• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, March 7, 2011

ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေ ထုတ်ပြန်


မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေအမှတ် ၈/၂၀၁၁ ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေကို ဥပဒေအမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေတွင် ရင်းနှီးမြှုပ်နှံသူ၏ အထူး အခွင့်အရေးများကို အသေးစိတ်ပြဋ္ဌာန်းထားသည်ကို ထားဝယ်အထူးစီးပွား ရေးဇုန် ဥပဒေပုဒ်မ ၁၂ အရ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ၊ ရင်းနှီးမြှုပ်နှံသူ၏ အထူးအခွင့်အရေးများအခန်းပါ ပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားသည်မှာ ‘ရင်းနှီး မြှုပ်နှံသူသည် (က)ထားဝယ် အထူး စီးပွားရေးဇုန်တွင် အောက်ပါလုပ်ငန်း များကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည်။ (၁)ကုန်ကြမ်းပစ္စည်းမှကုန်ချောပစ္စည်း ထုတ်လုပ်ခြင်း၊ စက်ကိုအသုံးပြု၍ ကုန်ပစ္စည်းအဆင့်ဆင့်ထုတ်လုပ်ခြင်း၊ ကုန်လှောင်ရုံလုပ်ငန်းလုပ်ကိုင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ၀န်ဆောင်မှု ပေးခြင်း၊ (၂)ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွင် အသုံးပြုမည့်ကုန်ကြမ်းပစ္စည်း များ၊ ထုပ်ပိုးပစ္စည်းများ၊ စက်ပစ္စည်း ကိရိယာတန်ဆာပလာများနှင့် စက် သုံးဆီများကို ပြည်တွင်းပြည်ပမှ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း သို့သယ်ယူတင်သွင်းခြင်း၊ (၃)ကူး သန်းရောင်းဝယ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း၊ (၄) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ထုတ်လုပ်သည့် ဆေးဝါးများနှင့်စားသောက် ကုန်ပစ္စည်းများမှအပ စံချိန်စံညွှန်း မမီသော်လည်း အသုံးပြု၍ရသော အခြားပစ္စည်းများအား စီမံခန့်ခွဲမှု ကော်မတီ၏သတ်မှတ်ချက်နှင့်အညီ ပြည်တွင်းဈေးကွက်၌ ရောင်းချခြင်း၊ (၅)ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ပြည်ပ ၀န်ဆောင်မှုလုပ်ငန်းများ၏ရုံးများကို ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စီမံခန့်ခွဲမှုကော်မတီ၏ခွင့်ပြုမိန့်ဖြင့် တည်ထောင်ဖွင့်လှစ်၍လုပ်ကိုင် ဆောင်ရွက်ခြင်း'တို့ဖြစ်ပါသည်။
“ထားဝယ် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် အတွေ့အကြုံများပြီး စွမ်းဆောင်ရည်မြင့်မားသော ရင်းနှီးမြှုပ်နှံသူများကို လည်း ပါဝင်ဆောင်ရွက်နိုင်စေရန် ဥပဒေနှင့်အညီ တင်ပြခွင့်ရှိသည် ဟူ၍ပြဋ္ဌာန်းထား . . .”


ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းခွင် တစ်နေရာ

ထို့ပြင် ‘ပင်လယ်ရေနက်ဆိပ် ကမ်းတည်ဆောက်ခြင်း၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ကျောက် မီးသွေး သို့မဟုတ် သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စသည့်စက်မှုလုပ်ငန်းများ တည်ဆောက်ခြင်း၊ ထားဝယ်အထူး စီးပွားရေးဇုန်အတွင်း ၀န်ဆောင်မှုလုပ်ငန်း များဆောင်ရွက်ခြင်း၊ စီမံကိန်းအတွက် သတ်မှတ်ထားသော ဒေသမှနယ်စပ်ဒေသအထိကားလမ်း၊ ရထားလမ်းများဖောက်လုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်သည့်လိုင်းများ၊ ရေနံပိုက်လိုင်းများနှင့်ဓာတ် ငွေ့ပိုက်လိုင်းများသွယ်တန်းခြင်း၊ လူနေထိုင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်သည့် အခြေခံအဆောက်အအုံများ၊ ခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းများ ပါဝင်သည့်နေရာများတည်ထောင်ခြင်း တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တား မြစ်ထားခြင်းမရှိသော အခြားစီးပွား ရေးလုပ်ငန်းများကို စီမံခန့်ခွဲမှု ကော်မတီ၏ခွင့်ပြုမိန့်ဖြင့်လုပ်ကိုင် ဆောင်ရွက်ခြင်း၊ အထက်ဖော်ပြပါ လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက် ရာတွင် တည်ဆဲဥပဒေများနှင့် ညီ ညွတ်မှုရှိစေရန် စီမံခန့်ခွဲမှုကော်မတီ ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်’ စသည့်အချက်များကိုလည်း ထားဝယ်အထူးစီးပွားဇုန် ဥပဒေပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားသည်။

ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေပုဒ်မ ၂၂ တွင် ပြဋ္ဌာန်းထား သည်မှာ ထားဝယ်အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် အတွေ့အကြုံများပြီးစွမ်းဆောင်ရည် မြင့်မားသောရင်းနှီးမြှုပ်နှံသူများကို လည်း ပါဝင်ဆောင်ရွက်နိုင်စေရန် ဥပဒေနှင့်အညီတင်ပြခွင့်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက် သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေတွင်ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိသည်ကိုတွေ့ရပါသည်။

ထို့အတူ ရင်းနှီးတည်ဆောက် သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များနှင့်ပတ်သက်၍ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေ နှစ်ခုစလုံးတွင် ပြဋ္ဌာန်းထားသော်လည်း အချို့ပြဋ္ဌာန်းချက်များသည် မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေတွင် မပါ ၀င်ဘဲ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေတွင်သာပါဝင်နေပါသည်။

ယင်းပြဋ္ဌာန်းချက်များမှာ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီး မြှုပ်နှံသူသည် ထားဝယ်အထူးစီး ပွားရေးဇုန်တွင် အကောင်အထည် ဖော်ဆောင်ရွက်သည့်လုပ်ငန်းများအတွက် သတ်မှတ်သည့် ငှားရမ်းခများ၊ အသုံးပြုခများနှင့်လုပ်ငန်း လုပ်ဆောင်ခွင့်အတွက် ကာလအပိုင်းအခြားဖြင့် ပေးချေရန်ငွေများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်ချက်နှင့်အညီ ပေးချေရမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်တွင်အကောင်အထည်ဖော်ဆောင် ရွက်သည့်လုပ်ငန်းများအတွက် သက် ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် ဘဏ်အာမခံတင်သွင်းရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများအနက် သတ်မှတ်ထားသော လုပ်ငန်းများအတွက် အစုရှယ်ယာပိုင်ဆိုင်ခွင့်ကိုသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့ အစည်းသို့ လွှဲပြောင်း ပေးရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ ယင်းဇုန်နှင့် ဆက်စပ်သည့် အခြားဒေသများကို ဖြတ်သန်း၍ လမ်း၊ တံတား၊ ရထား လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ် အားပို့လွှတ်သည့်လိုင်းများ၊ ရေနံ ပိုက်လိုင်းများနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းခြင်း စသည့်လုပ်ငန်း များကိုဆောင်ရွက်ရာတွင်လည်းကောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် တည်ဆဲဥပဒေများ နှင့်အညီ စာချုပ်များ ချုပ်ဆို၍ဆောင်ရွက်ရမည် ဖြစ်ကြောင်း စသည့်ပြဋ္ဌာန်းချက်များဖြစ်ပြီး ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေပုဒ်မ ၃၂ တွင် ပြဋ္ဌာန်းထားပါသည်။

ထို့ပြင် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းများအတွက် မြေငှားရမ်းခများ၊ မြေအသုံးချမှုပရီမီယံ ကြေးများကို တည်ဆဲဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီ သက် ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းသို့ ပေးချေရမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၃၆ တွင်ပြဋ္ဌာန်းထားသော်လည်း မြန်မာ အထူးစီးပွားဇုန်ဥပဒေတွင် ထည့် သွင်းပြဋ္ဌာန်းထားခြင်းမရှိသည်ကို တွေ့ရသည်။

အလားတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက် ဆိုင်သည့်ကိစ္စရပ်များကို ဤဥပဒေ နှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဤဥပဒေတွင် ပြဋ္ဌာန်း ထားခြင်းမရှိသည့် ကိစ္စရပ်များသည် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ပါရှိပါက ယင်းဥပဒေပါပြဋ္ဌာန်း ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထားပါသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို အခန်း ၁၂ ခန်း၊ ပုဒ်မ ၅၈ ခုဖြင့် ပြဋ္ဌာန်းထားပြီး အခန်း ၁၂ ခန်း၏ ခေါင်းစဉ်များမှာ အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) ထားဝယ်အထူးစီးပွား ရေးဇုန်၊ အခန်း(၄) ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဖွဲ့ စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၅) ရင်းနှီးမြှုပ်နှံသူ၏ အထူး အခွင့်အရေးများ၊ အခန်း(၆) ရင်းနှီး တည်ဆောက်သူ သို့မဟုတ် ရင်းနှီး မြှုပ်နှံသူ၏ သီးခြားတာဝန်များ၊ အခန်း(၇)မြေအသုံးပြုခြင်း၊ အခန်း(၈) ဘဏ်နှင့် ငွေရေးကြေးရေးစီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း(၉) အကောက်ခွန် ဦးစီးဌာနက စီမံခန့်ခွဲ ခြင်းနှင့်ကုန်ပစ္စည်းများစစ်ဆေးခြင်း၊ အခန်း(၁၀) ကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့်ကူးစက်ရောဂါပြန့် ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း၊ အခန်း(၁၁) အလုပ်သမားရေးရာကိစ္စ ရပ်များ၊ အခန်း(၁၂) အထွေထွေ တို့ ဖြစ်ကြကာ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေတွင်လည်း အခန်း ၁၂ ခန်း ဖြင့် ပြဋ္ဌာန်းထားပါသည်။

ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေအရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့်ဇုန်များ

၁။ အဆင့်မြင့်နည်းပညာစက်မှုဇုန်များ

၂။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ

၃။ ပို့ကုန်ပစ္စည်းထုတ်လုပ်မှုဇုန်များ

၎။ ဆိပ်ကမ်းနယ်မြေဇုန်များ

၅။ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ

၆။ သိပ္ပံနှင့်နည်းပညာ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ

၇။ ၀န်ဆောင်မှုလုပ်ငန်းဇုန်များ

၈။ တစ်ဆင့်ခံကုန်သွယ်မှုဇုန်များ

၉။ အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ

Source Article from http://www.news-eleven.com





Source Audio from http://www.bbcburmese.com