• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 29, 2013

ငြိမ်းချမ်းရေး ဆိုသောအရာ


ငြိမ်းချမ်းရေး ဆိုသောအရာ

July 29, 2013 Monday

By မင်းစိုးစံ

ငြိမ်းချမ်းရေး ဒီစကားလေး သုံးခွန်းကို အသံထွက်ပြီးခေါ်ကြည့်လိုက်တယ်။
တစ်ခေါက်၊ နှစ်ခေက်၊ သုံးခေါက်၊ ခေါ်ကြည့်လေလေ ပိုပြီးခေါ်ချင်လေလေဖြစ်ဖြစ်လာတယ်။ နှလုံးသည်း
ပွတ်ကို အခိုင်လိုက်ကိုင်လှုပ်လိုက်သလို ခံစားရပါတယ်။ တကိုယ်လုံးမှာလည်ပတ်နေတဲ့ သွေးတွေနွေးလာ
သလိုလို ဖြစ်မိပါတယ်။

ဒါကြောင့်မို့ ငြိမ်းဆိုတဲ့ စာလုံးလေးရဲ့ ဖွဲ့စည်းထားပုံလေးကို မိမိဘာသာအကျယ်ချဲ့ကြည့်မိလိုက်ပါတယ်။
ငြိမ်းဆိုတာ တည်ငြိမ်တယ်၊ အရာခပ်သိမ်း ပူပူလောင်လောင် လှုပ်လှုပ်ရှားရှား မရှိဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ်
ညင်ညင်သာသာ ရှိတယ်။ အဲဒီလို တွေးမိသလို၊ ချမ်းဆိုတဲ့ စာလုံးလေးကျပြန်တော့ ချမ်းသာတယ်၊ ဧချမ်း
တယ်၊ ဆင်းရဲခြင်း ပူလောင်ခြင်းမရှိဘူး။ စာရေးနေရင်းနဲ့ အလိုလို ငြိမ်းချမ်းတဲ့ အရသာကို ခံစားနေလိုက်ရ
သလိုပါပဲ။

ရေး ဆိုတဲ့စာလုံးကျတော့ အဲဒီ ညင်ညင်သာသာငြိမ်ငြိမ်သက်သက် ရှိဘို့၊ ဧဧချမ်းချမ်း ဖြစ်ဘို့အတွက်ပြု
လုပ် ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောလို့ မှတ်ယူမိပါတယ်။ အဲဒီလိုငြိမ်းချမ်းတဲ့ဘ၀ကို ဘယ်သူတွေလို
လားတယ် လို့ ထင်ပါသလဲ။ သတ္တ၀ါအားလုံး လိုလားကြပါတယ်။ သက်ရှိသတ္တ၀ါတွေအားလုံး အလိုရှိကြ
ပါတယ်။ လူတိုင်း သတ္တ၀ါတိုင်း ငြိမ်းချမ်းမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းတယ်ဆိုတာကို ဘယ်လိုနားလည်လက်ခံထားကြသလဲ ဆိုတာ ခွဲခြားစိပ်ဖြာလိုက်မယ်
ဆိုလျင် အမျိုးမျိုးအဖုံဖုံသော အကြောင်းအရာနဲ့ အများအပြားသော အဖြေများထွက်လာမှာဖြစ်ပါတယ်။

သက်ရှိသတ္တ၀ါဖြစ်တဲ့ လူနဲ့ တိရိစ္ဆာန် ငြိမ်းချမ်းရေးလိုလားပုံကို တွေးကြည့်မိပါတယ်။ တိရိစ္ဆာန်ဆိုတာ သုံး
မျိုးကိုသာ သိတယ်လို့ အဆိုရှိပါတယ်။ အိပ်မယ်၊ စားမယ်၊ မေထုံမှီဝဲမယ်၊ အဲဒီသုံးမျိုးက လွဲလျင် သူ့မှာဘာ
အသိတရားမျှမရှိဘူးလို့ ပြောကြပါတယ်။ ဒါဆိုလျင် လူ ဆိုတာက တိရိစ္ဆာန်ထက် အသိတရားပိုသာသူဖြစ်
တယ်လို့ ဆို ထားကြလေတော့ လူတွေအားလုံးဟာ အဲဒီတိရိစ္ဆာန်တွေ သိတဲ့အသိသုံးမျိုးအပြင် အခြားအ
သိaတွရှိနေမယ် ဆိုတာ ပြောနေစရာမလိုပါဘူး။

လူတွေက တိရိစ္ဆာန်တွေထက် ပိုအသိရှိလို့ ကောင်းကင်ကို ကျောပေးပြီးမနေတာဆိုပြီးပြောကြပါတယ်၊ သို့
သော် လူ ဆိုသ်ာငြားလည်း တိရိစ္ဆာန်တွေလို ပြုမူကျင့်ကြံ နေထိုင်လိုမှု ကြီးမားတဲ့အတွက် တနည်းအားဖြင့်
လူသားအချင်းချင်း တစ်ဦးအပေါ်နိုင်လိုမင်းထက် ပြုကျင့်လိုမှုကြောင့် ဒီကနေ့ ကမ္ဘာပေါ်မှာ မတည်မငြိမ်ဖြစ်
မှု မငြိမ်းမချမ်းဖြစ်မှုတွေ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ တနှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာရ
တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို လိုအပ်နေပြီဆိုတာသိကြပေမယ့် ရွှေပိဿာချိန် ၁၀၀ရှိတဲ့သူက ငွေတစ်ကျပ်ရှိသူလို နေ
ထိုင်ကျင့်ကြံလိုစိတ်နည်းလာကြပြီး ငွေတစ်ကျပ်ရှိသူက ရွှေပိဿာချိန် ၁၀၀ရှိသူလိုနေထိုင်ကျင့်ကြံချင်စိတ်
များလာကြလို့ဆိုတာ သိသာထင်ရှားပါတယ်။

ဒီနေရာမှာ ရောင့်ရဲတင်းတိမ်ဘို့ ဆိုလိုနေတာမဟုတ်ပဲ အိုးတန် ဆန်ခပ် ဆိုတဲ့ဗမာ စကားပုံအတိုင်းကျင့်ကြံ
နေထိုင်လှုပ်ရှားဘို့ ဖြစ်ပါတယ်။ ဘ၀ကို အကြွေးနဲ့တည်ဆောက်လို့ မရဘူး ဆိုတဲ့ အနောက်တိုင်းစကားပုံ
ကိုလည်း ကြားဘူးကြမှာပါ။

ကိုယ့်ရဲ့ဝင်ငွေနဲ့ မသင့်တော်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို လိုချင်မက်မောမှု နေထိုင်လိုမှု ၀တ်ဆင်လိုမှု ဆိုတာ
တွေဟာ အမှန်တကယ်ကို ပူလောင်ဆင်းရဲစေပါတယ်။ မိမိကိုယ်တိုင်ကိုသာမက ဘေးပတ်ဝန်းကျင်ကိုပါ
ထိခိုက်နစ် နာစေပါတယ်။

သာမာန်မိန်းမပျိုငယ်တစ်ယောက် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးလို နေချင် ၀တ်ချင် လို့မဖြစ်နိုင်ပါဘူး။ အဲဒီ
စိတ်မျိုးဝင်လာပြီဆိုလျင် ငွေ လိုလာပါပြီ။ အလုပ်အကိုင် ကောင်းကောင်းရနိုင်ဘို့ ၀င်ငွေကောင်းတဲ့ အလုပ်
မျိုး လိုအပ်ပါတယ်။ ၀င်ငွေကောင်းတဲ့အလုပ် ရပြီဆိုတာနဲ့၊ ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီးလို ၀တ်ဆင်ခြယ်
သ နေနိုင်တာကို အားရကြေနပ်မှုမရှိပဲ ပိုကဲချင်တယ်ဆိုလျင် ဒီထက်မက ၀င်ငွေကောင်းတဲ့အလုပ်ကို ရှာမှ
ဖြစ်မှာဖြစ်တဲ့အတွက် သူ့ဘ၀မှာ ငြိမ်းချမ်းမှုမရှိနိုင်တဲ့အတွက် ပူလောင်နေတော့မှာပါ။

ကဲ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) လက်ရှိကျင့်ကြံအားထုတ်နေပုံကိုကြည့်လိုက်ကြပါစို့၊ တိရိစ္ဆာန်ထက်ပိုသာ
တဲ့ အသိတရားရှိတဲ့ အစိုးရ ဟုတ်မဟုတ်ဆိုတာနဲ့ တိရိစ္ဆာန်လိုပြုမူကျင့်ကြံနေထိုင်လိုစိတ်ပိုမိုတဲ့ အစိုးရ
ဟုတ်မဟုတ်ဆိုတာကို ကြည့်ကြပါစို့။
ဒါမှသာ ငြိမ်းချမ်းရေးကို ဘယ်လိုလူတန်းစားတွေက လိုလားနေသလဲဆိုတာကို သိမြင်နိုင်ပါလိမ့်မယ်။
မဟုတ်လျင် ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ကို တကယ့်ငြိမ်းချမ်းရေးဖေါ်ဆောင်မယ့် ဖေါ်ဆောင်နေတဲ့ အဖွဲ့
လို့ တလွဲမြင်သွားလျင်ဖြင့် အားလုံးသောက်ကျိုးနည်းကုန်တော့မှာ ဖြစ်ပါတယ်။

ဗမာစစ်အစိုးရအဆက်ဆက် ပြည်သူလူထုကို အငတ်ထားခဲ့ပါတယ်။ ပညာမဲ့ ဖြစ်အောင်၊ သမာအာဇီဝနည်း
နဲ့ လုပ်ကိုင်မစားနိုင်အောင်၊ အကျင့်သိက္ခာတွေပျက်အောင်၊ ဆင်းရဲတွင်း နက်သည်ထက်နက်အောင်၊ အ
ခြားနိုင်ငံ က(လူမျိုးခြား)လူမျိုးတွေလို တက်ကြွလန်းဆန်းနေတာမျိုးမဖြစ်စေအောင်၊ အမြဲတမ်း စိတ်ပျက်
အားငယ်နေအောင်၊ စိတ်ဓါတ်ပျက်ပြားအောင်၊ အကြောက်တရား လွှမ်းမိုးအောင်၊ နည်းနာနည်းလမ်းပေါင်း
မျိုးစုံ၊ ဘက်ပေါင်းစုံကနေ နည်းဗျူဟာအမြောက်အများနဲ့ သူတို့အာဏာတည်မြဲဘို့ နှစ်ပေါင်းများစွာ ပြုလုပ်
ခဲ့ ပြုလုပ်နေ ပြုလုပ်ဘို့ စိုင်းပြင်းနေတာ မမြင်ချင်အဆုံး မကြားချင်အဆုံး ဖြစ်ပါတယ်။

ပြည်သူလူထုကို အခုလိုဖြစ်အောင် လုပ်နေတာကတော့ သူတို့မိသားစုကို ဝေဘန်ထောက်ပြ ဆန့်ကျင်ပုန်
ကန်ဘို့ အချိန်မရနိုင်အောင်ဖြစ်ပါတယ်။ ပြည်သူတွေ ထမင်းဝလျင် နိုင်ငံရေးလုပ်မှာစိုးရတယ် အဲဒီတော့
လယ်တွေ သိမ်း၊ လူတွေဘမ်း၊ ပြဿနာတွေဖြစ်အောင်လုပ်၊ မတည်မငြိမ်ဖြစ်အောင်လုပ်၊ အာရုဏ်တွေလွှဲ
ပစ်၊ လောင်းကစားတွေ မူးယဇ်ထုံထိုင်းဆေးတွေ အနှိပ်ခန်းတွေ ပြည့်တန်ဆာရုံတွေ ဖြစ်အောင်လုပ်၊ အဲဒီ
ကနေ ထောင်ဘမ်း၊ လဒ်ယူ၊ အကြပ်ကိုင် စသည်ဖြင့် နေရာဒေသကိုလိုက်ပြီး နေရာအနှံ့လုပ်နေတာ အား
လုံးသိကြ ကြားကြ မြင်ကြမှာပါ။

ကရင်ပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ် ပြည်နယ်တွေသာမက တိုင်းဒေသမှာလည်း မူးယဇ်ထုံထိုင်း
ဘေးဖြစ်စေတတ်တဲ့ဆေးဝါးတွေ စိုးရိမ်နေရတဲ့အနေအထားအထိ လူငယ်တွေကြားမှာ ဆိုးဆိုးရွားရွားဖြစ်
နေတာတွေ သတင်းတွေနဲ့ လူသိရှင်ကြားတမျိုး လူမသိသူမသိတမျိုး ကြားနေကြရမှာပါ။

၁၉၈၈ခုနှစ် အရေးအခင်းကာလအပြီး နောက်ပိုင်းတွေမှာ လူစိတ်မရှိတော့တဲ့အစိုးရကို အနောက်နိုင်ငံအချို့
က ပိတ်ဆို့မှုတွေလုပ်လိုက်တော့ ဗမာစစ်အစိုးရက တရုတ်ကိုဝင်ပူးပြီး စားရမဲ့သောက်ရမယ့်ဘ၀ကို ရုန်း
ထွက်လိုက်တယ်။ (ဦးအောင်မင်းအပြော)
မကြာပါဘူး တရုတ်ကြီးက တရားတွေလွန်လာတော့ အသက်ရှူပေါက်ရှာတဲ့အနေနဲ့ အနောက်နိုင်ငံတွေ
ဘက် လှည့်ပြန်တယ်။ အဲဒီလိုလှည့်ပေမယ့် တရုတ်ကို မလွန်ဆန်ရဲပြန်ဘူး။ (ဦးအောင်မင်းအပြော)


2013-06-07 နေ့ရက်စွဲနဲ့ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမှ မြန်မာနိုင်ငံသို့ စွယ်တော်ပွါးသုံးဆူနှင့် ရွှေ
ကျောင်းဆောင်တို့ကို လှူဒါန်းခြင်းနှင့် အနေကဇာတင်ပွဲအခမ်းအနားကို ယနေ့ကျင်းပသည် ဆိုတဲ့သတင်း
ထွက်လာအပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို 2013-07-25 ရက်စွဲနဲ့ ၁၈၈၃ ခုနှစ်မှာ သီပေါမင်းက စတင်
တည်ထောင်ခဲ့တဲ့ မန္တလေးက ရွှေကျောင်းကို အမေရိကန်နိုင်ငံအခြေစိုက် ယဉ်ကျေးမှုအမွေအနှစ် ထိန်း
သိမ်းရေးဆိုင်ရာ သံအမတ်တွေရဲ့ ရန်ပုံငွေအဖွဲ့ Ambassador Fund for Cultural preservation AFCP ရဲ့
ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅သိန်းနဲ့ ဆောင်ရွက်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး ဦးသန်းဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ် ဆိုတဲ့သတင်းထွက်လာပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနဲ့ အမေရိကန်နိုင်ငံ သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့
ဦးဆောင်တဲ့ အဖွဲ့ဟာ ဇူလိုင်လ ၂၅ ရက်နေ့က မန္တလေးမြို့မှာရှိတဲ့ ရွှေကျောင်းတော်ကို သွားရောက်ခဲ့စဉ်
photo: U.S. Embassy Rangoo

အဲဒါတွေကတော့ အကောင်းတွေပေါ့ဗျာ။
ရေးရင်းရေးရင်းနဲ့ဘယ်လို အဆုံးသတ်ရမယ်မှန်းတောင် မသိတော့ပါဘူးဗျာ။
ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ငြိမ်းဖေါင်ဒေးရှင်းပရိုဂျက်မန်နေဂျာ ဦးမရန်ဂျော်ဂွန်းရဲ့ ဆွေးနွေးချက်
နဲ့ အဆုံးသတ်လိုက်ပါရစေ။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)