ကာကွယ်ရေးဦးစီးချုပ်
သွားရောက်လေ့လာခဲ့သည့်
ရုရှားလက်နက်စက်ရုံအကြောင်း
တစ်စေ့တစ်စောင်း
ဒီနေ့ဒီကာလဟာ အခွင့်ရေးတခုကိုတောင်းဆိုမယ်ဆိုလို့ရှိလျင် လက်နက်ပြပြီးတောင်းဆိုစရာမလိုဘူး။
အဲဒီအတိုင်းပဲ အုပ်ချုပ်တယ်ဆိုတဲ့နေရာမှာလည်း လက်နက်ကိုင်ပြီးတော့ အုပ်ချုပ်တဲ့ခေတ်
မဟုတ်တော့ဘူး။
(လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း)
July 3, 2013
By မောင်ယဿ
ဇွန်၂၆ရက်က မြန်မာနိုင်ငံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်
ငံ တူလာ ပြည်နယ်ရှိ KBP လက်နက်စက်ရုံနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို အများပြည်သူ သိ
ရှိစေရန်အတွက် တင်ပြလိုက်သည်။
KBPသည် လက်နက်ဒီဇိုင်းမျိုးစုံကိုရေးဆွဲပြီး ပုံစံထုတ်သည့် ဗျူရိုတစ်ခုဖြစ်သည်။ အဆိုပါဗျူရို၏ ညွှန်ချုပ်မှာ
ကိုနိုပလက်ဗ်ဖြစ်သည်။
ရုရှားနိုင်ငံ၏ ကာကွယ်ရေးစက်ရုံများတွင် ထိပ်တန်းစာ ရင်းဝင်သည့်ကုမ်္ပဏီတစ်ခုလည်းဖြစ်သည်။
လက်နက်ပုံစံ ၁၄၀ ကျော်နှင့်စစ်ဆင်ရေး သုံးပစ္စည်းများစွာကို တီထွင်နိုင်ခဲ့သည်။
အချို့မော်ဒယ်များကို တစ်ဆင့်မြှင့်ကာ ရုရှားစစ်တပ်အတွက် အတွဲလိုက်အသုံး ပြုနိုင်ရန် စီစဉ်ပေးနိုင်ခဲ့
သည်။
လတ်တလောတွင် ပဲ့ထိန်းလက်နက် များကိုထုတ်လုပ်ရန်စီစဉ်နေ၏။ ပစ်မှတ် ကိုတိကျစွာ ထိမှန်နိုင်ရန်အ
တွက် ပဲ့ထိန်းစနစ်ပါသော လက်နက်များကိုထုတ် လုပ်ရန်နည်းပညာအဆင့်မြှင့်နေသည်။
တီထွင်မှု ၅၀၀၀ ကျော်ကိုလည်း ပူးပေါင်းလုပ်ဆောင်နေသည်။
KBP ၏အဆင့်မြင့်လက်နက်များတွင်
တင့်ဖျက်ဒုံးကျည်စနစ်နှင့် တွဲဖက် ပစ္စည်းများ။
တိုက်ပွဲဝင်တင့်ကားများအတွက် လက်နက်စနစ်နှင့် လက်နက်တပ်ဆင်ထားသော အပေါ့စားယာဉ်ငယ်များ။
ပဲ့ထိန်းအမြောက်ကျည်နှင့် ပဲ့ထိန်း ဒုံးကျည်စနစ်။
တာကိုလေကြောင်းကာကွယ် ရေးစနစ်။
သေနတ်တပ်ဆင်ပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ။
တိုက်ပွဲဝင်လက်နက်ငယ်များ။
အမဲလိုက်သေနတ်နှင့် အားကစား ပြိုင်ပွဲဝင်သေနတ်များပါဝင်သည်။
အနီးကပ်တိုက်ပွဲများအတွက် တိကျမှုမြင့်မားပြီး ကျည်ထွက်မြန်သည့် လက်နက်ငယ်များ၊ ပုခုံးထမ်းလောင်
ချာများကို သိပံ္ပနည်းကျပြုလုပ်နေသည်။ နိုင်ငံခြားလက်နက်များနှင့် ပုခုံးချင်းယှဉ်နိုင်ရန်အတွက်လည်း
နည်းဗျူဟာပိုင်းဆိုင်ရာသေချာမှုရှိစေမည့် လက်နက်များ ထုတ်လုပ်ရန် ဒီဇိုင်းများရေးဆွဲထားသည်။
ပြည်သူပိုင်စနစ်ဖြင့် ပြုလုပ်ထားသော လက်နက်စက်ရုံဖြစ်ပြီး ၁၉၂၇ ခုနှစ်မှ စတင်တည်ထောင်ထားသည်။
စက်ရုံ လည်ပတ်ဝင်ငွေမှာ ရူဘယ် ၁၄ ဘီလီယံ ရှိသည်။
GSh-18 - production version, left side
Source Photo from http://www.defensereview.com
More information
http://www.defensereview.com/russian-kbp-gsh-18-pistol-and-9mm-pbp-ap-ammo-for-special-applications/
GSh အတွဲ အမြောက် ၅ မျိုး။9K နှင့် 9M ဖျက်ဒုံးကျည် ၄ မျိုး။
အတွဲလေယာဉ်ပစ်ဒုံးကျည် ၃မျိုး။
USK အတွဲ စနိုက်ပါရိုင်ဖယ် ၂မျိုး။
PP အတွဲစက်သေနတ် ၄ မျိုး။
GShပစ္စတို အတွဲ၃မျိုးနှင့် အခြားသောလက်နက်ကြီး၊ လက်နက်ငယ်များကို ထုတ်လုပ်ခဲ့သည်။
KBP ၏ရည်မှန်းချက်မှာ ပစ်မှတ် ကိုတိကျစွာပစ်နိုင်မည့် မြေပြင်ပစ်၊ မြေပြင်မှ ဝေဟင်ပစ်၊ ဝေဟင်မှမြေပြင် ပစ်လက်နက်များ ထုတ်လုပ်နိုင်ရေး ဖြစ်သည်။ ၎င်းလက်နက်များစွာကို ဒီဇိုင်း ရေးဆွဲပြီးဖြစ်သည်။
လေကြောင်း ကာကွယ်ရေးဒုံးကျည်သေနတ်စနစ်ကို နည်းပညာအဆင့်မြင့်နိုင်ခဲ့ပြီး လက်နက်တပ်ဆင်ထား
သော ယာဉ်ငယ်များနှင့် ပဲ့ထိန်းအမြောက်စနစ်မှာ ထင်ရှားနေပြီ ဖြစ်သည်။
KBP မှ တီထွင်လိုက်သော လက်နက်ငယ်များကို ရုရှားစစ်တပ်၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ လုံခြုံရေးဌာနများ
နှင့် ကမ္ဘာအနှံ့တင်ပို့လျက်ရှိသည်။ ပြီးခဲ့သည့်နှစ် များကာလအတွင်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်
ချိန်တွင် KBP ၎င်းထုတ်ကုန်ပစ္စည်းများကို နည်းပညာ အဆင့်မြှင့်နေခဲ့သည်။
နိုင်ငံခြားဈေးကွက် အတွင်းသို့ပစ္စည်းများ ကျယ်ကျယ် ပြန့်ပြန့်ပို့ဆောင်နိုင်ရန် ကြိုးစားနေရင်း ရုရှားနိုင်ငံစီး
ပွားရေးအတွက် စစ်လက် နက်ပစ္စည်းများပြုလုပ်ရောင်းရင်း တစ်ဖက်တစ်လမ်း အကူအညီပေးနေကြောင်း သိရသည်။
မောင်ယဿ
Copy from http://www.hotnewsweekly.com/archives/22861