• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, July 12, 2013

မြေမြှုပ်မိုင်း ပြဿနာနှင့် KNU သဘောထား

KNU၏ မြေမြှုပ်မိုင်း ပြုလုပ် ရာတွင် အသုံးပြု တတ်သော ကိရိယာ တချို့
ဓါတ်ပုံ (ရွှေဟင်္သာ)

 မြေမြှုပ်မိုင်း ပြသနာနှင့် KNU သဘောထား

Friday, 12 July 2013

by နော်ဆွိ

အပစ်အခတ် ရပ်စဲရေး အခြေအနေ တည်ငြိမ်ပြီး ယုံကြည် စိတ်ချရမှု မရှိသေးသည့် အတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိစ္စကို မည်သို့မျှ သဘောထား မရှိသေးကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU တွဲဖက် အတွင်းရေး ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။

“တပ်နေရာ ချထားရေးကို ဘာမှမလုပ်နိုင်သေးတဲ့အတွက် အပစ်အခတ်ရပ်စဲရေးဟာ စိတ်ချလောက်တဲ့ အ
နေအထားမှာ မရှိသေးပါဘူး။
ဒီလိုအခြေအနေမျိုးမှာ လုံခြုံ စိတ်ချမှုမရှိသေးဘဲနဲ့ တကယ်လို့ မိုင်းတွေရှင်းလင်းခဲ့ရင် အကာကွယ်မဲ့
ရာ ရောက်သွားပါတယ်။
အဲဒါကြောင့် မိုင်းရှင်းလင်းရေးဟာ အပစ်အခတ်ရပ်စဲရေး အခြေအနေနဲ့ ဆိုင်ပါတယ်”
ဟု ဆိုပါသည်။

KNU တွင် တပ်မဟာ (၇)ခု ရှိသည့်အထဲ၌ အားလုံးသည် အနည်းနှင့်အများ မြေမြှုပ် မိုင်းများ ရှိနေသည်ဟု
ဆိုပါသည်။ သို့သော် လူထု အန္တရာယ်မဖြစ်စေရန်၊ မိုင်းကွင်းနေရာများအား ဆိုင်းဘုဒ်များကပ်ထားခြင်း စာ
နှင့် အမှတ်အသားများ ဖန်တီးပေးထားသည်ဟု ဆိုပါသည်။

သို့သော် ဤမြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လူထု၏ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်နှင့် သွားလာရေးတို့
တွင် ထိခိုက်နေပါသည်။ ယေဘူယျအားဖြင့် မြေမြှုပ်မိုင်းရှိသော နေရာများမှာ ကရင်ပြည်နယ် ဖါးအံခရိုင်ရှိ
လှိုင်းဘွဲမြို့နယ်နှင့် ဖါးအံမြို့နယ်တွင်လည်းကောင်း၊ မြ၀တီခရိုင်ရှိ ကော့ကရိတ်နှင့် မြ၀တီမြို့နယ်တွင်လည်း
ကောင်း၊ ကြားအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူနယ်စပ်ဖက်တွင်လည်းကောင်း၊ သံတောင် မြို့နယ်နှင့် ပဲ
ခူးတိုင်း ရွှေကျင်၊ ကျောက်ကြီး ဖက်တွင်လည်းကောင်း၊ တနင်္သာရီတိုင်း မြိတ်နှင့် ထားဝယ်ခရိုင် ဖက်တွင်
လည်းကောင်း ရှိနေပြီး တနေရာနှင့်တနေရာ အနည်းနှင့်အများသာ ကွာခြားမှုရှိပါသည်။

ဤဒေသများတွင်၊ KNU ၊ ဒီမိုကရေစီ ကရင်အကျိုးပြု ကရင်တပ်မတော်၊ ကရင် ငြိမ်းချမ်းရေးကောင်စီ၊ အ
စိုးရတပ်ဖွဲ့များနှင့် အစိုးရနယ်ခြားစောင့်တပ်များက လှုပ်ရှားခဲ့ပါသည်။ ဤသို့ကြောင့် ထောင်ထားသောမိုင်း
များမှာလည်း အနည်းဆုံး (၃)မျိုး (၃)စား ရှိနေနိုင်ကြောင်း KNU ဖက်မှ ဆိုပါသည်။

KNU သည် ဓါတ်ခဲအားကိုအသုံးပြုသော လက်လုပ်မိုင်းအမျိုးအစားများဖြင့် ထောင်ထားတတ်ကြောင်း၊ဓါတ်
ခဲတို့မည်သည်မှာ အချိန်ကာလတခုရောက်ရှိပါက အလိုလိုပျက်စီးတတ်သဖြင့် စိုးရိမ်စရာမရှိဟု ဆိုပါသည်။
အစိုးရတပ်ဖွဲ့များသည် ရေရှည်ခံသောမိုင်းအမျိုးအစားဖြင့် ထောင်းထားတတ်ပါသည်။ ၎င်းတို့ ထောင်ထား
သော မိုင်းကွင်းဧရိယာဆိုပါက နှစ်ရှည်လများ အန္တရာယ်ရှိနေခဲ့ကြောင်း ဆိုပါသည်။ KNU သည် ၂၀၁၂ခု
နှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ထိုအချိန်မှ စပြီး မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ထိ
ခိုက်သေဆုံးမှုမှာ တရားဝင်စာရင်းအရ (၁၈) ဦးခန့် ရှိခဲ့သော်လည်း လာရောက်အကြောင်းခြင်း မရှိသော
သူများလည်း များစွာရှိနေကြောင်း သိရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဆိုပါသည်။

“မှတ်ထားသလောက်ဆိုရင် အထူးသဖြင့် တပ်မဟာ (၃) သံတောင်မြို့နယ်ဘက်မှာအဖြစ် များတယ်။
ကရင်ပြည်နယ် တပ်မဟာ (၇)မှာမြေမြုပ် မိုင်းများတယ်။
ထိခိုက် ဒဏ်ရာရတာရယ် သေတာရယ် နွားတွေသေတာရယ် တပ်မဟာ (၇) မှာ အဖြစ် များတယ်။
ကော့ကရိတ်မြို့နယ်တပ်မဟာ (၆)မှာ ရွာသား (၃)ယောက်ထဲမှာမိန်းကလေး (၂) ယောက် ယောကျာင်္လေး (၁)ယောက် ခြေတောက် ပြတ်တယ်။
တပ်မဟာ (၅) ဖာပွန်ခရိုင်မှာ ရွာသား (၅)ယောက် သေတယ်။
တပ်မဟာ (၂)မှာ အစိုးရစစ်ကားတစ်စီး မိုင်းထိ သွားတယ်။
မြေမြုပ်မိုင်းက နေရာတော်တော်များများမှာ ရှိနေဆဲပဲ။
ရွာသားတွေက ဒီမိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဖို့တောင်းဆိုတယ်”
ဟု ဆိုပါသည်။

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိုလည်း ထိခိုက်စေခဲ့ပါသည်။ KNU
သည် မြေမြှုပ်မိုင်းရှင်းလင်းရေး အဆင့်သုံးဆင့်ရှိရာ၌ အဆင့်နှစ်ဆင့်ကို လိုက်နာဆောင်ရွက်ပြီး ဖြစ်သည်
ဟုဆိုပါသည်။

ပထမအဆင့် မြေမြုပ်မိုင်းအန္တရာယ် ပညာပေးသင်တန်းကို အပစ်အခတ်မရပ်စဲခင်ကတည်းက ပညာပေး
နေခဲ့သည်ဟု ဆိုပါသည်။ အထူးသဖြင့် ပြည်သူလူထုအတွင်း အန္တရာယ်ရှိနိုင်သည့် မိုင်းများ၏အနေအထား
များကိုအသိပေးခဲ့ပြီး မြေမြုပ်မိုင်းဧရိယာများကိုလည်း သတ်မှတ်ဖော်ပြထားခဲ့ကြောင်း ဆိုပါသည်။

ဒုတိယအဆင့်တွင် မိုင်းတည်ရှိကြောင်း အချက်အလက်ကောက်ယူမှု စတင်ရန် အစီအစဉ်ရှိသည်ဟု ဆိုပါ
သည်။ မျက်မြင်များ၊ လက်သည်များနှင့် နယ်မြေခံလူထုထံမှရရှိသော သတင်းအချက်အလက်များကို စု
ဆောင်းရန် ဖြစ်ပါသည်။ KNU သည် ဤအဆင့်၌ ထိုက်သင့်သလောက်ဆောင်ရွက်ခဲ့သော်လည်း တိကျ
သော အကောင်အထည်ဖေါ်မှုမရှိသေးကြောင်း ဆိုပါသည်။

တတိယအဆင့်ဖြစ်သော မိုင်းရှင်းလင်းရေးတွင် ဖြစ်ပေါ်နေသည့် အပစ်အခတ်ရပ်စဲရေးအပေါ်မူတည်ပြီးဆုံး
ဖြတ်သွားမည်ဟု KNU ပြောခွင့် ရသူ ပဒိုမန်းမန်းက ဆိုပါသည်။

Copy from
http://www.phophtawnews.org/burmese/index.php/news/internal-news/item/477-knu.html