• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 7, 2010

လက်စသတ်တော့ ဗမာ့ရဲချုပ်ဆိုတာ ဒီလိုကိုး

Vigorous Burmese Student Warriors

လက်စသတ်တော့ ဗမာ့ရဲချုပ်ဆိုတာ ဒီလိုကိုး
(မင်းစိုးစံ)

ကျုပ်ကတော့ နိုင်ငံရေးသုံးသပ်တာတို့ သတင်းဝေဘန်သုံးသပ်တာတို့ မလုပ်တတ်ပါဘူး။ ဒါပေမယ့် အခုတော့ ရဲချုပ်ခင်ရီတယောက် လိမ်နေညာနေတယ်ဆိုတာကို ကျုပ်ရဲ့အမြင်ကိုတင်ပြချင်လို့ အခုလိုရေးသားတင်ပြလိုက် ရတာပါ၊ ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကိုတော့ စာဖတ်သူတို့ ဘာသာဆုံးဖြတ်ကြပါ။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီပြောသွားတဲ့အထဲမှာ စွမ်းအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်ဆီကနေတရားခံဖြစ် သူဟာ ၂၀၀၉ နှစ်ကုန်ပိုင်းမှာ ဖေါက်ခွဲရေးသင်တန်းကို နှစ်ကြိမ်သွားသင်ခဲ့တယ်လို့ဆိုပါတယ်၊ နောက်တခုပြော တာက တရားခံလို့ဆိုတဲ့သူဟာ အခြေအနေကိုစောင့်ကြည့်နေတာဖြစ်တယ် လမ်းရှင်းပေးတာဖြစ်တယ် တ ကယ် ဗုံးခွဲသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ် အဲဒီလိုပြောသွားပါတယ်။

အဲဒီအချက်က စဉ်းစားစရာပါ၊ သင်တန်းတက်ထားတဲ့လူကိုယ်တိုင်ကို ဗုံးမခွဲစေပဲအခြေအနေကိုစောင့်ကြည့် ခိုင်းပြီး စွမ်းအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ Vigorous Burmese Student Warriors (VBSW) က ကိုယ်တိုင်ခွဲတယ်ဆိုတော့ ဒီလူ(ကိုဖြိုးဝေအောင်)ကို မိုင်းပစ္စည်းတွေထိန်းသိမ်းပေးရုံလေးနဲ့ ဖေါက်ခွဲရေးသင်တန်း ပေးနေစရာလိုလားဗျာ။

ဒါမှမဟုတ် နေရာမသိလို့ လမ်းမသိလို့ဆိုရအောင်ကလည်း ၂ဝဝ၆ ခုနှစ်တုန်းက တောင်ဥက္ကလာပမြို့နယ် ဆာကူရာဆောက်လုပ်ရေးမှာ ကိုဖြိုးဝေအောင် အင်ဂျင်နီယာအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့အချိန်မှာ စွမ်း အားမြှင့်အဖွဲ့က ကိုသူရဇော် (ခ) ကိုသီဟဇော်နဲ့ရင်းနှီးပြီး ကန်ထရိုက်လုပ်ငန်းတွေ ပူးတွဲလုပ်ကိုင်ခဲ့တယ်လို့ ပြောသွားတဲ့အတွက် ဒါကလည်းအခြေအမြစ်မရှိပါဘူး။

ဘယ်နေရာကနေသွားရင်ဘယ်ကိုရောက်မယ်၊ ဘယ်လိုသွားဘယ်လိုလာရမယ်၊ ဘယ်လိုဖေါက်ထွက်ရမယ်ဆို တာ သိထားပြီးသားပါ၊ နယ်မြေမကြွမ်းကျင်တဲ့ ၄၄၊ ၆၆၊ ၇၇ လိုစစ်ကြောင်းတွေဆိုရင်တော့လည်း ကရင်ပြည် နယ်စစ်ဆင်ရေးတွေမှာ နယ်မြေမကြွမ်းကျင်လို့ ကရင်ရွာသားတွေကို လမ်းပြခိုင်းတာမျိုးဆိုရင်တော့ ဖြစ်နိုင်စ ရာရှိပါတယ်။

အဲဒီတော့ ကိုဖြိုးဝေအောင်(ခေါ်)မိုဟာမက်ယှာဗန်(ခေါ်)ကိုသက်ခိုင်ကို ဘာကြောင့်အကွက်ဆင်ပြီးဘမ်းသလဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်၊မဟုတ်မှလွဲရော သူကဆောက်လုပ်ရေးကန်ထရိုက်သမားဆိုတော့ ဆောက် လုပ်ရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို အစိုးရဆီကမဝယ်ပဲ ထိုင်းမှာသွားဝယ်တာကို အစာမကြေတဲ့စစ်အစိုးရ ထဲကအကောင်ကြီးကြီးတွေထဲက တယောက်ယောက်ကြတ်ပေးလိုက်တာပဲဖြစ်မယ်။

နောက်တခုက ခြောက်စားလှန့်စား၊ ငိုစားရယ်(ရီ)စားသမားတွေက ချွန်တွန်းလုပ်တာလည်းဖြစ်နိုင်ပါတယ်။
ကျန်တဲ့ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ တရားခံတွေကိုဘမ်းဆီးရမိဘို့အကြောင်းမပြောပဲ နောက် နှစ်လ သို့မဟုတ် သုံးလအကြာမှာ အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေကို ထုတ်ပြန်သွားမယ်ဆိုပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြော သွားတဲ့အကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြထားတယ်ဆိုတာကို ဧရာဝတီမှာရေးထားတာဖတ်ရပါတယ်။

အဲဒါကိုထောက်ရင် နအဖ စစ်အာဏာရူးတွေဟာ ပြောင်လိမ်ပြောင်စားဆိုတာသေခြာနေပါပြီ၊ အကြမ်းဖက်ဆန့် ကျင်ရေး ဥပဒေကိုထုတ်ပြန်လိုက်ရုံနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်မသွားနိုင်ဘူးဆိုတာသိပေမယ့် ထမင်း ရည်ပူ လျှာလွှဲလုပ်လိုက်တာကတော့ သေခြာနေပါတယ်။

ဒီမနက် ဧရာဝတီဆိုက်ကိုသွားလည်တော့ မကွေးတိုင်းတောင်တွင်းကြီးမြို့နယ် မြို့ဦးရပ်ကွက်က ထောင်ကျနေ တဲ့ထောက်လှမ်းရေးအရာရှိဟောင်းရဲ့အိမ်မှာ မပေါက်သေးတဲ့ဗုံးတွေကို တွေ့တယ်ဆိုတာဖတ်ရပါတယ်။
ဇာနည်မာန် Friday, May 07, 2010
မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် လက်ရှိထောင်ဒဏ်ကျခံနေရဆဲဖြစ်သော ထောက်လှမ်းရေးအရာရှိဟောင်း တဦး၏နေအိမ်၌ အမည်မသိသံဃာနှစ်ပါးထားခဲ့သည့် အိတ်အတွင်းမှမပေါက်ကွဲသေးသည့် ဗုံးများကိုတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

မြို့ဦးရပ်ကွက်ရှိ အဆိုပါအိမ်သို့ ယမန်နေ့နံနက်ခင်းက သံဃာတော်နှစ်ပါးရောက်ရှိလာပြီး ကားလက်မှတ်သွား ဖြတ်မည်ဆိုကာ ထားခဲ့သည့်အိတ်အား မသင်္ကာ၍စစ်ဆေးရာမှ ဗုံးများကိုတွေ့ရှိရသည်ဟု ဒေသခံများက ပြော သည်။

“အိတ်ခဏထားခဲ့ဦးမယ်ဆိုပြီး လာမယူတော့၊ အဲ့ဒီအိမ်က ရဲစခန်းကိုအကြောင်းကြားတော့မသင်္ကာပစ္စည်းဆိုပြီး အပြင်ထုတ်ထားတာပေါ့၊ ဒီမနက်မှသေချာစစ်တော့ ဗုံးမှန်းသိရတာ”ဟု တောင်တွင်းကြီးဒေသခံတဦးက ဆို သည်။
ကဲဗျာ အိမ်ရှင်က အကြောင်းကြားတာကို ချက်ခြင်းလာမကြည့်ပဲ အိမ်ပြင်ထုတ်ထားခိုင်းတယ် မနက်ကျတော့မှ ဗုံးတွေဖြစ်နေတယ်ဆိုတော့ အိမ်ရှင်အတွက်ဖွတ်ဝင်တာပေါ့ဗျာ။

သောသီခိုဘလော့ဂ် ကိုသွားပြန်တော့ မြဝတီမှာဗုံးပေါက်တဲ့အကြောင်းတွေ့ရပြန်ပါတယ် အခင်းမဖြစ်ခင်က တည်းကလုံခြုံရေးတွေ ချထားတယ်၊ နှစ်ရက်အကြာမှာဗုံးပေါက်တယ်၊ ဒီကေဘီအေအချင်းချင်း နယ်ခြားစောင့် တပ်ကိစ္စအစာမကြေလို့ဖြစ်တယ်ဆိုပြီး သတင်းလွှင့်ပေမယ့် လက်သည်ကတော့ စစ်အာဏာရူး ဗမာစစ်အစိုးရ ကလွဲရင် ဘယ်သူမျမဖြစ်နိုင်ပါဘူး။
ဘာကြောင့်လည်းဆို လုံခြုံရေးတွေချပြီး နှစ်ရက်အကြာမှာမှ ဗုံးက ထကွဲတာကိုး။

နောက်တခုကတော့
ဗုံးပေါက်ကွဲသော မြင်ကွင်းများကို ဓာတ်ပုံရိုက်ခဲ့သူ ဓာတ်ပုံသတင်းထောက် ဦးဇေယျနှင့် သူ၏သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ဗုံးကွဲမှုနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် စစ်ဆေးနေကြောင်းနှင့် မပတ်သက်လျှင် လွှတ်ပေးမည်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက ပြောသွားသည်။
ဆိုတဲ့ဟာကို မဇ္ဈိမသတင်းဂျာနယ် မှာဖတ်လိုက်ရပြန်တော့ ဘာအထောက်ထားမှမရှိတဲ့လူကိုတောင်မှ ဗုံးဖေါက် တရားခံဆိုပြီးလုပ်ပြီးဖမ်းနေမှတော့ အခုလိုသတင်းဓါတ်ပုံရိုက်တာကို မသင်္ကာလို့ဖမ်းတာဆိုရင် ကံဆိုးသူမောင် ရှင်က ကင်မရာသမားဖြစ်သွားရပြီပေါ့ဗျာ။
ရဲချုပ်ခင်ရီ သတင်းစာရှင်းလင်းပွဲလုပ်နေတာပီါီ

ကဲဗျာ ဒါကတော့ ကျုပ်ရဲ့အင်မတန်နလဗိန်းတုံးနိုင်တဲ့လူပြိန်းအတွေးနဲ့ သုံးသပ်ထားတာပါ၊ ကြွမ်းကျင်ထိရောက် တဲ့ ဝါရင့်နိုင်ငံရေးသုံးသပ်သူတွေ ဝါရင့်သတင်းသုံးသပ်သူတွေသာဆိုရင် အသေးစိပ်ကျကျအထောက်ထားပြည့် ပြည့်စုံစုံ သမိုင်းကြောင်းခိုင်ခိုင်လုံလုံနဲ့ ရေးသားတင်ပြလိုက်လို့ကတော့ ဖတ်ကောင်းလိုက်မယ့်ဖြစ်ခြင်း။

အပြစ်မရှိသူများ အမြန်ဆုံးလွတ်မြာက်ကြပါစေ။
ဆိုးသွမ်းယုတ်မာရက်စက်တဲ့ စစ်အာဏာရူးအစိုးရ အမြန်ဆုံးပြုတ်ကျပါစေ။
ပြည်သူလူထုတရပ်လုံးရဲ့ အကျိုးကိုထမ်းဆောင်မယ့် ပြည်သူ့အစိုးရ အမြန်ဆုံးပေါ်ပေါက်လာပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး