• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 14, 2009

အလင်္ကာပန်းခင်း (အောင်ဇေ)

BBC Burmese Service ဆရာဦးကျော်ဇံသာ(ယခု VOA Burmese Section) စီစဉ်ထုတ်လွှင့်ခဲ့တဲ့ အလင်္ကာပန်း ခင်း အစီစဉ်ကနေ 15-July- 1998 ညနေပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ ကဗျာတပုဒ်ကို တင်ပြလိုက်ပါတယ်။


အလင်္ကာပန်းခင်း
(အောင်ဇေ)

အလင်္ကာပန်းခင်း သစ်ဆင်းတဲ့အလှ
ဘဝရဲ့ကဗျာ ဖြူနီဝါပြာ
ရောင်စုံဖြာတဲ့ ပန်းကဗျာအကြောင်း
သိကောင်းစရာ အလင်္ကာ။

လှသောဖြူသော နုသောရင့်သော
ယနံ့သဘောစုံလင်
လေငင်ရာလွင့် ဆွတ်ပျံ့ပျံ့
သင်းယနံ့ အလင်္ကာ။

အလင်္ကာပန်းခင်းရဲ့အလည်
နှစ်လိုဘွယ်အပြုံး
သင်းပျံ့ပျံ့ထုံးတဲ့
နှလုံးလှတဲ့ ပန်းကလေးတွေ။

ရိုးရိုးယဉ်ယဉ်
အသွင်မဆန်းသော်လည်း
လွမ်းမက်တဲ့ ပန်းခက်တွေ။


သင်းပျံ့ပုံထူးလှသမို့
ယနံ့စူးရှတဲ့ပန်းမလ်မျိုးလည်း
ပန်းခင်းထဲမှာရှိတန်ကောင်းရဲ့။

တနေရာမှာတော့
ခတ်သော့သော့လေအလွင့်မှာ
ဝင့်ဝါသလိုအသွင်ဆန်းတဲ့
စပယ်ပန်းနီနီတွေ။

ပကတိစပယ်ဖြူ
အေးကြူကြူဖြူဖွေးဖွေးမှာ
ဘယ်သူတွေအရောင်ရေးလို့
နီစွေးစွေးဖြစ်သလဲ?။

ပင်မြင့်က,ပိတောက်မင်း
ဘယ်သူတွေအတင်းပြောင်းလို့
သစ်ခေါင်းတွင်းအောင်းသလဲ?။

ပင်ယံက,သစ်ခွ
မြေချလိုတာနဲ့
ပင်ရင်းမှာပွင့်စေတာမျိုး
ဘယ်သူပျိုးသလဲ?။

အလင်္ကာပန်းခင်းမှာ
အလှကိုယ်စီရှိကြသည်မို့
ပီပြင်အလှ ဝေငှရွေးပန်း
ကဗျာဥာဏ်သဘော
အလင်္ကာနှောလို့
ပြောပြမကုန် ယနံ့စုံတဲ့
အလင်္ကာပန်းခင်းရဲ့
ပန်းကလေးတွေ ပန်းကလေးတွေ။

အောင်ဇေ
01-May-1998
ကဗျာတွေကို ဖေါ်ပြခွင့်ပြုတဲ့ ဆရာအေင်ဇေ ကို အထူးကျေးဇူးတင်ကြောင်းပါခင်ဗျား။