• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, March 5, 2011

မော်ဒယ်ဘဝမှ သရုပ်ဆောင်ဘက်လှည့်လာတဲ့ သင်ဇာနွယ်ဝင်း

သရုပ်ဆောင်သင်ဇာနွယ်ဝင်း

မော်ဒယ်ဘဝမှ သရုပ်ဆောင်ဘက်လှည့်လာတဲ့

သင်ဇာနွယ်ဝင်း

by အေးမွန်
Wednesday, 02 March 2011

J Donuts မင်းသမီးလေး လို့ အများသိကြတဲ့ သင်ဇာနွယ်ဝင်းရဲ့ အချစ်စိမ်းစိမ်း ဆိုတဲ့ ဗီဒီယို ဇာတ်ကား ပရိသတ်ရှေ့ ရောက်ရှိ ခဲ့ပြီးချိန်မှာ သင်ဇာနွယ်ဝင်းရဲ့ အနုပညာ ခြေလှမ်းတွေကို တွက်စစ်ဖြစ်ပါတယ်။

ရိုက်ကူးပြီးသွားတဲ့ ဇာတ်ကားတွေ အကြောင်းကပဲ စရအောင်။

အားလုံး (၄) ကားရိုက်ပြီးပါပြီ။ တစ်ကားက ဖန်စီ၊ တစ်ကား က ဒရာမာပုံစံမျိုး၊ နှစ်ကားကတော့ ဟာသပေါ့နော်။ မျှအောင်လုပ်ထားပါတယ်။

အနုပညာနှင့် ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ်ရော ဘာလုပ် နိုင်တယ်ထင်လဲ။

ပထမဆုံး ဆာတိုရီက ကမ်းလှမ်းတဲ့ အချစ်စိမ်းစိမ်း ကားတုန်းက ဆိုရင် အတွေ့အကြုံလုံးဝမရှိသေးတဲ့ ကာလ။ တကယ်တမ်း ဗီဒီယို ရိုက်မှာလည်း မင်းသမီးဖြစ်မှာလေ။ သူတို့က လုပ်နိုင်ပါ့မလား မေးတယ်။ အင်္ဂလိပ် ဇာတ်ကားလေး ဖွင့်ပြတယ်။ ကိုယ့်ကိုယ် ကိုယ်ရတယ် လုပ်မယ်ဆိုပြီး အာမခံခဲ့တယ်။ ဒါရိုက်တာကလည်း သင်ပေးတယ်။ မင်းသား တွေကလည်း သင်ပေးတယ်ဆိုတော့ အဲဒီကားလေးလည်း အဆင်ပြေခဲ့ပါတယ်။ အခွေထွက်တော့လည်း ပရိသတ်တွေ အားပေးကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာကို ပိုင်ပိုင်နိုင်နိုင် လုပ်တတ်လဲ ဆိုတာတော့ သိပ်မသိသေးပါဘူး။ ငိုတဲ့ အခန်းတွေတော့ ရတယ်ထင်တာပဲ။

ဘာအတွေ့ အကြုံမှမရှိဘဲ ကင်မရာရှေ့ ရပ်ခဲ့ရတော့ အခက်အခဲတွေ့ သေးလား။

သင်ဇာတို့ ညီအစ်မငါး ယောက်ရှိတယ်။ ငယ်ငယ်လေးထဲက အိမ်မှာ ဗီဒီယိုကင်မရာလေး ဝယ်ထားပြီး အပျော်တမ်း ရိုက်လေ့ရှိကြတယ်။ ကြော်ငြာဘက်မှာလည်း အတွေ့အကြုံ ရှိပြီသားဆိုတော့ ကင်မရာ ကြောက်တဲ့စိတ်တော့ မရှိဘူးပေါ့။ ဒိုင်ယာလော့(ခ်)မှားတာတွေ လည်းသိပ်မရှိပါဘူး။ ပထမကား ကတော့ အကုန်လုံး အဆင်ပြေပါတယ်။ ဒုတိယကားမှာတော့ ဦးနိုင်ကြီးက မင်းသားကြီးဖြစ်တော့ သူ့ကိုနည်းနည်းရှိန်တယ်။ ကိုယ့်ကြောင့် ကြာသွားမှာ ရိုက်ကွင်းအနှောင့်အယှက် ဖြစ်မှာမျိုး တွေးပူတယ်။ ဦးနိုင်က သင်ပေးသလို ဒါရိုက်တာတွေလည်း အရမ်းစိတ်ရှည်လို့ အဆင်ပြေပါတယ်။

ကင်မရာ မရှိန်ပေမယ့် ဇာတ်ရုပ်တစ်ခုကို ဝင်စားရတာဖြစ်တဲ့အတွက် အခက်အခဲ နည်းနည်းရှိမလား။ ဇာတ်ကောင်စရိုက်ထဲ ဝင်စားရတာဆိုတော့လေ။

ဆာတိုရီက ရဲတိုက်နှင့်ရိုက်တဲ့ အချစ်စိမ်းစိမ်းဆိုရင်တော့ ဘာအခက်အခဲမှမရှိခဲ့ပါဘူး။ ပထမ ဆုံးကားဖြစ်တော့ ငါ ဒီကားလေးနဲ့ပေါက်သွားရင် တခြားကားတွေလည်း ရိုက်ရမှာပါဆိုတဲ့ စိတ်ကိုသွင်းပြီး အလုပ်လုပ်ခဲ့တယ်။ အချစ်စိမ်းစိမ်းမှာက အမြဲတမ်းငိုပြီး တစ်ကားလုံးဇာတ်ရုပ်ကို စိတ်ထဲမှာသွင်းထားရတယ်။ နောက်ကား တွေမှာတော့ အက်တာကြီးတွေနဲ့ တွဲပြီး သရိုပ်ဆောင်ရတော့ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလည်း ပိုပြီးသိလာရပါတယ်။

သင်ဇာနွယ်ဝင်းဆိုပြီး ပရိသတ်က နာမည်တစ်လုံးမှတ်မိသွားစေတဲ့ အနုပညာခြေလှမ်းက ဘာများလဲ။

RC က အင်္ကျီကြော်ငြာထားတယ်။ အဲဒီကြော်ငြာက TV မှာ ခဏလောက်ပဲလွှင့်ဖြစ်ခဲ့ပေမယ့် ပရိသတ် သတိထားမိခဲ့တယ်။

သင်ဇာနွယ်ဝင်း ဆိုတဲ့နာမည်အကြောင်းလေး လည်းပြောပါဦး။

သင်ဇာနာမည်က နာမည် အရင်းပါပဲ။ နာမည်နဲ့ ပတ်သက်လို့ ကတော့ ကိုယ့်နာမည်က ကိုယ်နဲ့လိုက်ဖို့ အရေးကြီးတယ်ထင်ပါတယ်။ အဲဒီနာမည်လေးက ကိုယ်နဲ့လိုက်တဲ့နာမည်လေးလို့ ထင်တယ်။

ရှေ့ဆက်ပြီး အားစိုက်လုပ် ဖြစ်မယ့် အနုပညာ ဘာများဖြစ်မလဲ။

သီချင်းကတော့ တစ်ပုဒ်ပဲ သွင်းဖြစ်တယ်။ ပရိသတ်ရှေ့ကို သီချင်းနဲ့ မရောက်သေးတော့ ဘယ်လိုတုံ့ပြန်မယ် ဆိုတာ မသိရသေး ပါဘူး။ ရှုတင်သွားရတာတော့ အရမ်းပျော်တယ်။ စိတ်ချမ်းသာတယ်။ အမြဲတမ်း လုပ်ချင်တဲ့ အနုပညာအလုပ်ကတော့ TV ကြော်ငြာရိုက်ချင်တာပဲ။ ကြော်ငြာမှာ မထက်ကို အရမ်းသဘောကျ တယ်လေ။ အဲဒီလိုမျိုးဖြစ်ချင်တယ်။ သူ့ကို ကြည့်နေရတာကိုက အရမ်းပျော် စရာကောင်းတယ်။ သူ့လိုဖြစ်ချင်တာလည်း ပါသလို၊ သူ့ကြော်ငြာတဲ့ ကုန်ပစ္စည်းတွေဆိုရင် အရမ်းရောင်းကောင်းတော့ အားကျစရာကောင်းတယ်။ ကြော်ငြာနဲ့ပတ်သက်တဲ့ မထက်ရဲ့စန်းနှင့်အောင်မြင်မှုကို အရမ်းအားကျမိပါတယ်။

အေးမွန်
မန္တလေးအာရုဏ်ဦး
Wednesday, 02 March 2011