• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 8, 2011

တန်ပိုရှောင်သော ကုန်တင်ယာဉ်များအား အရေးယူပြီ

Source Photo from http:www.google.com/images

တန်ပိုရှောင်သော ကုန်တင်ယာဉ်များအား

အရေးယူပြီ


ရန်ကုန်၊ မတ် ၃- မသင်္ကာသောနည်းများ အသုံးပြု၍ တန်ပိုတင်နေကြသော ကုန်တင်ယာဉ်များ နှင့်ဂိတ်များ အား မတ် ၁ ရက်မှစ၍ ဖမ်းဆီးအရေးယူခြင်းနှင့် ယာဉ်အားသိမ်းဆည်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်လိုက်သော အမိန့်ညွှန်ကြားချက်အရ သိရသည်။

အဆိုပါညွှန်ကြားချက်များမှာ-

၁။ လမ်း/တံတားလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ (၁.၃.၂၀၁၁) ရက်နေ့မှစ၍ အောက်ပါအတိုင်း အရေးယူမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။

(က) ယာဉ်ကြီး/တန်ပိုတင်ဆောင်လာသော ယာဉ်များသည် လမ်း/တံတားတိုးဂိတ်မရောက်မီ စီစဉ်ထား
သောယာဉ်ငယ်များပေါ်သို့လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း၊ ကတ္တားမချိန်တွယ်မီ တန်မပိုစေရေးအတွက် မသမာသောနည်းလမ်းကို အသုံးပြု၍ ကတ္တားချိန်တွယ်မှုအား ရှောင်ရှားခြင်းကို
ပြုလုပ်ပြီး ပစ္စည်းများရွှေ့ပြောင်းသယ်ယူခြင်းအားလည်းကောင်း၊ လမ်း/တံတားတိုးဂိတ် ကျော်ပါက မသမာသောနည်းဖြင့် ရွှေ့ပြောင်းထားသည့်ပစ္စည်းများအား နဂိုမူလတင်ဆောင်လာသည့် ယာဉ်ကြီးပေါ်သို့ ပြန်လည်တင်ဆောင်ပြီး မိမိတို့လမ်း/တံတားပေါ်မှ တန်ပိုဖြင့်ဖြတ်သန်းခြင်းဖြစ်၍ အမိအရလိုက်လံ
ဖမ်းဆီးကာ လမ်းမကြီးဆိုင်ရာ နည်းဥပဒေ၊ အက်ဥပဒေ၊ က.ည.န ဥပဒေအတိုင်း ယာဉ်သိမ်းဆည်းခြင်း
ခံရသည်အထိ အရေးယူဆောင်ရွက်ခြင်းခံရမည်။
Source Photo from http:www.google.com/images

(ခ) မူလယာဉ်ကြီးများ၏ ပန်းစာ(မျှောစာ)ကို စိစစ်၍ မျှောစာတွင်ပါရှိသော ပစ္စည်းအရေအတွက်၊
တန်ချိန်အတိုင်းမရှိဘဲ ပစ္စည်းလျှော့၍ဂိတ်ကိုဖြတ်ကျော်ခြင်းဖြစ်၍ မျှောစာပါဝန်အရ တန်ပိုဖြစ်လျှင်
တရားစွဲဆို ဒဏ်ရိုက်ခြင်း၊ လွှဲပြောင်းယာဉ်ငယ်တွင် မျှောမပါရှိနိုင်သဖြင့် မူလယာဉ်ကြီး၏ တန်ပိုပစ္စည်းကို လမ်း/တံတား တိုးဂိတ်ကတ္တားကို မသမာသောနည်းဖြင့်ကျော်ဖြတ်ခြင်းအား ကူညီသူဖြစ်၍ တရားစွဲဆို ဒဏ်ရိုက်ရန် အထက်ပါ ယာဉ် ကြီး^ယာဉ်ငယ် နှစ်စီးစလုံးအား တစ်စီး လျှင် ဒဏ်ငွေ ကျပ်တစ်သိန်းစီ
ဒဏ်ရိုက်ခြင်းခံရမည်ဖြစ်ပါသည်။

(ဂ) လမ်း/တံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ အာဆီယံစံချိန်စံညွှန်းအတိုင်း သတ်မှတ် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်အတိုင်း တိတိကျကျဆောင်ရွက်နေမှုအား မည်သူမဆို အနှောင့်အယှက်ပေးခြင်း၊ တာဝန်ထမ်းဆောင်မှုအား နှောင့်ယှက်ခြင်းဖြစ်ပေါ်ပါက အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ အဖအမည်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ၀န်ထမ်းဖြစ်ပါက ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အမည်၊ ရာထူး တို့အား ဖော်ပြ၍ အထွေထွေမန်နေဂျာ(အုပ်ချုပ်မှု)ထံသို့ပေးပို့ရန် သက်ဆိုင်ရာသို့အကြောင်း ကြား အရေးယူခြင်းဆောင်ရွက်မည်ဖြစ်ပါသည်။
Source Photo from http:www.google.com/images

၂။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ရုံးချုပ်)လမ်း/တံတား လုံခြုံရေးနှင့်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အထက်ဖော်ပြပါ အမိန့်နှင့်ညွှန်ကြားချက်များအား အသင်းဝင်ကားဂိတ်များမှ ကုန်တင် ဆောင်ပေးရာတွင် အာဆီယံသတ်မှတ်စံချိန်စံညွှန်းအတိုင်း တင်ဆောင်ပေးရန်နှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်လာသောယာဉ်အား အရေးယူခြင်းခံရပါက ကုန်တင်ဆောင်ပေးသည့် ကားဂိတ်ကိုပါ အရေး
ယူခြင်းခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားသည်။

၂၀၁၀သြဂုတ်မှစ၍ တန်ပိုကန့်သတ်မှုကို အသိပညာပေးဆောင်ရွက်လာပြီး စက်တင်ဘာလလယ်မှစ
ကာ တစ်ဆင့်ပြီးတစ်ဆင့် တန်ပိုလျှော့ချသတ်မှတ်ခဲ့ပြီး ယခု ၂၀၁၁ခုနှစ် မတ် ၁ရက်မှစ၍ အတိအကျ အရေးယူဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။
Source:
Category: Local News