• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 11, 2011

ဂျပန်ဆူနာမီကြောင့် လူအမြောက်အများသေဆုံး

ဓာတ်ပုံ ASSOCIATED PRESS
ဂျပန်နိုင်ငံ Miyagi ခရိုင်က ငလျင်နဲ့ ဆူနာမီဒဏ်ခံရပြီးနောက် မြင်ကွင်း မတ်လ ၁၁၊

၂၀၁၁ဂျပန်ဆူနာမီကြောင့်

လူအမြောက်အများသေဆုံး



By ဗွီအိုအေ (မြန်မာပိုင်း)
သောကြာ, 11 မတ် 2011

ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် လူသေဆုံးမှုတွေနဲ့ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။

ဒီကနေ့ ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ ၄၆ မိနစ်အချိန်မှာ တိုကျိုမြို့အရှေ့ဘက်မိုင်(၈၀)အကွာ ပစိဖိတ် ပင်လယ် ပြင်ရေအောက် (၆) မိုင်နေရာကို ဗဟိုပြု ပြီး ရစ်တာစကေး(၈.၉)ရှိတဲ့ ငလျင်ကြီးလှုပ်ခဲ့တာကြောင့်၊ ဂျပန်ရဲ့ အရှေ့မြောက်ဘက်ခြမ်းတခုလုံးမှာ၊ လူသေဆုံးမှုတွေ ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပြီး တော့၊ လူပေါင်းများစွာဟာလည်း ပျောက်ဆုံးနေကြပါတယ်။ အခုနောက်ဆုံးသတင်းအရ လူ(၃၂)ဦး ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပြီး၊ လျှပ်စစ်ဓါတ်အားတွေ ဖုံးလိုင်းတွေပြတ်တောက်နေတာကြောင့်၊ အဆက်အသွယ်တွေ လုပ်လို့မရဘဲ၊ ဒေသအလိုက် အသေအပျောက်သတင်းတွေ မရရှိနိုင်ဘဲ ဖြစ်နေပါတယ်။

မြို့တော် တိုကျိုမှာ၊ အိမ်ခြေလေးသန်းလောက် လျှပ်စစ်မီး ပြတ်တောက်နေပြီးတော့၊ ငလျင်ငယ်လေး တွေ လည်း ဆက်ပြီး လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေ က နောက်ထပ် အင်အားပြင်းငလျင် လှုပ်ခတ်နိုင်တဲ့ သတိပေးမှုကိုကြေညာထားပြီးတော့၊ လူထုကို ရောက်ရှိနေတဲ့နေရာကနေ အပြင်မထွက်ဘဲ နေကြဖို့ အမိန့် ထုတ်ထားပါတယ်။ တိုကျိုမြို့မှာ အဆောက်အဦးတချို့ရဲ့အမိုးတွေ ပြိုကျခဲ့ပြီးတော့၊ မြန်မာ အများစုနေထိုင်ရာ Toshima မြို့နယ်အပါအ၀င်မြို့နယ်တချို့ဟာ လည်း မီးလောင်နေပါတယ်။ လေဆိပ် ရေဆိပ် ဘူတာရုံတွေ အားလုံးကို အစိုးရကပိတ်ထားလိုက်ပြီး၊ လမ်းတွေပေါ်မှာ တာဝန်ရှိသူတွေကလွဲပြီး အသွားအလာ အားလုံး ရပ်ဆိုင်း နေပါတယ်။

ငလျင်ကြောင့် ဂျပန်အရှေ့ဘက်ကမ်းခြေက တိုကျိုရဲ့မြောက်ဘက် မိယာငိခရိုင်(Myagi Prefecture)က ဆဲန်ဒိုင် Sendai မြို့ နဲ့ ဖုခုရှီးမခရိုင် (Fukushima Prefecture) အိုနဟမ Onahama မြို့တွေမှာ၊ (၃၃)ပေ ကျော် ဆူနာမိလှိုင်းလုံးတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဂျပန်အစိုးရဟာ အရေးပေါ်လုပ်ငန်းများ စီမံခန့်ခွဲ ဆောင်ရွက်ရေးကော်မီတီကို ဖွဲ့စည်းလိုက်ပြီး၊ ငလျင်ကြောင့်ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို သေးငယ်နိုင် သမျှ သေးငယ် သွားအောင် အစိုးရက လုပ်ကိုင်သွားမှာ ဖြစ်ပြီးတော့၊ ဂျပန်လူထုအနေနဲ့ ရေဒီယို ရုပ်မြင်သံကြား သတင်းတွေ အစိုးရရဲ့သတိပေးချက်တွေကို အာရုံစိုက်နေကြ ဖို့ကို ၀န်ကြီးချုပ် နာအိုးထိုးခမ်း(Naoto Kan)က ရုပ်သံလွှင့် ပြောကြားသွားခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေဟာ ငလျင် လှုပ်ရင် စက်ရုံ လည်ပတ်မှု အလိုအလျောက် ရပ်ဆိုင်းသွားတဲ့ စနစ်ကြောင့် ရေဒီယိုသတ္တိကြွယိုစိမ့်မှု မရှိဘူးလို့၊ ၀န်ကြီးချုပ် နာအိုးထိုးခမ်းက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆဲန်ဒိုင် Sendai မြို့က အိုနဂ၀ါ့ Onagawa နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံ မီးလောင်ပျက်စီးသွားတာကြောင့် ရေဒီယိုသတ္တိကြွယိုစိမ့်မှု မဖြစ်ပေါ်စေရေး သီးသန့်ကော်မီတီကို ဖွဲ့စည်းဆောင် ရွက်သွားမယ်လို့ ညနေပိုင်းမှာ အစိုးရက ကြေညာပါတယ်။ ဂျပန်ငလျင်ကြောင့် ဆူနာမီရေလှိုင်းတွေ ဟာ ရုရှရဲ့ ပစိဖိတ် ကမ်းခြေ၊ အမေရိကန်ရဲ့ ဟာဝိုင်ရီကျွန်းစု၊ တောင်အမေရိက ပစိဖိတ်ကမ်းခြေနိုင်ငံတွေ၊ အာရှက ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေဆီ ရောက်လာနိုင်တယ်လို့၊ ဟ၀ိုင်ရီအခြေစိုက် ပစိဖိတ်ဒေသ ဆူနားမိ သတိပေးရေးဌာန (Pacific Tsunami Warning Center) က၊ သတိပေးချက်ထုတ်ပြန် ထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/japan-quake-117793143.html