• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 8, 2010

တံခါးတချပ်ကို လှပ်ကြည့်စဉ်(အပိုင်း ၃)

ဓါတ်ပုံ ဖူ့ယောင်ဟဲ့

တံခါးတချပ်ကို လှပ်ကြည့်စဉ်(အပိုင်း ၃)
(မင်းစိုးစံ)

ဒီညမှာမှ
နှင်းတွေက
ခါတိုင်းညတွေထက်
ပိုကြွေပြနေသလိုပဲ။

ဘာလိုလိုနဲ့
ပြာသိုတွေဆန်းခဲ့တာ
ဒါပါနဲ့ဆို
အကြိမ် ခုနစ်ဆယ်ကို ကျော်လာခဲ့ပြီ။

ပန်းချီကားက
လုံးဝ,မပီပြင်သေးဘူး။

ပြင်နိုင်ဘို့ဝေးတဲ့ဥတုတွေကြောင့်
စုတ်တံအမွေးတွေ ကျို့တို့ကျဲတဲ
ဆေးခွက်တွေ ဖရိုဖရဲ
ဆေးရည်(ရေ)က မာခဲခဲ
ပိတ်စ,ကျတော့ ပေပေါက်ပြဲ
ဘောင်တွေက ဖွါလံကျဲ
ထောက်(ဒေါက်)တိုင်တွေက မြေ့တဲတဲ။

ဒီကြားထဲ နှာစေးပြနေကြတဲ့
ကင်ဆာသမားတွေက
သင်း(ဒင်း)တို့ ဆက်ဆွဲကြမယ်ဆိုပဲ။

ဒီထောက်(ဒေါက်)နဲ့ ဒီဘောင်
ဒီပိတ်စ,နဲ့ ဒီစုတ်တံ
ဒီဆေးခွက်နဲ့ ဒီဆေးရည်(ရေ)
နှာစေးပြနေကြတဲ့
ကင်ဆာသမားတွေရဲ့ပန်းချီကား
ကျုပ်….မစဉ်းစားရဲဘူး။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)