• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 7, 2010

အာဆီယံ သို့မေတ္တာရပ်ခံခြင်း (၁၉၉၇)


ဓါတ်ပုံ ဧရာဝတီသတင်းဂျာနယ်

လွန်ခဲ့တဲ့ ၁၃နှစ်တုန်းက ကရင်လူငယ်လေးနှစ်ယောက် ဗမာစစ်အစိုးရ အာဆီယံထဲဝင်မယ်လုပ်တော့ ဘန်ကောက်မှာ ဗမာစစ်အစိုးရကို အာဆီယံထဲ ဝင်ခွင့်မပြုဘို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တယောက်က Australia နိုင်ငံမှာ တယောက်က ဒေါနတောင်တန်းပေါ်မှာ ကဲ သူတို့နှစ်ယောက်ထဲက ဒေါနတောင်တန်း တနေရာကသူငယ်ချင်းဖြစ်သူရဲ့ ရိုးရိုးကက်ဆက်ကလေးနဲ့ အမှတ်တရ အသံသွင်းထားတဲ့သီချင်းလေး နားဆင်ခံစားကြည့်ကြပါခင်ဗျား။

ယုဂ်ယာန်း္ဘးဖႜုံဂမႜိုင်ၟ ကိုဝ်ၟဟှာဍေဆါ်။
န၀တ အင်းကိင်နုက်လင် ASEAN ထီ့ခါန်ၟဖိုင်ခါ့ဍးအိုဝ် အ်ုခါ့ယိုဝ်ထံင်လု Australia ခါန်ၟ ဏံင်းသ်ုဝါ့ဖ၀့် ဍေ ယ်ုစ၀်ဃှီ့လါဏီ့ဟှာ 10-July-1997 မူၟဏီဏှ် လေ၀်ထင်းထင့်ဍါဝေ့ဍး လု္ဘင်ကုဂ်ဖိုင် ထ်ုမုချာ့ဘာၟ စံင်မံင် ဖိုင်သါခေႜါဟ်အိုဝ်ဏှ် ထါခေါဟ်ယိုဝ်ဆူ့ကေ၀်ထါင်ဖှေ်အ်ုဟှင်ၟ ယ်ုလ်ုဟှာဃှီ့ ပႜုဂ်လင်ထါင်ဏေ၀်ၟ သါ့အ်ုလူၟ မွဲ္ဘါိုဝ်လှ်။

လေ လေံ ပ်ုယင်ခါန်ၟကျံင်ဖေါဟ် ဖေါဟ်လီသင်ဃာ့မွဲါထင့်ဍါ မဆလ ခေါဟ်ဍေါဟ်လ်ုပါကါ ကျံင်ဖေါဟ် ဂမႜိုင်ၟဍေသင်ဃာ့္ဘးသီ့္ဘးယှင်း အှ်ဖါအး။

လေ လေံ 1990ဏှ် Mayလါ မွဲါ 27 သင့် ဂမႜိုင်ၟဆူ့မယ် အင်းတါင်ထင်း အောင်ဆန်းစုကြည် အ်ုလွဲါဍုဂ်။

လေ လေံ တ်ါခေါဟ်မွဲါဝေ့ NLD အောင်ဆန်းစုကြည်ကုံလွဲါ အ်ုလွဲါနိုင်သီး မဆလ အာဏါလ်ုဖှေ် မါနုင့် မါဏါဆင်းထါင်သှေ် ခါန်ၟခေါဟ်ပီပီ အးသယ်ဌီ့။

လေ လေံ ထံင်ဏှ်လုဆင့် မ်ုထုဂ်ထင်းထီ့ထီ့လှ် ထုဂ်ထင်းအင်းစါ ထီထီ့လှ် ဆေ၀်ယှၜထင်းလု လီဍုံဖိုင် မ်ုမာနိုင်ထါင်ဂမႜိုင်ၟလှ်။

လေ လေံ ဃှဦုဏှ်ကါအေး္ဘေ့မ်ုနိုင်ဂမႜိုင်ၟဖေါဟ်ယိုဝ် တါင်ဟှယ်ထင်းခေါဟ်နုက်သှေ်သၞိုဝ် ဂမႜိုင်ၟ၀ါ္ဘေ့ လ်ုဏေ၀်ၟသိုဝ် အင်းကိင်နုက် ASEAN အိုဝ်။

လေ လေံ ASEAN ASEAN ဏယ့် ASEAN ဟှေးစှ်အေထီ့ ပ်ုထီ့ခါန်ၟဖိုင်ယိုဝ် အှ်ဖႜဟ်ဍ်ါအေး Democracy အေထုင်ၟဍိုဝ် နအဖ အိုဝ် မ်ုဟှာဟှံင်ပျုက် ဏ်ုသီးကျာ်သြီ့ စှ်သာယုက်သာ ဏှ်အေထီ့။

လေ လေံ ခါန်ၟပ္ကုံဖေါဟ်္ဘးယှင်း္ဘးဏါ ခါန်ၟထိုင့်္ဘိင်း အင်းတါင်လင်သ္ဘါးဍ်ါအေး သုင်းယှင်းသာယှင်း ကိုဝ်ၟဏီဍေ မါတ္ဒုက်္ဘးလိုင်ဃှေဝ် အဲုးသာဆိုင်ဍံင်သုင်းဍံင်သာ ASEAN ထီ့ခါန်ၟသီးဟှေး အင်းယါ့လ၀် ဟှိုင့်ကိုဝ်ၟခါန်ၟဍေ။




လေးစားအပ်ပါသော ပြည်သူလူထုအပေါင်းတို့ခင်ဗျား။

နဝတ က ASEAN နိုင်ငံထဲကိုဝင်ဘို့လုပ်နေတဲ့အချိန်အခုAustralia နိုင်ငံမှာရောက်ရှိနေပြီဖြစ်တဲ့ စောတကော်အွာ နဲ့ ကျုပ် ကျော်ခီ့လာတို့နှစ်ယောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လမ်းမ,ကြီးပေါ်မှာ နဝတ ကိုဝင်ခွင့်မပြုဘို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီတေးသီချင်းကတော့ သူ့အတွက် ကျုပ်ကိုယ်တိုင်ရေးသားသီဆို အသံသွင်းထားခြင်းဖြစ်ပါတယ်။

မြန်မာကျောင်းသားများ ရဟန်းရှင် လူ ပြည်သူတရပ်လုံးက ဆန္ဒပြတောင်းဆိုတာကို မဆလစစ်အစိုးရ ဟာ လုံးဝ,ဂရုမစိုက်ပဲ အကြမ်းဖက်ဖြေရှင်းတဲ့အတွက် အမြောက်အများ သေသူသေ ဒါဏ်ရာရ,သူရ. မိသားစုတွေနဲ့ ခွဲခွါကွေကွင်းကြရရှာပါတယ်။

1990 ခုMayလ 27 ရက်နေ့မှာတော့ လူထုတရပ်လုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဖွဲ့ကို တခဲနက် မဲပေးထောက်ခံလိုက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အဖွဲ့အနိုင်ရ,ပေမယ့် နဝတ ဟာ အာဏာလွှဲမပေးတဲ့အပြင် ဖိနှိပ်ချုပ်ချယ်မှုတွေ တဘက်ကမ်းခတ် တတ်မြောက်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သူဌေး သူကြွယ်တွေဖြစ်ကုန်ပါပြီ။

အဲဒီကနေတဆင့် လူထုတွေကို ဆက်လက်ဖိနှိပ်အုပ်ချုပ်နိုင်ဘို့အတွက် Radio ကနေပြီး အမိန့်အမျိုး မျိုး ထုတ်ပြန်လိုက်ပါတော့တယ်။

ဒါတင်မကသေးပဲ ပြည်သူလူထုတွေ ငြိမ်ဝပ်ပိပြားရေးအတွက် ဥာဏ်နီဥာဏ်နက်အမျိုးမျိုး ထုတ်သုံးရာ မှာ ASEAN ထဲဝင်တာဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ASIEN တို့အနေနဲ့ အသေအခြာအချိန်ယူ စဉ်းစားစေချင်ပါတယ်။

ASEAN အဖွဲ့ဝင်နိုင်ငံများခင်ဗျား ကျုပ်တို့တိုင်းပြည်မှာ Democracy ပေါ်ပေါက်ခြင်းမရှိသေးပါဘူး။ ဒီလို အချိန်မျိုးမှာ နဝတ ကို အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံလိုက်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ကျက်သရေ တွေဟာ နဝတ ကြောင့်မလွဲမသွေ ထိခိုက်ပျက်ဆီးစေမှာဖြစ်ပါတယ်။

တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်ထောင်စုသားတွေဆင်းရဲဒုက္ခရောက်နေပါတယ် နေ့စဉ်နဲ့အမျှ စိတ်၏ ဆင်းရဲခြင်းကိုယ်၏ဆင်းရဲခြင်းများနဲ့ ရပ်တည်နေကြရတဲ့အတွက် ကျေးဇူးပြုပြီး လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ကိုယ်ချင်းစာတရားထားပြီး ပြည်သူလူထုကို ဒီထက်ပိုဒုက္ခရောက်အောင် မလုပ်ဘို့ ASEAN အဖွဲ့ဝင်နိုင်ငံအားလုံးကို မေတ္တာရပ်ခံတောင်းပန်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး