• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, October 3, 2009

ချစ်ခြင်း


ချစ်ခြင်း

(ဝင်းလွင်)

လောလောဆယ်တော့
ငါဟာ.....
သူ့ရင်ထဲက ကြောင်တကောင်ပေါ့....။

ကြယ်တပွင့်
ကောင်းကင်က,လွင့်ကျလာရဲ့......။
လင်းသည်ထက်.....လင်းဖြာ
စိတ်ကူးယဉ်ထက်.....မြင့်မြတ်
ပင့်ကူထက်.......ဖွဲ့ယက်နိုင်စွမ်းတဲ့
စက္ကန့်မျှင်လောက်နဲ့
တယောက်ကိုတယောက်
အရေးတကြီးလှည့်ပြောင်းဖို့
အရိုင်းစိုင်းဆုံး....သိမ်မွေ့လို့.....။


မိုးတိမ်နဲ့လ,ဟာ
တို့လို တဖြည်းဖြည်းတိုးတိမ်သွားကြပေါ့....။

ဒါနဲ့.....
တို့လည်း တယောက်ကိုတဝက်
ယောင်ဆောင်လိုက်ကြတယ်......။

ဝင်းလွင်
ပေဖူးလွှာမဂ္ဂဇင်း