• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, December 8, 2009

ခြံတွင်းပန်း

ဆရာအောင်ဇေရဲ့ ငယ်မူငယ်သွေးလက်ရာကို ခံစားကြည့်ကြပါခင်ဗျား၊ ဒီကဗျာကို ၁၉၆၈ ခုနှစ်တုန်းက ရေးစပ်ထားကြောင်းကို ကဗျာရဲ့အောက်မှာ ရေးသားထားတဲ့ရက်စွဲက,သက်သေခံနေပါတယ်။

ခြံတွင်းပန်း
Align Center(အောင်ဇေ)

သင်းပျံ့မွှေကြိုင် စပယ်ခိုင်သည်
လှိုင်လှိုင်မွှေးလျှက် တင့်မောလျှက်။

ကိုယ့်ခြံတွင်းမှ ပန်းအလှမို့
တမ်းတ,လွမ်းမက် စပယ်ခက်ဟု
နှစ်သက်သွင်ပြင် မသိမြင်ခဲ့။

ဝေးမြေရပ်ပြည် ဟိုဘက်ဆီမှ
ချယ်ရီပင်ပျို လှမ်းလင့်ကြိုလည်း
သူ့လိုယနံ့ မသင်းပျံ့ခဲ့။

လှမာန်ဝင့်ကြွ နှင်းဆီလှကို
ယုယ,ထွေးပိုက် လှမ်းလင့်လိုက်လည်း
သိုက်မြိုက်ခြံရံ ဆူးခက်မာန်ကြောင့်
နီလျှံသွေးစ, မြေသို့ကျခဲ့။

ရွှေရည်ခေါင်ရောက် ပန်းပိတောက်ကို
အံ့လောက်သွင်ပြင် သူ့စွမ်းအင်ကြောင့်
ခုံမင်ကြိုးစား ရ,ပါငြားလည်း
ဝံ့ကြွားဂုဏ်ဝါ ခဏတာမို့
ကိုယ့်မှာလွန်ခဲ့ မနှစ်သက်။

စိတ်ကြိုက်ပန်းလွှာ မတွေ့ပါ၍
ရင်မှာမောလှိုက် ချွေးပြိုက်ပြိုက်ဖြင့်
ငိုက်စိုက်ခေါင်းချ ခြံဝ,အရောက်
သည်တထောက်တွင် စပယ်ခင်သည်
ကြည်လင်ပြုံး၍ ကြိုလေသတည်း။

သင်းပျံ့မွှေးကြိုင် စပယ်ခိုင်သည်
လှိုင်လှိုင်မွှေးလျှက် တင့်မောလျှက်။

အောင်ဇေ
01-February- 1968

ကဗျာများကိုဖေါ်ပြခွင့်ပြုသည့် ဆရာအောင်ဇေအား အထူးကျေးဇူးတင်ပါသည်။