• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, December 12, 2009

ကမ္ဘာမြေကြီးသို့ မေးခွန်းထုတ်ခြင်း

ကမ္ဘာမြေကြီးသို့ မေးခွန်းထုတ်ခြင်း
(မင်းစိုးစံ)

မနက်ဖြန်ဆိုတာ
ဘာမှမရေရာဘူး
သေခြာတဲ့ဒီနေ့ရက်
ဘာလုပ်ခဲ့မလဲ?

ငါ့ကြောင့်အနာတရ,ဖြစ်နေတဲ့
ကမ္ဘာမြေကြီးအတွက်
ခုတ်ခဲ့တဲ့သစ်ပင်တွေ
ပြန်စိုက်ဖြစ်ချင်တယ်။

ငါ့ကြောင့်ညစ်ညမ်းနေတဲ့
ကမ္ဘာမြေကြီးအတွက်
စွန့်ပစ်ခဲ့တဲ့အညစ်အကြေးအားလုံး
သိမ်းကြုံးဆေးကြောပစ်ချင်တယ်။

ငါ့ကြောင့်အဆိပ်သင့်နေတဲ့
ကမ္ဘာမြေကြီးအတွက်
အဆိပ်ပြေဆေးတခွက်
ဖေါ်စပ်ပေးခဲ့ချင်တယ်။

ငါနဲ့ဆက်ဆံနေတဲ့လူတွေအပေါ်
မတော်မတရားတာတွေ
ကံသုံးပါးနဲ့ပြုခဲ့လေသမျှ
ဝန်ချချင်တယ်။

လူသတ်သမားတွေလက်ထဲက
ငါ့အသက်ကိုကယ်ခဲ့တဲ့သူ
အဲဒီလူကို
ငါပူဇော်ချင်တယ်။

ငါ့ထက်အသက်ကြီးစေငယ်စေ
ရွယ်တူတွေပဲဖြစ်ဖြစ်
ငါ့ဆရာစစ်စစ်တွေအပေါ်မှာ
အပြစ်လုပ်လာခဲ့သမျှ
ငါတောင်းပန်ရ,မယ်။

အဲဒါတွေအသာထား
ငါ့ဘဝလူလားမြောက်ဘို့အရေး
ကျွေးမွေးသုတ်သင်ပေးခဲ့တဲ့
ငါ့ရဲ့မိဘနှစ်ပါးကို
အိမ်ဦးခန်းမှာထားပြီး
ပြုစုယုယ,ဘို့အသိတရား
ငါမစဉ်းစားမိသမျှတော့
အနိစ္စနဲ့သင်္ခါရ,သဘောတွေ
နောကြေနေတဲ့ကမ္ဘာမြေကြီးက
ငါ့ကိုကြေနပ်မှာတဲ့လား?

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)