OKRSO စာပေနှင့်ယဉ်ကျေးမှု ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းရေး
အဖွဲ့အား ကျေးဇူးတင်ဂုဏ်ပြုခြင်း
အဖွဲ့အား ကျေးဇူးတင်ဂုဏ်ပြုခြင်း
ယဉ်ကျေးမှုဟူသော ဝေါဟာရကို၊ မြန်မာစာအဖွဲ့ထုတ် မြန်မာ-အင်္ဂလိပ်အဘိဓာန်၌
၁။ Politeness.
၂။ Civilization.
၃။ Culture. ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
Politeness ၏ဆိုလိုရင်းမှာ လူမှုဆက်ဆံရေးနယ်ပယ်တွင် ကိုယ်မှု နှုတ်မှု ယဉ်ကျေးသိမ်မွေ့မှုဖြစ်ပြီး
Civilization မှာ လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားမှုကို ဆိုလိုကာ Culture မှာမူ ရိုးရာဓလေ့
ယဉ်ကျေးမှုထုံးစံများကို ဆိုလိုပါသည်။
သို့ဖြစ်ပါသောကြောင့်ကျွန်ုပ်တို့ကရင်အမျိုးသားများသည် ယဉ်ကျေးမှုဟူသောဝေါဟာရကို မြင်ကြားလျှင်
Culture ဟူသော အနက်တခုတည်းကိုသာ မထင်မြင်၊ မတွေးခေါ်ပဲ ကျန်ရှိသောအနက်နှစ်ခုကိုပါ ထည့်
သွင်းစဉ်းစားလုပ်ကိုင်ဆောင်ရွက်တတ်ရန် အရေးကြီးပေသည်။
စိုးကမော်
ကရင့်သက္ကရာဇ် ၂၇၃၉ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးကော်မီတီ ကွမ်ဘီကျေးရွာ လှိုင်းဘွဲမြို့
နယ်မှ ထုတ်ဝေသည့် နေခြည်သစ်စာစောင်မှ ကူးယူဖေါ်ပြသည်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
OKRSO အဖွဲ့ဝင်များ အားလုံးနှင့် ဦးစီးဦးဆောင်ကြသူများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)