အမှားမေ့သွားတဲ့ မေးခွန်း
မင်းစိုးစံ(အဝေးရောက်ကရင်ဒုက္ခသည်တဦး)ကျုပ်ရောက်နေတဲ့နိုင်ငံက
မိုးပျံတိုက်နဲ့ ရောင်စုံကားတွေ
မြင့်မားတဲ့အရပ်နဲ့လူတွေ
အမွှေးအမင်ထူ
အသားခပ်ဆူဆူနဲ့
ကျုပ်အရပ်က သူတို့ခါးကိုတောင်
မမှီဘူး။
ညမှုံရီမီးရောင်အောက်
လမ်းပျောက်နေတဲ့ကျုပ်
အဝတ်ဟောင်း တထုပ်နဲ့ဗျာများ
နီးစပ်ရာမီးတိုင်ကို မှီရင်း
မရင်းနှီးသေးတဲ့လေထုကိုရှုရှိုက်
မေးခိုက်အောင်အေးတဲ့အချိန်
အိမ်မှာချက်ထားတဲ့ညစာကိုသတိရ
ဒေါ်လာကနတ္ထိ
နှင်းတွေက တအိအိပြုံဆင်း။
မိုးပျံတိုက်နဲ့ ရောင်စုံကားတွေ
မြင့်မားတဲ့အရပ်နဲ့လူတွေ
အမွှေးအမင်ထူ
အသားခပ်ဆူဆူနဲ့
ကျုပ်အရပ်က သူတို့ခါးကိုတောင်
မမှီဘူး။
ညမှုံရီမီးရောင်အောက်
လမ်းပျောက်နေတဲ့ကျုပ်
အဝတ်ဟောင်း တထုပ်နဲ့ဗျာများ
နီးစပ်ရာမီးတိုင်ကို မှီရင်း
မရင်းနှီးသေးတဲ့လေထုကိုရှုရှိုက်
မေးခိုက်အောင်အေးတဲ့အချိန်
အိမ်မှာချက်ထားတဲ့ညစာကိုသတိရ
ဒေါ်လာကနတ္ထိ
နှင်းတွေက တအိအိပြုံဆင်း။
တယောက်ချင်းဆုံခိုက်
အထိုက်အလျှောက်အဝတ်အစားနဲ့
ဆာလောင်နေတဲ့
အိမ်ရှင်နိုင်ငံကလူခမျာ
ညစာအတွက်နှစ်ဒေါ်လာ
သူ့ကိုကူညီပါတဲ့။
ကူညီဘို့ကခက်ခဲ
မပြောရင်လည်း မပြီးလေတော့
I have no money ဆိုတဲ့စကား
ဘယ်လိုများ
ခုံပျံထွက်သွားမှန်းမသိလိုက်။
ခေါင်းငိုက်စိုက်ချပြီး လှည့်ပြန်သွားတဲ့
အိမ်ရှင်နိုင်ငံသားရဲ့
ကျောပြင်ကိုကြည့်ရင်း
ညစာစားချင်တဲ့ကျုပ်ရဲ့စိတ်မှာ
ကိုယ်ချင်းစာတရားနဲ့
မေးခွန်းတွေကယှဉ်သွားတော့
လမ်းမှားနေတာမေ့နေတယ်။
မင်းစိုးစံ
အဝေးရောက်ကရင်ဒုက္ခသည်တဦး
August 19, 2009




