• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 29, 2009

နှလုံးသားမှ ပဲ့တင်သံများ

နှလုံးသားမှ ပဲ့တင်သံများ
(အောင်ဇေ)

သြော်………….
လူ့သမိုင်းအစ,
ဘဝရှင်သန်ရေးပုံစံ
ကျောက်ခေတ်သံခေတ်
ခေတ်တခုမှာ
ဟာနေတဲ့ဝမ်းဖြည့်တင်းဘို့အတွက်
နင်းခြေရက်စက်
အသက်သွေးနဲ့
ဆေးရေးတဲ့ပန်းချီအစ,ချီခဲ့ရ။

အတ္တနဲ့ဝိသမ
မညီမျှတဲ့ပဋိပက္ခကြား
ဖြစ်ပွါးလိုက်တဲ့စစ်ပွဲတွေ
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
သေနတ်သံအမြောက်သံ
ဗုံးသံစိန်သံတွေကြားမှာ။

မြင့်မားစိတ်ဓါတ် ပြတ်သားသတ္တိ
စွမ်းအားအပြည့်နဲ့ တိုင်းပြည့်တာဝန်
ကျေပြွန်စွာထမ်းဆောင်ရင်း
သွေးစွန်းခဲ့ကြ။

အသက်သွေးချွေး
ပေးခဲ့ကြတဲ့
ပြည်သူ့တပ်မတော်
ခေါ်ဆိုသမှုအစဉ်ပြုတဲ့
ပြည်သူ့တပ်မတော်သားတွေ။

အမျိုးသားရေး ဦးစားပေး၍
မျှော်တွေးကြံဆ, ဘဝပုံဖေါ်
ရည်မျှော်ရင်းကျဆုံးတဲ့
ပြည်ထောင်စုဖွါး တိုင်းရင်းသားတွေ။

ပြည်သူ့အတွက်မျှော်တွေး
ဒီမိုကရေစီအရေးဆိုရင်း
စစ်တလင်းလမ်းပေါ်အပြင်
စစ်မြေပြင်မှာဆင်း
ရဲတင်းတဲ့သတ္တိ
အားမာန်အပြည့်နဲ့
ခံယူစိုးမိုး
ရိုးဖြောင့်နိုင်ငံရေးသမား
ပြည်သူထဲက
ကျောင်းသားလူငယ်
ပြည်သူထဲက,ပြည်သူ့သားတွေ။

ထိုမှတမူ
အပြစ်မဲ့ပြည်သူ
သူသူငါငါ ဗျာပါဒ,နှင့်
သောက,အိမ်ဆောက် မီးတောက်မီးလျှံ
ကျည်ဆန်ကြားမှ ပြေးရင်းလွှားရင်း
မရဏ,သေတွင်း ချင်းနင်းဝင်ရောက်
သက်ပျောက်မိခင် ရင်ခွင်သားသေ
ဗျာဝေတဲ့အမေအို။

ထိုထိုဤဤအလီလီသော
စောကြောရန်ခက်
နိုင်ငံရေးစနက်ကြောင့်
ပြည်ဖျက်လောင်မီး ပြည်တွင်းစစ်ကြီး
အပြီးငြိမ်းလို နုပျိုဆန်းသစ်
နောင်တခေတ်သို့ စနစ်အဟောင်း
မကောင်းအမွေ မပေးဝေလို
သစ္စာဆိုတဲ့
ပြည်ထောင်စုသား ပြည်သူများတွေ
ဘုရားဆုမပန်
ထီးနန်းမစံလိုပါပဲ
အမှန်တရားအတွက်
အသက်ပေးဆက်လှူရက်တဲ့
ခြေလက်အင်္ဂါ တွယ်တာမရှိ
စွန့်လွှတ်သည့်မြင်ကွင်း
ပြည်တွင်းမှာအနှံ့အပြား
ကမ္ဘာတလွှားမှာလည်းအရှိ
ပကတိမျက်စိအမြင်
ဆင်ခြင်ဘို့တန်ပါပြီ
မေခ,မလိခ,ဧရာ သံလွင်
လက်ရည်တပြင်တည်း
စီးဆင်းဘို့တန်ပါပြီ။

အောင်ဇေ
အမေရိကန်ပြည်ထောင်စု
05-May-1998 ရေးသားပြီးစီးချိန်
၀၆-၀၆-၁၉၉၈ BBC, ဗမာပိုင်းဌာန အလင်္ကာပန်းခင်းကဏ္ဍ နောက်ဆုံးအစီစဉ်၌ တင်ပြသော
ကဗျာဖြစ်ပါသည်။
ကဗျာဖေါ်ခွင့်ပြုသည့် ဆရာအောင်ဇေ အားအထူးကျေးဇူးတင်ပါသည်။