• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 8, 2011

ကြော်ငြာတွေရိုက်ရင်း အနုပညာလောကထဲ ရောက်လာတဲ့ ဇူးဇူးမောင်

(ဇူးဇူးမောင်)

ကြော်ငြာတွေရိုက်ရင်း

အနုပညာလောကထဲရောက်လာတဲ့ ဇူးဇူးမောင်

SHADE Journal
Friday, 04 March 2011

ဇူးဇူးမောင်ရဲ့ အနုပညာ သက်တမ်း က ဘယ်လောက် ရှိခဲ့ပြီ လဲ။

ပထမ နားပြီးမှ အခု ပြန် လုပ်တာ ဆိုရင် ငါးနှစ် လောက် ရှိပြီ။

ပြန်လုပ်လာတဲ့ အချိန်မှာ ကိုယ်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲ။

ဘယ်လိုသုံးသပ်မိလည်းဆို စစချင်းဝင်တုန်းကဆိုရင် ငယ်လည်းငယ်သေးတော့ စိတ်ညစ်စရာ အများကြီးကြုံရတယ်။ အဲဒီမှာ အန်တီဆင့်ကလည်းမအား ကိုယ့်နောက်ကို လိုက်ပေးမယ့်သူလည်း
မရှိတော့ အဆင်မပြေတာတွေဖြစ်မိတယ်။ ခုနောက်ပိုင်းတော့ လုပ်ရင်းနဲ့ ဒီလောကမှာ မိတ်ဆွေအပေါင်းအသင်းတွေလည်း ရှိလာတော့ အဆင်ပြေလာတယ်။
တစ်ခါတလေ စိတ်ဖိစီးမှုတအားများရင် လုပ်ချင်စိတ်မရှိတော့ဘူး။

ဒါဆို စိတ်ခံစားမှုကို ဦးစားပေးတဲ့ လူမျိုးလား။

ဟုတ်ပါတယ်။ ချိုက စိတ်ခံစားမှုကို ဦးစားပေးတယ်။ နှလုံးသား နူးညံ့တဲ့ လူမျိုးပေါ့။(ရယ်လျက်)

ဂျပန်ဖျော်ဖြေပွဲ အတွေ့အကြုံလေး ပြောပြပါဦး။

မရောက်ဖူးတဲ့နေရာတွေကို သွားတော့ကိုယ့်အတွက် အားလုံးက အသစ်အဆန်းတွေပေါ့။ ပရိသတ်တွေကတော့ မြန်မာ ပရိသတ်တွေပဲ။ သူတို့ကလည်းမြန်မာ အနုပညာရှင်တွေကိုတွေ့ချင်ကြတော့ လာအားပေးကြတယ်။ အခု လက်ရှိတော့ ပြည်ပဖျော်ဖြေပွဲတွေ ကမ်းလှမ်းထားတာမရှိ သေးဘူး။

ဒီအနုပညာလမ်းကြောင်း ကို လျှောက်ခဲ့တာ ပင်ကို ဝါသနာ အရလား။လက်တွဲခေါ်မယ့်သူ ရှိလို့လား။

ငယ်ငယ်တုန်းကတည်းက ဝါသနာပါတယ်။ ဒါပေမယ့် မိဘ တွေက ပညာရေးကိုပဲဦးစားပေး စေချင်တယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးမှ သင်တန်းတွေ တက်ဖို့ချိုရန်ကုန်ရောက်လာတယ်။ ဒီရောက်တော့ အန်တီဆင့်တို့က ကြော်ငြာတွေရိုက်ဖို့ပြောရင်းနဲ့ ဒီ လောကထဲရောက်လာတာပါ။

ပရိတ်သတ်အတွက် ပြောချင်တဲ့ စကားက

ပရိသတ်ကြီးဘဝမှာ ကိုယ်လိုချင်တဲ့အရာတွေကို ရယူနိုင်ကြပါစေ။ အခွင့်အရေးတွေလည်း ရ နိုင်ကြပါစေ။


Source from SHADE Journal