• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, November 19, 2009

မင်္ဂလာဦးည

မင်္ဂလာဦးည
(သော်ဇင်အုန်း)

လူပျိုည…….. တဲ့ကွယ်။

ရှင်ပြန်လာမယ့်အချိန်က
ရှည်လျားလွန်းလိုက်တာ။

တနေ့ခင်းလုံးလည်း
ကျွန်မ,အပျော်တွေက
ရှင့်ကိုဖုံးလွှမ်းနေတာလား?
ရှင့်အပြုံးတွေကပဲ
ကျွန်မ,ကို ပျော်ရွှင်စေတာလား?။

အမေနှစ်ယောက်ကို
ကန်တော့ကြတုန်းက
ရှင့်ယောက္ခမ,ကလည်း
ကျွန်မ,အဖေကိုလွမ်း
ကျွန်မ,ယောက္ခမ,လည်း
ရှင့်အဖေကိုလွမ်း
ကြင်စ,ဦးတွေနဲ့အတူ
ဆွဲကိုင်လို့မရ,နိုင်တော့တဲ့
အလွမ်းတွေနဲ့
ပျော်နေခဲ့ကြတယ်လေ။

ဒီညလေးတော့
ရန်မဖြစ်ချင်ဘူးဟယ်
မြန်မြန်ပြန်လာခဲ့ပါတော့။

သော်ဇင်အုန်း
ပေဖူးလွှာဂျာနယ် (ကဗျာကဏ္ဍ)