• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, July 1, 2009

သဘာဝမကျတဲ့ ဇာတ်

သဘာဝမကျတဲ့ ဇာတ်
ညီ……..
မင်းလက်ညှိုးအကုတ်
တဟုန်ထိုး ပြုတ်ထွက်လာတဲ့ကျည်ဆံ
ရန်သူကိုမှန်လို့ လန်ကျအသွား
ပြည်သူတရပ်လုံးက
ရွှင်ပြုံးအားရ ၀မ်းသာကြတယ်။

ခုတော့……….
မင်းလက်ညှိုးအကွေး
အညှိုးအတေးနဲ့ ပြေးဝင်လာတဲ့ကျည်တကဒ်
ငါ့ရင်ဘတ်ကိုမှန်
ငါ့အသည်းနှလုံးတွေ ဖွာလန်ကျဲ
ငါ့သွေးခဲတွေလွင့်ဖိတ်
မိုးမခရွက်ထိပ်က ငါ့သွေး
မိုးအေးမြစ်ထဲ စီးဆင်းကျ
မြစ်တစင်းလုံး နီရစေဦးတော့
ပြည်သူအားလုံးရွှင်ပြ
အားရလိမ့်မယ်ထင်လား။

စဉ်းစားပါညီ……….
ဘာမထီတဲ့ငါ့အတွက်
အရုဏ်ဦးနဲ့ရောင်ခြည်ကိုးသွယ်
ဖြူပြာနီ ခြယ်မှုန်း
ဖါးစည်နဲ့တံပိုးတစုံ
တို့အမျိုးသားအလံကိုခြုံရင်း
ဒေါနခြေရင်းက ငါ့ခန္ဓာ
မြေဆီလွှာဖြစ်ရုံနဲ့
လွတ်လပ်ရေးဆိုတဲ့ပန်း
စိန်းစိုလန်းဆန်း
မပွင့်လန်းလာပါဘူး။

အမျိုးသားလွတ်မြောက်ရေးအတွက်
ဘေးထွက်စေတဲ့ ဂလဲ့စားခြေရေး
မရပ်သေးသမျှ
တကယ့်ဘ၀မှာ မင်းနဲ့ငါကြောင့်
မြွေပူရာကင်းမှောင့်ဆိုတဲ့စကားလို
ဒုက္ခများအထပ်ထပ်နဲ့
နင်းပြားဘ၀ပြည်သူတွေခမျာ
ခွေးရူးတွေကြား ဗျာများစိုးထိတ်
ကြောက်စိတ်တွေပင်လယ်ဝေ
အသက်ရှင်နေလျှက်က
ဘ၀တွေ သေပျက်ကြရဦးမှာပါ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး