• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 17, 2011

မြေငလျင်လှုပ်ခြင်းနှင့် မြန်မာနိုင်ငံရာသီဥတုအပြောင်းအလဲ

မတ်လ ဒုတိယပတ်အတွင်း ရန်ကုန်မြို့၌ မိုးရွာသွန်းမှုကိုတွေ့ရစဉ်

မြေငလျင်လှုပ်ခြင်းနှင့်

မြန်မာနိုင်ငံရာသီဥတု အပြောင်းအလဲ

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ မတ်လဒုတိယပတ် အတွင်း မြန်မာနိုင်ငံတွင် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခြင်းနှင့် ထူးခြားသည့် ရာသီဥတုအပြောင်းအလဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့ အတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားခဲ့ပြီး ထူးခြားသည့် ညအပူချိန်များဖြစ်ပေါ်ခြင်း၊ ထူးခြားသည့် နေ့အပူချိန်များ ဖြစ်ပေါ်ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာ သွန်းခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါး မြို့၊ ရှမ်းပြည်နယ် နမ့်စန်မြို့၊ ပင်လောင်းမြို့နှင့် ဟဲဟိုးမြို့တို့တွင် ထူးခြားသည့် ညအပူချိန်များဖြစ်ပေါ်ခဲ့ပြီး ဟားခါးမြို့၌ ညအပူချိန်(၂) ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့၊ ပင်လောင်းမြို့နှင့် ဟဲဟိုးမြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်တို့ရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နံနက် ၇ နာရီ ၂၆ မိနစ် ၁၀ စက္ကန့် တွင်မန္တလေးငလျင်စခန်းမှ အနောက် တောင်ဘက် မိုင် ၁၅၀ ခန့်ကွာဝေး သည့် တောင်တွင်းကြီးမြို့ အနောက် ဘက် ၁၅ မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်မှု တို့ဖြစ်ပေါ်ခဲ့ပြီး ထိုနေ့တွင်ပင် ဟား ခါးမြို့နှင့် ဟဲဟိုးမြို့တို့တွင် ထူးခြား သည့် ညအပူချိန်များဖြစ်ပေါ်ခဲ့ကာ မြိတ်မြို့တွင်မှတ်သားဖွယ်ရာမိုးရေချိန် ရရှိသည်အထိ မိုးရွာသွန်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ဟားခါးမြို့၏ ထူးခြားသည့် ညအပူချိန်မှာ ၂ ဒီဂရီစင်တီ ဂရိတ်ရှိခဲ့ပြီး ဟဲဟိုးမြို့တွင်လည်း ထူးခြားသည့် ညအပူချိန်ဖြစ်ပေါ်ခဲ့ကာ ၆ ဒီဂရီစင်တီဂရိတ် ရှိကြောင်းသိရသည်။

ယင်းနေ့တွင်ပင် မြိတ်မြို့၌ မိုး ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး မြိတ်မြို့၏ မှတ်သားဖွယ်ရာမိုးရေချိန်မှာ ၂ ဒသ မ ၁၆လက်မဖြစ်သည်ဟု သိရသည်။

မတ်လ ၅ ရက်နေ့တွင်မူ ထူးခြားသည့် နေ့အပူချိန်များဖြစ်ပေါ်ခဲ့ပြီး ချောက်မြို့တွင် ၄၂ ဒီဂရီစင်တီ ဂရိတ်၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် သိမ်ဇရပ်မြို့တို့တွင် ၄၀ ဒီဂရီစင်တီ ဂရိတ်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

မတ်လ ၁၂ ရက်နေ့တွင်မူ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် မြို့(ကမ္ဘာအေး)တွင် ၀ ဒသ မ ၄၃ လက်မ၊ ကိုကိုးကျွန်းမြို့တွင် ၀ ဒသမ ၅၅ လက်မ၊ ခရမ်းမြို့တွင် ၀ ဒသမ ၄၃ လက်မတို့ ရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် တနင်္သာရီတိုင်း ဒေသကြီးရှိမြိတ်မြို့တွင် မိုးရေချိန် ၀ ဒသမ ၇၅ လက်မ၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၀ ဒသမ ၇၁ လက်မ၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင်၁ ဒသမ ၀၂ လက်မ၊ ဇလွန်မြို့တွင် ၀ ဒသမ ၃၉ လက်မ၊ ပဲခူးတိုင်းဒေသကြီးညောင်လေးပင် မြို့တွင် ၁ ဒသမ ၄၂ လက်မ၊ ပဲခူး မြို့တွင် ၀ ဒသမ ၄၃ လက်မတို့ ရွာသွန်းခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်အတွင်း မြေငလျင် လှုပ်ရှားခြင်း၊ မှတ်သားဖွယ်မိုးရေချိန် ရရှိသည်အထိ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်ခြင်း၊ ထူးခြားသည့် နေ့အပူချိန်၊ ညအပူချိန်များ ဖြစ်ပေါ်ခြင်းစသည့် ရုတ်တရက်ရာသီဥတု ပြောင်းလဲခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။

Source Article from http://www.news-eleven.com