• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 9, 2013

နှစ်သက်မိသော ဓါတ်ပုံများ

 

နှစ်သက်မိသော ဓါတ်ပုံများ
 
May 09, 2013 Thursday

Face book ထဲက ကူးယူထားတာချည်းပါပဲ။ ကျုပ်တော်တော်သဘောကျတယ်ဗျာ။
ရွာကို လွမ်းမိတာတော့အမှန်ပဲ။ ဓါတ်ပုံဆရာရဲ့ ရိုက်ချက်က တယ်ပြင်းတာကိုး။
ကျုပ်အမှား တစ်ခုလုပ်မိသွားတယ်။ ဓါတ်ပုံယူလာတဲ့ နေရာကို မှတ်မထားလိုက်မိဘူး။
ဓါတ်ပုံပိုင်ရှင်ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။


ကရင်တွေ မညီလျင် ကရင်တမျိုးလုံး ဆံပင်ကျွတ်သလို အမျိုးပြုတ်လိမ့်မယ်။ အဲဒီအခါကျလျင် ကျုပ်တို့
ကို ဖျာတစ်ချပ်လို သဘောထားပြီး လိပ်တာခံရမယ်။

ဒီနေရာမှာ ဆံပင်ကျွတ်တယ်ဆိုတာ ရိုးရိုးကျွတ်တာကို ဆိုလိုတာမဟုတ်ဘူးနော်။ ကင်ဆာရောဂါခံစားနေ
ရတဲ့ လူနာအတော်များများကို နောက်ဆုံးပေါ်နည်းတနည်းဖြစ်တဲ့ Chemo therapy နည်းနဲ့ကုတဲ့အခါ ဆံ
ပင်တွေ အလိပ်လိုက် အထွေးလိုက်ကျွတ်တဲ့ပုံမျိုးကိုဆိုလိုတာဖြစ်လေတော့ ရောဂါသက်သာလာလျင် ဒါမှ
မဟုတ် ဆေးအရှိန်ကုန်သွားလျင် ဆံပင်တွေပြန်ပေါက်လာနိုင်ပေမယ့် ကရင်လူမျိုးတွေအတွက်တော့ သိပ်
မလွယ်ဘူးနော်။

ဖျာလိုလိပ်ပြီး ချောင်ထိုးတာခံရလျင် ခံရ၊ ဒါမှမဟုတ်လျင် မြေမြှုပ်ပစ်တာ ခံရမှာအသေအခြာပဲ။

အသိပညာအတတ်ပညာ ခေါင်းပါးမှုကြောင့် အတွေးအခေါ်တွေမှောက်မှားပြီး အမျိုးသားရေးမှာ ယိုင်နဲ့လာ
တာနဲ့အမျှ ၀ါးလက်ခုပ်လိုသာ အတီးခံပေတော့။

ဝါးလက်ခုပ်ဆိုတာတွေ့ဘူးကြမှာပါ။ ဗမာ့ရိုးရာ မောင်ရွှေရိုးအက ဒိုးပတ်အက ရွှေအိုးစည်အက စတဲ့ အက
တွေမှာ ၀ါးလုံးကို ထက်ခြမ်းခွဲပြီး တီးကြတာလေ။ အဲဒါမျိုး အဲဒါမျိုး အဆော်ခံပေတော့။ ဒိုးပတ်ဝိုင်းတွေမှာ
မသုံးပဲ ကြက်မောက်သီးမှည့်ချိန်မှာ ရှဉ့်ငပေါ ရန်ကိုကာကွယ်ဘို့ သုံးမယ်ဆိုလျင်လည်း သုံးစေပေါ့ဗျား။

အသိပညာအတတ်ပညာတွေကို လေ့လာသင်ယူဘို့ ပျက်ကွက်ပြီဆိုလျင် သူတပါးက ချိုးဖဲ့ဖျက်ဆီးဘို့ရာ
အတွက် အလွန်အမင်းလွယ်ကူသွားပြီ။

စာရေးတဲ့သူက ကရင်တွေစာပေကို ပစ်ပယ်လျင် စွန့်ပယ်လျင် လို့ပြောပေမယ့် ကျုပ်ကတော့ အသိပညာ
အတတ်ပညာလို့ ယူဆပါတယ်။   


 
ပိုးကရင်ဘာသာနဲ့ ရေးထားတာလေ။

 

ဒီပုံထဲမှာက ဖထီးက မယုံဘူးဆိုပါလား။
လေလှိုင်းထဲမှာ ပြောသွားတဲ့ ဖထီးကျတော့ ခြေစုံပစ်ပြီးတော့ကို ယုံတာတဲ့။

မှတ်ချက်

ဓါတ်ပုံများ အားလုံးကို စောစော(၀င်းရော်) ဖေ့စ်ဘွတ်ခ် မှ ရယူထားခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဓါတ်ပုံပိုင်ရှင် စောစော(၀င်းရော်)အား အထူးကျေးဇူးတင်ရှိပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)