အလျှော်အစား
ပန်းပွင့်များမှာ
ဖူးရာမှငုံ ငုံရာမှပွင့်
ပွင့်ရာမှအာ အာရာမှကြွေ
လောကမြေစီ မကျမှီလေး
ပျံ့မွှေးပွင့်လွှာ ဤကမ္ဘာတွက်
သူ့ရဲ့ဝန်တာ ကျေခဲ့ပါ၏။
ဓါတ်ပုံ Co2zenithသစ်ရွက်သည်လည်း
ပုရစ်တံသီ ရွက်နုစည်ဝေ
ကျကြွေရော်ရွက် မြေမသက်ခင်
လောကတခွင် သူ့ဝန်းကျင်ကို
မြဲစဉ်ဝန်တာ ကျေသွားရှာ၏။
ပန်းပွင့်မြေသက် သစ်ရွက်မြေဆင်း
ပျက်ကြွေယွင်းမင့် အပွင့်အရွက်
မြေဆီတက်ရေး ပေးဆက်သေး၏

အတ္တသမား
အိုလူသားတို့ သင်တို့ကမ္ဘာ
ဤမြေလွှာမှ လိုသမျှယူ
ပိုသမျှဖြုဉ်း ကမ္ဘာပြုဉ်းလု
ဂရုမစိုက် ထင်တိုင်းမိုက်တော့
မုန်တိုင်းတွေဆင် ငလျင်တွေလှုပ်
တောအုပ်မီးလောင် နေရောင်ပြင်းရှ
တောင်တွေကျပြို လေပူလည်းတိုက်

ရေခဲလှိုက်ပျော် ကပ်ဆိုက်ရောဂါ
အစာခေါင်းပါး ခံစားဆုံဆည်း
ကမ္ဘာကြီးက သူ့ရဲ့ဘဏ္ဍာ
ပြန်ယူတာပဲ လိုတာပေးလိုက်
ဆက်မမိုက်နဲ့။ ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)




