• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, December 5, 2009

တွက်စက်

တွက်စက်
(မင်းစိုးစံ)

နှစ်သစ်ကူးပြီဆိုပါလား
တောင့်ထားသူငယ်ချင်း
မှားပြီးရင်းမှားနေလိုက်
အများတကာမသိလိုက်ဘို့ အရေးကြီးတယ်။

သိရင်လည်းအရေးမကြီးဘူး
မင်းနဲ့ငါက အခွင့်ထူးခံဆိုတော့
အာခံတဲ့ကောင်
မချောင်ဘူးမှတ်။

သူများငတ်ရင်ငတ်ပါစေ
ငါတို့ဝေစုမလျော့စေနဲ့။


အသက်တနှစ်ကြီးလာသလို
လောဘတရစ်တက်လာဘို့လိုတယ်။

ဒါမှ
လူဖြစ်ရ,တာမြတ်မှာ။

နောင်ဘဝဆိုတာ
မရေရာဘူးလေ
သေခြာတဲ့အခုဘဝ
ပစ္စက္ခအချိန်မှာ
သူများကျိန်လည်းခံ
သူများဆဲလည်းခံ
သူများမုန်းလည်းဟန်မပျက်
ငါတို့အတွက်ကျန်ရင်ပြီးတာပဲ။

တခုတော့ရှိတယ်
ငါတို့နယ်မြေအမှန်ဟာ
ဟောဒီခြံဧရိယာထက်
နည်းနည်းလေးမှအစွန်းမထွက်တာကို
ကြိုတွက်ထားဘို့တော့လိုမယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး