• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, May 9, 2010

ရွက်ကြွေများအကြောင်း


ရွက်ကြွေများအကြောင်း
(မင်းစိုးစံ)

နှင်းဖုံးတဲ့သစ်ကိုင်းမှာ
ငှက်ကလေးနားနေတယ်။



နှင်းမကျခင်
သစ်ပင်ပေါ်ကသစ်ရွက်
အကိုင်းအခက်ကိုခွါ
မြေမှာကြွေဆင်း
တပင်လုံးကိုရှင်းနေတယ်။

သစ်ပင်အတွက်
သစ်ရွက်တွေကြွေပေးတာ
ဓမ္မတာသဘာဝ
ပေးဆပ်ကြခြင်းပါ။


နှင်းပျောက်တဲ့အခါ
သစ်ကိုင်းမှာဖူးတံချီ
အရွက်တွေဝေစည်
နွေဦးကိုကြို
စိမ်းစိမ်းစိုစိုနဲ့
လောကကိုအလှဆင်ကြတယ်။


မိုးသက်လေထန်
နှင်းတွေပြန်မလာခင်
သစ်ရွက်နီတျာတျာ
အပင်ကိုနှုတ်ဆက်
မြေပြင်ပေါ်သက်ကြွေ
လေတိုက်လိုက်တိုင်း
သစ်ရွက်လှိုင်းတွေပြေးနေတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး