• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 3, 2011

ပူနွေးမှုနှင့် ကမ္ဘာအစောင်း

(Jet Propulsion)
Source Photo from http://www.google.com/images

ပူနွေးမှုနှင့် ကမ္ဘာအစောင်း

by နေဇင်ထွန်း
Wednesday, 02 March 2011

သုတေသန တစ်ရပ် အရ ပင်လယ်ရေ ပူနွေးလာမှုက လာမည့် ရာစု နှစ်တွင် ကမ္ဘာဂြိုဟ်၏ ၀င်ရိုးစွန်းကို ပိုမို တိမ်းစောင်း စေသည်ဟု ဆိုပါသည်။ တိမ်း စောင်းမှု၏ အကျိုးဆက်ကို ယခင်က လျစ်လျူရှု နိုင်သည်ဟု ယူဆခဲ့ ကြသော်လည်း ယခုအခါ ကမ္ဘာကြီး ဘယ်ပုံ တိမ်းစောင်းမည်ကို ဖွင့်ဆိုရာတွင်မှု၊ သည်ဂြိုဟ်ကမ္ဘာမှာဒေါင်လိုက် ၀င်ရိုးပေါ်တွင် ၂၃ .၅ ဒီဂရီ တိမ်းစောင်း ၍ လည်ပတ်နေပါသည်။ သို့ရာတွင် ဂြိုဟ်ကမ္ဘာ၏ အလေးချိန် မျှခြေပြောင်းလဲမှုကိုလိုက်၍ ၀င်ရိုးမှာလည်း အမြဲ တစေ ပြောင်းလဲနေသောကြောင့် ဤအစောင်းအနေအထားမှာ တစ်သမတ်တည်း တည်နေသည်တော့ မ ဟုတ်ပါ။

“ကမ္ဘာကြီးက လည်နေတဲ့ ဂျင်တစ်လုံးလိုပါပဲ။ တစ်ဖက်ဖက်ကို အလေးချိန်ပုံလိုက်တာနဲ့ လည်ပတ်မှု ၀င်ရိုးကလည်း နည်းနည်းလေး ပြောင်းသွား ပါတယ်”ဟု နာဆာ Jet Propulsion မှ ဖိလစ် လင်ဒါရာက ပြောပါသည်။ ရာသီဥတုပြောင်းလဲမှုက ကမ္ဘာ၏ ၀င်ရိုးစွန်း ကို ရွေ့လျား သွားစေသည် ကိုတော့ ကာလ ကြာမြင့်စွာ ကတည်း ကပင် သိထား ခဲ့ကြ ပြီးဖြစ်ပါသည်။

ဥပမာ ဂြိုဟ်ကမ္ဘာ၏မြောက်ဝင်ရိုးစွန်းမှာ တစ်ချိန်က မြောက်အမေရိက၊ ဥရောပနှင့် အာရှ တစ်ခွင် တစ်ပြင်ကို လေးနေစေ ခဲ့သည့် ရေခဲပြင်များ အရည်ပျော်မှုကြောင့် ဂြိုဟ်ကမ်္ဘာမှာ တိုရွန်တိုနှင့် ပနားမားမြို့များကို ဖြတ်သွားသည့် လောင်ဂျီကျူမျဉ်းအတိုင်း ၇၉ ဒီဂရီ အနောက် ဘက်သို့ တစ်နှစ်လျှင် ၁၀ စင်တီမီတာနှုန်းဖြင့် ရွေ့လျားနေ ပါသည်။ ရေခဲပြင်များ အရည်ပျော်စီး ဆင်းလာမှုကလည်း ဂြိုလ်ကမ္ဘာတိမ်း စောင်းမှုတွင် ထည့်ဝင်နေသည့် အချက် တစ်ချက်ဖြစ် သည်ဟုဆိုပါသည်။

လင်ဒါရာနှင့် သုတေသနအဖွဲ့ဝင်များ ၏ ခန့်မှန်းချက် အရမူ ဂရင်းလန်ကျွန်း ရေခဲများ အရည်ပျော်မှု က ဂြိုဟ် ကမ္ဘာ၏၀င်ရိုးကို တစ်နှစ်လျှင် ၂ .၆ စင်တီမီတာနှုန်းဖြင့် တိမ်းစောင်း နေစေရာတွင် လာမည့်နှစ်များ တွင် အစောင်းအကျယ်မှာ သိသာထင်ရှားလာမည်ဟု ဆိုပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့မြင့်မားလာပြီး ပင်လယ်ရေ ပူနွေးလာခြင်းက ကမ္ဘာကြီးတိမ်းစောင်းမှုကို အထောက် အကူပြု ထည့်ဝင်နေသည် ဟူသော နိဂုံးကောက်ချက်မှာ ယခင်အခါများက ပင်လယ်သမုဒ္ဒရာ ပြန့် ကားကြီးထွားလာခြင်းမှာ ကမ္ဘာ့အလေးချိန်မျှခြေပြောင်းလဲမှုတွင် အပြောင်း အလဲကြီးကြီး မားမားမဖြစ်ဟူသော အယူအဆ ဟောင်းနှင့်တော့ ဆန့်ကျင် ဘက်ပင် ဖြစ်ပါသည်။

သုတေသနပညာရှင်များကမူ ၂၀၀၀ နှင့် ၂၀၁၀ ခုနှစ်များကြားတွင် ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏ လက်ရှိထက်နှစ်ဆ ဖြစ်လာခဲ့ပါက အပြောင်းအလဲများမှာ အမှန်တကယ်ဖြစ်ပေါ်လာမည်ဟု ဆိုပါသည်။ ပင်လယ်သမုဒ္ဒရာများ ပူနွေးပြန့်ကားလာပါက ကမ္ဘာ့အနိမ့်ပိုင်း သမုဒ္ဒရာများသို့ ရေများကို ပိုမိုတွန်းပို့သကဲ့သို့ဖြစ်မည်။ နောက်ရာစုနှစ် တွင် အကျိုးဆက် မှာ သတိမထားမိ လောက် အောင် သိမ်မွေ့နေသေးသော်လည်း ကမ္ဘာလည်ရာ မြောက် ၀င်ရိုးစွန်းမှာမူ အလာ့စကာနှင့် ဟာဝိုင်အီ ဒေသများသို့ရှေ့ရှု၍ အကြမ်းဖျင်းတစ်နှစ် ၁ .၅ စင်တီမီတာနှုန်းခန့်ဖြင့် ရွေ့လျား သွားနေမည်ဟုဆိုပါသည်။ ၀င်ရိုးစွန်းမှာ သွက်သွက် ခါပြောင်းလဲ စောင်းရွဲ့သွားမည်မ ဟုတ်ဘဲ၊ အကျိုးဆက်မှာလည်း သေးငယ်လွန်းလှသော ကြောင့် ကမ္ဘာ့ ရာသီဥတုအပေါ်တွင် ကြမ္မာငင်သော ဘေးသက် ရောက်မှုမဖြစ်နိုင်သေး ဟုလည်း လင်ဒါရာနှင့် ပညာရှင်များ က ခန့်မှန်းထားကြပါသည်။

သို့ရာတွင် ၀င်ရိုးပြောင်းလဲမှုအရွေ့အရ စဉ်းစားပါမူ ဤ ပမာဏမှာ ထည့်သွင်းစဉ်းစားစရာ အင်အားကြီးမားသည်ဟု ဆိုပါသည်။ ၀င်ရိုးစွန်းရွေ့လျားမှုကို မျက်ခြည်မပြတ် ခြေရာခံနေ ခြင်းဖြင့် ဆယ်စုနှစ်များအတွင်း ပင်လယ်ရေပြင် မြင့်တက်လာမှု၏ ပမာဏအကန့်အသတ်ကို ဘောင်ခတ်ရာတွင် အကူအပံ့ဖြစ်စေသည်ဟုလည်း သုတေသနပညာရှင်များက ကောက်ချက်ချပါသည်။ လင်ဒါရာ၏ New Scientist သို့ပြောကြားချက်အရ ဖန်လုံအိမ် ဓတ်ငွေ့ကြောင့် ပိုလာသည့် အပူအမာဏ ၏ ၈၀ ရာခိုင်နှုန်းကို ပင်လယ်ကစုပ်ယူထားပြီး သိသာထင်ရှားမှုမရှိသော်လည်း အကျိုး သက်ရောက်မှုတော့ ရှိလိမ့်ဟုလည်း သုံးသပ်ကြပါသည်။ ပိုမိုမြန်ဆန်လာသောလည်ပတ်နှုန်း သုတေသနအဖွဲ့နှင့်မပတ်သက်သည့် ဂျာမန်ပညာရှင် မိုက်သော်မ ဆင်ကလည်း တွေ့ရှိချက် အသစ်မှာ အယူအဆ ဟောင်းများကို မှောက် လှန်ပစ်လိုက်သည်ဟုဆိုပါသည်။

“အခုအချိန်အထိတော့ ပင်လယ် ရေပြင်အမြင့်ပြောင်းလဲမှုဟာ ၀င်ရိုးစွန်းအရွေ့နှင့် မပတ်သက်ဘူး လို့ ယူဆခဲ့ကြတယ်။ အခုတော့ ထည့်စဉ်းစားရပါတော့မယ်” ဟု ဆိုပါသည်။ သို့ရာတွင် ၀င်ရိုးစွန်း ရွေ့လျားမှုတစ်ခုတည်းက ပင် လယ်ရေမျက်နှာပြင်အမြင့်ကိုပြောင်းလဲစေသည်မဟုတ်ဘဲ၊ ဂြိုဟ် ကမ္ဘာအစောင်း အပြောင်းအလဲကိုထည့်ဝင်သည့် အခြားအချက်များ နှင့် ခွဲခြားမ ရအောင် လိမ်ယှက်နေသည်ဟုဆိုပါသည်။ ဤထည့်ဝင် သည့် အချက်များထဲတွင် မြေလွှာချပ်ကြီးများ ပြောင်းလဲမှုမှသည် အချိန်မှန်ဖြစ်ပေါ်တတ်သည့် အယ်လ်နီညို၊ သမုဒ္ဒရာလေထုပြောင်း လဲမှုတို့အထိအကျုံးဝင်နေပါသည်။

ရာသီဥတု ပြောင်းလဲမှုက တစ်ဖန်၊ ဂြိုဟ်ကမ္ဘာ လည်ပတ်မှုကို အ ကျိုးသက် ရောက်ပြန်ပါသည်။ လင်ဒါရာနှင့် သူ့အဖွဲ့ဝင် များကတော့ ကမ္ဘာ ကြီးပူနွေးလာမှုက ကမ္ဘာကြီး၏ အလေးကို လတ်္တီတွတ် အမြင့်ပိုင်းများဆီသို့ ဖြန့်ဝေသွားစေကြောင်း သက်သေပြခဲ့ရာ၊ ထိုအလေးချိန်မှာ လည်ပတ်ဝင် ရိုးနှင့် နီးကပ်လာလေ စကိတ်က ခြေသည်သူမ၏ လက်မောင်းများကို ကိုယ် နှင့်ကပ်ထားလေ ပို၍မြန်မြန် လည်သကဲ့သို့ ဂြိုဟ်ကမ္ဘာကိုလည်း ပို၍မြန်မြန် လည်ပတ် စေသည်ဟု ဆိုပါသည်။

နေဇင်ထွန်း
Net Guide Journal


Source Article from Net Guide Journal