• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 21, 2010

အထူးကျေငြာချက်

လာမယ့်နှစ်ပတ်ကိုးသီတင်းလောက်မှာ ကရင်စာနဲ့ပတ်သက်ပြီး စာလုံးပေါင်းတွေအပြင် အသံကိုပါ ထည့်ပြီးတင်ပေးဘို့အတွက် ကြိုးစားနေပါတယ်။

အဲဒီလိုပြုလုပ်တင်ဆက်နိုင်ဘို့အတွက် အသံတင်နည်းကိုသင်ပေးတဲ့ ဆုတောင်း၊ ပိုးကရင်စာလုံးဖေါင့် တည်ထွင်ပေးတဲ့ ကျော်ခရော့စ်နဲ့တကွ အစစအရာရာမှာ ကူညီပံ့ပိုးပေးကြတဲ့ စောလင်းနက်စ်၊ စော အောင်ဟိန်း၊ စောကျော်ခွိ၊ အဲခေါင်သောင့်၊ အဲလာတို့အပြင် သင်ဆရာမြင်ဆရာ ကြားဆရာ များအား လုံးကို ကျေးဇူးအထူးတင်ပါကြောင်းဦးစွာပထမ ပြောကြားလိုပါတယ်။

ရည်ရွယ်ချက်ကတော့ ကျုပ်နဲ့ဘဝတူသူတွေ ကျုပ်လိုကရင်စာပေနဲ့ပတ်သက်လို့ မသိနားမလည်သူ တွေအတွက်လေ့လာမှတ်သားနိုင်အောင် တင်ဆက်ပေးမှာဖြစ်ပါတယ်။

ကရင်စာပေနဲ့ပတ်သက်လို့ နားလည်တတ်ကြွမ်းသူတွေအတွက် ရည်ရွယ်ခြင်းစိုးစဉ်းမျှမရှိပါဘူး ဒါ ကြောင့် အခုတင်ဆက်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ကျုပ်လေ့လာသိရှိထားသလောက် နားလည်သလောက်ကိုသာ တင်ဆက်မှာဖြစ်ပါတယ်။

လေ့လာတဲ့သူတွေအတွက် အခက်အခဲ တစုံတရာရှိမယ်ဆိုရင် တိုက်ရိုက်ဆက်သွယ်အကြံပြုနိုင်သလို စီဘောက်ထဲမှာလည်း အဆင်ပြေသလိုရေးသားအကြံပြုစေလိုပါတယ်။
ကြိုတင်ပြောထားတာပါ။

တင်ဆက်ရာမှာ လိုအပ်တဲ့ပုံတွေကိုရှာရင်း အခြားပုံတွေပါတွေ့တာနဲ့ စာပေကိစ္စမဖြစ်သေးခင် မမြင်ရ သေးတဲ့သူတွေ လိုအပ်ရင် အသုံးပြုနိုင်ဘို့အတွက် တင်ပေးလိုက်ပါတယ်။
မြင်ဘူးသူတွေကတော့ ကျော်သွားလိုက်ပေါ့နော်။

ကျေးဇူးအထူးတင်ပါတယ်။
ဓါတ်ပုံတွေအားလုံးကို www.google.com ကနေ ကူးယူထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး






ဒီပုံကတော့ ၁၉၂၃ခုနှစ်တုန်းက ဖါးစည်သွန်းလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ပုံဖြစ်ပါတယ်။






All photo by www.google.com