• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, October 7, 2009

ကဗျာဝါသနာရှင်တဦး၏ ဆုတောင်း

ကဗျာဝါသနာရှင်တဦး၏ ဆုတောင်း
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ကျုပ်က
ကဗျာဝါသနာ
စာဝါသနာပါတော့
ပြောရင်ကြွားရာကျမလားမသိ
ကလောင်သွားလည်းထက်
စိတ်ကူးဥာဏ်လည်းသွက်
ရေးလိုက်တာနဲ့
ကွက်ကနဲပဲ။

ဒါပေမယ့်
ကျုပ် ကလောင်မကိုင်ခဲ့တာ
နှစ်များစွာတိုင်ခဲ့ပေါ့။

လူထုအတွက်ဆိုပြီး
လူတစုလုပ်ထားတဲ့
ရုပ်မြင်သံကြားကိုကြည့်
ရေဒီယိုကိုနားထောင်
ဥပဒေဘောင်ကိုလှည့်
မိသားစုအတွက် ရ,သလောက်ယူ
လူထုကိုဘေးချိတ်
ဘာမှမသိသလိုတိတ်တိတ်နေ
ဆိတ်ငြိမ်စွာနဲ့။

ရုပ်မြင်သံကြားထဲကဝါဒ
ရေဒီယိုမှာကြားသမျှ
ဟုတ်လှချည်ရဲ့လို့ယုံပြီး
အပြင်ကိုထွက်မကြည့်မိဘူး။

အခုမှသတိရ,လို့
ရေးချလိုက်တဲ့ကဗျာ
ဘယ်လိုဟာတွေလဲ?
ကာယံမပီ ရသ,မမည်နဲ့
ကျုပ်ရဲ့ကဗျာ
ကျုပ်ရေးတာမှဟုတ်ရဲ့လား?
ဦးဏှောက်အဖေါက်ခံရတဲ့ကျုပ်
တုန်လှုပ်ချောက်ခြား
ဖျားသွားတယ်။

ဒါကြောင့်မို့
ကျုပ်လိုကဗျာဝါသနာရှင်တွေ
ဥပဒေနဲ့ဝါဒရေး
ဘာသာရေးနဲ့စီးပွါးရေးမကျန်
ထိန်းချုပ်ခံရ,ယုံမက
ဦးဏှောက်အဖေါက်ခံရ,တဲ့အပြင်
ကျဉ်းမြောင်းတဲ့အမြင်ကိုအစားထိုး
ကိုယ်ကျိုးကြည့်တဲ့လူတစုအတွက်
နောက်လိုက်ကောင်းမဖြစ်ပါစေနဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

အဝေးရောက် ကရင်ဒုက္ခသည်လူမှုစောင့်ရှောက်ရေးအသင်း မှထုတ်ဝေသည်
အတွဲ(၁)။ အမှတ်(၁)
၁၉၉၉ခု နိုဝင်္ဘာလ
ခေါင်းစဉ်နဲ့စာလုံးတချို့ကိုပြောင်းလိုက်ပါတယ်။