• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 8, 2012

ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်လှစ်

မက္ကဆီကိုတွင် ကမ္ဘာ့အမြင့်ဆုံးတံတား ဖွင့်လှစ်

Sunday, 08 January 2012

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းတွင် ဇန်န၀ါရီလ ၆ ရက်နေ့က ကမ္ဘာ့အမြင့်ဆုံးတံတား ဘာလူအာတီကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမြင့်ပေ ၁၃၂၂ ပေ ရှိသော ဘာလူအာတီတံတားသည် ဆီရာမာ ဒရီတောင်များကြားရှိ နက်ရှိုင်းသော ချောက်ကမ်းပါးကိုဖြတ်ကာ ဖောက်လုပ်ထားခြင်းဖြစ်သည်။ ယင်းမှာ မက္ကဆီကို၏ ပစိဖိတ်ကမ်းရိုးတန်း မာဇက်လန်မှ ကုန်းတွင်းပိုင်း ဒူရန်ဂိုသို့ အမြန်လမ်းမ ဖောက်လုပ်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ် တမ်းပြုစုရေးအဖွဲ့မှ အရာရှိများသည် မက္ကဆီကိုသမ္မတ ဖီလစ်ပီကယ်လ်ဒါရွန်ထံသို့ အသိအမှတ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

On the Durango side, Piers 3 and 4 rise in the foreground with the help of a dense lattice of scaffolding.
Image by Grupo Triada / Owner SCT

Source Photo from http://teakdoor.com

ခရီးသွားလာမှုများကို ယခုနှစ်နှောင်းပိုင်းတွင်မှ စတင်ခွင့်ပြုပေးမည်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်းကူးသန်းရောင်းဝယ်ရေးကိုပါ တိုးတက်စေရန် မျှော် လင့်ထားသည်။

မာဇက်လန်-ဒူရန်ဂို အမြန်လမ်းမသည် မိစ္ဆာကျောရိုးလမ်းဟု ထင်ရှားသော တောင်များကိုပတ်ပြီး ဖောက်လုပ်ထားသည့် ခရီးကြမ်းသော လမ်းကြောင်းနေရာတွင် အစား ထိုးမည်ဖြစ်သည်။
ယင်းအတွက် ဘာလူအာတီ တံတားသာမက မီတာ ၃၀၀ ထက်မြင့်သော တံတားခြောက်စင်းနှင့် ဥမင် ၆၀ ကို ဖောက်လုပ်ခဲ့သည်။ တံတားအလယ်တိုင်အောက် ခြေမှာ အီဖယ်မျှော်စင်တစ်ခုလုံး လွတ်နိုင်လောက်အောက်
မြင့်မားပြီး ကြိုးတံတား များထဲတွင် အမြင့်ဆုံး အဖြစ်ပြင်သစ်မှ မီလော်ဗီယာဒက် တံတားကို ကျော်လွန်သွားပြီဖြစ်သည်။

Temporary office and work buildings surround the base of the main tower on the Durango side.
Image by Grupo Triada / Owner SCT

Source Photo from http://teakdoor.com

Ref: BBC
Copy from http://www.news-eleven.com