011-122361619.html

Monday, April 18, 2011

နှစ်သစ်ဆုတောင်း ပြည့်မည်လော?


ဝါရင့်နိုင်ငံရေးသမားကြီးများနှင့်

တိုင်းရင်းသားလူမျိုးခေါင်းဆောင်တို့၏

နှစ်သစ်ဆုတောင်း



မူရင်းအသံဖိုင် http://www.burmese.dvb.no

ဒီဗွီဘီ ဝိုင်းတော်သားများ၏

နှစ်သစ်ဆုတောင်း


မူရင်းအသံဖိုင် http://www.burmese.dvb.no



မူရင်းအသံဖိုင် http://www.bbcburmese.com

Saturday, March 5, 2011

ဒီမိုကရေစီ မရှိသေးတဲ့ အာရပ်

(Standford) တက္ကသိုလ် ပါမောက္ခ Larry Diamond
Source Photo from http://www.google.com/images

ဒီမိုကရေစီ မရှိသေးတဲ့ အာရပ်
By ဦးအောင်ခင် & ညိုညိုလွင်
သောကြာ, 04 မတ် 2011

ပြည်သူ့အုံကြွမှုကြောင့် တလအတွင်း တူနီးရှား (Tunisia) သမ္မတတိုင်းပြည်က ထွက်ပြေးရပြီး (၁၈) ရက်အတွင်း အီဂျစ်သမ္မတရာထူးက ဆင်းပေးလိုက်ရပါတယ်။ အခြားအာရပ်နိုင်ငံတွေမှာလည်း ပြည်သူ့ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမို့ အာရပ်လောကမှာ မရှိသေးတဲ့ ဒီမိုကရေစီ အရုဏ်တက်ချိန် ရောက်လာမလားလို့ မျှော်လင့်တာတွေ ရှိလာပါတယ်။ မြန်မာ့ဒီမိုကရေစီသမားတွေကလည်း စောင့်ကြည့်နေကြပါတယ်။ အာရပ်လောကမှာ ဘာဖြစ်လို့ ဒီမိုကရေစီမရှိသေးတာလဲဆိုတာကို စတန်ဖို့ဒ် (Standford) တက္ကသိုလ် ပါမောက္ခ Larry Diamond က မနှစ်ကထုတ်တဲ့ ဒီမိုကရေစီဂျာနယ်မှာ ဆန်းစစ်ခဲ့ဖူးပါတယ်။

ဘာသာရေး (သို့) ယဉ်ကျေးမှုကြောင့် ဒီမိုကရေစီဆိတ်သုဉ်းတာလို့ ယူဆတာများပါတယ်။ ဒါပေမဲ့ အခြား မွတ်စလင်နိုင်ငံတွေမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိကြပြီး အာရပ်လောကမှာသာ ကင်းမဲ့နေတာ ဖြစ်ပါတယ်။ Lebanon နိုင်ငံတခုတည်းသာ ၁၉၇၅ ခုနှစ် ပြည်တွင်းစစ်မတိုင်မီမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိခဲ့တာ တွေ့ရပါတယ်။ အကြမ်းဖက်မှုတွေကြားက အီရတ်ရွေးကောက်ပွဲမှာ စွန့်စားပြီး မဲဆန္ဒပေးခဲ့တာတွေ နဲ့ အသက်အန္တရာယ် ဂရုမစိုက်ဘဲ အခုလို ကန့်ကွက်ဆန္ဒပြတာတွေကိုကြည့်ရင် အာရပ်ပြည်သူတွေဟာ လွတ်လပ်မှုကိုလိုချင်တာ သိသာပါတယ်။ ဒါပေမဲ့ အာရပ် (၅) နိုင်ငံမှာ ၂၀၀၃ နဲ့ ၂၀၀၆ က စစ်တမ်းကောက်တဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေက အစိုးရအပေါ် သြဇာညောင်းနေတာကို မြင်တယ်လိုပ အမေးခံရသူ (၆၀) ရာခိုင်နှုန်းက ဖြေကြားကြောင်း သိရပါတယ်။

၂၀၀၃ နဲ့ ၂၀၀၄ မှာ အာရပ်နိုင်ငံအချို့ မှာ စစ်တမ်းကောက်ယူတဲ့အခါ ဘာသာရေးကင်းတဲ့ ဒီမိုကရေစီကို လိုလားသူက (၄၀) ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဥပဒေ ကျင့်သုံးတဲ့ ဒီမိုကရေစီလိုလားသူက (၄၀) ရာခိုင်နှုန်း ရှိတာတွေ့ရပါတယ်။ အာဏာရှင်စနစ်လိုလားသူက (၂၀) ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီလိုအခြေအနေကြောင့် ရေနံဓါတ်ငွေ့ရောင်းစားပြီး အာဏာယူထားတဲ့ အာရပ်အစိုးရဟာ ပြည်သူ့ဆန္ဒကို ဂရုမစိုက်တာ ဖြစ်ပါတယ်။ အခုတော့ အာဏာရှင်အစိုးရလက်ထက်က နိုင်ငံခြားမှာ ခိုလှုံနေရတဲ့ မွတ်စလင်ခေါင်းဆောင်တွေ တူနီးရှားမှာ ပြန်ရောက်နေပြီး အစ္စလာမ်ပါတီ ရှင်သန်ရေးအတွက် လုံပမ်းနေပါတယ်။

တိုင်းပြည်ရဲ့  သဘာဝသယံဇာတရောင်းစားတဲ့ အစိုးရစနစ်ဟာ ဖောက်ပြန်တဲ့စနစ်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကိုသာ ကြီးမားအောင်လုပ်ပြီး တိုင်းသူပြည်သားများကို ဖိနှိပ်ထားပါတယ်။ ဈေးကွက်စီးပွါးရေး မပီပြင်တဲ့ဒေသဖြစ်ပါတယ်။ ရေနံဓါတ်ငွေ့တင်ပို့လို့ ဝင်ငွေအများကြီးရတဲ့ နိုင်ငံ (၂၃) နိုင်ငံထဲမှာ ဒီမိုကရေစီကျင့်သုံးတဲ့ အစိုးရမရှိပါဘူး။ ဒီ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်ဟာ အာဏာရှင်ကို အထောက်အကူပြုဖို့သာ ရည်ရွယ်ပါတယ်။ အတိုက်အခံကို မလှုပ်နိုင်အောင်ချုပ်ကိုင်ပြီးမှ ဟန်ပြရွေးကောက်ပွဲ ကျင်းပကြပါတယ်။ ဒါပေမဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပလို့ အစ္စလာမ်ဝါဒီ အနိုင်ရတာများလာရင်လည်း အစိုးရိမ်လွန်လာပြီး ဒီမိုကရေစီကို ထောက်ခံမှု နည်းသွားတယ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလ က ကျင်းပခဲ့တဲ့ Casablanca ညီလာခံမှာ တင်ပြကြပါတယ်။

အာဏာရှင်ကျင်းပပေးတဲ့ ဟန်ပြရွေးကောက်ပွဲမှာ ပါဝင်တဲ့ အတိုက်အခံအဖွဲ့ကို အစိုးရနဲ့ ပူးပေါင်းသွားပြီလို့ မဲဆန္ဒရှင်က ယူဆနိုင်ပါတယ်။ ရွေးကောက်ပွဲမဝင်ဘဲအပြင်မှာ ကန့်ကွက်ဆန္ဒပြလို့ အကြောင်းမထူးပါဘူး။ ဒီလို အကျပ်အတည်းကို ရေရှည်ရင်ဆိုင်ရတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဂိုဏ်ဂဏအမျိုးမျိုး ကွဲသွားကြတာများပါတယ်။ အစ္စလာမ်နိုင်ငံရေးပါတီတွေဟာ ဟန်ပြရွေးကောက်ပွဲမှာ မပါဝင်ကြဘဲ အောင်ခြေမှာ ဘာသာရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေလုပ်ပြီး စည်းရုံးရေးဆင်းကြပါတယ်။ အစိုးရခွင့်ပြုသလောက်သာ လှုပ်ရှားရတဲ့ နိုင်ငံရေးပါတီတွေကတော့ ဆက်လက်ရှင်သန်နိုင်အောင် အတော့ကိုကြိုးစားရပါတယ်။ အောက်ခြေလူတန်းစားအသိုင်းအဝိုင်းမှာ အစ္စလာမ်ဘာသာ အခြေခံတဲ့ လှုပ်ရှားမှုက ပိုပြီးအားကောင်းပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာနေခဲ့ရတဲ့ လူ့အဖွဲ့အစည်းမှာ နေ့ချင်းညချင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။

အာရပ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင်လုပ်သူထဲမှာ နိုင်ငံခြားအင်အားစုလည်း ပါဝင်ပါတယ်။ အရင်က အာရပ်အာဏာရှင်ကို ဆိုဗီယက်က ထောက်ပံ့ခဲ့ပြီး အခုတော့ ဥပရောပနဲ့ အမေရိကန်တို့က ထောက်ပံ့ပါတယ်။ အီဂျစ်အာဏာရှင်ဟာ နိုင်ငံခြားထောက်ပံ့မှုနဲ့ သက်ဆိုးရှည်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကစပြီး အီဂျစ်ကို အမေရိက က ဒေါ်လာသန်း (၇) သောင်း (၈) ထောင် ထောက်ပံ့ပါါတယ်။ ဂျော်ဒန်ကို နှစ်စဉ် ဒေါ်လာသန်း (၆၀၀) ကျော် ထောက်ပံ့လာတာ (၁၀) နှစ်ကျော် ရှိပါပြီ။

အစ္စရေး-ပါလစ္စတိုင်း ပဋိပက္ခ ဖြစ်လာတာ အာရပ်အာဏာရှင်ကို သက်ဆိုးရှည်စေတယ်လို့ သုံးသသပ်ပါတယ်။ ပါလစ္စတိုင်းကို အစ္စရေးဖိနှိပ်ပုံကို သတင်းမီဒီယာက အသားပေးဖော်ပြခဲ့တဲ့အတွက် ပြည်သူတွေဟာ ကိုယ့်ဒုက္ခကိုယ်မေ့ပြီး အစ္စရေးကိုသာ မုန်းတီးနေကြပါတယ်။ အခုမှ ကိုယ့်ဒုက္ခကိုယ်သိပြီး ဆန္ဒပြလာကြတာဖြစ်လို့ အစ္စရေးနဲ့ ပတ်သက်တဲ့ အာရပ်သဘောထားကို လေ့လာဖို့လိုပါတယ်။

အာရပ်အာဏာရှင်အစိုးရ (၂၂) နိုင်ငံပါဝင်တဲ့ Arab League ဟာ ဒီမိုကရေစီကို ဂရုမစိုက်ဆုံးအဖွဲ့ ဖြစ်ပါတယ်။ အခုတော့ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဆန္ဒပြပွဲတွေကြောင့် ပြုတ်ကျသွားတဲ့ အာဏာရှင်ရှိသလို ပြုပြင်ရေးလုပ်လာသူတွေလည်း ရှိလာတာမို့ ပြည်သူ့ကိုယ်စားလှယ် အစိုးရစနစ်ကျင့်သုံးတဲ့ အာရပ်ဒီမိုကရေစီ ပေါ်ထွက်လာမလားဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။
Source Photo from http://www.google.com/images





Find this article at:
http://www.voanews.com/burmese/news/news-analysis/news_analysis_03-05-2011-117421078.html