မတရားတဲ့လူ
နိုင်ငံခြားကိုရောက်ဖြစ်တော့
လေသစ်မြေသစ်ရေသစ်
နေ့သစ်မှာ
အရမ်းပျော်ပစ်မိတယ်။
အနေကြာလာတော့
ဘဝရဲ့နေ့သစ်တိုင်းဟာ
လေသစ်လို့ထင်ထားခဲ့တာတွေ
မြေသစ်လို့ယုံစားခဲ့တာတွေ
ရေသစ်လို့မှတ်ထားခဲ့တာတွေ
လေညစ်မြေညစ်ရေညစ်ဖြစ်သွား
ဘာတွေများ မှားနေပြီလဲ။
အခု ငါရှူနေတဲ့လေ
ငါနင်းနေတဲ့မြေ
ငါသောက်နေတဲ့ရေ
နောက်ဆုံးပေါ်နည်းပညာတွေကြောင့်
ရင်ဘတ်တွေအောင့်
ခေါင်းတွေမူးနောက်သွားရုံမက
ချေဖဝါးတွေကျိန်းစပ်
အသက်ရှူမဝချင်တဲ့ငါ
ဘယ်လောက်ကြာကြာ
ရပ်နေနိုင်မှာလဲ။
နိုင်ငံခြားမှာ
အနေကြာလာတာနဲ့အမျှ
နုပျိုခြင်းတွေနဲ့ဝေးကွာသွားနေတဲ့ငါ
ဝးလူ.က လေနုအေးကိုရှူချင်တယ်
ဖါ့အိင်ဏါင့် ပေါ်မှာချေချချင်တယ်
လုင်.ဖါဍေါဟ်နား ကျောက်တုံးကြားမှာ
ဖြတ်စီးလာတဲ့
နုပျိုခြင်းတွေနဲ့ဝေးကွာသွားနေတဲ့ငါ
ဝးလူ.က လေနုအေးကိုရှူချင်တယ်
ဖါ့အိင်ဏါင့် ပေါ်မှာချေချချင်တယ်
လုင်.ဖါဍေါဟ်နား ကျောက်တုံးကြားမှာ
ဖြတ်စီးလာတဲ့
စမ်းရေအေးကိုသောက်ချင်တယ်။
သဘာဝအလှကို စွန့်ခွါခဲ့တဲ့လူမိုက်
အသည်းခိုက်အောင်နောင်တရ
ဓါတုဗေဒဆေးဝါးတွေကြား
လုံးပါးမပါးခင်
ဏင်.ခ်ုရာဘက်က ဧမြတဲ့မိုးစက်
Asia နဲ့ America ကိုခြားတဲ့
Pecific ကိုဖြတ်
ငါ့စီကိုအရောက်တိုက်ခတ်ဘို့
တောင်းဆိုလိုက်ပါရစေ။
သဘာဝအလှကို စွန့်ခွါခဲ့တဲ့လူမိုက်
အသည်းခိုက်အောင်နောင်တရ
ဓါတုဗေဒဆေးဝါးတွေကြား
လုံးပါးမပါးခင်
ဏင်.ခ်ုရာဘက်က ဧမြတဲ့မိုးစက်
Asia နဲ့ America ကိုခြားတဲ့
Pecific ကိုဖြတ်
ငါ့စီကိုအရောက်တိုက်ခတ်ဘို့
တောင်းဆိုလိုက်ပါရစေ။
မင်းစိုးစံ
အဝေးရောက်ကရင်ဒုက္ခသည်တဦး
အဝေးရောက်ကရင်ဒုက္ခသည်တဦး
August 07 2009




