• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, October 5, 2009

ထင်းရှူးစည်း

ထင်းရှူးစည်း

ကလေးသုံးယောက်ရဲ့ အမေ
ကျမ,ထင်းရှူးစည်းတွေ
ရောင်းချနေပါတယ်။

တစည်းကို ငါးဘတ်
သုံးစည်းကိုတဆယ်နဲ့
ဝယ်မယ့်သူကိုမျှော်
နေတောင် အတော်စောင်းပြီပဲ။

မမျှော်လို့မဖြစ်
အိမ်မှာကျန်ရစ်တဲ့သားတွေခမျာ
ထမင်းဆာလို့ ငိုများနေပြီလား?

ငိုရင်းကနေတခါ
ဆာဆာနဲ့
အိပ်ပျော်ရှာကြလျော့သလား?

ကျမတို့က
ဒုက္ခသည်ဖြစ်ပေမယ့်
ရိက္ခာဝေတာမရ,သေးတော့
ထင်းရှူးစည်းလေးတွေရောင်း
ရောင်းမရ,တဲ့ရက်တွေများ
ညနဲ့မနက်
ပေါင်းစားခဲ့ရ,တဲ့ထမင်းနပ်ဟာ
ဘာလိုလိုနဲ့
နှင်းနှစ်ခါကျ
မိုးနှစ်ခါရွာလို့
နွေနှစ်ခါရောက်တော့မယ်။

ဆန်ပေးမှဆီရ,တဲ့လောကမြေပေါ်မှာ
လောဘ,အရိပ်တွေမပျောက်သေးသမျှ
ထင်းရှူးစည်းလေးရောင်းချပြီး
ရ,သမျှအသပြာနဲ့
ကျမ ဆန်ဝယ်စားနေရဦးမှာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ထင်းရှူးစည်းဆိုတာကတော့ မီးသွေးနဲ့ချက်ပြုတ်စားသောက်တဲ့အခါ မီးစာအဖြစ် (ထင်းပေါက်ကလေးတွေ)သုံးတာပါ။
အရှည်တောင်ဆုပ်လောက်ရှိပြီး လုံးပတ်က ခြေမ,သာသာလောက်ရှိပါတယ်။
ထိုင်းနိုင်ငံသားတွေက ထင်းရှူးပင်ခုတ်တဲ့အခါ ကျန်နေတဲ့အကိုင်းလေးတွေကို ဖြတ်တောက်
ထားတဲ့ ထင်းချောင်း ဆယ်ချောင်းနီးပါးလောက်ရှိတဲ့ ထင်းရှူးစည်းလေးတွေပါ။
ဒုက္ခသည်စခန်းထဲကို အလည်သွားဖြစ်ရင် အားပေးလိုက်ကြပါဦး။