• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, May 12, 2010

သုံးလို့မရတဲ့ နောင်တ

Photo by www.google.com

သုံးလို့မရတဲ့နောင်တ
(မင်းစိုးစံ)

မိုးမလုံလေမလုံ
အခင်းအကာမစုံတဲ့
ယိုင်နဲ့နဲ့တဲရှင်ငါ
ပြုပြင်ပြောင်းလွဲရေးအသိတရား
နှလုံးသားနဲ့အသွေးသားအထိ
အိစိမ့်လည်ပတ်နေခဲ့။ ။

Photo by www.google.com

ပြုပြင်ပြောင်းလွဲခြင်းများ
ငါ့အသွေးအသားထဲ
လျှောက်သွားစီးဆင်းနေတော့
ငါ့ရဲ့အသက်ရှင်ခြင်းဟာ
တော်လှန်ရေးအရင်းအမြစ်
အင်အားအစစ်ဖြစ်ခဲ့။ ။

Photo by www.google.com

အခြေအနေနဲ့အချိန်အခါ
နေရာနဲ့ဒေသ
ရောမ,ရောက်လျင်ဖြင့်
ရောမ,လိုကျင့်ရမယ်
ငါ့ဘဝအမှန်စင်စစ်
ရောမ,လိုမဖြစ်နိုင်ပေမယ့်
ငါ……ရောမ,လိုကျင့်ခဲ့။။

Photo by www.google.com

ဘဝရဲ့အကွေ့အကောက်
နှင်းဖွေးနေတဲ့မြို့ကိုရောက်တော့
သုညဒီဂရီရေခဲအမှတ်အောက်မှာ
အချမ်းပျောက်အောင်
အရက်ပုလင်းဒင်းကြမ်းထောင်ခဲ့။ ။

Photo by www.google.com

အရက်ကအကောင်းစား
ဈေးကျခပ်ပါးပါးဆိုတော့
ငါ့ရဲ့နှလုံးသားထဲမှာ
ရွေ့လျားလည်ပတ်နေတဲ့
ပြုပြင်ပြောင်းလွဲခြင်းဆိုတဲ့သွေးအစား
အရက်က အစားထိုးဝင်ရောက်
တော်လှန်တဲ့အင်းအားတွေပျောက်ခဲ့။ ။

Photo by http;//www.niknayman-niknayman.blogspot.com

အင်တာနက်စာမျက်နှာ
သတင်းနဲ့မီဒီယာတွေမှာ
ယုတ်မာတဲ့စစ်အစိုးရ
ဆိုးသွမ်းဗိုလ်ကျ
ရိုင်းစိုင်းကြပုံအဖုံဖုံ
မျိုးစုံအောင်မြင်ခဲ့။ ။

Photo by www.google.com

မခံချင်စိတ်နဲ့
ပုလင်းထဲကအရက်ကို
ဖန်ခွက်ထဲငှဲ့ချ
အရက်ကြောင့်တုံနေတဲ့လက်နဲ့
အာခေါင်ထဲထည့်ဘို့အလုပ်
ဖြုတ်ကနဲကျလာတဲ့မျက်ရည်
ယဇ်ရွှေရည်နဲ့ရောယှက်
လည်ချောင်းထဲမျှောပစ်ခဲ့။ ။

Photo by www.google.com
ဒီလိုနဲ့
နေထွက်ခဲ့။ ။


Photo by www.google.com
ဒီလိုနဲ့
နေဝင်ခဲ့။


Photo by www.google.com

ကရင်ပြည်သူအတွက်
မျက်ရည်စက်ကျ
ဘာမျှမဖြစ်ခဲ့။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး