

ဒီဓါတ်ပုံကို Myanmar true news က ရပါတယ်
ကြာတာကတော့ အတော်လေးကို ကြာလာခဲ့ပါပြီ
နေလာခဲ့တာ ကြာတာကတော့ အတော်လေးကို ကြာလာခဲ့ပါပြီ
ပြန်သွားဘို့ကလည်း နီးတာထက်ကို ပိုပြီးနီးလာနေပါတယ်
အနတ္တ အမြဲမရှိ အနိစ္စ အမြဲရှိ၏ ဆိုတဲ့အတိုင်း လူတိုင်းဟာ တနေ့မဟုတ်တနေ့
အားလုံးသေကြရမှာ အသေအခြာပဲ။
သေခြင်းတရားနဲ့ပတ်သက်တဲ့ စာကြောင်းတွေထဲက
စာကြောင်းလေးတကြောင်းနဲ့ ပတ်သက်ပြီးဆွေးနွေးချင်လို့ပါ။
ကျုပ် ခပ်ငယ်ငယ်တုန်းကပေါ့ စာကြောင်းတကြောင်း
ဘတ်ဘူးတယ်ဗျ။
ဘာရေးထားသလဲဆိုတော့
အကယ်၍များ မင်းဟာ မနက်ဖြန်မှာ
တကယ်သေရမယ်ဆိုတာ
အတိအကျသိရပြီဆိုရင်
မင်းအလုပ်ချင်ဆုံးအရာက ဘာလဲ။
ဆိုတဲ့မေးခွန်းလေးပါ။
ခင်ဗျားအနေနဲ့ အဲဒီမေးခွန်းလေးကို ဖြေနိုင်မလား။
ဖြေမယ်ဆိုရင် ကျုပ်ရဲ့လိပ်စာပေးလိုက်ပါ့မယ်။
ခင်ဗျားရဲ့ အဖြေကို ကျုပ်ရဲ့ Blog ထဲမှာတင်ထားချင်လို့ပါ။
တခုတော့ရှိတယ် Blog ထဲမှာ ခင်ဗျားနာမည် မပါစေချင်ရင်ကြိုတင်ပြောပေါ့ဗျာ။
ကျုပ် လိပ်စာက sathanmyint@yahoo.com ဖြစ်ပါတယ်။
မေးခွန်းကို ပုံတွေကြည့်ပြီးဖြေနိုင်ပါတယ်။ မကြည့်ပဲဖြေရင်လည်းရပါတယ်။
ကျေးဇူးတင်နေမှာပါ။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)




