• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 29, 2009

ဝက်တုပ်ကွေးရောဂါပိုး နောက်ဆက်တွဲသတင်း

Photo by VOA News

VOA (Burmese Service)
ဝက်တုပ်ကွေး ရောဂါကြောင့် အမေရိကန် နိုင်ငံမှာ မက္ကဆီကို အနောက်ပိုင်းနဲ့
နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တက္ကဆက်စ် ပြည်နယ်က ၂၃လသား ကလေးငယ်လေး
သေဆုံးသွားကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန
ယာယီညွန်ကြားရေးမှူး ဒေါက်တာ Richard Besser က ပြောပါတယ်။
မက္ကဆီကို နိုင်ငံပြင်ပမှာ ပထမဆုံး သေဆုံးမှုပါ။
လော့စ်အိန်ဂျလိစ်မြို့မှာ တုပ်ကွေးရောဂါနဲ့ သေဆုံးရသူနှစ်ဦးဟာ
ဝက်တုပ်ကွေးရောဂါနဲ့ ဆက်စပ်ပုံမရဘူးလို့ ဒေသတွင်း သေမှုသေခင်းစစ်ဆေးရေးအရာရှိက
ပြောကြောင်း Los Angeles Times သတင်းစာကပြောပါတယ်။
မက္ကဆီကိုနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ရောဂါကူးစက်မှု
၁၁ ခုရှိသွားပြီဖြစ်ပြီး အခြေအနေကိုကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေ
ကြေညာထားပါတယ်။

ကောက်နှုတ်တင်ပြသူ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး