• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, January 7, 2012

အင်ဒီယားနားပြည်နယ်တွင် ရထားတိမ်းမှောက်

Chief Lain with EMA Director Phil Griffith and Att, Gen. Carter
Source Photo from http://www.portercountysheriff.com

အမေရိကန် အင်ဒီယားနားပြည်နယ်တွင် ရထားလမ်းချော်တိမ်းမှောက်

7 Jan, 2012

အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ်တွင် ကုန်တင်မီးရထားတစ်စီး လမ်းချော်တိမ်းမှောက် ခဲ့သဖြင့် ဓါတ်ငွေ့အရည်တင် ကုန်တွဲ အချို့မှာ မီးလောင်းကျွမ်းမှုများ ဖြစ်ပွားနေကြောင်း press tv သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ မီးရထားမှာ လွန်ခဲ့သည့် သောကြာနေ့က ဒေသစံတော်ချိန် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ပြည်နယ် အနောက်မြောက်ပိုင်း ရှိ Valparaiso မြို့ အနီးတွင်ဖြစ် ပွားခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုပါမီးရထားတွင် ပါဝင်ခဲ့သူ နှစ်ဦးမှာ အသက်အန္တရာယ် မထိခိုက်စေသည့် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်းလည်း သိရသည်။ ရုပ်မြင် သံကြား သတင်းဌာနတွင် ကြေငြာချက်အရ ယင်းသို့ လမ်းချော်သွားခဲ့သည့် မီးရထား တွဲများထက်မှ မီးခိုးလုံးများ ထွက်လာသည် ကို တွေ့ခဲ့ရကြောင်းနှင့် မီးသတ်သမားများမှာ မီးတောက်များကို ငြိမ်းသတ်နေကြောင်းလည်း သိရသည်။

Porter County အရေးပေါ် စီမံခန့်ခွဲရေး ဌာနဒါရိုက်တာဖြစ်သူ Phil Griffith မှပြောရာ၌ ခရိုင်၏ ဘေးအန္တရာယ်
ဖြစ်စေသည့် အရာမျာနှင့် ပတ်သက်သည့် ကျွမ်းကျင်သူများအဖွဲ့မှာ အဆိုပါဒေသကို စစ်ဆေးလျက်ရှိပြီး အစိုးရစုံစမ်းရေးမှုးများလည်း ရောက်ရှိနေရာ ယိုဖိတ်မှုများရှိ ၊မရှိကို စုံစမ်းမှုများပြု လုပ် နေကြကြောင်း လည်း ပြောကြားသွားခဲ့သည်။

ထို့အပြင် အနားပတ်ဝန်းကျင် မိုင်ဝက်ခန့် ဒေသများ တွင် နေထိုင်သူများ ကိုလည်း အစိုးရမှ နေရာရွှေ့ပြောင်း ပေး ထားကြောင်း သိရသည်။


Source Photo from http://www.buffalonews.com


source : presstv.ir

Credit http://www.mrtv4.net.mm