• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 5, 2010

ဆုတောင်းခြင်း

Photo by www.google.com

ဆုတောင်းခြင်း
(မင်းစိုးစံ)

ဆုဆိုတာ…..
တောင်းတိုင်းမပြည့်ပေမယ့်
ပြည့်တဲ့အခါလည်းရှိပါတယ်။

Photo by www.google.com

မတောင်းပဲနဲ့ပြည့်တဲ့
ဆုလည်းရှိပါတယ်
ဘာကြောင့်လည်းဆို
ကိုယ့်လုပ်ရပ်က
သိပ်ပြီးကောင်းလျင် ဒါမှမဟုတ်
သိပ်ပြီးဆိုးလျင်ပေါ့။

Photo by www.google.com

ကောင်းလျင်ကောင်းသလို
ဆိုးလျင်ဆိုးသလို
တူညီတဲ့အကျိုးကို ခံစားရ,တာချည်းပါပဲ။
အဲဒါဆုပေါ့။

Photo by www.nicknayman-nicknayman.co.cc

ပြည်သူတွေကို
မီးဖြတ်၊ရေဖြတ်
ကလိမ်ကကျစ်ညစ်ပတ်
အငတ်ထားတဲ့စစ်အစိုးရကို
ရဟန်းရှင်လူပြည်သူတွေခမျာ
မျက်ရည်ပေါက်များစွာ
ကျခဲ့ကြရလို့
ဆုတောင်းကြသည်ဖြစ်စေ
ဆုမတောင်းကြသည်ဖြစ်စေ
စစ်အစိုးရ ဘာဖြစ်သွားမယ်ထင်သလဲ?

Photo by www.nicknayman-nicknayman.co.cc

အဲဒီလိုကို
စုတ်ပြတ်သတ်သွားလိမ့်မယ်။

Photo by www.google.com

ပြီးရင် သူတို့တတွေရဲ့
မျိုးဆက်သစ်
အဲဒီလိုကိုဖြစ်သွားလိမ့်မယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး