• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, April 21, 2009

ဘ၀င်မမြင့်နဲ့ ပန်းပွင့်




ဘဝင်မမြင့်ပါနဲ့ ပန်းပွင့်ရယ်
အမြင့်မှာခဏစံ အမြင့်မှာခဏလန်း
မကြာခင်နွမ်း မကြွေခင်လှ
တခဏပါ ပန်းလေးရယ်။
ဘဝကိုပုံသေမတွက်နဲ့
အခုမှန်ကင်း အခုထင်းဆိုတဲ့စကား
မေ့မသွားပါနဲ့ကွယ်။
အရောင်အသွေးလှသလို
ပန်းဒုက္ခမသေးပါဘူး။
ပန်းမကြွေမှီ ကဗျာသီကုံးရင်း
အလှဆုံးပန်းအတွက်
ဆုတောင်းခဲ့ပါတယ်
မကြွေခင်တခဏ
လောကကို အလှဆင်နိုင်ပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး