• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, June 14, 2010

Ring of bell


ခေါင်းလောင်းသံ
(အသျှင်အဂ္ဂ)

ဘ၀ဟာ ခေါက်ရှာငှက်လိုပဲ
နိမ့်လိုက် မြှင့်လိုက်၊

အတ္တစွဲတွေနဲ့
ငါ မှ ငါ
ငါ့ဥစ္စာ မှ ငါ့ဥစ္စာ
အဲဒီလို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခဲ့သူတွေဟာလည်း
နောက်ဆုံးမှာတော့ ပြိုလဲသွားကြ၊

ကိုယ့်ကိုယ်ကို
အရှင်သခင်လို့ သမုတ်ခဲ့သူတွေ
ကိုယ့်ကိုယ်ကို
မိုးနဲ့မြေကို ပိုင်သသူလို့ တင်စားခဲ့သူတွေဟာလည်း
တနေ့မှာတော့
အဲဒါတွေကို ဒူးထောက် သွားခဲ့ကြ၊

တစ်စက္ကန့်အတွင်းမှာတောင်
ဘာတွေဖြစ်လို့ဘာတွေပျက်မယ်
မမြင်တတ်သေးတာ

နာရီဝက် တနာရီဆိုတဲ့
အနာဂတ်ကိုတောင်
ကြိုပြီးမဖတ်နိုင်သေးတာ

ကိုယ့်ဘ၀ အစ,ကိုတောင်
မသိဘဲ
ဘယ်ကလာလို့ဘယ်ကိုခရီးဆက်မယ်
မသိနိုင်သေးတာ

ဒါဆို
သင် ဘာတွေတော်နေတာလဲ
သင် ဘာတွေတတ်နေတာလဲ
သင် ဘာတွေမာန်တက်နေတာလဲ
သင် ဘာတွေဘ၀င်မြှင့်နေတာလဲ။

အသျှင်အဂ္ဂ
28/05/2010
ဒီကဗျာကို http://www.msmointhailand.com/ ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး