ဓါတ်ပုံ မင်းစိုးစံတယောက်ကောင်းနဲ့တော့ မရဘူးမှတ်
တောင်ပေါ်က လူတွေက
တောင်အောက်က လူတွေကို
သူလိုငါလိုမမြင်
အသေးအမွှားတွေလို့ ထင်နေမှတော့။
တောင်အောက်က လူတွေက
တောင်ပေါ်ကလူတွေကို
လူတွေလို့မမြင်
တရိ စ္ဆာန်တွေလို့ မြင်ပေမပေါ့။
တောင်ပေါ်ကလူတွေနဲ့
တောင်အောက်က လူတွေကြား
အထင်မှား အမြင်မှား
သံသယတွေပွါးနေရင်
ခင်ဗျားတို့ ပါးစပ်ဖျားမှာ
ရေပန်းစားနေတဲ့
စည်းရုံးကြရအောင်ဆိုတဲ့ စကား
ကျုပ် နားကြားပျင်း ကပ်တယ်ဗျာ။
တကယ်စည်းလုံးချင်ရင်
အထင်အမြင်ပြတ်သား
သံသယအရှင်းသားနဲ့
တောင်ပေါ်ကလူတွေက တောင်အောက်ကိုဆင်းလာ
တောင်အောက်ကလူတွေက တောင်ပေါ်ကိုတက်ခဲ့
တောင်ရဲ့ ထက်ဝက်မှာဆုံ
ပွင့်လင်းရိုးသားမှု အဖုံဖုံနဲ့
အစွမ်းကုန် အပြုသဘော
နှီးနှောကြမယ်ဆိုရင်
စည်းလုံးညီညွတ်ရေးဆိုတာ
မဝေးပါဘူးလေ။
ဒါပေမယ့်
မျိုးချစ်တဲ့ မောင်တို့
တောင်အောက်ကို ကြိုးစားအဆင်းနဲ့
တောင်ပေါ်ကို ကြိုးစားအတက်ကြား
နှစ်ဘက်ကိုယ်စီ နားလည်မှုပေး
ဖေးမကူညီ
ယုံကြည်မှုတည်ဆောက်
မာန်မာနကို ဖျောက်ဖျက်
အစွန်းရောက်ခဲ့တာ ခွါချ
အဲဒါမှ စည်းလုံးရေးရမယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)




