• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, June 7, 2010

ကြယ်ကြွေချိန်မှာ ဆုတောင်းခြင်း

Photo by www.khrg.org
ကြယ်ကြွေချိန်မှာဆုတောင်းခြင်း
(မင်းစိုးစံ)

ငါတို့တတွေ
တမြေထဲသား
ခွဲခြားမရှိ
အတိဖြူစင်
ငြိုငြင်မှုကင်း
ရိုးစဉ်းဖြောင့်မှန်
အကောက်ကြံဝေး
ကလေးလေး။

Photo by www.google.com

သူနိုင်ကိုယ်နိုင်
အပြိုင်သတ်ဖြတ်
ပစ်ခတ်တိုက်ခိုက်
မီးလောင်တိုက်သွင်း
ပြည်တွင်းစစ်ဘေး
ပြေးလွှားရင်းက
ကြီးပြင်းခဲ့ကြ
တို့ဘဝ။

Photo by www.khrg.org

စားရတခါ
ငတ်တာရက်ဆက်
အသက်ရှင်ရုံ
ခြေကုန်ပြေးပုန်း
မျိုးတုံးသုတ်သင်
စစ်မြေပြင်မှာ
နာကျဉ်စုတ်ပြတ်
တရစပ်။

Photo by www.khrg.org

လူစိတ်ကင်းမဲ့
အိုဘယ့်မဟာ
မြန်မာစစ်သား
လူလွန်သားတို့
လူသားစစ်စစ်
ဧကန်ဖြစ်က
တွေးစစ်ဝေဘန်
သုံးသပ်တန်၏။

photo by www.google.com

ယခုသော်ကား
လက်နက်အားကိုး
ဓါးမိုးအုပ်ချုပ်
ညစ်စုတ်ယုတ်ကန်း
ကြမ်းတမ်းရက်စက်
သွေးလွှမ်းလက်ရှင်
ပြည်ပျက်မှပျော်
မသူတော်။


Photo by www.google.com

ကြယ်ကြွေချိန်မှာ
ဆုတောင်းပါသည်
မဟာစိတ်ဝင်
အာဏာရှင်များ
အလျှဉ်မြန်စွ
ကျဆုံးစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး