• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, April 9, 2010

ဒုက္ခဘုံက အသံ

Photo by http;//www.ehkhaungthount.blogspot.com

ဒုက္ခဘုံက အသံ
(မင်းစိုးစံ)

လကွယ်ည
မှောင်တာမှမဲလို့
ဒါပေမယ့်
ရွာမြောက်ဘက်မှာ
မီးရောင်ဟာထိန်နေတယ်။


Photo by www.google.com

သေနတ်သံတွေဆူ
ခွေးအူသံတွေညံ
မီးပွါးပျံလွင့်
အမှန်ပဲ
မီးပုံပွဲမဟုတ်တာ။

Photo by http;//www.ehkhaungthount.blogspot.com


မြေဇာတွေဖွါလံကျဲ
ကျည်ဆံတွေတဖွဲဖွဲ
မီးလျှံကရဲရဲတွတ်
ဇွတ်ပြေးရင်းလဲပြို
သားကို ငိုရင်းရှာတဲ့ အမေ
အမေကို ငိုရင်းရှာတဲ့ သား
မှားယွင်းတဲ့မဟာဗမာတွေရဲ့စံနစ်
စစ်အစိုးရခေတ်မှာ
ဒီအဖြစ်က
အသစ်မဟုတ်။

Photo by http;//www.ehkhaungthount.blogspot.com

ညစ်စုတ်တဲ့စစ်အစိုးရ
အမြစ်မပြုတ်သမျှတော့
ဘဝ,တွေပျက်မြဲ
ဇီဝိန်တွေကြွေမစဲ
ကွေကွင်းမှုတွေ အဖန်ဖန်တလဲလဲဖြစ်
သွေးနဲ့မျက်ရည်တွေ ရွှဲနစ်စို။

Photo by http;//www.ehkhaungthount.blogspot.com

ညီအစ်ကိုတို့ရေ
ကျုပ်တို့တတွေရှေ့ဆက်
တယောက်နဲ့တယောက်လက်မတွဲ
ဒီလိုပဲ ဆက်ဆော်နေကြမှာလား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး