Source Photos from http://worldwidenautical.com/Boots.htm
ရေအောက်မှ တွေ့ရှိသည့် ၄ပိဿာကျော်
ကြေးဖိနပ်
By ကျော်စိန်
ဇူလိုင်လ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “လေးပိဿာ ၂၀ ကျပ်သားရှိ ကြေးဖိနပ်ကြီးရေ
အောက်မှာတွေ့ရှိ” ခေါင်းစဉ်ဖြင့် သတင်းတစ်ရပ် ပါရှိလာသည်။ အဆိုပါသတင်းတွင် တနင်္သာရီတိုင်းဒေသ
ကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကွမ်းတောင်ကျွန်းအနောက်တောင် ဘက်ပင်လယ်ပြင်ရေအောက်မြေ အ
နက် ခုနစ်လံ ( ၄၂ ပေခန့်)ရှိသည့်နေရာမှ ရှေးဟောင်းပစ္စည်းဟုယူ ဆရသော ကြေးဖိနပ်ကြီးတစ်ဖက်ကို
ရေလုပ်သားတစ်ဦးဖြစ်သူ၊ အလယ်ကျွန်းရပ်ကွက်၊ ပန်းယား ၀ပ်ရှော့လမ်းနေဦးငွေစိုး (၄၈)နှစ် ပါ သုံးဦး
သည် ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်း ငါးဖမ်းယူနေစဉ် ဖိနပ်တစ်ဖက်ငါးမျှားချိတ်တွင် ချိတ်ပါ လာခဲ့ကြောင်း
အဆိုပါကြေးဖိနပ်သည်အလေးချိန်လေးပိဿ ၂၀ကျပ်သားရှိပြီး အရှည် ၁၃လက်မ နှင့် အကျယ်ငါးလက်မ
ရှိကာ ဖိနပ်ပတ်လည်တွင် ဘဲဥပုံအပေါက် ၁၆ပေါက်နှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် အပေါက်ကြီးနှစ်
ပေါက်ပါရှိသည်။
ဖိနပ်၏ ဘေးတစ်ဖက် တွင် C, F, HeINKE,S စာတန်း နှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့်စာတမ်းပါရှိသည်ဟုပုံနှင့် တကွဖော်ပြထားရှိသည်။
စိတ်ဝင်တစားဖြင့် သတင်းတွင်ဖော်ပြထားသော သတင်းဓာတ်ပုံအား မှန်ဘီလူးဖြင့် စေ့ငုကြည့်ရှုသောအခါ
သတင်းဓာတ်ပုံပါဖိနပ် နှင့် ရေးတိုးထားသည့်စာတမ်းမှာ C. E, HEINKE,S’ ဟူသော စာတမ်းကို အင်္ဂလိပ်
အက္ခရာပုံနှိပ် စာလုံးကြီး (Capital Letter) ဖြင့် အထင်အရှားရေးသားထားသည် ကိုတွေ့ရသည်။
(သတင်းစာတွင် ဖော်ပြထားသကဲ့သို့ C, F, HeINKE,S မဟုတ် ဘဲ C. E, HEINKE,S ဖြစ်ပါသည်)
သို့ဖြစ်၍အဆိုပါကြေးဖိနပ်၏ အကြောင်းအရာကို ထို့ထက် ပြည့်ပြည့်စုံစုံသိရှိနိုင်ရန် အလို့ငှာ လက်လှမ်းမီ
သရွေ့လေ့လာရာတွင် C. E, HEINKE, ကုမ္ပဏီကိုတည်ထောင်သူမှာ ချားလ်စ်အက်ဒွင်ဟိန်း (Charles Edwin Heinke) ဆိုသူဖြစ်ပြီး ၎င်းကို ၁၈၁၈ ခုနှစ်စက်တင်ဘာ ၄ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ဖခင်မှာ
ပရပ်ရှား (ယခုဂျာမန်နွယ်ဖွား) ကြေးသွန်းလက်မှုပညာရှင် (Copper smith) တစ်ဦးဖြစ်သူ ဂွတ္တလစ်ဖရက်
ဒရစ် ဟိန်း (Gottlif Fedlrick Heinke) ဖြစ်ကြောင်း၊ ၁၈၁၉ခုနှစ်တွင် C.E Heinkeမှာ ဖခင်နှင့်အတူလန်ဒန်
သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း C.E Heinke သည်နောင်တွင် ရေငုပ်ဝတ်စုံ (Diving Equipment) များ
ထုတ်လုပ်ရာတွင် အထူးအောင်မြင်ကျော်ကြားခဲ့ပြီး ၎င်း၏ပထမဆုံးရေငုပ်ခေါင်းဆောင်း ( Helmet) မှာ
၁၈၄၄ ခုနှစ်မှစ၍ ကမ္ဘာတွင် အထူးကျော်ကြားခဲ့ ကြောင်း သိရသည်။ C.E Heinke သည် ၁၈၄၄ ခုနှစ်တွင် C.E Heinke Submarine Engineer ကုမ္မဏီကို ထူထောင်ပြီး ရေငုပ်သမားများအသုံးပြုဝတ်စုံများ၊သင်္ဘော
သား အသုံးအဆောင်ပစ္စည်းများ၊ (သံလိုက်အိမ်မြှောင်၊ ကွန်ပါစ်များ အပါအ၀င်)တို့ကို ကြေးထည်ပစ္စည်း
များ အသုံးပြုထုတ်လုပ်ခဲ့ကြောင်း၊ ၁၈၇၁ ခုနှစ်တွင် အဆိုပါကုမ္ပဏီကို C.E Heinke & Co Submarine
Engineers ဟု အမည်ပြင်ဆင် ပြောင်းလဲခဲ့ကြောင်း၊ ၁၉၂၂ မှ ၁၉၆၁ ခုနှစ်ထိ C.E Heinke & Co.Ltd. Submarine Engineers ဟု အမည်ပြောင်းကာ ရေငုပ်သမားသုံးဝတ်စုံ၊ မီးသင်္ဘော၊ ရေငုတ်သင်္ဘောသုံး
ကြေးထည်ပစ္စည်းများကို တစ်ဆင့်ထက်တဆင့် တိုးတက် ထုတ်လုပ်ခဲ့ပြီး၊ ၎င်းကုမ္ပဏီထုတ် ပစ္စည်းအချို့မှာ
ယနေ့တိုင်သက်ဝင်လှုပ်ရှားနေသေးကြောင်း သိရသည်။
C. E, HEINKE မှာ လူကြီး ရောဂါဖြင့် ၁၈၆၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်
၅၁ နှစ်သာရှိ သေးသည်။
Source Photos from http://worldwidenautical.com/Boots.htm
၁၈၄၅ ခုနှစ်တွင် C. E, HEINKE သည်ပင်လယ်သမုဒ္ဒရာ ရေအောက်ကြမ်းပြင်တွင် ရေသယံ ဇာတရှာဖွေသူများ၊ ပုလဲငုပ်သူများအသုံးပြုနိုင်သည့်ကြေးသတ္တု ဖြင့် ပြုလုပ်သော ရေငုပ်သမားဝတ်စုံများကို ထုတ်လုပ်
ခဲ့ရာလွန်စွာ နာမည်ကြီးခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ယခုမြိတ်ကျွန်းစုမှ တွေ့ရှိသော ၄ ပိဿာကျော်ရှိ ကြေးဖိနပ်မှာ ၁၈၅၀ နှင့် ၁၉၀၀ ပြည့်နှစ်များအ
တွင်း C. E, HEINKE ကုမ္ပဏီ၏ မူပိုင်ပစ္စည်းတစ်ခုဖြစ်ဖွယ်ရှိကြောင်းယူဆရသည်။ အကြောင်းမူ ‘PATENT”
ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ “မူပိုင်” “မူပိုင်ခွင့်” ဟူ၍ဖြစ်သဖြင့် အဆိုပါ ဖိနပ်တွင် ဖော်ပြပါရှိသော C. E, HEINKE,PATENT ဆိုသည်မှာ လွန်ခဲ့သော နှစ် ၁၀၀ ခန့်က မြိတ်ကျွန်းစုအတွင်း ရေသယံဇာ တရှာဖွေ
သူ သို့တည်းမဟုတ် ပုလဲငုတ်သူ (ပြည်ပနိုင်ငံသားလည်း ဖြစ်နိုင်) တစ်ဦးဦးအသုံးပြုခဲ့သည့် ရေငုပ်သမား
သုံးဖိနပ်ဖြစ်ဖွယ်ရှိကြောင်း လေ့လာတင်ပြအပ်ပါသည်။
ကျော်စိန်
၁၉၊ ရ၊ ၂၀၁၃
Ref; wiki/ C.E Heinke.com
Copy from http://www.hotnewsweekly.com/archives/23750