• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 18, 2011

ဆား တစ်ပိသာ ရှစ်ထောင်၊

Source Photo from http://www.google.com/images

မန္တလေး မှာ ဆား တစ်ပိသာ ရှစ်ထောင်

ဒီဇယ်ဆီ ပြတ်လပ်


(အောင်မြင်)

မန္တလေးမြို့မှာ ဆိုးရွားတဲ့ ရာသီဥတု ကြောင့် ကုန်ဈေးနှုန်း အချို့ တက်ခဲ့ရသလို ဆားဈေးနှုန်းတွေ အလွန်မြင့် တက်ခဲ့ပြီး ဆားပြတ်လပ်မှုတွေ ဖြစ်ပေါ် နေတယ်လို့ Freedom News Group မှ သတင်းရရှိသည်။
ဆားပြတ်လပ်မှု နဲ့ ပတ်သက်ပြီး မန္တလေး ဈေးချိုမှာ ကုန်ခြောက် လက်လီ လက်ကားရောင်းချသူ တစ်ဦး
ကတော့
ဆားက၀ယ်မရတော့သလောက်ဖြစ်နေပြီ။ ဧရာဝတီ ကလည်းဆားအထွက်လျော့ပြီး အကုန်ပြတ်နေပြီမန္တလေးမှာစားသောက်ကုန်တွေ အလုအယက်ဝယ်လို့ဈေးတွေဒီနေ့တော်တော်တက်တယ်။ ဆားဈေးက တနင်္လာနေ့ ကတပိသာ၃၀၀ကျပ်က နေပြီးမနေ့ က ကျပ် ၅၀၀၀ ၊ ဒီနေ့ ၈၀၀၀ ကျော်သွားပြီ
လို့ Freedom News Group ကိုပြောသည်။

ဆားပြတ်ရတဲ့အကြောင်းရင်းက ဂျပန်ကိုဆားအိတ်စပို့ပို့မယ့်သတင်းထွက်ပြီး အလုအယက်ဝယ်ကြတယ်။ ခုဆားပြတ်နေပြီး မိုးတောက်လျှောက်ရွာလို့ ဧရာဝတီတိုင်းက ဆားကွင်းတွေလဲ ပျက်တယ် ဟုပြောသည်။

မန္တလေး တွင် ကုန်ဈေးနှုန်းများ အဓိက တက်ရသည့် အကြောင်းမှ စက်သုံးဆီများ ပြတ်လပ်မှုကြောင့် ဖြစ်သည် ဟု မန္တလေး အခြေစိုက် ကုန်သည် တစ်ဦးကပြောသည်။

ဒီဇယ်ဆီ လဲ ပြတ်နေတယ်။ရှမ်းပြည်က ဆွဲ တယ်။သင်္ကြန် နားနီးတာ လဲပါမယ်။ အခု တစ်ဂါလံ ငါးထောင်
မြို့ ထဲမှာပဲရတယ်
ဟု ပြောသည်။

မြန်မာနိုင်ငံရဲ့အဓိကဆားထုတ်လုပ် ပေးသောဧရာဝတီတိုင်းမှာလည်းယ္ခုနှစ်တွင် ဆားထုတ်လုပ်မှုများစွာ လျော့ကျခဲ့သည်။ မန္တလေးမြို့တွင်ထွက်ပေါ်နေသောသတင်းများမှာဆားကို ဆူနာမီသဘာဝ ဘေးဒါဏ်ခံခဲ့ရ သောဂျပန်နိုင်ငံသို့ ပို့ကုန်အဖြစ်တင်ပို့ရန်ကုန်သည်များက ဝယ်ယူသိုလှောင်နေကြခြင်း ကြောင့် ဖြစ်သည် ဟု ဆိုသည်။

တရုတ် နိုင်ငံဘက်မှာဆားများဝယ်ယူနေမှုကြောင့်ကုန်သည်များကဆားရှားပါးမှုအပေါ် ဈေးကစားရန်အတွက် ကုန်လှောင်မှုများဖြစ်နိုင်ကြောင်းမန္တလေးဒေသခံတဦးကပြောသည်။

ယနေ့မနက်တွင်မန္တလေးမြို့ပေါ်တွင် ဆားများကိုမည်သည့်ဆိုင်တွင်မှဝယ်ယူလို့မရတော့ဘဲတပိသာလျင် ကျပ် ၆၀၀၀ဈေးသို့လည်းကောင်း၊ အချို့နေရာ များတွင် ကျပ်၈၀၀၀ဈေးသို့ရောက်ရှိသွားကြောင်း ကိုမန္တလေးမြို့ မှ စားသောက်ဆိုင် ပိုင်ရှင်တဦးကပြောသည်။

Freedom News Group ဘန်ကောက် သတင်းဌာန ခွဲမှ တည်းဖြတ်သည်။

Source News from
http://freedomnewsgroup.com/2011/03/18/mdy-salt-shortage/#more-17828



Source Audio from http://www.bbcburmese.com