• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 22, 2009

စည်းရုံးရေးဆိုသည်မှာ

စည်းရုံးရေးဆိုသည်မှာ
(မင်းစိုးစံ)

ကြံစိုက်သူတို့ရေ…….
ခင်ဗျားတို့စိုက်တဲ့ကြံခင်းထဲက
မတော်တဆ,ကြံတပင်
ပိုးကိုက်တယ်ဆိုရင်ပေါ့
ခင်ဗျားတို့ဘာလုပ်ချင်လဲ?

ကြံတပင်ကြောင့်
ကြံတခင်းလုံးကိုဖျက်ဆီး
မိုက်မဲခြင်းကြီးစွာနဲ့
နောက်ထပ်ကြံတခင်းစိုက်ဘို့
စိုင်းပြင်းမလို့လား?

ဒါမှမဟုတ်
ပိုးစားနေတဲ့ကြံတပင်ကိုခုတ်ပစ်
ကျန်ရစ်တဲ့ကြံတွေကိုအသုံးချ
ချိုမြတဲ့ကြံရည်နဲ့သကာရည်တွေ
မျိုးဆက်သစ်တွေကို
ပေးဝေဘို့အခွင့်အရေး
တွေးကြည့်ကြမလား?

ပြောလိုက်မယ်စကားအကုန်
ကြံတပင်ပိုးစားရုံလေးနဲ့
ကြံတခင်းလုံးကိုအပြစ်ပုံသူနဲ့
ပိုးစားတဲ့ကြံပင်ကိုခုတ်ပစ်
ကျန်ရစ်တဲ့ကြံပင်ကိုအသုံးချမယ့်
သူတွေထက်။

ပိုးစားနေတဲ့ကြံတပင်ရဲ့အဆစ်အပိုင်း
တပိုင်းဆီခွဲခြားခုတ်ထစ်
ရွေး၊ စစ်၊ ပယ်၊ ထုတ်ပြ
သုံးလို့ရ,တဲ့အပိုင်းကို
ယူတတ်တဲ့သူက,မှ
ကြံစိုက်တဲ့လောက,မှာ
တကယ်အသုံးကျတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး