• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 17, 2011

ဓာတ်ပေါင်းဖိုအပူကျအောင် ဂျပန်ကြိုးစား

ဂျပန်ဝန်ကြီးချုပ် Naoto Kan
Source Photo from http://www.google.com/images

ဓာတ်ပေါင်းဖိုတွေ အပူကျအောင် ဂျပန်ကြိုးစား

By ဗွီအိုအေ (မြန်မာဌာန)
ကြာသပတေး, 17 မတ် 2011

ဂျပန်နိုင်ငံမှာ သောကြာနေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို အအေးခံဖို့ အပြင်းအထန် ကြိုးစားတဲ့ အနေနဲ့ ဂျပန်စစ်တပ်ဟာ အားပြင်းတဲ့ မီးသတ်ပိုက်တွေကို အသုံးပြုနေကြပြီး အချိန်သိပ်မကျန်တော့ဘူး ဆိုတာကိုလည်း အရာရှိတွေက အသိအမှတ်ပြု ပြောသွားပါတယ်။

ရဟတ်ယာဉ်မောင်းတွေအတွက် ရေဒီယို သတ္တိကြွဒဏ် သင့်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပထမနေ့မှာ ကောင်းကင်ပေါ်က ရေနဲ့ဖျန်းချတဲ့ အစီအစဉ်ကို ရပ်ပစ်လိုက်ရပြီးနောက် ကြာသပတေးနေ့ အစောပိုင်းမှာတော့ အစိုးရက ကောင်းကင်ပေါ်ကနေ ရေနဲ့ ဖျန်းချနေပြန်ပါတယ်။

လောင်စာချောင်းတွေ အေးအောင်လုပ်တာကို ပိုပြီး အချိန်ဆွဲ မနေနိုင်တော့တာကြောင့် အစိုးရက အခုလို ဆုံးဖြတ်ခဲ့ရတာလို့ ကာကွယ်ရေးဝန်ကြီး တိုရှီမီ ကီတာဇာဝါ (Toshimi Kitazawa) က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Toshimi Kitazawa
Source Photo from http://www.google.com/images

ဒါပေမဲ့ ရေတွေက ဖျန်းပက်တဲ့နေရာ မရောက်ဘဲ လမ်းမှာ လေထဲလွင့်သွားတာ ရုပ်မြင်သံကြားသတင်းမှာ တွေ့ရပြီး ၄ ကြိမ်လောက် ကြိုးစားပြီးတဲ့နောက်မှာ လက်လျှော့လိုက်ရတယ်လို့ ပြောပါတယ်။

တိုကျိုမြို့တော် မြောက်ပိုင်း မိုင် ၁၅၀ လောက်မှာ တည်ရှိတဲ့ နျူကလီးယား စက်ရုံတဝိုက်မှာ ရေဒီယို သတ္တိကြွနှုန်း မြင့်မားလွန်းလို့ အလုပ်သမားတွေဟာ မိနစ်ပိုင်းထက်ပိုပြီး စက်ရုံမှာ ရှိနေလို့ မရပါဘူး။

ကနဦး တိုင်းတာချက်တွေအရ ပထမအကြိမ် ရဟတ်ယာဉ်ပေါ်ကနေ ရေနဲ့ဖျန်းချခဲ့တာက ဘာမှ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ တွေ့ရပါတယ်။

စက်ရုံမှာ မကြာခင် လျှပ်စစ်မီး ပြန်ရတော့မယ်လို့ အရာရှိတွေက ကြာသပတေးနေ့မှာ ပြောသွားပြီးတဲ့နောက် စက်ရုံမှာရှိတဲ့ ဓာတ်ပေါင်းဖို ၆ ခုက လောင်စာချောင်းတွေဆီ ရေပြန်ပို့ပေးတဲ့ နေရာမှာ ပိုအားကောင်းတဲ့ ရေစုပ်စက်တွေ အသုံးပြုနိုင်တော့မယ်ဆိုပြီး မျှော်လင့်ချက်တွေ များလာနေပါတယ်။

အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံခြား အစိုးရတွေကတော့ သူတို့ရဲ့ နိုင်ငံသားတွေကို စက်ရုံနဲ့ အနည်းဆုံး မိုင် ၅၀ အကွာမှာ နေကြဖို့ အကြံပြုထားပါတယ်။ သံရုံးအများအပြားကလည်း သူတို့ဝန်ထမ်းတွေကို ပြန်ပြီး ခေါ်ယူနေကြပါပြီ။

ဂျပန်ပြည်သူတွေ အဲဒီလို အခက်အခဲနဲ့ တွေ့ကြုံနေရတဲ့ အခါမှာ ထားရှိတဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို ဂုဏ်ယူ လေးစားပါကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) ကို ကြာသပတေးနေ့တုန်းကပဲ ဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။







Find this article at:
http://www.voanews.com/burmese/news/japan-quake-nuclear-radiation-118172549.html