• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 2, 2009

ဒို့ကရင်တွေ

ဒို့ကရင်တွေ

ကမ္ဘာကြီးမွေးဖွါးတဲ့
သမီးသားလူမျိုးရတနာ
ကရင်လူမျိုးလည်း
တသားပါ။

ဆယ်စုရာစုစာမျက်နှာ
ပြန်လှန်ကာ
ဖတ်ကြည့်
ကရင်ဆိုတဲ့အသိ
တည်ရှိပါလားဆိုတာ
လူမျိုးခြားထရံပေါက်
ချောင်းကြည့်ရင်း
ငါ.......
တောက်ခေါက်ရ။

ဥစ္စာရေးအတွက်
အမျိုးကို
ထိုးကျွေးသူ။

ဩဇာရှိန်တပ်မက်
အမျိုးကို
နှိမ်တဲ့သူ။

သူကောင်းပြုခံရန်တဖက်
အမျိုးကို
ရောင်းဝံ့သူ။

လျှောင်းလာဆယ်စုအရေး
ရာစုပေးအသိစိတ်ဓါတ်
ပြတ်သားရန်လိုပြီ။

ဥဒေါင်းခြံ(OKRSO)