• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 3, 2013

မိုဘိုင်းဖုန်း နဲ့ အတတ်နိုင်ဆုံး ဝေးဝေးနေပေးပါ

 


မိုဘိုင်းဖုန်း ဓါတ်ရောင်ခြည်နဲ့ ဝေးဝေးနေ

2013-05-02

မိုဘိုင်းဖုန်း အသုံးပြုသူ တစ်နေ့ထက်တစ်နေ့ တိုးများလာနေတယ်။
မိုဘိုင်းဖုန်း ဆက်တဲ့အခါ လူရဲ့ကျန်းမာရေးကို ထိခိုက်တတ်တဲ့ ဓါတ်ရောင်ခြည် ဖြာထွက်တတ်တယ်။
ခုခေတ်မှာ လူတွေဟာ အီလက်ထရွန်နစ်ပစ္စည်းများမှ ထွက်လာတဲ့ ဓါတ်ရောင်ခြည် မြူနင်းထဲမှာ နေထိုင်
နေကြတယ်လို့ ဆိုနိုင်ပါတယ်။
မိုဘိုင်းဖုန်း အသုံးပြုတဲ့ အချိန် ကြာလာတော့၊ မှတ်ဥာဏ်ကို ထိခိုက်တတ်တဲ့အပြင် အိပ်ရေးကိုပါပျက်စေ
နိုင်တယ်။
အောက်ပါနည်းလမ်းတွေဟာ မိုဘိုင်းဖုန်းရဲ့ ဓါတ်ရောင်ခြည်ကြောင့် ကျန်းမာရေးအပေါ်ထိခိုက်မှုကို လျော့
နည်းလာစေနိုင်တယ်။

မိုဘိုင်းဖုန်း ဆက်တဲ့အခါ ခေါင်းနဲ့ နည်းနည်းဝေးအောင် ကိုင်ထားပါ။
အကောင်းဆုံး ကတော့ ဖုန်းမြည်သံ တစ်စက္ကန့်၊ နှစ်စက္ကန့် မြည်ပြီးနောက်၊ သို့မဟုတ် ဖုန်းမြည်သံ နှစ်
ကြိမ်ရဲ့ကြားထဲမှာ ဖုန်းကိုင်သင့်တယ်။
မိုဘိုင်းဖုန်းသုံး နားကပ်သပ်သပ်ကို အသုံးပြုပါ။
သြစတြေးလျ သိပ္ပံပညာရှင်ရဲ့ သုတေသနရလဒ်အရ၊ အဲဒိလို နားကပ် အသုံးပြုတာဟာ ဓါတ်ရောင်ခြည်
ဖြာထွက် ထိခိုက်မှုရဲ့၉၀ ရာခိုင်နှုန်းကျော် လျော့နည်းလာစေနိုင်တယ်လို့ သိရပါတယ်။
မိုဘိုင်းဖုန်း အသုံးပြုတာ တတ်နိုင်သလောက် နည်းအောင် လုပ်ပါ။
စားပွဲတင်ဖုန်း ရှိရင်၊ စားပွဲတင်ဖုန်းကိုပဲ အသုံးပြုပါ။
မိုဘိုင်းဖုန်း ဆက်တဲ့အခါ တတ်နိုင်သလောက် အချိန်တိုအောင် စကားပြောပါ။
မိုဘိုင်းဖုန်းကို ရင်နဲ့ ခါးနေရာမှာ ထည့်တဲ့အကျင့်ဆိုး ရှောင်သင့်ပါတယ်။


Copy from http://myanmar.cri.cn/666/2013/05/02/1s25266.htm